ဦးကျော်ဇံသာ ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တ္တလေးနဲ့ မြန်မာနိုင်ငံနေရာအတော်တော်များမှာ ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုရည်ရွယ်ချက်၊ ခံယူချက်တွေနဲ့ လုပ်ဆောင်နေသလဲဆိုတာကို မြန်မာသတင်းသမား မောင်သွေးသစ် နဲ့ ကိုသီဟသွယ်တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။ ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်။ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေပါတယ်ဆိုတာကို လူထု တကယ်ယုံကြည်လာအောင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံလာအောင် တာဝန်ရှိသူများအနေနဲ့ ကြိုးစားနေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာတာဟာ တိုင်းပြည်ရဲ့  ပုံရိပ်ကို ထိခိုက်နိုင်တယ်လို့ လူတကာက သုံးသပ်ယူဆနေကြတာပါ။ ဒါကို ပြည်သူတွေရဲ့  သဘောထားကို ထင်ဟပ်တဲ့ သတင်းသမားနှစ်ဦးရဲ့  အမြင်သုံးသပ်ချက်ကို ကြည့်ကြရအောင်ပါ။ ပထမဦးဆုံးတဦးကတော့ မြန်မာ့တိုမ်စ် သတင်းစာ သတင်းစာဆရာ မောင်သွေးသစ် ဖြစ်ပါတယ်။ မောင်သွေးသစ် ။ ။ နိုင်ငံရဲ့  image ကို အများကြီး ထိခိုက်ပါတယ်။ ပြည်ပအနေနဲ့လည်း အမြင်တိမ်းနိုင်သလို၊ ပြည်တွင်းမှာ ပြည်သူလူထုကလည်း လုံခြုံမှုမရှိဘူးပေါ့။ ကျောင်းကန်ဘုရားတို့၊ လူစည်းကားတဲ့အရပ်တွေသွားဖို့လည်း တော်တော်လေးကို စိုးရိမ်နေကြတယ်။ မကြာခင်မှာပဲ ပွဲတော်ကြီး (၃) ခုက ကျနော်တို့ဆီမှာ တပတ်အတွင်းမှာ ကျင်းပတော့မယ်။ (၁၉) ရက်နေ့မှာ သီတင်းကျွတ်လပြည့်နေ့။ ဒါက မြန်မာနိုင်ငံရဲ့  အမွန်မြတ်ထားတဲ့နေ့။ နောက်တခါ …၊ နောက်တခါ အခြားဘာသာဝင်တခုပေါ့။ ပွဲတော်တွေကလည်း ဆက်တိုက်ရှိနေတဲ့အချိန်။ ဒီထက်ပိုဆိုးတာက အရှေ့ တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲကလည်း နိုင်ငံအနေနဲ့ ဂုဏ်ယူစရာပွဲပေါ့။ နောက်တခါ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ ၂၀၁၄ မှာ ယူထားတယ်ဆိုတော့ ဘက်စုံခြုံကြည့်မယ်ဆိုရင်တော့ ကျနော်တို့အမြင်နဲ့ မြင်တာက နိုင်ငံတကာအမြင်နဲ့ ကျနော်တို့ image က မကောင်းဘူးဗျ။ ပေါက်တာက တောင်ငူက စလိုက်ပြီး (၃) ရက်ဆက်တိုက်မှာ ပဒေသာလို ပေါက်နေတာပေါ့။ ပေါက်တဲ့အခါမှာ လူအထိအခိုက် အနည်းအများ ရှိတာမရှိတာထက် ပိုဆိုးတာက ရန်ကုန်မြို့ မှာ အထင်ကရ နာမည်ကြီးတဲ့ Trader ဟိုတယ်။ နိုင်ငံခြားသားတွေ လာတည်တဲ့နေရာမှာ ဒီလိုဖြစ်တယ်ဆိုတာကတော့ ကျော်မကောင်းကြားမကောင်း ဖြစ်တာပေါ့။ ဦးကျော်ဇံသာ ။ ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုတော့ ထိခိုက်မှု ရှိနိုင်ပါမလား။ မောင်သွေးသစ် ။ ။ Trader ပေါက်လိုက်တဲ့ကိစ္စကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုတော့ ကြီးစွာတုန်ခါသွားလိမ့်မယ်လို့ ထင်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေက လာရောက်ဝင်ရောက်မှုက ရာခိုင်နှုန်းများတယ်ဆိုပြီး ကျနော်တို့က ဂုဏ်ယူနေတဲ့ကာလမှာ နောက်တခါ တိုင်းပြည်က ပွင့်လင်းရာသီလည်းရောက်ပြီ၊ ပွဲလမ်းရာသီလည်း ရောက်တဲ့ရာသီမှာ နိုင်ငံတကာခရီးသွားတွေရဲ့  စိတ်ဝင်စားမှုကို အထူးခံစားနေရတဲ့အချိန်မှာ အခုလို ဖြစ်တဲ့အတွက် အများကြီးထိခိုက်တယ်။ ဦးကျော်ဇံသာ ။ ။ အခုဆက်လက်ပြီးတော့ NHK သတင်းဌာနရဲ့  သတင်းထောက် ကိုသီဟသွယ်ရဲ့  သဘောထားကို ကြည့်ကြအောင်ပါ။ ကိုသီဟသွယ် ။ ။ အဲဒီဖြစ်တဲ့နေ့က ကျနော်က ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရှိနေတဲ့အခါကြတော့ ကေအိုင်အေနဲ့ ဆွေးနွေးပြီးရင် tension တွေ ကျသွားပြီးတော့ အခြေအနေကောင်းပြီလို့ တွေးထားတာ။ ဒါပေမဲ့ သူတို့ပြီးတဲ့ နောက်ရက်မှာပဲ တောင်ငူကနေ ဗုံးကွဲတာ တော်တော်လေး အံ့သြတယ်။ အံ့သြတယ်ဆိုပေမယ့် ကျနော်တို့ သမိုင်းကြောင်းနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဒီလို ဗုံးကွဲမှုမျိုးက ရိုးမတကျော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် သိပ်တော့လည်း မအံ့သြဘူး။ ဒါပေမဲ့လဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တောက်လျှောက်ဖြစ်နေလျက်နဲ့ အဲဒီလို ဒီလိုကိစ္စမျိုးတွေ ဖြစ်သလဲဆိုပြီးတော့ တွေးစရာတော့ ဖြစ်တာပေါ့။ ကျနော်တို့အားလုံး အဓိက အံ့သြသွားတာက Trader လို နေရာမျိုးတွေကို ပစ်မှတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Trader က ကျနော်တို့တိုင်းပြည်မှာ တကယ့် အထင်ကရ ဟော်တယ်ကြီးလည်းဖြစ်တယ်။ နောက်တခါ တကယ့်ကို ဧည်ကောင်းတွေတည်တယ်။ စီးပွားရေးသမားတွေ၊ နိုင်ငံတကာကလာတဲ့ တရားဝင်လာတဲ့ state visit လိုမျိုးတွေ တည်တဲ့နေရာမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီနေရာကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်လည်း စေ့စပ်ထားတဲ့အဖွဲ့ကို ကျနော်တို့ တော်တော်လေး စဉ်းစားရကြပ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ ဗုံးဖောက်ခွဲလိုက်ခြင်းအားဖြင့် အခုဆိုပဲ ကျနော်တို့ ကြားနေရပါပြီ၊ Booking တွေ cancellation လုပ်ကြတယ်။ စီးပွားရေးအရ tourism ကို တိုက်ရိုက်ထိခိုက်တယ်။ နောက်တခုက ပိုဆိုးတာက တိုင်းပြည်ရဲ့  image - တိုင်းပြည်က အခုဆိုရင် အာဆီယံဥက္ကဋ္ဌလည်း ဖြစ်ပြီ။ အာဆီယံနဲ့ ပတ်သက်တဲ့ meeting တွေ အများကြီးလည်း ကျင်းပဖို့ရှိတယ်။ နောက်တခါ အနီးစပ်ဆုံးက Sea Game - နိုင်ငံတကာက ဧည်သည်တွေ အများကြီးလာမယ်။ ဒီလိုမျိုး ဗုံးတလုံးတလေ ကွဲတာမဟုတ်ဘဲနဲ့ ရက်ဆက်ဆိုသလို ဗုံးတွေတွေ့တယ်။ ဗုံးလန့်မှုတွေဖြစ်တယ်။ ဒီလိုမျိုး လုံခြုံရေးအားကောင်းတဲ့ နေရာမှာ ဖောက်ခွဲချလိုက်တာဟာ နိုင်ငံတကာက လာမယ့်ဧည်သည်တွေ၊ Delegation တွေ အားလုံးကို မလုံခြုံဘူး၊ လာဖို့ မသင့်ဘူးလို့ message ပေးသလို ဖြစ်သွားတယ်။ ဆိုတော့ ကျနော်တို့ တိုင်းပြည်အတွက် ဒီဗုံးပေါက်ကွဲမှုက ထိခိုက်မှုက လူသေလောက်အထိ မဖြစ်ပေမဲ့လဲ ဖြစ်ပွားတဲ့နေရာနဲ့ အနေအထားနဲ့ အချိန်ကာလက တော်တော်လေး တိုင်းပြည်အတွက် ထိခိုက်စရာဖြစ်တယ်။ ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလောက် အလားအလာကောင်းနေတယ်လို့ ပြောရမယ့်အချိန်။ လူတွေကလည်း ရင်တမမနဲ့ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်ပါစေ၊ ရှေ့ ကိုဆက်ပြီးတော့ အရှိန်ဟုန်ပြင်းပြင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါစေလို့ လူတိုင်းက မျှော်လင့်စောင့်စားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်မှာမှ ဒီဟာကို ဘာဖြစ်လို့ ဘယ်သူတွေက ရည်မှန်းချက်နဲ့ လုပ်နေကြတယ်လို့ ထင်ကြပါသလဲ။ ဆရာ မောင်သွေးသစ် အရင်ပြောပါ။ မောင်သွေးသစ် ။ ။ အဲဒါကတော့ မနေ့က သက်ဆိုင်ရာ ဖြေကြားပုံအရဆိုလို့ရှိရင် အရင်တုန်းက ဖြစ်ပြီဆိုရင်တော့ တောတွင်းလက်နက်ကိုင်တွေကို လက်ညှိုးညွှန်လေ့ရှိတယ်။ ကေအန်ယူ၊ ဗကပ၊ အေဘီအက်စ်ဒီအက်ဖ် တို့ပေါ့။ ဒါပေမဲ့ အဲဒီလူတွေက အခု ငြိမ်းချမ်းရေး dialogue လုပ်နေတဲ့အချိန်ကြတော့ သူတို့ လက်ညှိုးညွှန်ဖို့က ခက်တယ်။ သို့သော် ကျနော်တို့ ဒီမှာ သုံးသပ်နေတာကတော့ ပြုပြင်ပြောင်းလဲရေးကို လက်မခံတဲ့ လူတစုကနေပြီးတော့ ဆူပူမှုကို လုပ်နေသလား။ နောက်ပြန်လည့်ချင်တဲ့ လူတစုကပဲ ဆူပူမှုတွေကို ချိန်ကိုက်ဖန်တီးနေသလား။ နောက်တချက် စဉ်းစားရမှာက ပေါက်ကွဲတဲ့ ဗုံးတွေက နိုင်ငံခြားကလာတဲ့ ဗုံးတွေမဟုတ်ဘူး။ ပြည်တွင်းမှာပဲ လုပ်ပြီးတော့ ပြည်တွင်းမှာပဲ လေ့ကျင့်ပြီးတော့ အတွေ့အကြုံများတဲ့ လူတွေကလုပ်တယ်ဆိုပြီးတော့ သက်ဆိုင်ရာက ပြောတယ်။ အဲဒီတော့ ကျနော်တို့ ယူဆတာကတော့ ဒီလုပ်ကိုင်မှုက စနစ်တကျနဲ့ ဖြန့်ချက်ပြီးတော့ နေရာအနှံကို ခြိမ်းခြောက်နေတဲ့၊ နှောက်ယှက်နေတဲ့၊ အဟန့်အတားဖြစ်နေတဲ့ လုပ်ဆောင်မှုတရပ်ပဲဖြစ်တယ်လို့ ကျနော်ယူဆတယ်။ ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို တိုးတက်မှုကို မလိုလားတဲ့ လူတစုက လုပ်တယ်ဆိုတဲ့ကိစ္စက ဒီကိစ္စတင်မကပါဘူး။ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေကိုလည်း ဒီလူတစုက ဟိုနေရာ ဒီနေရာ လည့်ပြီးဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ ပြောတဲ့ဆိုတဲ့ အသံတွေကို မကြာခဏ ကြားနေရပါတယ်။ အဲဒါ ဘယ်သူတွေလဲဆိုတာကို လက်ညှိုးထိုးပြီးတော့ အမှန်တကယ်ဖော်ထုတ်ပြီး အရေးယူဖို့ မဖြစ်နိုင်ဘူးလား။ မောင်သွေးသစ် ။ ။ သမ္မတကြီး ရခိုင်ခရီးစဉ်သွားတဲ့အချိန်ကလည်း ဒါကလည်း ချိန်ကိုက်ပြီး လုပ်တယ်။ အဲဒီလူတွေကတော့ ကျနော်တို့ ရန်ကုန်မှာနဲ့ သတင်းဌာနတွေမှာ အများကြီး ထွက်ပေါ်နေတဲ့သတင်း ဖြစ်ပါတယ်။ ယူဆချက်၊ ကောက်ချက်တွေပါပဲ။ ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလူတစုကို ဘာကြောင့် တိတိကျကျ ဖော်ထုတ်ပြီး အရေးမယူနိုင်သလဲ။ မောင်သွေးသစ် ။ ။ အဲဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မိတ္ထီလာက စရမှာပဲ။ မိတ္ထီလာ၊ ရခိုင်မောင်တောကနေ ဖမ်းဆီးထားတယ်။ ဖမ်းဆီးထားတယ်ဆိုလို့ရှိရင် မိထားတဲ့ တရားခံတွေကို စစ်ကြောမေးမြန်းလိုက်လို့ရှိရင် သူတို့နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူတွေကို ဖော်ထုတ်လို့ ရရမှာပေါ့။ အခုက စစ်ဆေးမေးမြန်းတာပဲရှိတယ်။ နောက်ကနေ ကြိုးကိုင်နေတဲ့ Godfather သို့မဟုတ် Group ကို ဘာကြောင့် မပြောနိုင်တာလဲ။ အဲဒါကလဲ စဉ်းစားစရာတချက်ပါ။ ဒါက တခါတရံမှ ဖြစ်တာမဟုတ်ဘူး။ အမြဲတမ်း ဖြစ်နေတာပဲ။ ဖြစ်နေတာကို ဘာကြောင့် မဖော်ထုတ်နိုင်သလဲဆိုတာကို သက်ဆိုင်ရာက ဖြေရှင်းဖို့ ကောင်းတာပေါ့။ ဦးကျော်ဇံသာ ။ ။ ဆရာသီဟသွယ်ရဲ့  သဘောထားကို ဆက်ပြောပါ။ ကိုသီဟသွယ် ။ ။ အဓိကတော့ နှစ်ချက်မြင်တယ်။ တချက်က ပထမဦးဆုံး တောက်လျှောက်ကြည့်လာတာ ဘာမြင်သလဲဆိုတော့ ကျနော်တို့ ဗုံးနေရာအများအပြား၊ public နေရာတွေမှာ တွေ့တဲ့ဟာမျိုးတွေ ဖြစ်တဲ့အခါကြတော့ public panic ဖြစ်အောင်၊ လူထု မတည်ငြိမ်သလို ခံစားရအောင်၊ လူထု ကြောက်ရွံထိတ်လန့်စိုးရိမ်နေအောင် လုပ်သလား။ အဲဒီ ရည်ရွယ်ချက်တခုကို သတိထားမိတယ်။ လူတွေအားလုံးက တယောက်နဲ့တယောက် သံသယတွေဖြစ်မယ်။ ကျနော်တို့ လူ့အဖွဲ့အစည်း မတည်မငြိမ် ဖြစ်မယ်ဆိုလို့ရှိရင် ဘယ်သူမှ ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံလို့ ကောင်းမှာမဟုတ်ဘူး။ ဆိုတော့ မတည်ငြိမ်သေးတဲ့ အကျိုးဆက်တွေ အများကြီး ကျနော်တို့ ဖြစ်လာနိုင်မယ့်ဟာကို ပထမဦးဆုံး သတိထားမိတယ်။ လုပ်တဲ့လူရဲ့  ရည်ရွယ်ချက်က ဒါလားပေါ့။ Trader လို နေရာမျိုးကို လုပ်လိုက်တယ်ဆိုတော့ ဒီထက်ပိုပြီး ကြီးမားတဲ့ ရည်ရွယ်ချက်ကို သွားတွေ့တယ်။ အဲဒါက နိုင်ငံတကာက ဧည်သည်တွေ မလာရဲအောင်။ နိုင်ငံတကာက delegation တွေ လာဖို့မသင့်တော်ဘူးလို့ ထင်အောင်။ နိုင်ငံတကာက အစည်းအဝေးတွေ ကျင်းပဖို့ကို ဖြစ်ပါ့မလားဆိုတဲ့ သို့လောသို့လော အတွေးတွေဝင်အောင် လုပ်သလားဆိုတဲ့ နောက်ထပ်ရည်ရွယ်ချက်တခုကို ဆက်တွေ့တယ်။ အဲဒီ ရည်ရွယ်ချက်ကတော့ ကျနော်တို့ သတင်းထောက်လုပ်ခဲ့တဲ့သမိုင်း၊ သိမှီတဲ့သမိုင်းမှာ ပထမဦးဆုံး ဒီလို ရည်ရွယ်ချက်ထားတာကို တွေ့ရတယ်။ ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဘယ်သူတွေက လုပ်သလဲဆိုတာကို စဉ်းစားမိကြပါသလား။ သတင်းထောက်အသိုင်းအဝိုင်း၊ သတင်းလောက က။ သုံးသပ်ကြသလား။ ကိုသီဟသွယ် ။ ။ အခုဟာက ခေတ်ကလဲ သိတဲ့အတိုင်း transitional period မှာ အများကြီး ပြဿနာတွေရှိတယ်။ ဆိုတော့ အဖွဲ့ဟောင်းတွေ ရှိသလို၊ အဖွဲ့သစ်တွေလည်း ရှိလာတယ်။ ဂိုဏ်းကွဲတွေလည်း ရှိလာတယ်ဆိုတော့ ပြောရမှာတော့ ခက်တယ်။ အရင်တုန်းက လုပ်ခဲ့တဲ့ အဖွဲ့အစည်းကလည်း မလုပ်တော့ဘူး။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းတွေက transition မှာ အစိုးရကိုယ်တိုင်က နှစ်ပိုင်းကွဲနေသလို ဖြစ်နေတယ်။ Hardliner နဲ့ Softliner ရှိသလို၊ အတိုက်အခံ၊ ဒီမိုကရေစီအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်း၊ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာလည်း Hardliner နဲ့ Softliner ရှိတယ်ဆိုတော့၊ တော်တော်ပြောရခက်တယ်။ ဒါပေမဲ့ ထူးခြားတာက နိုင်ငံရေးပစ်မှတ် မဟုတ်ဘူး။ အဓိက စီးပွားရေးပစ်မှတ်။ အဓိက ဒီတိုင်းပြည်မှာ လုံခြုံရေးအရ မလုံခြုံဘူး။ နိုင်ငံတကာက လာပြီးတော့ စီးပွားတွေလုပ်ဖို့ မသင့်တော်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးကိုဆောင်တဲ့ တိုက်ခိုက်မှုမျိုး သဘောဆောင်တယ်။ ဆိုတော့ ကျနော်က စဉ်းစားတာက ဒီရည်ရွယ်ချက်က ပြည်တွင်းမှာရှိတဲ့ အတိုက်အခံက ရည်ရွယ်မလား။ ဒါမှမဟုတ် စီးပွားရေးအရ တခြား နိုင်ငံတကာ Relationship သဘောအရ ကျနော်တို့ တိုင်းပြည်ကို မလိုလားတဲ့၊ ဒါမှမဟုတ် ကျနော်တို့တိုင်းပြည်ကို ဒီအဆင့်မျိုး မရောက်ရှိအောင် ဖြစ်စေချင်တဲ့ အဖွဲ့အစည်းတခုက လုပ်သလား။ ကျနော်က ဘယ်လိုတွေးသလဲဆိုတော့ အပြင်က အဖွဲ့အစည်းလား။ အတွင်းက အဖွဲ့အစည်းဆိုရင်လည်း အပြင်ကို အခြေခံတဲ့ အဖွဲ့အစည်းလားပေါ့။ ကျနော်တို့ မြင်နေတဲ့အမြင်က အပြင်ကို ပိုပြီးသတိထားမိတယ်။ ရည်ရွယ်ချက်သည် ကျနော်တို့ တိုင်းပြည်ထဲမှာနေတဲ့ လူတွေက စဉ်းစားတယ့် စဉ်းစားပုံ စဉ်းစားနည်းမျိုး မဟုတ်ဘူးလို့ မြင်မိပါတယ်။ ဦးကျော်ဇံသာ ။ ။ တချို့ ကလဲ မကြာသေးခင်က ဗုံးပေါက်ကွဲမှုတွေ မတိုင်ခင်ဘဲ ဘာသာရေးဆန်ဆန်၊ လူမျိုးရေဆန်ဆန် အဓိကရုဏ်းတွေလည်း ဖြစ်တယ်။ အဲဒီကိစ္စတွေမှာလည်း တိုင်းပြည်တိုးတက်မှုကို မလိုလားတဲ့လူတွေက နောက်ကကြိုးကိုင်နေတယ်။ လောလောဆယ် ဖြစ်ပွားမှုမှာ ပါဝင်တဲ့လူတယောက်ကို ဖမ်းမိတာ၊ နောက်က ကြိုးကိုင်နေတဲ့ လူတွေကို မမီဘူးဆိုပြီး လူတွေ သုံးသပ်တာရှိပါတယ်။ အဲဒါတွေနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါသလား။ ကိုသီဟသွယ် ။ ။ ကျနော်တကိုယ်ရည်အမြင်က ဘယ်လိုရှိသလဲဆိုတော့ ဒီလိုမျိုး လူမျိုးပဋိပက္ခတွေ ဖြစ်တဲ့အခါမှာ သဘာဝအလျောက်ဖြစ်တာ ရှိသလို၊ သဘာဝအလျောက်မဟုတ်ဘဲ နောက်ကဖန်တီးပြီး ဖြစ်တာတွေရှိတယ်။ ဆိုတော့ ကျနော်ပြောချင်တာက ကျနော်တို့တိုင်းပြည်မှာ အားပြိုင်နေတဲ့ နိုင်ငံရေးအုပ်စုတွေ အများကြီးရှိတယ်။ လက်နက်ကိုင်အုပ်စုတွေ အများကြီးရှိတယ်ဆိုတော့ ဒီလိုမျိုး မီးတောက်ရှိတဲ့အခါမျိုးမှာ ဒီလိုမျိုး ပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ အရမ်းကြီးမားနေတဲ့အချိန်မှာ ဒီဟာကို လိုသလို ကြိုက်တဲ့ရည်ရွယ်ချက်နဲ့ သုံးလို့ရတဲ့ အနေအထားရှိတဲ့အတွက် တခုခုကို ပြောဖို့အရမ်းခက်တယ်။ ဒါပေမဲ့ အခု ဗုံးပေါက်ကွဲမှုတွေ ရှိတဲ့အခါမှာ မြန်မာနိုင်ငံဒေသ အနှံအပြားမှာ ဖြစ်တယ်ဆိုတော့ ကွန်ရက်က ကြီးတယ်လို့ ပြောလို့ရတယ်။ ရည်ရွယ်ချက်ကြီးတယ်၊ ကွန်ရက်ကြီးတယ်။ လုံခြုံရေးကို နားလည်းတယ်။ နောက်တခုက Trader မှာ ဖြစ်တယ်ဟာဆိုရင် အတော်အံ့သြတယ်။ လုပ်တဲ့လူက သေချာပေါက် security camera မှာ ပါနိုင်တယ်။ သူ့ရဲ့  identity ကိုပြရတဲ့အတွက်ကြောင့် သူကိုလည်း အလွယ်တကူ ခြေရာကောက်နိုင်တယ်။ ဒါကိုသိသိနဲ့ ဘာဖြစ်လို့ လုပ်သလဲဆိုတဲ့ဟာကိုလည်း ထည့်စဉ်းစားရတယ်။ တချို့ ကလည်း အာဏာပိုင်နဲ့ ပတ်သက်နေတယ်လို့ တွက်ကြတာပေါ့။ အဲဒီမှာ ထည့်တွက်ရမယ့် အကြောင်းအရာတွေ အများကြီးရှိတယ်ဆိုတော့ ဒီတခေါက်တော့ တော်တော်လေး ခန့်မှန်းရခက်ပါတယ်။ ဦးကျော်ဇံသာ ။ ။ ဖြစ်ရပ်မှန် အမှန်တကယ် ပေါ်ပေါက်လာလိမ့်မယ်၊ လက်သည်တရာခံကို တကယ် အတိအကျ ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလား။ ကိုသီဟသွယ် ။ ။ ကျနော်ကတော့ ဒီအချိန်မှာတော့ ဖော်ထုတ်သင့်ပြီလို့ ထင်တယ်။ ဒါပေမဲ့ ဒီကိစ္စတော်တော်များများက ကျနော်တို့ တိုင်းပြည်မှာ လူတွေက ပြောစမှတ်ရှိတယ်။ ဗုံးပေါက်ကွဲမှု တော်တော်များများက ဘယ်တော့မှ မပေါ်ဘူး။ အဲဒီလိုပဲ ဖြစ်မယ်။ ပေါ်တယ်ဆိုရင်တောင်မှ ပိုက်ဆံပေးလို့ ခွဲရပါတယ်ဆိုတဲ့နေရာမှာ ရပ်သွားတာများတယ်။ ပိုက်ဆံရလို့၊ ငွေရေးကြေးရေး အကျိုးအမြတ်ရှိလို့ ကျနော်တို့ကို အမည်မသိ ပုဂ္ဂိုလ်ကနေ ခိုင်းလို့။ ဒါလေး ဒီမှာထားပေးပါဆိုလို့ ထားပေးရပါတယ်ဆိုတာနဲ့ ကိစ္စနဲ့ နောက်ဆုံးသွားတာများတဲ့အတွက်ကြောင့် တကယ် နောက်က ဘာကြောင့် လုပ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိဘူး။ ဒီတကြိမ်လည်း ဒီလိုဖြစ်သွားမယ်ဆိုရင်တော့ နောက်ထပ်ဒီလို ဖြစ်ဆင်မျိုးကို ဖိတ်ခေါ်တာနဲ့ အတူတူပါပဲ။ ဦးကျော်ဇံသာ ။ ။ လွတ်လပ်ရေးရပြီစ မြန်မာနိုင်ငံရဲ့  မတည်မငြိမ်တဲ့ အခြေအနေကို ဆရာမြတ်ထန် က တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် တင်စားမှတ်တမ်းတင်ခဲ့ဘူးပါတယ်။ အခုအခါမှာလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုတာ သီးကင်းနုစအရွယ်တောင် မရောက်နိုင်တဲ့အချိန်မှာ တိုက်ခိုက်လာနိုင်တဲ့ မုန်တိုင်းရဲ့  အတိုင်းအတာနဲ့ တိုင်းပြည်ရဲ့  အန္တရာယ်ကို တာဝန်ရှိသူတွေသာမက ပြည်သူလူထုတရပ်လုံးက နိုးနိုးကြားကြား နဲ့ သတိထားနိုင်ကြမှ တော်ရာကြမယ်လို့ ထင်မိပါကြောင်း ပြောကြလိုပါတယ်။
วันเสาร์ที่ 19 ตุลาคม พ.ศ. 2556
วันพฤหัสบดีที่ 14 มีนาคม พ.ศ. 2556
ဇာတိနေရာက လှည့်စားခြင်းခံရသူများ
နေခြည်တွေ ဝင်းပနေတဲ့ နို့ဖိုး ဒုက္ခသည် စခန်းထဲမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့နဲ့အတူ ၁၆ ရက်တာ လှုပ်ရှားမှု ပိတ်ရက်အဖြစ် စခန်းရုံးထဲမှာ ကျင်းပခဲ့ပါတယ်။ ၁၆ ရက်တာ လှုပ်ရှားမှုထဲမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့လည်း ပါဝင်ပါတယ်။
“မိသားစုတွင်း ငြိမ်းချမ်းရေးမှ ကမ္ဘာနဲ့အဝှန်း ငြိမ်းချမ်းရေးဆီသို့” ဆိုတဲ့ ကြော်ငြာ စာရွက်တွေကို သစ်ပင်ကြီးတွေဆီမှာ လမ်းနဲ့နီးတဲ့ တဲအိမ်တွေရဲ့ ဝါးသဲပွတ်နံရံတွေမှာ ကပ်ထားကြတယ်။ ဒါကြောင့် ထင်ပါတယ်။ အိမ်တွင်း အကြမ်းဖက်မှု
တွေ အသံ သိပ်မကြားရဘူး။ ဒီရက်ထဲမှာလေ။ အရေးယူဆောင်ရွက်နေတဲ့ ကာလလည်း ဖြစ်လို့ထင်တယ်။
ဒုက္ခသည် စခန်းထဲမှာ ဒီလိုအထိမ်းအမှတ်ပွဲမျိုး ကျင်းပနိုင်ဖို့ NGO အဖွဲ့အစည်းတွေက ကူညီပေးပါတယ်။ လူ့အခွင့် အရေးတွေ ဆုံးရှုံးလို့ ဒုက္ခသည်ဖြစ်နေတဲ့ စခန်းရဲ့ လာ-ဟူး-ကြာ ဈေးနေ့လေးထဲက ပန်းရောင်စုံတွေ လူ့အခွင့်အရေး
နေ့ အခမ်းအနား ကျင်းပရာ စခန်းရုံးထဲ ရောက်သွားပါတယ်။ ဒုက္ခသည်တွေလည်း စခန်းရုံးထဲမှာ စုရုံးခဲ့ကြပါတယ်။
နှင်းဆီပန်း၊ သစ်ခွပန်း ရောင်စုံကို အနုပညာမြောက်စွာ ထိုးထားတဲ့ ပန်းအိုးတွေကိုမြင် ရရင်ပဲ ကျမတို့ ရင်ထဲမှာ
နူးညံ့မှုတွေ စိမ့်ဝင်သွားတယ်။ ဒီဒုက္ခသည်စခန်းထဲမှာ ဘယ်နေရာကြည့်ကြည့် ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဝါးတဲအိမ်
တွေနဲ့ မျှော်လင့်ချက်မဲ့နေတဲ့ ဒုက္ခသည်တွေကိုပဲ တွေ့ရတာ မဟုတ်လား။
တိုင်းရင်းသား ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ဒုက္ခသည်တိုင်းရင်းသားတွေ စခန်းရုံးထဲ တဖွဲဖွဲ ရောက်လာပါတယ်။ မဖိတ်ခေါ်ရပဲ အမြဲတက်တက်ကြွကြွ ရောက်လာတတ်သူတွေကတော့ ကလေးငယ်တွေပါပဲ။ မိခင် ဖခင်မပါဘဲ လူစုစု ရှိတာနဲ့ ရောက်လာတတ်တဲ့ ကလေးငယ်တွေက နိုင်ငံမဲ့နေတဲ့ ကလေးငယ်တွေပါ။ သူတို့ဇာတိမြေကို မေးရင် ဘယ်ဇာတိ လို့ ရဲရဲဝံ့ဝံ့ ဇာတိသွေးအပြည့်နဲ့ ပြောနိုင်မယ့်သူတွေ မဟုတ်ပါဘူး။ သူတို့လေးတွေရဲ့ ဦးခေါင်းတွေမှာ
နေလောင်နေတဲ့ ဆံပင်နီနီတွေ ဆီကင်းနေတယ်။ ဖိနပ် မပါပေမယ့် မြဲမြံတဲ့ ခြေဖဝါးတွေနဲ့ နေရာအနှံ့ ရောက်အောင် သွားနိုင်ကြတယ်။ သူတို့ ဘဝကိုသူတို့ ဘယ်လို ရှင်သန်အောင် နေရမယ်ဆိုတာ ငယ်ပေမယ့် သိနေကြတယ်။
စခန်းကော်မတီဝင် ဆရာလေးက အဖွင့်အမှာစကား ပြောပါတယ်။
“ကိုယ့်အခွင့်အရေးကိုယ် သိထားဖို့ လိုတယ်။ အခွင့်အရေးဆိုတာ တောင်းယူလို့မရရင် တိုက်ယူလို့ရတယ်။ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ မွေးရာပါ လူ့အခွင့်အရေး ဆုံးရှုံးလို့ တောင်းယူတာ။ တောင်းယူလို့ မရလို့ တိုက်ယူရတာ နှစ် ၆ဝ ကျော်ပြီ”
“ကျနော်တို့ ဒုက္ခသည်ဖြစ်ရတဲ့ အကြောင်းအရင်းက လူ့အခွင့်အရေးတွေ ဆုံးရှုံးလို့ပဲ။ ဗဟုသုတ ရှိခြင်းအားဖြင့် ကိုယ့်အခွင့်အရေးကိုယ် ကာကွယ်နိုင်သလို ကိုယ့်တာဝန်ကိုယ် သိသွားတယ်။ ဘဝပေး အခြေအနေရ ဒုက္ခသည်
ဖြစ်နေရချိန်မှာ ဘဝတူခြင်းက လုပ်ပိုင်ခွင့်ရှိတဲ့နေရာကနေ ထပ်မံနှိပ်စက်နေဦးမယ်ဆို ဒါမဖြစ်သင့်ဘူး။ နှစ်ထပ်ကွမ်း ဒုက္ခသည်မဖြစ်အောင် ကြိုးစားသွားကြမယ်” တဲ့။
အိမ်တွင်းအကြမ်းဖက်မှု ရပ်တန့်ဖို့ဆိုတာ မိသားစုတွင်း အကြမ်းဖက်မှု မရှိဘဲ ချစ်ခြင်းမေတ္တာနဲ့ အပြန်အလှန်
လေးစားမှု၊ နားလည်မှု ရှိဖို့ပါပဲလို့လည်း ဆရာလေးက ရယ်စရာ ဥပမာလေးပြ ပြောသွားပါသေးတယ်။
“ဇာတ်ပွဲ သွားချင်တဲ့ အဘွားကြီးက အိမ်ရှေ့မှာ ဆေးတံသောက်နေတဲ့ အဘိုးကြီးကို ပွဲကြည့်ချင်တယ်လို့ မပြောဘူး။ အိပ်ပျော်နေတဲ့ သားငယ်ကို ဆွဲဆိတ်တယ်။ သားက ငိုတော့ ဆေးတံသောက်နေရာက မေးတေယ်။ ဘာလို့ ငိုလဲပေါ့။ ပွဲကြည့်ချင်လို့ ငိုတာလို့ အဘွားကြီးက ဖြေတယ်။ ဒီတော့ အဘိုးကြီးက “ကလေးက ငါနဲ့တူတာ။ ငါငယ်ငယ်က ပွဲမကြည့်ရရင် လက်ကုန်ငိုတာ”တဲ့။ ဒီစကား ပြောလိုက်တော့ အဘွားကြီး ပွဲခင်းထဲ ရောက်သွားတယ်။ ထိပ်တိုက် မတိုးဘူး။ ဒီတော့ အိမ်တွင်း အကြမ်းဖက်မှု မဖြစ်တော့ဘူး” တဲ့။
‘နာကျင်မှုတွေ ခံစားမှုတွေ မတူနိုင်ဘူး’ ဆိုတဲ့ သီချင်းကိုလဲ အမျိုးသမီးကြမ်းဖက်မှု ပပျောက်ရေးက အမျိုးသမီးတွေက ခံစားချက်အပြည့်နဲ့ သီဆိုသွားခဲ့ပါတယ်။
တိုင်းရင်းသားတွေရဲ့ ရိုးရာအကတွေနဲ့ ဖျော်ဖြေတော့ စခန်းရုံးက စင်မြင့်ပေါ်ကို ပိုးစားနေတဲ့ အင်ဖက်မိုး အပေါက်လေး
တွေကနေ နေရောင်ခြည်ဟာ မီးဆလိုက်လို ဖြာကျပေးနေတယ်။
ရခိုင်အကမှာ အားမာန်ပါတဲ့ စည်တော်သံနဲ့ ဗုံသံဟာ ဇာတိသွေးကို တက်ကြွစေပါတယ်။ ကျမတို့ နိုင်ငံမှာ တိုင်းရင်းသား အသီးသီးဆီရဲ့ ယဉ်ကျေးမှုတွေက ခန်းနားထည်ဝါလွန်းလှပါတယ်။ လူအများနဲ့ ကရတဲ့ ရခိုင်အကမှာ အမျိုးသမီးလေး နှစ်ဦးပဲ ပါဝင်ကပြနိုင်တယ်။ ပူးပေါင်း ဆောင်ရွက်မှုအရ ကပြနေတဲ့ ရခိုင်အမျိုးသမီးလေး နှစ်ဦးရဲ့ မျက်နှာမှာ ကြေကွဲမှုတွေကို မြင်ရတယ်။
တောင်ဇလပ်ပန်း နီနီတွေ ချင်းတောင်တန်းမှာ ပွင့်နေကြမယ့် ဒီလိုရာသီ ဒီလိုအချိန်မှာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းထဲမှာ ချင်းတိုင်းရင်းသား လူငယ်တွေ တောင်ဇလပ်ကို တေးသီနေကြတယ်။ ဇိုမီး၊ တီးတိန်၊ ဖလမ်း၊ ဟားခါး ရိုးရာဝတ်စုံနဲ့ ရိုးရာအကကို ကခုန်နေကြတယ်။ အောက်ချင်းငှက်တို့ မြူးရာ ချင်းတောင်တန်းကြီးကို သူတို့ သတိရနေပါလိမ့်မယ်။
အိုးစည်သံကိုလည်း ကျမတို့ ဒုက္ခသည်စခန်းထဲမှာ ကြားနေရပါတယ်။ ရှမ်း ဓါးသိုင်းနဲ့ ကနေရှာတဲ့ ကလေးငယ်ရဲ့
ခြေနုတ်လက်နုတ်ဟာ တကယ့် ဓါးသိုင်းပညာရှင်လိုပါပဲ။ ရုတ်တရက် သူ မြှောက်လိုက်တဲ့ဓါး ပြုတ်ကျသွားပေမယ့်
ကြောင်မသွားဘူး။ စည်းချက်နဲ့ အညီ ဓါးကို ပြန်ကောက်ပြီး ဆက်ကသွားတယ်။ လျှပ်တပြက် ဖြစ်ပေါ်သွားတဲ့ အခက်အခဲကို ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းနိုင်တဲ့ ကလေးငယ်အတွက် လက်ခုပ်သံတွေလျှံထွက်သွားတယ်။
ဗမာအကမှာတော့ မှုံရွှေရည်အကနဲ့ ဦးရွှေရိုးဒေါ်မိုး စုံတွဲအကကို ဗမာအသင်းက တာဝန်ရှိသူ ဒေါ်ကျင်ကျင်ဝင်းက မိတ်ဆက်ပေးပါတယ်။ ဦးရွှေရိုးနဲ့ ဒေါ်မိုးဟာ မြန်မာဆန်ပြီး ပျော်ရွှင်စရာ ကြည်နူးစရာ ရသကို ပေးခဲ့ပါတယ်။ သို့ပေမယ့် ဦးရွှေရိုးက လက်ပံတောင်းတောင် အရေးမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ရ ဟန်းသံဃာတွေ၊ ပြည်သူလူထုတွေ အတွက် စိုးရိမ်ပူပန်နေရလို့ သူမပျော်ဘူးလို့ ဆိုပါတယ်။ သူ့စကားက အားလုံးကိုမျက်ရည်စို့စေပါတယ်။
တိုင်းရင်းသားအကတွေ အပြီးမှာ “မိသားစု ငြိမ်းချမ်းရေးဆီမှ ကမ္ဘာနဲ့အဝှန်းငြိမ်းချမ်းရေးဆီသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းချီပြိုင်ပွဲမှာ ဆုရတဲ့ ကလေးငယ်တွေကို ဆုပေးပါတယ်။
ပထမဆုရတဲ့ ကလေးငယ်ရဲ့ ပုံကတော့ ကမ္ဘာလုံးကြီးကို လျှပ်စစ်လှိုင်းတွေနဲ့ ပတ်ထားတယ်။ ကမ္ဘာကြီးဟာ တနေရာ ကနေ တနေရာ ဆက်နွယ်မှုကို ရည်ညွှန်းသလို ထိုင်ခုံတွေက ကုလသမဂ္ဂ တဲ့။
ဒုတိယဆုရှင် ပထမတန်းကျောင်းသားလေးက တဲအိမ်လေးကနေ ကမ္ဘာကြီးဆီ ဂျိုးဖြူငှက်လေး ပျံသွားတဲ့ ပန်းချီကား ကို ခဲတံရောင်စုံသုံးပြီး လှနေအောင် ချယ်ထားတယ်။
တတိယဆုရသူ မိန်းကလေးငယ်ရဲ့ ပန်းချီကားကတော့ စိမ်းစိုနေတဲ့ တောင်တန်းတွေကြားက ရွာလေးထဲမှာ မိခင်က
ဈေးဗန်းရွက်ပြီး သားငယ်ကို လက်ဆွဲလို့ မျက်နှာမူ လျှောက်နေတဲ့ လမ်းထိပ်မှာ ကုလသမဂ္ဂ အမှတ်တံဆိပ်လေးက
စောင့်ကြိုနေရဲ့။
စခန်းထဲမှာ လုပ်ငန်းအမျိုးမျိုး လုပ်နိုင်အောင် သင်တန်းတွေ ပေးပါတယ်။ ဒီထဲမှာ ပန်းပဲ သင်တန်းလည်း ပါပါတယ်။ သဘာဝကို အမှီပြုနေရတဲ့ ကရင်လူမျိုးကြီး အတီး က ပန်းပဲဆရာပါ။ ဓါးတစ်လက်ဖြစ်ဖို့ ပန်းပဲဖိုမှာ သံမဏိကို ပုံဖေါ်တဲ့နေရာ ရေနဲ့မီး ဘယ်ဟာက အရေးကြီးလဲလို့ ကျမ မေးကြည့်ပါတယ်။
“ဓါးတလက်ဖြစ်ဖို့ အရေးကြီးဆုံးက မီးကော ရေကော အတူတူပဲ” လို့ ပန်းပဲဆရာကြီး အတီးက ဖြေပါတယ်။
ဒုက္ခသည် ကလေးငယ်တွေနဲ့အတူ မြန်မာပြည်က ကလေးငယ်တွေ ရေနဲ့မီးကို ကောင်းမွန်စွာ စီမံ အသုံးပြုတတ်တဲ့ စနစ်၊ ကောင်းမွန်တဲ့ အုပ်စိုးသူအောက်မှာ ကြီးပြင်းခွင့်ရပြီး ထက်မြက်တဲ့ ဓါးတွေ ဖြစ်ပါစေလို့ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ကျမ ဆန္ဒပြုလိုက်ရပါတယ်။ ။
နှင်းပန်းအိမ်
วันเสาร์ที่ 13 ตุลาคม พ.ศ. 2555
ကရင်ယဉ်ကျေးမှုညီလာခံ အထေံထွေသိကောင်းစရာများမှ အဆက်
ညီလာခံ၏ ဒုတိယနေ့(၉ ၁၁ ၆၀) အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်လေသည်။
၁။ ဦးစောမူဒစ်ခိုင်က ကရင်မျိုးသားစာပေအကြောင်း တင်ပြခြင်း ၂။ ဦးစောဘီက ကရင်ရာဇ၀င်အကြောင်း တင်ပြခြင်း ဤအစီအစဉ်များ ပြီးသည့်နောက် ကောင်စီသဘာပတိ ဦးစောလုံက ညီလာခံတွင် အေါက်ပါအဆိုကို တင်သွင်းခဲ့သည်။ (၁) လက်ရှိ အသုံးပြုနေသော ကရင်စာသည် အမျိုးမျိုးကွဲပြားနေသည့်အတွက် ဘာသာအသီးသီးနှင့် အမျိုးသားအသီးသီး အလွယ်တကူ ရေးသား ဖတ်ရှုအသုံးပြုနိုင်ပြီး လွယ်ကူသော ကရင်စာကို တီထွင်ပြုစုရေးသားနည်းလမ်းများ ရှာကြရန်၊ (၂) ကရင်အမျိုးသာများ ရာဇ၀င်တစောင်ကို မှန်ကန်တိကျစွာ ရေးသားပြုစုပေါ်ထွက်ရန်၊ (၃) ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုကို ဖေါ်ထုတ်သွားရန်၊ ခေတ်နှင့်မလျော်ညီသည့်အရာများကို ထိုခေတ်နှင့်အညီ ပြန်လည်ပြုပြင်သွားရန်၊ (၄) ရှေ့နှစ် ကရင်ယဉ်ကျေးမှုဖေါ်ထုတ်ရေး ညီလာခံ ကျင်းပသည့် နေ့ရက်ကို ရွေးချယ်၍ ဦးစီးရှေ့ဆောင် ပြုလုပ်သွားရန်၊ (၅) အဖြူ ၊ အနီ၊ အပြာ တက်သစ်စနေမင်း ဖါးစည်ပါသောအလံကို ကရင်တမျိုးသားလုံးအလံအဖြစ် တမျိုးသားလုံးလက်ခံလာအောင် ဆောင်ရွာက်သွားရန်၊ (၆) ပြာသိုလဆန်း ၁ ရက် နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် တမျိုးသားလုံးလက်ခံလာအောင် ဆောင်ရွက်သွားရန်၊ (၇) လက်ရှိ ကရင်မျိုးသားသီချင်းကို အားလုံးလက်ခံနိုင်သည့် သီချင်းဖြစ်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်၊ (၈) ကရင်ယဉ်ကျေးမှုကိစ္စရပ်များ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် ကရင်အမျိုးသားယဉ်ကျေးမှုဖေါ်ထုတ်ရေးအဖွဲ့ ဗဟိုကော်မတီတရပ်ကို ဖွဲ့စည်းသွားရန်။ ထိုအဆိုကို ညီလာခံကြီးတခုလုံးက ထောက်ခံသဖြင့် အောက်ပါ ယဉ်ကျေးမှုဖေါ်ထုတ်ရေးဗဟိုကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့လေသည်။ ၁။ ဥက္ကဌ ဒေါက်တာ စောလှထွန်း (ပြည်နယ်ဥက္ကဌ) ၂။ ဒု-ဥက္ကဌ စောကြာဒိုး(ဗိုလ်ချုပ်ဟောင်း) ၃။ အတွင်းရေးမှူး မန်းသိန်းဟံ၊ ၄။ တွဲဘက်အတွင်းရေးမှူး စောပေါလ်ဖေါ(လူမျိုးစုလွှတ်တော်အမတ်) ၅။ တွဲဘက်အတွင်းရေးမှူး မန်းညွန့်မောင်(ပြည်ထောင်စုကရင်အဖွဲ့ချုပ်) ၆။ တွဲဘက်အတွင်းရေးမှူး စောမြစိန်၊ ၇။ ငွေထိန်း မန်းစိန်မောင်၊ စာရင်းစစ် စောဂျေမီကျော်အေး၊ ၉။ ကော်မတီဝင် စောမက္ကစီဘိုးသိန်း(ကဆ ဥက္ကဌ) ၁၀။ စောဂန္ဒီ (အေ ဘီ အေ အို ဥက္ကဌ) ၁၁။ မန်းမြသီး (အေ ဘီ အေ အို ဒု- ဥက္ကဌ) ၁၂။ ဆရာမန်းစအေး၊ ၁၃။ မန်းမြဖုန်း၊ ၁၄။ မန်းဘရင်၊ ၁၅။ ဦးစောဘီ၊ ၁၆။ ဆရာပန်းပြေ၊ ၁၇။ ဆရာဂျွန်ဆင်ခန်းကြီး၊ ၁၈။ စောမူဒစ်ခိုင်၊ ၁၉။ စောဂျိမ်းတာပ၊ ၂၀။ ဗိုလ်ကြီးဂျွန်း၊ ၂၁။ ဦးအောင်ထွန်းဝင်း၊ ၂၂။ စောအဲရစ်ဖူးညို၊ ၂၃။ စောသန်းလွင်၊ ၂၄။ ဦးအေစိုးမြင့် (ပါလီမန်အတွင်းဝန်) ၂၅။ ဆရာမ နော်လီလီသိန်း၊ ၂၆။ ဦးလှစိန်၊ ၂၇။ ဆရာသာထွန်း၊ ၂၈။ ဦးမောင်နု စုစုပေါင်း (၂၈)ဦး ပါဝင်သော ဗဟိုကော်မတီ ဖြစ်ပါသည်။ ဤ ကရင့်ယဉ်ကျေးမှုဖေါ်ထုတ်ရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက် ပထမအကြိမ် အစည်းအဝေးတရပ်ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ရှေ့သို့ဆက်လက်ပြီး ညီလာခံခေါ်ဆိုခြင်း မင်းပမှုကိုမူ အလျဉ်းမပြုနိုင်ဘဲ အလိုလို ရပ်ဆိုင်းသွားလေတော့သည်။ ဤကား (၁၉၆၀)ခုနှစ် ကော်သူးလေတွင် ကျင်းပခဲ့သော ကရင့်ယဉ်ကျေးမှုဖေါ်ထုတ်ရေးညီလာခံအကြောင်း ဖြစ်ပေသည်။ ကရင်အမျိုးသားစာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးသို့ ရှေ့ရှုလျှက်--- ဆက်လက်တင်ပြမည်။วันศุกร์ที่ 12 ตุลาคม พ.ศ. 2555
ကရင်ယဉ်ကျေးမှုညီလာခံ အထွေထွေသိကောင်းစရာများ
วันพฤหัสบดีที่ 12 เมษายน พ.ศ. 2555
တော်လှန်ဝံ့ရမည်
မျိုးရိုးဗီဇနှင့် ပတ်သက်၍ ယနေ့လူငယ်တို့သည် ခေတ်နှင့်လျှော်ညီစွာ ခံယူကျင့်သုံးရပေမည်။ နေရာတိုင်း လုပ်ငန်းတိုင်း ရိုးအ နေကြရမည့်အခါ မဟုတ်တော့၊ အနှိမ်ခံ အချယ်လှယ်ခံ ဘ၀မျိုးဖြင့် တင်းတိမ်ရောင့်ရဲရမည့် ခေတ်ကာလ မဟုတ်တော့ပါ။ ပြောသမျှ ယုံ ဆိုသမျှ ဟုတ်ကဲ့ ရမည့် အချိန်လည်း မဟုတ်တော့ပါပေ။ တောကြီးမျက်မည်းတွင် ထီးထီးရပ်၍ အေးဆေးစွာ နေလိုမှု ဘ၀မျိုးကိုလည်း တော်လှန်စွန့်လွှတ် ရပါမည်။ ပတ်ဝန်း ကျင်နှင့် မကင်းနိုင်သည်မို့ လိုက်လျှော ညီထွေစွာ နေထိုင်ကျင့်ကြံတတ်ဘို့ လိုအပ်လှပါသည်။
နောက်တချက်မှာ ကရင်အမျိုးသားရေးကို ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံတွင်းသို့ အစောဆုံးရောက်ရှိခဲ့သည့် လူမျိုးတစု အဖြစ် ပါဝင်ခဲ့ခြင်းနှင့် လူဦးရေးအရ ဒုတိယအများဆုံး လိုက်နေခဲ့သော်လည်း အတိတ်သမိုင်းတလျှောက်လုံး လက်တွဲရွက်ဆောင်မှု တစုတစည်းတည်း မရှိခဲ့၊ မတည်ဆောက် နိုင်ခဲ့ပါ။ စည်းလုံးမှု အင်အား မရခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက် အချယ်လှယ်ခံ ဘ၀၌သာ ရပ်တည်နေခဲ့ ရပေသည်။
စည်းလုံးမှု အခြေကို မတည်ဆောက် နိုင်ခဲ့၍ အချယ်လှယ်ခံ ဘ၀ဖြင့် ရပ်တည်ခဲ့ရသော အခြေခံ အကြောင်းရပ်ကို စိပ်ဖြာ ဆန်းစစ်ကြည့်ပါလျှင် ကရင်တမျိုးသားလုံးတွင်း၌ -
(က) ဘာသာစကားကွဲပြားလျက် ရှိနေခြင်း။
(ခ) ယုံကြည်ကိုးကွယ်မှု မတူခြားနားလျက် ရှိခြင်း။
(ဂ) သာသာရေး အခြေခံ စာပေအင်အားစု အစိတ်စိတ် အလီလီ ပေါ်ပေါက်လာခဲ့ခြင်း။
(ဃ) နေထိုင်ရာဒေသ ပြန့်ကြဲလျက် ရှိနေခြင်း။
(င) သဘောတရားရေး၊ နိုင်ငံရေး၊ အမျိုးသားရေး အသိအမြင် အားနည်းမှေးမှိန်လျက် ရှိနေခြင်း – စသည့်တို့ကို တွေ့ရှိရပေမည်။
ဖော်ပြပါ အကြောင်းအချက် ရှိနေခြင်းကြောင့် သီးခြားလူမှု အဖွဲ့အစည်းကို ပေါ်ပေါက်စေ ခဲ့ပါသည်။ မတူညီသော အခြေခံကြောင့် လူမှုပေါင်းသင်း ဆက်ဆံရေးကို မီးလောင်ရာလေပင့် အဟန့်အတားပြု ပျက်ပြားစေခဲ့ခြင်း ဖြစ်လာတော့သည်။
အဘယ်ကြောင့်ဆိုသော် ဘာသာစကား မတူကြ၍ စကားအုပ်စုဖွဲ့ နေလာကြသည်။ ယုံကြည်ကိုးကွယ်မှု တူချင်းချင်း ဘာသာရေးအရ ပေါင်းစုံဖွဲ့စည်း နေကြ၍ လူမှုအဆောက်အုံသစ်များ ဖန်တည်းလာသည်။ ယုတ်စွအဆုံး အမျိုးတူချင်း ဖြစ်သော်လည်း ဘာသာရေး မတူမှုကြောင့် ပေါင်းသင်းလက်ထပ်မှုအထိ အဟန့်တားမှု ပြုလာသည်။ ထိုဘာသာရေးကို အခြေခံ၍ စာပေရေး ပေါ်လာပြန်ရာ ထိုဘာသာရေး အဖွဲ့အစည်းမှ တဖန် စာပေအင်အားစုအဖြစ် ထပ်ဆင့်ကွဲပြားလာ ပြန်ရသည်။ နေရာထိုင်ရာဒေသ ပြန့်ကြဲခြင်းတွင်ကား စုစည်းမှု မရနိုင်သော အခြေကို ဖန်တီး၍ အစိတ်စိတ် အမွှာမွှာ ဖြစ်စေခြင်းသည် ပတ်ဝန်းကျင်၏ စာပေရေး ယဉ်ကျေးမှုရေးအရ လွှမ်းမိုးမှုဒဏ်ကို အလိုလို လည်စင်းပေးရာ ဖြစ်လာရသည်။
ထိုထိုသော အခြေခံ မကောင်းမှု တို့ကြောင့်လည်း အတွေးအခေါ် အယူအဆရေးမှအစ ဖလှယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ပညာပေးခြင်း၊ ခံယူခြင်း မပြုနိုင် ဖြစ်လာရာမှ အမျိုးသားရေး အသိအမြင်ပါ အားနည်း မှေးမှိန်လာစေတော့ရာ အနာဂတ် ကရင့်အရေးမှာ တွေးလေ ရင်လေးစရာပင် ဖြစ်ပေတော့သည်။
သို့သော် လူသားတို့ဆိုသည်မှာ ကြံရည်ဖန်ရည် ရှိကြသူချည်း ဖြစ်လေရာ အနာဂတ် မျှော်မှန်းချက် ရှိနေသေးသမျှ ကရင့်အမျိုးသား ရေးရာကို တောက်ပြောင်လာအောင် ဖန်တီးနိုင်သည်၊ ဖန်တီးနိုင်ရပေမည်။
ဖော်ပြခဲ့ပါ အမျိုးသားထုတွင်း သပွတ်အူ အရှုပ်အထွေး မကြေမလည်မှုများကို ရှောင်ကွင်း၍ကား ရမည်မဟုတ်ပေ။ တခုချင်း တမျှင်ချင်း ပြေမည်လား။ အတင်း ထိုးဖြတ် သွားမည်လား – အဖြေတော့ ရှာရပါမည်။
သမိုင်းပေး တာဝန်ကို ယနေ့လူငယ်တို့ ပီပီပြင်ပြင် မြင်သိခံယူ လာနိုင်ရေးအတွက် အမျိုးသားရေး အသိ မွေးကြရပါတော့မည်။ ထိုအသိ ရလာရန်မှာ အမျိုးသားထုတွင်းရှိ ကွဲပြားမှု မှန်သမျှ ပထမ နားလည်ထားရမည်။ ၀င်ရောက် လေ့လာရမည်။ တစုတဖွဲ့သော ဘာသာရေး၊ စာပေရေး၊ နယ်မြေစွဲ တည်းဟူသော အနှောင်အဖွဲ့မှ ရုန်းထွက်ကာ ကရင်အမျိုးသားအတွက် ဆန္ဒစွဲကင်းစွာဖြင့် အမျိုးသားထု၏ တောင်းဆိုချက်ကို ဖော်ထုတ်နိုင်စွမ်း ရှိရမည်။
အမျိုးသားရေးအသိ ဆိုသည်မှာ ကရင်တမျိုးသားလုံးကို အခြေခံရမည် ဆိုသည့်အချက်အား ဘယ်အခါမှ မေ့လျှော့၍ မရပါ။
ဥပမာအားဖြင့် ဘာသာရေးသည် ပုဂ္ဂိုလ်ရေး ဖြစ်သည်။ ယနေ့စာပေရေးရာ အလီလီသည် အုပ်စုအဖွဲ့အစည်းကိုသာ အခြေခံ နေပါသည်။ ဘာသာရေးကို အမျိုးသားရေး အသိကသာ ရှေ့ဆောင်မှု ပြုရပါမည်။ စာပေရေးကို အမျိုးသားရေး အသိဖြင့် တမျိုးသားလုံး အတွက် ကိုယ်စားပြုမည့် အမျိုးသားစာပေကို တက်လှမ်းဝံ့ရပါမည်။ အမျိုးသားရေးအမြင် ဖြင့်သာလျှင် နေရာမရွေး – လုပ်ငန်းမရွေး လက်တွဲရွက်ဆောင် နိုင်မည်ဖြစ်သည်။
ထို့ကြောင့် အမျိုးသားရေးဟု တခုခုကို ခံယူကျင့်သုံး တော့မည်ဆိုလျှင် အမျိုးသားထုကို ကိုယ်စားပြုနိုင်သော အမျိုးသားရေး အသိ သဘောတရားရေး လမ်းညွှန်မှုကို ကိုယ်စီခံယူကြပါ။ ကျင့်သုံးကြပါ၊ ဆင့်ပွားလမ်းညွှန်ကြပါ၊ အမျိုးသားရေးအသိဖြင့် ဘာသာကွဲ – စကားကွဲ – စာပေအကွဲများကို လက်တွဲရွက်ဆောင်မှု ပြုပါ၊ လက်တွဲရွက်ဆောင်မှု စတင်ကြပါ၊ စတင်ရန် ၀န်မလေးပါနှင့် တိုးတက်လူငယ် ပီပြင်ပါစေ၊ သမိုင်းပေးတာဝန် ကြေကြပါစေ။
မန်းဋ္ဌေးရှိန်
ကရင်တို့၏စာပေ
ကရင်သမိုင်းဆရာ စောအောင်လှ
ကမ္ဘာသူ ကမ္ဘာသားထဲတွင် လူမျိုးအများအပြားရှိသည်။ လူမျိုးတိုင်းတွင် ၎င်းတို့ ၏ သီးခြားဘာသာစကား ရှိကြသည်။ လူမျိုးတမျိုးနှင့်တမျိုး မိမိတို့ ၏ဘာသာစကားကိုသာ ပြောကြလျှင် တဦးနှင့်တဦး နားလည်နိုင်ကြမည် မဟုတ်ချေ။ ထိုနည်းတူစွာ လူမျိုးတမျိုးနှင့်တမျိုးတွင် သီးခြားဘာသာစကားရှိကြောင်း အပြန်အလှန် လေးစားအသိ အမှတ်ပြုကြကြောင်းလည်း တွေ့ ရသည်။
ရှေးအခါက မည်သည့်လူမျိုးမဆို မိမိ၏ဘာသာစကားကိုသာ ပြောတတ်ကြသည်။ ၎င်းတို့ ၏ဘာသာစကားကို ရေးမှတ်နိုင်ရန်စာလုံးအက္ခရာများကို တီထွင်ကြံဆလာကြသည်။ လူမျိုးများ ကွဲပြားခြားနားနေကြသကဲ့သို့ ၎င်းတို့  ၏စာပေအက္ခရာများလည်း မတူကြဘဲ ခြားနားလျှက်ရှိသည်။ မိမိလူမျိုးစာလုံးအက္ခရာမှလွဲ၍ အထူးသင်ကြားခြင်း မရှိပါက အခြားလူမျိုး၏အက္ခရာစာပေများကို တတ်မြောက်ရန်မလွယ်ပါ။
ကရင်လူမျိုးတွင် ၎င်း၏စာလုံးအက္ခရာနှင့် စာပေများ အစပထမ မည်ကဲ့သို့  ဖြစ်ပေါ်လာသည်ကို ကျွန်ုပ်တို့  ပြန်၍လေ့လာသောအခါ ကျွန်ုပ်တို့ ၏ဖိုးဖွားများသည် တရုတ်ပြည်မှ ဆင်းသက်လာကြသူများဖြစ်သည်။ ထို့ ကြောင့် တရုတ်ပြညတွင်ရှိသည့် နှစ်လိုဖွယ်ရာကောင်းသည့် ဓလေ့များကိုပါ ယူဆောင်လာကြသည်။ ဤကောင်းသည့် အရာများထဲတွင်ကျွန်ုပ်တို့  စာဖတ်နိုင်ရန်အတွက် စာပေလည်း ပါဝင်ပေသည်။
တရုတ်၏သမိုင်းတွင်ဖေါ်ပြရာ၌ “တရုတ်ပြည်တွင် ၎င်းတို့ ဘာသာဖြင့် စာရေးရန် ၎င်းတို့ အက္ခရာများကို တီတွင်ခြင်းမရှိပါ။ တိဗက်လူမျိုး၊ မွန်ဂိုလီယားလူမျိုး၊ မန်ချူးလီးယားလူမျိုး ဤလူမျိုးများသည် တရုတ်ပြည် သူပြည်သားများဖြစ်ကြသည်။ ဤလူမျိုးများသည် နောက်ဆုံးတွင် စံစကရစ်စာပေ(Sanscrit)သို့ မဟုတ် (Syriac)တို့  ကို အတုယူပြီး ၎င်းတို့ ဘာသာအတွက် အက္ခရာစာလုံးများကို တည်ထွင်ကြသည်။ တရုတ်စာကို အတုယူပြီး ၎င်းတို့  စာပေကို တီထွင်ခြင်းမပြုကြပါ။ (W.E.soothill ရေးသည့် The history of China,1929 စာမျက်နှာ ၁၆ ကို ကြည့်ပါ)
ဗမာလူမျိုးတို့ ၏မှတ်တမ်းစာအုပ်တအုပ်တွင် ယခုကဲ့သို့ ရေးသားထားသည်ကို တွေ့ ရသည်။ “ကျွန်ုပ်တို့ ဗမာ လူမျိုးတို့ သည် ရှေးယခင် ဘုရင် ဇမ္ဗူတဇခေတ်ကစပြီး အနော်ရထာမင်းအုပ်စိုးသည့်ခေတ်အထိ အရည်းကြီးအရည်း လေးများက ဒူးကဏန်းစာပေကို ရေးတတ်ဖတ်တတ်ရန်သင်ကြားပေးခဲ့သည်”(ဆရာမောင်စံထွန်းစီရင်သော တိပိဋိ ကတ်ဝိနိစ္ဆယကျမ်း ဒုတိယတွဲ စာမျက်နှာ ၆၀ ကို ကြည့်ပါ။ ဆရာဦးစော၏ ကရင်ရာဇ၀င်စာအုပ် အတွဲ ၁ စာမျက်နှာ ၇၀ ကိုလည်းကြည့်ပါ)
တဖန် ကျွန်ုပ်တို့ သည် အိန္ဒိယပြည်၏သမိုင်းကို လေ့လာဖတ်ရှုကြည့်သောအခါ အာရီယာန်လူမျိုး(Aryan)တို့  သည် ကမ္ဘာပေါ်တွင် လူသားအားလုံး ဆင်းသက်ရာ အဓိကလူမျိုးတမျိုးဖြစ်သည်။ ဤလူမျိုးတို့ ၏ ပထမ ဦးဆုံးနေထိုင်ခဲ့သည့်အရပ်ဒေသမှာ အလယ်ပိုင်းအာရှတိုက်တွင်ဖြစ်သည်။ ဤလူမျိုးတို့ သည် အရှေ့ ၊ အနောက်၊ တောင်၊ မြောက် နေရာအနှံ့ ရောက်ရှိသွားကြသည်။ ၎င်းတို့ ယခုကဲ့သို့ တကွဲတပြားစီ နေကြသောအခါ ၎င်းတို့  ပြောသည့် ဘာသာစကားလည်း ကွာလာကြပြီး အလွန်တရာ ကြာသောအချိန်၌ ၎င်းတို့ သည် ကမ္ဘာပေါ်တွင် လူမျိုးများစွာဖြစ်လာတော့သည်။ ဤလူများသည် အရှေ့ ဖက်ရှိ တရုတ်ပြည်ထဲသို့ ရောက်ကြသောအခါဖြစ်စေ၊ တောင် ဖက်ရှိ အိန္ဒိယပြည်ထဲသို့  ၀င်ရောက်သွားသည်ဖြစ်စေ၊ ၎င်းတို့ ၏ဘာသာကို စံစကရစ် (Sanscrit) ဟု ခေါ် ကြသည်။ ထိုနည်းတူစွာ ကမ္ဘာပေါ်တွင်ရှိနေကြသည့် စာပေနှင့်အက္ခရာစာလုံးများမှ များသောအားဖြင့် စံစကရစ်ကနေ ဆင်းသက်လာကြသော စာလုံးများဖြစ်ကြသည်။ တရုတ်ပြည်ရှိ လူမျိုးစုအမျာားအပြားသည် တရုတ်၏စာလုံးကို အတုယူကြခြင်းမရှိပါ။ တရုတ်စာလုံးကို အတုယူလေ့လာသူမှာ ဂျပန်လူမျိုးဖြစ်သည်။ အခြားလူမျိုးများသည် စံစကရစ် အက္ခရာစာလုံးများကိုသာ လေ့လာအတုယူကြသည်။ ထို့ နောက် ၎င်းတို့ အက္ခရာစာလုံးများကို တီထွင်ကြလေသည်။ (W.W. Hunter ရေး၊ အိန္ဒိယပြည်သူတို့ ၏သမိုင်း ဗမာလို ၁၈၉၀ စာမျက်နှာ ၆၇- ၇၀ နှင့် ၉၂- ၉၄ တို့ ကိုကြည့်ပါ။ BriefHistory of the Indian people by W.W. Hunter,C.I.E,LLD.Edition1890.Pages 67-71 and 92-94.)
ရှေးယခင်အချိန်တွင် အိန္ဒိယပြည်တွင် နေထိုင်ကြသူများဖြစ်စေ၊ တရုတ်ပြည်တွင် နေထိုင်ကြသည့် လူမျိုးများဖြစ်စေ၊ ၎င်းတို့ ၏ဓလေ့တခုမှာ ၎င်းတို့ စာပေများကို ကဗျာလင်္ကာပုံစံဖြင့် ရေးသားခြင်းဖြစ်သည်။ ဤကဗျာ လင်္ကာများဖြင့် ရေးသားခြင်းကြောင့် တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းကြသောအခါ မှတ်သားရန် ပို၍လွယ်ကူစေ သည်။ ခေတ်တခေတ်တခေတ်တွင် ဤကဗျာလင်္ကာများအား မှတ်မိရန်အတွက် သီးခြားမှတ်သားလေ့လာသူများ အသီးသီးရှိကြသည်။ အထူးသဖြင့် လူငယ်လူရွယ်များသည် ခေတ်တခေတ်ပြီးတခေတ်ဖြစ်ပျက်ပုံများကို လေ့လာမှတ် သားကြလေသည်။ သင်ပေးသည့် ဆုံးမစကားများမှာ လင်္ကာစကားများဖြင့် သင်ပေးသည်။ ကလေးများ လူငယ် များအတွက် အလွယ်တကူ အလျင်အမြန် မှတ်သားသွားနိုင်ကြသည်။ ကျွန်ုပ်တို့ ကရင်လူမျိုးတို့ သည် ဗမာပြည်ထဲသို့ မ၀င်ရောက်မီ တရုတ်ပြည်တွင်း၌ နေထိုင်ခဲ့သောလူမျိုးစုတမျိုးဖြစ်ခဲ့သည်။ ထို့ ကြောင့် အခြားလူမျိုးစုများကဲ့သို မိမိတို့ ဘာသာစကားအတွက် အက္ခရာစာလုံးများကို တီထွင်ပြီး ရေးသားသည်၊ ဖတ်မှတ်သည်။အခြားလူမျိုးစုများက စံစကရစ်အက္ခရာကို အတုယူပြီး မိမိတို့ အက္ခရာကို ထွင်ကြသကဲ့သို့ ကရင်လူမျိုးလည်း ဤအတိုင်းလုပ်ခဲ့သည်။
ယနေ့ ကာလတွင် စာပေရေးသားရာ၌ အက္ခရာစာလုံး ၃ မျိုး သုံးစားရှိသည်။
၁။ ပထမတမျိုးမှာ ဟေဗြဲစာဖြစ်သည်။ (သို့ မဟုတ်)စံစကရစ်စာ၊ ဤစာမျိုးသည် စီရီအလူမျိုး(Syriac)တို့ က သုံးသော စာမျိုးဖြစ်သည်။ ဤစာကို လက်ဝဲဖက်ကနေ စတင်ရေးကာ လက်ယာဖက်သို့ လာသည်။
၂။ ဒုတိယစာလုံးအက္ခရာမျိုးမှာ ပါင်းရှင်း (Persian)လူမျိုး၊ အူရဒူလူမျိုး(Urdu)သို့ မဟုတ် အာရပ်လူမျိုး (Arab)တို့  သုံးသည့် အက္ခရာစာလုံးဖြစ်သည်။ ဤစာမှာ လက်ျာဖက်မှ စတင်ရေးပြီး လက်ဝဲဖက်သို့ သွားသည်။
၃။ တတိယစာလုံးအက္ခရာမှာမူ တရုတ်စာကဲ့သို့ သောစာမျိုးဖြစ်သည်။ဤစာမှာ အထက်မှစရေးပြီး အောက် သို့ ဆင်းသွားသည်။ ကရင်စာသည် စံစကရစ်အက္ခရာမျိုးမှ ယူကြောင်းသိရခြင်းမှာ လက်ဝဲကနေ စတင်ရေးပြီး လက်ျာဖက်သို့ သွားခြင်းကြောင့်ဖြစ်သည်။ ကရင်စာကို ပါရှင်းလူမျိုးကဲသို့ သော စာမျိုးကို ယူပါက လက်ျာဖက်မှ စတင်ရေးပြီးလက်ဝဲဖက်သို့ ရွှေ့ လာရမည်။ တရုတ်လူမျိုးတို့ ၏စာကို ယူပါက အထက်တွင်စရေးပြီး အောက်သို့  ဆင်းသွားရမည်။
ကရင်လူမျိုးတို့ သည်ဗမာပြည်တွင်းသို့ စတင်ဝင်လာသောအချိန်ကစပြီး အနော်ရထာဘုရင်အုပ်စိုး သည့်ခေတ်အထိ (AD 1044)၎င်းတို့ ၏ ဒူးဂဏန်းစာကိုသာ ရေးကြဖတ်ကြသည်။ ၎င်းတို့ မှာ ရစ်တောင်စာ၊ ကြက်ယက်စာနှင့် လယ်ကယ်စာတို့ ဖြစ်ကြသည်။ ရစ်တောင်စာဆိုသည်မှာ စကောကရင်များခေါ်ခြင်းဖြစ်သည်။ ကြက်ယင်စာမှာ ပိုးကရင်များခေါ်ခြင်းဖြစ်သည်။ လယ်ကယ်စာမှာကား ယခုခေတ်လူများခေါ်ခြင်းဖြစ်လေသည်။ အဓိပ္ပါယ်မှာ ကရင်စာဟု ဆိုလိုသည်။ အနော်ရထာမင်းက ရှင်အရဟံအား ပုဂံတွင်လက်ခံလိုက်သည့်အခါ သထုံမြို့  တွင် ပိဋိကတ်သုံးပုံကို ယူသွားပြီးနောက် (1058)တွင် ဤပိဋိကတ်ကျမ်းများကို ပါဠိဖြင့်ရေးကြောင်း တွေ့ ရှိသဖြင့် ၎င်းတို့ ၏ရစ်တောင်စာကို ပိုမိုကောင်းမွန်လာအောင်ပြုပြင်ပြီး အချို့ အသံများကို ပါဠိစာတွင်ပါသကဲ့သို့ ပြုပြင်လိုက် သည်။ (AD 1058)ကစပြီး ဗမာများ၏စာမှာ ရစ်တောင်စာနှင့် ပါဠိစာနှစ်မျိုး ရောနှောဖွဲ့ စည်းထားခြင်းဖြစ်သည်။ ရစ်တောင်စာတမျိုးတည်းရေးခြင်းမျိုးကို လုံးဝ စွန့် လွှတ်လိုက်ကြပြီးဖြစ်သည်။ သို့ ရာတွင် ကောင်းမွန်လာအောင် ပြုပြင်လုပ်ရမည့်စာအက္ခရာများမှာ အမှန်စင်စစ် ကရင်လူမျိုးများ တီထွင်ထားသည့် ရစ်တောင်စာဖြစ်သည်။ ကရင် စာစစ်စစ်လည်းဖြစ်ပေသည်။
ကရင်လူမျိုးတို့ ပါးစပ်သမိုင်းမှတဆင့် သားသမီးများအား သက်ခံရာတွင် ၎င်းတို့ တွင်ရှိသည့် ဘုရင်စနစ် နှင့်စာပေတို့ သည် ဗမာလူမျိုး၊ မွန်လူမျိုးတို့ ထက်စောပြီး ရှိခဲ့သည်ဟု ဆိုကြသည်။ သူတို့ က မွန်တို့ သည် သူတို့ ထံမှ အက္ခရာနှစ်လုံးယူထားသည်။ ၎င်းမှာ“ဘ”နှင့် “ဘI”ဖြစ်သည်။ သူတို့  တချိန်က ကရင်တွင် စာပေများရှိသည်။ ဖျောက် ဖျက်ခြင်းခံရခြင်းဖြစ်သည်။ ၎င်းတို့ ၏ အက္ခရာစာလုံးမှာ တချိန်တွင် ပြန်၍ပေါ်လာလိမ့်အုံးမည်ဟု ဆိုကြသည်။ မွန်၊ ဗမာများက ကရင်များကို နိုင်စားခဲ့ကြသောကြောင့် သားရေနှင့်ရေးထားသည့်ကရင်တို့ ၏စာပေမှာ (Papyrim-သားရေစက္ကူ)သို့ မဟုတ် (Papyrus)-ပြူစာတို့ မှာ မွန်၊ ဗမာတို့ က ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဗမာ များက မွန်များကို အနိုင်တိုက်ပြီးနောက် မွန်တို့ ၏စာပေများကို အတတ်နိုင်ဆုံး ဖျက်ဆီးပစ်သဲ့သို့ ဖြစ်သည်။ ထို့  အပြင် ကရင်လူမျိုးသည် မွန်၊ ဗမာများအုပ်စိုးခဲ့စဉ်က ၎င်းတို့ ကို ရဟန်းဖြစ်ရေး၊ စာသင်ရေး၊ စာရေးစာဖတ် အလုပ် အားလုံးကို လုပ်ခွင့်မပေးပါ။ ကရင်တယောက်ယောက် စာရေးသည်ကို တွေ့ ရှိပါက ထိုကရင်ကို လက်ဖြတ် လိုက် သည်။ အချို့ ဆိုလျှင် သတ်ပစ်လိုက်သည်။ သို့ ရာတွင် ကရင်လူကြီးအချို့ သည် ကရင်စာပေအချို့ ကို ၀ှက် ထားလိုက်ကြသည်။ စေတီထဲတွင်၊ ဂူသွင်း၍ဖြစ်စေ၊ ကျောက်တွင်း၊ လူမတွေ့ နိုင်သည့်နေရာများတွင် ၎င်းတို့  ၀ှက်ထားလေ့ရှိသည်။ သို့ ရာတွင် ထိုစာများကို ရှာ၍ ပြန်တွေ့ သောအခါ များသောအားဖြင့် ခြစားကုန်သည်ကို တွေ့  ရသည်။ အချို့ မှာ ဆွေးကုန်သည်။ ဖတ်၍မရတော့ပါ။ အနည်းအကျဉ်းဖတ်၍ရသောစာများကို ၎င်းတို့ က တဖန် ပြန်ပြင်မွန်းမံပြီး ပြန်လည်ရေးကြသည်။ ထိုစာအချို့ မှာ ယခုတိုင် ရှိပါသေးသည်။ သံတောင်နယ် (ဒုံသတု) ကရင်လူမျိုးများရှိသောနေရာတွင် တွေ့ နိုင်ပါသည်။ ထိုနည်းတူစွာ ဗမာများက မွန်များကို နိုင်လိုက်သည့်အခါ မွန်တို့  စာပေအားလုံးလိုလို အဖျက်ဆီးခံလိုက်ရသည်။ စေတီပုထို၊ ကျောက်ဆောင်။ ကျောက်တွင်း(ဂူ)ထဲတွင် သိုဝှက်ထားသည့်မွန်စာအချို့ သာ ကျန်လေသည်။ သို့ ရာတွင် ကရင်စာများကဲ့သို့ ပင် ဤ ၀ှက်ထားသည့်စာများကို ပြန်ရသောအခါ များသောအားဖြင့် ချစားကုန်သည်။ (သိုမဟုတ် )ဆွေးကုန်သည်။ ဖတ်နိုင်သည့်စာမှာ ဟိုတအုပ် ဒီတအုပ်သာ ကျန်တော့သည်။ ကရင်စားများကဲ့သို့ ပင် ပျောက်ကွယ်သွားကြသည်။ ကရင်တို့ ၏ အက္ခရာစာလုံး ၊ ရှမ်း အက္ခရာစာလုံး၊ ပအိုအက္ခရာစာလုံး၊ မွန်အက္ခရာစာလုံး၊ ဗမာအက္ခရာစာလုံး၊ ဤအက္ခရာစာလုံးများကို ကျွန်ုပ်တို့  ယှဉ်ကြည့်ပါက တမျိုးတည်းလိုလိုဖြစ်နေသည်ကို တွေ့ ရမည်။ သရနှင့်အသတ်အချို့ သာ ကွာခြားနေခြင်းဖြစ်သည်။ အကြောင်းမူကား ဤစာများကို ဤလူမျိုးများစတင်ဖန်တီးသည့် မူလအစမှာ ၎င်းတို့ အားလုံး “ရစ်တောင်စာ”ကနေ အတူယူလေ့လာခဲ့ခြင်းကြောင့်ဖြစ်သည်။ တရုတ်ပြည်မှာ နေခဲ့စဉ် ကရင်ထဲကမျိုးနွယ်တနွယ်သည် ဤရစ်တောင် စာကို လေ့လာပြီးနောက် စံစကရစ်စာကို တည်ထွင်ခဲ့ခြင်းဖြစ်သည်။ ဤရစ်တောင်စာများမှာ ကျောက်ပြားပေါ်တွင် ထွင်းထားပြီး ကျောက်စာအဖြစ် ယခုတိုင် ပုဂံတွင် တွေ့ ရှိနိုင်ပါသည်။ မသိသူများက ထိုစာကို ပိုဝိုစာ ပြူစာဟု ခေါ်ကြသည်။ အကြောင်းမူကား ဤစာများကို ကျောက်ပြားပေါ်တွင် ထွင်းသည့် အချိန် ၌“ပ၀ို” ပိုးကရင် ဘုရင်များက အုပ်စိုးသောခေတ်ဖြစ်နေသည်။ “ပြူ”ဆိုသည်မှာ ကရင်လူမျိုးတို့  ရှေးယခင်က “ရစ်တောင်စာ”မှ လာသည့် ကရင်စာ စစ်စစ်ပင်ဖြစ်သည်။
ကရင်သမိုင်းဆရာစောအောင်လှရေး ကရင်ရာဇ၀င်စာအုပ်မှ ကူးယူသည်။
ကရင်နှင့်ပြည်ထောင်စုစိတ်ဓာတ်
CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။
ကရင်နှင့်ပြည်ထောင်စုစိတ်ဓာတ်
လူမျိုးအမည်
“ကရင်”ဟူသောအမည်ကို မြန်မာတို့က တိုင်းရင်းသားလူမျိုးများ ကိုòခံ၍ခေါ်သောအမည်ဖြစ်ပေသည်။ ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ ကြသော- ပျူ၊ ကမ်းယံ၊ သက်ဟူသည့် လူမျိုး သုံးမျိုးအနက် ကမ်းယံ ဟု ခေါ်သောလူမျိုးအမည်မှ ကရင်ဟူသော အမည်သို့ ပြောင်းလဲခေါ်ဆိုလာသော အမည်ဖြစ်သည်ဟု ဆာအာသာဖယ်ယာ (Sir Arthur Phayre) က တင်ပြခဲ့သည်။
မွန်လူမျိုးတို့က တိုင်းရင်းသား ကရင်လူမျိုးတို့အား အရိရန် (အရောင်) ဟု ခေါ်ဆိုကြသည်။ ရှမ်းလူမျိုးတို့ကမူ ကရင်လူမျိုးများအား “ယန်” ဟု ခေါ်ဆိုကြကာ၊ ပအို့ဝ်(တောင်သူ)တို့ကမူ “ဂျော့က်”ဟု ခေါ်ဆို ကြသည်။ မြန်မာကရင်- စဝှော်(စကော) ကရင် တို့သည် မိမိတို့ကိုယ်ကို “ပွာကညော” ဟုခေါ်ဆိုကြသည်။ “ပွာကညော”ဟူသော ဝေါဟာရမှာ မြန်မာဘာသာဖြင့် “လူ”ဟူသောအနက်ကိုဆောင်သည်။ မွန်ကရင်-ရှို (ပိုး) ကရင်တို့သည်မိမိကိုယ်ကို”ဖံ္လု”ဟုခေါ်ကြသည်။ “ဖ္လု”ဟူသော ရှို(ပိုး) ကရင် ဝေါဟာရမှာ”လူ”ဟူသော မြန်မာဘာသာအနက်ကိုပင် ဆောင်ပေသည်။
အင်္ဂလိပ်နှင့် နိုင်ငံတကာတို့ကမူ ကရင် (KARIN) ဟူသော အသံထွက်ကို KAREN ဟု ရေးသားခေါ်ဆို အသိအမှတ်ပြုကြသည်။ လက်ရှိစစ် အစိုးရကမူ ကရင်အမည်ကို R မှ Y သို့ပြောင်း၍ KARIN ကို KAYIN ဟူ၍ ပြောင်းလဲထားသည်။ ကရင်ဟူသော စားလုံးပေါင်းကို “ကယင်” ဟူ သော စာလုံးပေါင်းသို့ ထပ်မံ၍ ပြောင်းလဲခြင်းမပြုရန် အထူးသတိပြုကြရမည်။ ကရင်လူမျိုးအမည်ကို KAREN ဟူ၍စာလုံးပေါင်းကိုကရင်တမျိုးသား လုံးကလက်ခံ၍ ကမ္ဘာ့နိုင်ငံများကလည်းအသုံးပြုနေသည်ကိုတွေ့ရှိရပါသည်။
(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှထုတ်ဝေသော တိုင်းရင်းသား(ကရင်)စာအုပ်မှ)
လူမျိုးအစနှင့်မျိုးနွယ်ဆက်သွယ်ပုံ
ကရင်လူမျိုးများကို တိုင်းတပါးသားများက “ဟေဗြဲ”အမျိုးအနွယ် ဟူ၍လည်းကောင်း၊ ဗြဟ္မာပုထရန် စကားအုပ်စုဝင်များ အဖြစ်လည်းကောင်း၊ တိတ် (သို့မဟုတ်)တုတ်တို့မှဆင်းသက်လာသည်ဟူ၍လည်းကောင်း၊ ကော်ကေးရှပ်ဒေသမှ ဆင်းသက်လာသည် ဟူ၍လည်းကောင်း၊ မူလတိုင်းရင်း သားများဖြစ်သည်ဟူ၍လည်းကောင်း၊ ထိုင်းတရုတ်အနွယ်မှ ဆင်းသက်လာ သည်ဟူ၍လည်းကောင်း အဆိုပြုကြသည်။ (၁၉၁၆)ခုနှစ် မြန်မာနိုင်ငံရှေးဟောင်း ကဗျည်းကျောက်စာသုတေသနအစီရင်ခံစာတွင်မူ ကရင်လူမျိုးများအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့သော ကမ်းယံလူမျိုးများနှင့်လည်းကောင်း၊ ယူနန်နယ်ရှိ “ယောဝ်” နှင့် “မြောင်”လူမျိုးများနှင့်လည်းကောင်း မျိုးနွယ် ဆက်သွယ်ကြောင်း ဖော်ပြပါရှိပါသည်။
ကရင်လူမျိုးတို့၏ ထားစိပ ခေါ် ရှေးဗျာဒိတ်လင်္ကာများနှင့် ပုံပြင်များတွင်မူ အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။
ထီးလဲခလယ်ဆဲ့လမြဲ့ယွါး
မေပထီနော်ပကေါ်သာ့
ထီးလဲခလယ်ဆဲ့လမြဲ့တော
မေ့ပထီးတောပကော်တော
ထီးလဲခလယ်ဆဲ့လမြဲ့ယွါး
မေ့ကညောထီးကော်နော်သာ့
ထီးလဲခလယ်ဆဲ့လမြဲ့ဘော
ပွာကညောထီးတောကော်တော
ထီးဆဲ့မဲ့ယွားကော်အတော
အိုလဲဆာကဆောတခွေ
ထီးဆမြဲ့ဘောကော်မုလား
အိုလဲဆာဆောတကပါး
နမေလယ်ဆူးဆာကဆော
နကတူထီးဆဲ့မဲ့ဘော
မေတူဆာကဆောဖွေလာ့
ဖဲနေမေထီးဆဲ့မဲ့ယွား
(စောအောင်လှ၏ ကရင်ရာဇဝင်စာအုပ်မှ)
အထက်ပါ ထားစိပတွင် ဖေါ်ပြချက်အရ၊ ကရင်တို့၏ မူရင်းဒေသ သည် သဲကိုရေထိုး၍ ရေးထိုးသဲစီးဒေသဖြစ်ပြီး ထိုဒေသသည် ခုနစ်စဉ်ကြယ် အောက်တွင် ရှိကြောင်း ဖေါ်ပြချက်ဖြစ်သည်။
ကရင်လူမျိုးတို့၏ မူရင်းဒေသမှာ အာရှတိုက်အလယ်ပိုင်း တရုတ် ပြည်၏ အနောက်ဘက်ရှိ မြင့်မားသော တောင်တန်းကြီးများ ခြံရံသည့် ကုန်းပြင်မြင့်မားသော တောင်တန်းကြီးများခြံရံသည့် ကုန်းပြင်မြင့်ကြီးဟု ယူဆကြသည်။ ထိုကုန်းပြင်မြင့်ကြီးအရှေ့ပိုင်းတွင် မြစ်ဖျားခံသော မဲခေါင်မြစ် နှင့် သံလွင်မြစ်နှစ်သွယ်ကြားမှာ ခရစ်နှစ်အစပိုင်းလောက်မှစတင်၍ တရွေ့ ရွေ့ဆင်းသက်နေထိုင်ခဲ့ကြသည်။
သို့ဖြစ်ပါ၍ ကရင်တို့သည် ထီးဆဲ့မဲ့ယားဟူသော မူရင်းဒေသမှ မဲခေါင်မြစ်နှင့် သံလွင်မြစ်ကြောင်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ဆင်းသက်လာပြီး၊ အေဒီ-ခုနှစ်ရာစုနှင့် ရှစ်ရာစုခန့်တွင်ဝင်ရောက်လာသည့် မွန်ဂိုလူမျိုးအနွယ်ဖြစ်ကြောင်းသမိုင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။ ကရင်လူမျိုးများအနေနှင့် မိမိတို့ဝင်ရောက်အခြေချသည့် နှစ်ကို ဘီစီ (၇၃၉) ဟူ၍ အတည်မှတ်ယူကြသဖြင့် ယခုခရစ်နှစ် (၂ဝဝဝ) (AD 2000) သည် ကရင်နှစ် (၂ဝဝဝ – ၇၃၉) = ၂၇၃၉ (KE 2739) ဖြစ်၍ ကရင်နှစ်(၂၇၃၉)နှစ်၏ နှစ်သစ်မင်္ဂလာပွဲတော်ကို ပျော်ရွှင်သိုက်မြိုက်စွာကျင်းပ ပြုလုပ်ကြသည်။
ကရင်အမျိုးသားတို့၏ လူနေမှုဘဝအတွက်ရုန်းကန်မှု
ကရင်တို့သည် အုပ်စုနှစ်စုခွဲ၍ ဤနိုင်ငံအတွင်းသို့ ဝင်ရောက် အခြေချပြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုသာ အသက် မွေးဝမ်းကြောင်း ပြု၍ ရိုးသားစွာဖြင့် လုပ်ကိုင်စားသောက်ကြသည်။ ထိုသို့ဖြစ်၍လည်း သမိုင်း မှတ်တမ်းများတွင် မတွေ့ရှိရပဲ၊ ခရီးအရောက်အပေါက် နည်းပါးခက်ခဲသော တောင်တန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ တောတောင် ðခံနွယ်များ ထူထပ်သောဒေသများတွင် အခြေချ နေထိုင်ကြသည်။
(၁၈၈ဝ)ပြည့်နှစ် ပတ်ဝန်းကျင်မှစတင်ခဲ့သော ကိုလိုနီခေတ်သို့ ရောက်ရှိသောအခါ သာသနာပြုများ ထူထောင်ပေးသည့် ကျောင်းများတွင် ရိုးသားသောကရင်လူငယ်များ ပညာသင်ကြားခွင့်ရရှိကြသဖြင့် နိုင်ငံအကျိုး ပြုလုပ်ငန်းများတွင် ပါဝင်နိုင်ခဲ့ကြသည်။ (၁၈၈၁)ခုနှစ်သို့ ရောက်ရှိသောအခါ “ဒေါကလု”ခေါ် ကရင်အမျိုးသားအသင်းကြီး (Karen National Association) ကို ကရင်အမျိုးသား ခေါင်ဆောင်ကြီး ဒေါက်တာထီသံပြာက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး၊ ကရင်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုရေး စသည့်တို့ ကြီးပွားတိုးတက်လာအောင် ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်ပေးခဲ့သည်။ အထူးသဖြင့် ကရင်အမျိုးသားများအတွက် တက်သစ်စနေဝန်း ပါရှိသော ကရင်အမျိုးသားအလံတော်နှင့် ကရင်အမျိုးသားနေ့ (ကရင် နှစ်သစ်ကူးနေ့)နှင့် ကရင်ယဉ်ကျေးမှုရေးရာများကို အကောင်အထည်ဖေါ် ပေးခဲ့သည်။
ကရင်အမျိုးသားတို့သည် ဖြောင့်မတ်ခြင်း၊ တာဝန်ကျေပွန်စွာ ဆောင်ရွက်လေ့ရှိခြင်း၊ နာခံတတ်ခြင်း၊ မိတ်ဆွေသင်္ဂဟများကို ချစ်ခင်ဖေါ်ရွေ ခြင်းစသော ဂုဏ်များကြောင့် ကိုလိုနီခေတ်တွင် သစ္စာရှိကရင်များအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ အထူးသဖြင့် နိုင်ငံအကျိုးပြုလုပ်ငန်းများဖြစ်သော တပ်မတော်၊ ရဲ၊ သူနာပြု၊ ကျောင်းဆရာ၊ အလုပ်အကိုင်များတွင် အများအပြား ဝင်ရောက် လုပ်ကိုင်ကြသည်။
ကရင်အမျိုးသားများနိုးကြားလာမှု
“ဒေါကလု”အသင်းကြီးသည် ကရင်လူထုအတွက် လုပ်ငန်းအများ အပြားဆောင်ရွက်ခဲ့သည့်ကာလတွင် ခေါင်းဆောင်များအနေနှင့် ဒေါက်တာ ထီသံပြာ၊ ဆာဒေါက်တာစံစီဖိုး၊ သရာဒိုစံဘော်တို့သည်အထူးထင်ရှားကျော် ကြားသောပုဂ္ဂိုလ်များဖြစ်ခဲ့ကြသည်။
သို့ရာတွင်”ဒေါကလု”အသင်းကြီး၏ နောက်ဆုံးဥက္ကဋ္ဌဖြစ်သူ ဝတ်လုံတော်ရ စောဘမောင်လက်ထက်သို့ ရောက်ရှိသောအခါ ဖက်ဆစ်တို့ဝင်ရောက်လာပြီး တိုင်းရင်းသားအချင်းချင်း အရေး အခင်းများဖြစ်ပေါ်ခြင်း၊ဒုတိယကမ္ဘာစစ်ကြီးဝင်ရောက်လာခြင်း၊ ဥက္ကဋ္ဌဖြစ်သူ ဝတ်လုံတော်ရစောဘမောင်ကွယ်လွန်ခြင်း ကရင်ခေါင်းဆောင်ကြီးများလည်း အသက်အရွယ်ကြီးရင့်ကုန်ခြင်းတို့ကြောင့် အသင်းကြီး၏ လုပ်ငန်းအရပ်ရပ်လည်း ရပ်ဆိုင်းသွားလေတော့သည်။
(၁၉၄၂-၄၅)အထိ ဂျပန်ခေတ်တွင် မြန်မာနိုင်ငံအခြေအနေသည် အလွန်ဆိုးဝါးလျက် နိုင်ငံသူနိုင်ငံသားများ အတိဒုက္ခ ရောက်ခဲ့ကြရသည်။ ဂျပန်တို့ခန့်အပ်သော ဒေါက်တာဘမော်အဓိပတိအဖြစ် တာဝန်ထမ်းဆောင်သည့်ကာလအတွင်းတွင် တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေးအတွက် ကရင်လူကြီးများကို ဖိတ်ကြားပြီး၊ ကော်မတီတရပ်ဖွဲ့စည်းပေးခဲ့သည်။ ထို ကော်မတီ (၁၅)ဦးအဖွဲ့တွင် ထင်ရှားသောသူများမှာ ဆာဒေါက်တာစံစီဖိုး၊ စောဘဦးကြီး၊ သရာသာထို၊ မန်းဘခင်၊ ဆရာစောသာဒင်၊ စောဖိုးချစ်၊ စောပါဒွဲ၊ စောဆဒ္ဓဲနီလူနီ အစရှိသော ကရင်ခေါင်းဆောင်များ ပါဝင်ပြီး အမြဲတမ်းကိုယ်စားလှယ်အဖြစ် သရာသာထိုက ဆောင်ရွက်ခဲ့သည်။
ဖက်ဆစ်တို့၏ စော်ကားရမ်းကားမှုကို ခံနေရသော ပြည်သူလူထု လွတ်မြောက်ရေးအတွက် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့်တပ်များနှင့် မဟာမိတ်တို့ပူးပေါင်းပြီး၊ ဖက်ဆစ်တို့ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။ မဟာမိတ်တပ်များတွင် ကရင်လက်နက်ကိုင်အမြောက်အမြား ပြန်လည်ပါဝင်ရောက်ရှိလာကြသည်။ အထူးတပ်ရင်း(၁ဝ၁)တွင် ကရင်အမျိုးသား အများအပြားပါဝင်၍ အလွန်ထင်ပေါ်ခဲ့သည်။
(၁၉၄၆)ခုနှစ်သို့ရောက်ရှိ၍ အုပ်ချုပ်ရေးစံနစ်ပြန်လည်ဖေါ်ဆောင် ရာတွင် အင်္ဂလိပ်တို့က ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် အစိုးရ အဖွဲ့ကို ဖွဲ့စည်းထားပေးခဲ့ရာ ဝတ်လုံတော်ရစောဘဦးကြီးသည် ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၄င်းနောက် မန်းဘခိုင်သည်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ဝန်ကြီးတဦးအဖြစ်ပါဝင်ခွင့်ရရှိခဲ့သည်။ ဖဆပလအဖွဲ့ကြီး၏ ဗဟိုကော်မတီတွင် ကရင်အမျိုးသားခေါင်းဆောင် ကြီးများဖြစ်သော ဝတ်လုံတော်ရစောဘဦးကြီး၊ သရာသာထိုနှင့် မန်းဘခိုင် တို့ သုံးဦးတို့သည်လည်း ဖဆပလဗဟိုကော်မတီအဖြစ်ထည့်သွင်း ဖွဲ့စည်းခဲ့ကြသည်။
သရာသာထို (B.A.,B.L.) မူကား ကရင်အမျိုးသားရေးကိုဇောက်ချ ဆောင်ရွက်ပြီး၊ “ဒေါကလူ”ခေါ် ကရင်အမျိုးသားအသင်းကြီး ပြန်လည်ဖွဲ့ စည်းထူထောင်နိုင်ရေးကို အထူးစိတ်ဝင်စား၍ အကြိမ်ကြိမ်ညှိနှိုင်းကြသည်။ သို့ရာတွင် “ဒေါကလူ”အသင်းကြီး၏ လုပ်ငန်းများနှင့် ဦးဆောင်သူများသည် ခရစ်ယန်ဘာသာဝင်များဖြစ်၍ ခရစ်ယန်အဖွဲ့ကြီးအသွင်ဆောင်နေခြင်းကြောင့် ကရင်အမျိုးသား ဘာသာပေါင်းစုံ ပါဝင်နိုင်ရေးအတွက် ကေ-စီ-အို (ခေါ်) ကရင်ဗဟိုအဖွဲ့ချုပ် (Karen Central Organization) ကို (၁၉၄၆)ခုနှစ် တွင်ဖွဲ့စည်းနိုင်ခဲ့သည်။ ကေ၊ စီ၊ အိုအဖွဲ့တွင် ထင်ရှားသောပုဂ္ဂိုလ်များမှာ ဆရာစောသာဒင်(ဥက္ကဋ္ဌ)၊ ဝတ်လုံတော်ရစောဘဦးကြီး(ဒု-ဥက္ကဋ္ဌ)သရာ သာထို (အထွေထွေအတွင်းရေးမှူး)၊ မန်းဘခင်(ဘဏ္ဍာရေးမှူး) စသည်တို့ ပါဝင်သည်။
ကေစီအိုအဖွဲ့တွင်လူကြီးများသာပါဝင်သဖြင့်ယင်းကရင်လူကြီးများ ကိုကူညီရန်အတွက် ဗိုလ်စောထွန်းစိန် ဦးဆောင်သော ကရင်လူငယ်များအား ကေဝိုင်အို(ခေါ်)ကရင်လူငယ်များအဖွဲ့ (Karen Youth Organization) ကို ဖွဲ့စည်းကြသည်။ ကရင်လူငယ်အဖွဲ့တွင် ထင်ရှားသော ပုဂ္ဂိုလ်များမှာ ဗိုလ်စောထွန်းစိန်၊ စောဟံတာသာမွှေး၊ မန်းဘဇံ၊ စောဝေသော၊ မန်းဝင်းမောင်၊ စသည်တို့ဖြစ်သည်။ ကေစီအိုနှင့် ကေဝိုင်အိုတို့ အတူတကွ လက်တွဲ ဆောင်ရွက်နေချိန်တွင် ကရင်လူထုအတွင်း အမျိုးသားရေးနိုးကြားမှု ထွန်းကား တိုးတက်လာသည်။
ကေအင်ယူ ကရင်အမျိုးသားအစည်းအရုံး
ယင်းကဲ့သို့သော ကေစီအိုနှင့် ကေဝိုင်အိုတို့ လက်တွဲဆောင်ရွက် နေကြစဉ် ကေစီအိုက သုဝÀတိုင်းသတင်းစာကို ထူထောင်၍ ကေဝိုင်အိုတို့ က တိုင်းရင်းသားဂျာနယ်ကို ထူထောင်ကြသည်။
ထိုနှစ်ဖွဲ့တို့အကြားအရေးအသားသဘောထားကွဲမှုများမသိမသာ ပေါ်ပေါက်လာသဖြင့် ကရင်လူထု ကိုယ်စားလှယ် အစည်းအဝေး တရပ်ကို ရန်ကုန်မြို့၊ အလုံကရင်အမျိုးသားရပ်ကွက်ရှိ ဗင်တန်ခန်းမတွင် ကေစီအိုနှင့် ကေဝိုင်အိုတို့ကို တစုတည်းပေါင်း၍ ကေအင်ယူ (ခေါ်) ကရင်အမျိုးသားအ စည်းအရုံး (Karen National Union) ကို ဖွဲ့စည်းလိုက်ရာ ဥက္ကဋ္ဌအဖြစ် ပဒို စောစံဖိုသင်အားလည်းကောင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် သရာ သာထို အားလည်းကောင်း ရွေးချယ်တင်မြှောက်ကြသည်။
ထိုအစည်းအဝေးသို့ ဆရာစောသာဒင်နှင့် စောဘဦးကြီးတို့တက် ရောက်နိုင်ခြင်းမရှိကြောင်း၊ လေ့လာရရှိသည်။ ဤ (၁၉၄၇)ခုနှစ်အတွင်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းသည့်ကာလဖြစ်၍ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ကရင်အမျိုး သားခေါင်းဆောင်ကြီးစောဘဦးလည်း ကန္ဒီအစည်းအဝေးသို့ လိုက်ပါတက် ရောက်ခဲ့သည်။
ကေအင်ယူ ကရင်အမျိုးသားအစည်းအရုံးအနေနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များချမှတ်ကာတောင်းဆိုချက်များပြုလုပ်ခဲ့ရာ အောင်မြင်မှု မရှိသဖြင့် စောဘဦးကြီးအား အစိုးရအဖွဲ့မှ နှုတ်ထွက်စေပြီး၊ ကေအင်ယူ ဥက္ကဋ္ဌအဖြစ်တင်မြှောက်ကြသည်။ ထိုအခါ လစ်လပ်သော ဝန်ကြီးနေရာသို့ စောစံဖိုးသင် ဝင်ရောက်ထမ်းဆောင်သည်။ ကေအင်န်ယူအနေနှင့် အခွင့်အရေး တောင်းဆိုသည့် ဆန္ဒပြပွဲများ အမြို့မြို့အရွာရွာတွင် ပြုလုပ်၍ ခေါင်းဆောင်ကြီးငါးဦးပါဝင်သောအဖွဲ့ကို အင်္ဂလန်သို့စေလွှတ်ရန် ရွေးချယ်ခဲ့သည်။
အဖွဲ့ဝင်တဦးဖြစ်သူ သရာသာထိုကမူ ရုံးလုပ်ငန်းများကြီးကြပ် ဆောင်ရွက်ရန်အတွက်နေခဲ့သည်။ အင်္ဂလန်သို့ သွားရောက်သည့် ကရင် ကိုယ်စားလှယ်အဖွဲ့သည် ကရင်အမျိုးသားတို့၏ အခွင့်အရေးကို တင်ပြတောင်းဆိုကြသည်။ သို့ရာတွင် အောင်မြင်မှု လုံးဝမရရှိခဲ့ချေ။
ထို့အပြင် ယင်း(၁၉၄၇)ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် မသမာသူတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဝန်ကြီးမန်းဘခိုင်လည်း ကျဆုံးသွားခဲ့သည်။ ဝန်ကြီးစောဘဦးကြီးနေရာသို့ဝင်ရောက်သူ ဝန်ကြီး စောစံဖိုးသင်ကမူ အသက်ဘေးမှ လွတ်မြောက်လျက် ဝန်ကြီးအဖွဲ့တွင်ဆက်လက်၍ ပါဝင်နိုင်ခဲ့သည်။
ကရင်နှင့် ပင်လုံအစည်းအဝေး
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် တပ်မတော်နှင့် မဟာမိတ်တို့ ပူးပေါင်းတိုက်ခိုက်သဖြင့် ဖက်ဆစ်တို့ မြန်မာနိုင်ငံမှ ထွက်ခွာ သွားခဲ့ရပြီးနောက်၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အောင်ဆန်း-အက်တလီစာချုပ် ကို ချုပ်ဆိုနိုင်ခဲ့သည်။ နောက်ဆုံးတွင် တနိုင်ငံလုံးအတွက် တောင်တန်းဒေသ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးကြရသည်။ နောက်ဆုံးတွင် ပင်လုံမြို့တွင် ပြုလုပ်သောညီလာခံ၌ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။
ပင်လုံစာချုပ်ကို ကရင်တို့ မထောက်ခံ၊ မပါဝင်ကြောင်း၊ ရေးသား ချက်များ အကြိမ်ကြိမ်ဖတ်ရှုခဲ့ရသည်။ ထို့အပြင် ကရင်တို့သည် အင်္ဂလိပ် နယ်ချဲ့တို့၏ နောက်လိုက်များအဖြစ် စွပ်စွဲမှုများကိုပင်ခံခဲ့ရပြီး၊ အင်္ဂလိပ်တို့ မြှောက်ပေးသဖြင့် လက်နက်ကိုင် သောင်းကျန်းမှု ပြုခဲ့သည်အထိ မဟုတ်မမှန် စွပ်စွဲခြင်းခံခဲ့ရသည်။ အမှန်အားဖြင့် အင်္ဂလိပ်တို့သည် ကရင်တို့အားသွေးခွဲခြင်း၊ တပည့်မွေးခြင်းများ ပြုလုပ်ခြင်းမရှိပဲ၊ ကရင်တို့၏ရိုးသားမှုအပေါ် အခြေပြု၍ အခိုင်းအစေများအဖြစ်ပြုမူကြသည်။ ဤသည်မှာ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးနှင့် အဖွဲ့သွားရောက်တောင်းဆိုမှုအား လိုက်လျောခြင်း လုံးဝမပြုခြင်းက သက်သေထူနေသည်။ ကရင်ခေါင်းဆောင်ကြီးများသည် နိုင်ငံရေးနည်းကိုသာ လက်ကိုင်ထား၍ တောင်းဆိုခဲ့ခြင်းသာဖြစ်သည်။ ယင်းပင်လုံညီလာခံနှင့်မူ ပတ်သက်မှုရှိနေကြောင်းကိုမူကား ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းမှ ဦးစီးဆောင်ရွက်ခဲ့ရာ နောက်ဆုံးတွင် တနိုင်ငံလုံး လွတ်လပ်ရေးအတွက် တောင်တန်းဒေသမှတိုင်းရင်းသားခေါင်းဆောင်များနှင့်သွားရောက်ညှိနှိုင်းကြ ရသည်။ ထိုသို့ဆွေးနွေးရာ၌ ကရင်တို့မပါဝင်ခြင်းကြောင့် ဤသည်ကို သွေးကွဲစေသည့် အရေးအသားများဖြင့် အပြစ်ပုံ၍ချကြသည်။ အမှန်အား ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြစဉ်က ကရင်တို့သည် တောင်တန်းဒေသနှင့် သက်ဆိုင်မှုမရှိသည်ကတကြောင်း၊ အစည်းအဝေးတက်ရောက်ရန် ဖိတ်စာလည်း မရရှိခြင်းကတကြောင်း၊ စသည်တို့ကြောင့် မတက်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က အမြော်အမြင်ကြီးမားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးသရာသာထို (ကေအင်န်ယူ အထွေထွေအတွင်းရေးမှူး)သည်ကေအင်န်ယူ ကိုယ်စားလှယ်အဖြစ် ဗိုလ်စောစံကေးနှင့် ဆရာစောဝီရီကျော်တို့ကို စေလွှတ်ခဲ့သည်။ ထို ပုဂ္ဂိုလ်နှစ်ဦးအပြင် ထိုအချိန်က ကရင်အမျိုးသားခေါင်းဆောင်အဖြစ် ကျော်ကြားခဲ့သောစောချစ်မောင်(ကျမ်းစာကျောင်းအုပ်ကြီးဒေါက်တာ ချစ်မောင်)ကလည်း လမ်းကြုံသဖြင့် လိုက်ပါသွားခဲ့ရသည်။ ထိုအချိန်တွင် အင်္ဂလန်မှအတိုက်အခံ မစ္စတာဘော့တွန်မလီလည်း ပင်လုံညီလာခံ အစည်း အဝေးသို့ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကရင်အမျိုးသားခေါင်းဆောင် ကြီးသုံးဦး စီးနင်းလိုက်ပါသော ဂျစ်ကားသည် အင်္ဂလိပ်အမျိုးသားတဦး၏ မော်တော်ယာဉ်နောက်မှ လိုက်ပါသွားသည်။ အဆိုပါ ပုဂ္ဂိုလ် စီးနင်းလိုက်ပါ သောကားသည် လမ်းခရီးတွင် ခဏခဏပျက်သဖြင့် ပင်လုံသို့ ရောက်ရှိချိန်တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးသည့် အခမ်းအနား ပြီးဆုံးနေပြီဖြစ်သည်။ ညစာထမင်းစားပွဲတွင်ဝန်ကြီးဟောင်းစောလှဖေ(ပအို့ဝ်) ဦးလှဖေ သည် မိန့်ခွန်းပြောကြားခဲ့သည်။ ဖါပွန်တောင်တန်းဒေသ (Schedule II Area) မှ ကရင်အမျိုးသားခေါင်းဆောင် စောဒီဂေးအယ်လည်း မိမိအစီ အစဉ် ဖြင့်တက်ရောက်ခဲ့သည်။ ဆရာစောချစ်မောင်(ဒေါက်တာချစ်မောင်) သည် မိမိခရီးစဉ်အတိုင်း လွိုင်ကော်မြို့သို့ ခရီးဆက်ပြီး ဘုရားရှိခိုးကျောင်း အနုမောဓနာပြု အခမ်းအနားသို့ တက်ရောက်ရန် ထွက်ခွာသွားသည်။
သို့ဖြစ်၍ ကရင်အမျိုးသားခေါင်းဆောင်ကြီးများသည် ဖိတ်ကြားမှု၊ ပတ်သက်မှုမရှိစေကာမူ ပင်လုံအစည်းအဝေးသို့ ရောက်ရှိသွားသည်အထိ ကြိုးပမ်း၍ တက်ရောက်ခဲ့သည်။ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခွင့် မရရှိသော်လည်း ပြည်ထောင်စု စိတ်ဓာတ်ပြည့်ဝမှုကို ထင်ပေါ်စေသည်။
(၁၉၄၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ကော်သူလေး
ကေအင်န်ယူသည် (၁၉၄၇)ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော် ရွေး ကောက်ပွဲကိုသပိတ်မှောက်ခဲ့သည်။ သို့ရာတွင် အမြော်အမြင် ကြီးမားသော ကေအင်န်ယူအထွေထွေအတွင်းရေးမှူး သရာထာထိုက ဆရာစောဝီရီကျော် အား ဖါပွန်မှယှဉ်ပြိုင်အရွေးခံရန် ခွင့်ပြုသည်။ ဆရာစောဝီရီကျော် အရွေးခံရ ပြီး (၁၉၄၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော နိုင်ငံတော်ဖွဲ့စည်းရေး၊ ဆပ်ကော်မတီတွင် ပါဝင်ခဲ့သည်။ ကရင်ပြည်နယ်ပေါ်ပေါက်လာရေးအတွက် သံလွင်ခရိုင်ကို “ကော်သူးလေ” ဟူသောအမည်ဖြင့်ကို ရှေးကရင် ထားစီပ ခေါ် ရှေးဗျာဒိတ် လင်္ကာများရရှိခြင်းပင်ဖြစ်ရာ ထိုထားစီပတွင် အောက်ပါအတိုင်းတွေ့ရှိရသည်။
ပတရဲအို ပွါထီးတဂေး
ပတရဲအို ပွါးကော်တဂေး
ပွါကော်ဂေး ပွါထီးဘာပေါး
ပွါကော်ဂေး ပွါးကော်ဘာပေါး
ကကော်ထော်ကေး ကော်သူးလေး
ပွါသို့အော်မေး ပအော်မေး
အထက်ပါ ထားစိပ(ခေါ်)ဗျာဒိတ်လင်္ကာတွင် “ကော်သူးလေ” ဟူသော ကရင်တို့၏ဒေသအမည်ကို ဖော်ပြထားပြီး၊ တိုင်းတပါးကို မလိုလား နှင့် မိမိတို့၏ ကော်သူးလေကို ပြန်လည်ထူထောင်ပါဟူသော အဓိပ္ပါယ်ဖြစ်သည်။ “ကော်သူးလေ”၏အဓိပ္ပါယ်မှာ မကောင်းသော အမဲစက်များ ကင်းစင်ရာဒေသဟု အဓိပ္ပါယ်ရရှိသည်။
အခြေခံဥပဒေ ရေးဆွဲခြင်း မှုပီးဆုံးမီ သရာစောဝီရီကျော်သည် သထုံမြို့သို့ ပြန်လည်ထွက်ခွာအခြေချနေထိုင်ပြီး လွှတ်တော်သို့ တက်ရောက်ခြင်းမပြုတော့ချေ။ လစ်လပ်သွားသော နေရာသို့ ပဒိုစောစံဖိုးသင်က အစားဝင်၍ ပါဝင်ရေးဆွဲခဲ့သည်။ သို့ရာတွင် လွှတ်တော်အတွင်းရှိ ကရင်အမတ်များအနေနှင့် “ကော်သူးလေ”၏ အဓိပ္ပါယ်ကို ထုတ်ဖေါ်ရန် အခက်အခဲများရှိနေသည်။ ထိုအခါ ပဒိုစောစံဖိုးသင်က ကော်သူးလေ၏ အဓိပ္ပါယ် ကို မဖေါ်နိုင်လျှင် ”ကော်သူလေး”ဟူ၍ အမည်ပေးခဲ့သဖြင့် (၁၉၄၇)ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် “ကော်သူလေး” (Kaw Thu Lay) ဟူ၍တွေ့ရှိရသည်။ “ကော်သူလေး”အဓိပ္ပါယ်မှာ ”ကျောက်ဆောင်ပေါ်တွင် တည်ဆောက်ထားသောနိုင်ငံ” ဟူ၍ အဓိပ္ပါယ်ရှိသည်။
ကေအင်န်ယူ စောဘဦးကြီး၏ မူဝါဒ
ဝတ်လုံတော်ရစောဘဦးကြီးဦးဆောင်သည့် ကေအင်န်ယူအနေနှင့် “ကရင်တကျပ်သား ဗမာတကျပ်သား”ဟူသော တန်းတူညီမျှမှုကို ကြွေး ကြော်ချမှတ်ခဲ့ပြီး၊ ကိုယ့်ကြမ္မာကိုယ်ဖန်းတီးခွင့်ကို ဦးတည်ခဲ့သည်။ ကရင် လူထုအနေနှင့်လည်း ဥက္ကဋ္ဌစောဘဦးကြီး၏ မူကို ထောက်ခံလျက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် တဆင့်ပြီးတဆင့် တိုးတက်တောင်းဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်ဦးနုဦးဆောင်သည့် ဖဆပလ အစိုးရထံမှကျေနပ်ဖွယ်ရာတုန့်ပြန်မှုကို မရရှိခြင်းနှင့် အင်္ဂလိပ်အစိုးရထံမှလည်း လစ်လျူရှုခြင်းခံရသည်။ သို့ကြောင့် မိမိတို့သည် အမျိုးသားရေး လိုအပ်ချက်ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ကြသည်။ ကရင်လက်နက်ကိုင်တပ်သားများသည် ရရာလက်နက်များဖြင့် နေရပ်ဒေသသို့ပြန်လည်ရောက်ရှိ၍ မိမိတို့ဘဝလုံခြုံရေးအတွက် ကာကွယ်ရေးအဖွဲ့အစည်းများဖွဲ့စည်းရာ ကေအင်န်ဒီအို (ခေါ်) ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (Karen National Defence Organization)ကို ဖွဲ့စည်း၍ မိမိတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ခဲ့ကြသည်။ သို့ဖြစ်၍ ကေအင်န်ယူသည် ကရင်အမျိုးသားနိုင်ငံရေးကို ဦးဆောင်၍ ကေအင်န်ဒီအို သည် ကရင်အမျိုးသားတို့၏ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ကေဝိုင်အို ခေါ် ကရင်အမျိုးသား လူငယ်အဖွဲ့အစည်းကို ဖျက်သိမ်းပြီး ကေအင်န်ယူ အဖြစ်သို့ ပေါင်းစည်းဖွဲ့စည်းလိုက်သည့် အချိန်မှစ၍ ယင်းအဖွဲ့ ခေါင်းဆောင်များသည် ယူကေအယ်လ် (ခေါ်) ကရင်အဖွဲ့ချုပ် (Union Karen League) ကို ဖွဲ့စည်းပြီး ဖဆပလအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ကြလေသည်။
ကေအင်န်ယူသည် ကရင်အမျိုးသားအခွင့်အရေးများကို တောင်းဆိုရာမှ ကရင်တို့အနေနှင့် နိုင်ငံရေးဆောင်ရွက်ချက်များ အရှိန်တိုးမြင့်ခဲ့ရာ နောက်ဆုံးတွင် သီးခြားပြည်နယ်အဆင့်သို့ပင် ဆိုက်ရောက်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စောစမစ်ဒွန်းသည် တပ်မတော် တဖွဲ့လုံးအတွက် တာဝန်ရှိသည့်အားလျော်စွာ ကရင်လက်နက်ကိုင်တပ်များ လည်း ၄င်းလက်အောက်ခံ ဖြစ်လာသည်။ (၁၉၄၈)ခုနှစ် ဇန်နဝါရီလ (၄)ရက် နေ့ လွတ်လပ်ရေးအခမ်းအနားများတွင် ကရင်စစ်မှုထမ်းများက တာဝန် အပြည့်အဝ ယူဆောင်ရွက်ပေးနိုင်ခဲ့သည်။ လွတ်လပ်ရေးပွဲ အစမ်းလေ့ကျင့် သည့် အခမ်းအနားများတွင် ဗိုလ်မှူးစောအယ်ဒီဂျင်းသည် ယာယီသမတ၏ နေရာတွင်ပါဝင်ခြင်း၊ နိုင်ငံတော်သမတ စဝ်ရွှေသိုက်နှင့် အင်္ဂလိပ်ဘုရင်ခံတို့ နောက်ဆုံး အလံတင်ချ အခမ်းအနားတွင် ဗိုလ်မှူးစောအော်ဗီးဖိုးက ပြည် ထောင်စုမြန်မာနိုင်ငံတော်အလံတော်ကို ဆွဲတင်ခြင်း၊ ပြည်သူ့လွှတ်တော် အဆောက်အဦတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်တင်သူမှာ ဗိုလ်ကြီးစောချစ်စိန်(ရေ)တို့ဖြစ်သည်။ ထို့အပြင် သမတအား အလေးပြု အခမ်းအနားတွင် လေတပ်မှ ကရင်အမျိုးသားစစ်တီးဝိုင်းမှ စစ်ချီသီချင်များ တီးမှုတ်ခြင်းဖြင့် ထူးခြားသော လွတ်လပ်ရေး အခမ်းအနားကြီးကို တွေ့ရှိရသည်။
အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း အင်္ဂလိပ်တို့ထံ တင်ပြတောင်း ဆိုချက်များအပေါ် တုန့်ပြန်မှုမရှိခဲ့သည်တကြောင်း၊ ဦးနုအစိုးရ ဦးဆောင်သည့် ဖဆပလအစိုးရထံမှ ကျေနပ်ဖွယ်သော တုန့်ပြန်ချက်များမရ မရှိခြင်း ကြောင့်လည်းကောင်း၊ မူလနိုင်ငံရေးနည်းဖြင့် ဆောင်ရွက်ချက်များသည် လက်နက်ကိုင်လမ်းစဉ်သို့ ရောက်ကြရသည်။ ထိုသို့လက်နက်ကိုင်လမ်းစဉ် သို့ ပြောင်းလဲသွားရခြင်းကို ပြန်လည်ဆန်းစစ်သောအခါ အင်္ဂလိပ်၏ ထိရောက်သော သွေးထိုးမှုကိုလည်း မတွေ့ရှိရပေ။ ထိုအချိန်က တပ်မတော် ခေါင်းဆောင်ကြီးများဖြစ်ကြသော ဒုဗိုလ်ချုပ်ကြီးစောစမစ်ဒွန်း(ကာကွယ်ရေး ဦးစီးချုပ်) ဗိုလ်မှူးချုပ်စောကြာဒိုး၊ ဗိုလ်မှူးကြီး စောဆင်မြူရယ်ရှီးရှို (လေတပ် ဦးစီးချုပ်)တို့ကလည်း စွက်ဖက်ပတ်သက်မှု မရှိခဲ့ခြင်းတို့က သက်သေခံလျက်ရှိသည်။
ဤကဲ့သို့သော အခြေအနေမျိုးရှိနေစဉ်တွင် (၂၈၊ ၁၊ ၄၉)ရက်နေ့ ညတွင် အလုံစမ်းချောင်းရှိ ကရင်ရပ်ကွက်တွင် တင်းမာ စိုးရိမ်ဖွယ်ရာသော အခြေအနေများဖြစ်ပေါ်သဖြင့် ကေအင်န်ယူအထွေထွေအတွင်းရေးမှူးဖြစ်သူ သရာသာထိုသည် ဝန်ကြီးချုပ် ဦးနုထံ တယ်လီဖုံးဖြင့် ဆက်သွယ်၍ အခြေ အနေကို ထိန်းသိမ်းပေးပါရန်တင်ပြရာ ဦးနုက ထိုအစီအစဉ်ကို ဗိုလ်နေဝင်း က ဆောင်ရွက်ခြင်း ဖြစ်ကြောင်းပြောပြီး၊ ဗိုလ်နေဝင်းထံတိုက်ရိုက်စကားပြော စေခဲ့ပါသည်။ ဗိုလ်နေဝင်းကလည်း ကရင်အမျိုးသားတို့၏ အကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်၍ မိမိအစီအစဉ်ကို ယုံကြည်ရန်ပြောသည်။ သရာသာထိုအား လုံခြုံရေးအတွက် သင့်လျော်သောနေရာတခုတွင် အထူး အခွင့်အရေးများပေး၍ထားရှိသည်။ သို့သော် စမ်းချောင်း၊ သမိုင်း၊ ခဝဲခြံနှင့် အင်းစိန်တို့တွင် မလိုလားအပ်သည့် အနိဋ္ဌာရုံများ ပေါ်ပေါက်ခဲ့လေသည်။
ဥက္က့စောဘဦးကြီး၏ ငြိမ်းချမ်းရေးစိတ်ဓာတ်
ဤကဲ့သို့ ရန်ကုန်၊ သမိုင်း၊ အင်းစိန်တို့တွင် စတင်ခဲ့သော မီးပွား ကြောင့်ကေအင်န်ယူ၊ ကေအင်န်ဒီအိုနှင့် ကရင်လက်နက်ကိုင်တပ်ရင်း သုံးရင်းသည် တူညီသောခံယူချက်များ သို့ရောက်ရှိကြလေသည်။ သို့ဖြစ်၍ ဗိုလ် မှူးကြီးစောမင်းမောင်ဦးစီးသော ကရင်သေနတ်ကိုင်တပ်ရင်း(၁)ဗိုလ်မှူးကြီး စောမြမောင်ဦးစီးသော ကရင်သေနတ်ကိုင်တပ်ရင်း(၂)၊ ကရင်အမျိုးသား ဗိုလ်မှူးကြီးတဦး ဦးစီးသော ကရင်သေနတ်ကိုင်တပ်ရင်း (၃)တို့ သည်လည်း ယင်းတို့ ဒေသရှိမြို့များကို သိမ်းဆည်းခဲ့သည့်အပြင် ရန်ကုန်မြို့တော်ကို သိမ်းဆည်းရန် အဆင့်အထိသို့ပင် ကျဆင်းသွားသည်။ ထို့အပြင် ကွန်မြူနစ်တောခိုတပ်များ၊ အမ်အန်ဒီအို (ခေါ်) မွန်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့များ (Mon National Defence Organization) တို့နှင့်လည်းပေါင်းစည်း မိကြလေသည်။
သို့ရာတွင် ထိုအချိန်အခါက အမြော်အမြင်ကြီးမားသည့် ကရင်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီးသည် အကျိုးဆောင်များ၏ ကြား ဝင်စေ့စပ်မှုကြောင့် ငြိမ်းချမ်းရေးရရှိရန်အတွက် ကေအင်န်ယူတွဲဖက်အတွင်း ရေးမှူး ဆရာမန်းဂျိမ်းထွန်းအောင်နှင့်အတူ အင်းစိန်မှ ရန်ကုန်သို့လာရောက် ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးကို ရယူနိုင်ခဲ့သည်။ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရန် အဆင့်သို့ ပင်ရောက်ရှိအောင်ဆောင်ရွက်ခဲ့သည်။ သို့သော်ငြိမ်းချမ်းရေး အောင်မြင်မှုမရရှိခဲ့ချေ။ ဒေါက်တာမောင်မောင် ၏ (Burma and the Constitution) စာအုပ်တွင် စောဟံတာသာမွှေးနှင့် ဗိုလ်မှူးစောအောင်စိန်တို့အပေါ် အပြစ်ပုံချခဲ့သည်။ ယင်းပုဂ္ဂိုလ် နှစ်ဦးကမူ ငြိမ်းချမ်းရေး သဘောတူစာချုပ်အပေါ် ပြောရန်အကြောင်းမရှိသော်လည်း ငြိမ်းချမ်းရေးစာချုပ်နှင့် ပူးတွဲထားသော အစီအစဉ်တွင် ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော ဝန်ကြီးများအဖွဲ့သည် အင်းစိန်သို့ သွားရောက်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး အစီအစဉ်သည် အောင်မြင်ခြင်းမရှိခဲ့ပါ။
ကရင်နှင့် ကရင်ပြည်နယ်
(၁၉၄၇)ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေအရသံလွင်ခရိုင်ကို ကော်သူလေး (Kawthulay) အမည်ဖြင့် ကရင် တို့အတွက် ဒေသတခုပေါ်ထွန်းလာခဲ့သည်။
(၁၉၅၁)ခုနှစ်တွင် ပြဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအမှတ်-(၆၂)အရ၊ ကရင် လူမျိုးအများစု၍နေထိုင်ကြသော သံလွင်ခရိုင် (ဝါ) ကော်သူလေးဒေသနှင့် ဆက်စပ်ရာဒေသများကို မြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုအဖြစ်ဖြင့် ဖွဲ့စည်းခဲ့သည်။ “ကရင်ပြည်နယ်”ဟုခေါ်တွင်စေခဲ့ပြီး၊ ကရင်ပြည်နယ်၏ မြို့များမှာ ဖါပွန်၊ သံတောင်၊ ဘားအံ၊ ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်နှင့် မြဝတီတို့ဖြစ်ကြသည်။
ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် မြန်မာနိုင်ငံတော်လှန်ရေးကောင်စီ နှင့်မုဆိုးကော်ကဆာ စောဟံတာသာမွှေး ဦးဆောင်သည့် ကရင်တော်လှန်ရေးကောင်စီတို့ ပြည်တွင်းငြိမ်းချမ်းရေးသဘောတူလက်မှတ်ရေးထိုးကြပြီးနောက် (၁၉၆၄)ခုနှစ်၊ ဧပြီလ(၃)ရက်နေ့မှစ၍ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေး ကောင်စီအစိုးရသည် ကရင်ပြည်နယ်ကို “ကော်သူးလေ” (Kawthoolei) ဟု ခေါ်တွင်စေခဲ့သည်။
သို့ရာတွင် များမကြာမီကာလတွင် ကေအာရ်စီခေါ် ကရင်တော် လှန်ရေးကောင်စီ၏တပ်မဟာ(၅)မှ တပ်မင်းစောလင်းထင် လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီးနောက် အခြေအနေများလည်း ပြောင်းလဲသွားသည်။ ကေအာရ်စီ ခေါင်းဆောင်များ မြို့ပေါ်သို့ ရောက်ရှိ၍ ဗိုလ်စောလင်းထင်တပ်မဟာမှ စစ်ဗိုလ် အချို့  (၉)နှစ်ကျော်မျှ အကျဉ်းချခံရပြီး၊ သာမန်တပ်သားများကမူ တောတွင်းသို့ ပြန်လည် ရောက်ရှိကုန်ကြသည်။
(၁၉၇၄)ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမတ မြန်မာနိုင်ငံ တော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ”ကော်သူလေး” ဟူသောအမည်ကို “ကရင်ပြည်နယ်”ဟူ၍ ပြန်လည်ပြဌာန်း လိုက်သည်ကို တွေ့ရှိရသည်။
ကရင်လူမျိုးတို့၏ လက်ရှိအခြေအနေ
ကရင်တိုင်းရင်းသားလူမျိုးတို့သည် ယဉ်ကျေးမှုရိုးရာဓလေ့နှင့် ဘာသာစကား၊ စာပေအရေးအသား၊ ဝတ်စားဆင်ယင်မှု၊ အမျိုးသားအလံတော်နှင့် အမျိုးသားသီချင်း၊ ရိုးရာပြက္ခဒိန်၊ ပြည်နယ်နှင့် ပြည်နယ် အလံတော်အစရှိသော လူမျိုးတမျိုးတွင် ရှိအပ်သောဂုဏ်အင်္ဂါများဖြင့် ပြည့်စုံလျက်ရှိသည်။ ဘာသာစကားနှင့် စပ်လျဉ်း၍ Language and the right to communicate စာအုပ် စာမျက်နှာ(၃)ရှိ What fate awaits the World’s language ဆောင်းပါးတွင် Tove Skutnabb-Kangas သုတေသနဖေါ်ပြချက် Table I ရှိ “208 languages with more than 1 million native users” တွင် Burmese, Karen, Shan ဟူ၍ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုသုံးမျိုး၏အမည်ကို တွေ့ရှိရပါသည်။ ကရင်လူမျိုးသည် မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေ အများဆုံး လူမျိုးဟူ၍ မှတ်တမ်းတင်ထားပြီး၊ တနိုင်ငံလုံး၏ (၉)ရာခိုင်နှုန်း ကျော်ရှိကြောင်း၊ (၁၉၂၁)ခုနှစ် သန်းခေါင်စာရင်း အရတွေ့ရှိရသည်။ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ကရင်လူမျိုးသည် မြန်မာနိုင်ငံလူဦးရေ၏ အဖျင်းဆုံးဆယ်ပုံတပုံရှိပြီး၊ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နေသူရိန် အစည်းအဝေး မိန့်ခွန်း၌ မြွက်ကြားခဲ့သည်ကိုတွေ့ရသည်။
မြန်မာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လည်းကောင်း၊ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး သည်လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းသည့်ကာလတွင် အတူတကွလက်တွဲ ဆောင်ရွက်ခဲ့ကြသည့် ခေါင်းဆောင်ကြီးများ ဖြစ်ကြသည်။ သို့ရာတွင် လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားရပြီး၊ လွတ်လပ်ရေးရပြီးနောက် မကြာမီတွင် စောဘဦးကြီး ကျဆုံးသွားခဲ့ရသည်။ ဇူလိုင်လ (၁၉)ရက် နေ့ရောက်လျှင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စောစံကေးတို့ကို အောက်မေ့ သတိရနေကြသည်။
တည်တံ့ခိုင်မြဲ၍ စစ်မှန်သောပြည်ထောင်စုကြီးသို့
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် (၁၉၄၇)ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထွက်ပေါ်ခဲ့ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် (၁၉၄၈)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်ရေးကို ရရှိခဲ့သည်။ တပ်မတော်၏ အလိုအတိုင်းရေးဆွဲခဲ့သော (၁၉၇၄)ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းနိုင်ခဲ့သော်လည်း (၁၉၈၈)ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်း၍ ဖျက်သိမ်းလိုက်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သည့် အခြေခံဥပဒေ (၂)ရပ်စလုံး ဖျက်သိမ်း၊ ရပ်စဲခြင်းခံခဲ့ရပါသည်။ (၁၉၈၈)ခုနှစ်မှစ၍ ယနေ့တိုင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမရှိသည့် အခြေသို့ ရောက်ရှိနေသည်မှာ (၁၁)နှစ်ကျော်မျှပင် ရှိနေပြီဖြစ်ပေသည်။
လက်ရှိပြည်နယ်(၇)ပြည်နယ်နှင့်တိုင်း(၇)တိုင်းတို့ဖြင့် ဖွဲ့စည်းတည် ထောင်ထားသည့် ပြည်နယ်နှင့် တိုင်းပေါင်းစု ပြည်ထောင်စုအဆင့်မှ တန်း တူရည်တူကိုအခြေခံလျက် ခေတ်မီတိုးတက်ဖွံ့ဖြိုးအေးချမ်းယာယာ၍ စစ်မှန်သော ပြည်ထောင်စုကြီးအဖြစ်သို့ အလျင်အမြန် ဖွဲ့စည်းနိုင်ရန် လိုအပ်နေပါသည်။ ပြည်ထောာင်စုမြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး၏ အကျိုးကိုရှေးရှုလျက်-
၁) အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များဦးဆောင်သည့် အင်အယ်လ်ဒီ(ခေါ်) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊
၂) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှပုဂ္ဂိုလ်များ၊
၃) တိုင်းရင်းသားလူမျိုးများကိုကိုယ်စားပြုသည့်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်း ဆောင်ရွက်ကြလျှင် တည်တံ့ခိုင်မြဲ၍ စစ်မှန်သော ပြည်ထောင်စုကြီး မလွဲမသွေတည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂကြီးနှင့်လည်း ထိုကဲ့သို့ပင် သုံးပွင့်ဆိုင် ညှိနှိုင်း ဆွေးနွေးရေးကို ချမှတ်လျက် နိုင်ငံတကာမှလည်း အကောင်အထည်ဖေါ်ရန် တောင်းဆိုနေကြပြီဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှသာလျင် လွတ်လပ်ရေး ဗိသုကာနှင့်တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော နိုင်ငံ တော်သစ်ကြီးဆီသို့ ရောက်ရှိမည်ဟူ၍လည်း ယုံကြည်ပါသည်။ ကရင်တို့သည် နိုင်ငံထူထောင်ရာတွင် တန်းတူရည်တူ ထမ်းဆောင်နိုင်သော အရည်အချင်းများရှိနေသည်ဖြစ်ရာ ပါဝင်ခွင့်ရလျှင် တမူထူးခြားစွာ ဆောင်ရွက်နိုင်မည်ဟူ၍လည်း ယုံကြည်ပါသည်။
ယခုသက္ကရာဇ် (၂ဝဝဝ)ပြည့်နှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့မှ စတင်၍ တန်းတူရည် တူဖြင့် စစ်မှန်သော ဒီမိုကရေစီပြည်ထောာင်စု မြန်မာနိုင်ငံကြီး ပေါ်ထွန်းရေးကို သံန္နိဋ္ဌာန်ချမှတ် တည်ဆောက်ကြပါစို့ဟူ၍ ဆန္ဒပြုမေတ္တာရပ်ခံလိုက်ပါသည်။ ။
စောကညော် ရဲ့ ကရင်နှင့်ပြည်ထောင်စုစိတ်ဓာတ်၊ စာတမ်းမှ ကောက်နှုတ်ချက်
ကရင်အမွေဆိုင်
၁။ ကရင်များသည် အမွေဆိုင်များဖြစ်သည်
ကရင်များသည် မြန်မာပြည်တွင်းသို့  ဦးဦးဖျားဖျား ၀င်ရောက်လာသော လူမျိုးများဖြစ်သည်ဟု ရာဇ၀င် ဆရာကြီးများများက ၀န်ခံကြလေသည်။ ရာဇ၀င်တိုင်းလိုလိုပင် ကရင်များသည် မွန်နှင့်မြန်မာ များမရောက်မှီ ကနဦးရောက်ရှိလာကြောင်းကို အတိအလင်း ရှင်းလင်းဖေါ်ပြထားသည်ကို တွေ့ ရှိ ကြရလေသည်။ နောက်မှ ရောက်ရှိလာကြသော လူမျိုးများ၏စည်းလုံးမှု အင်အားတောင့်တင်းမှု တို့  ကြောင့် ကရင်များသည် မြန်မာပြည် အောက်ပိုင်းဒေသတလျှောက်နှင့် တောင်ရိုးပေါ်သို့  ရွှေ့ ပြောင်း နေထိုင်ကြရခြင်း ဖြစ်ပေသည်။ ကရင်အမျိုးသားများသည် မြန်မာပြည်အရပ်ရပ်တိုင်း၌ လိုလိုပင် ခုတ်တွင်ရှင်းလင်းပြီး လယ်မြေများဖြစ်အောင် လုပ်ဆောင်ခဲ့ကြသော်လည်း ညီညွတ်မှုနည်းပါးသဖြင့် မွန်နှင့်မြန်မာများက တလှည့်စိုးမိုးအုပ် ချုပ်ခဲ့ကြလေသည်။ မွန်များသည် မြန်မာပြည်ကြီးကို နှစ်ပေါင်းများစွာ အုပ်ချုပ်မင်းလုပ်ပြီး နောက် မြန်မာများက လက်နက်အင်အားပြုကာ ၉၅ နှစ်ခန့် မျှ ဆက်လက်မင်းလုပ်ခဲ့ကြလေသည်။ ၎င်းနောက် အင်္ဂလိပ်များက နှစ်ပေါင်းတရာခန့်  ထပ်မံ၍ အုပ်ချုပ်ကြပြန်လေသည်။ အတ္တလန္တိတ်စာချုပ်အရ အင်္ဂလိပ်များက မြန်မာများကို တိုင်းပြည် ပြန်လည်ပေးအပ်ခွင့်ရှိလျှင် မြန်မာများက ကရင်များကို တိုင်းပြည်ပြန်အပ်နှင်းရေးအတွက် နှောင့် နှေးဘွယ်ရာမဟုတ်ချေ။ ရာဇ၀င်ကြောင်းအရ ကရင်များသည် မိမိတို့ ၏ ဓါးဦးမကျနေရာများကို မိမိတို့  ၏ စိတ်သဘောအရ အလိုအလျှောက် စွန့် ခွာသွားခြင်းမဟုတ်ဘဲ သူတပါး၏ နိုင်ထက်စီး နင်းမှုကြောင့်သာ ရှောင်တိမ်းထွက် ခွာပေးရခြင်းဖြစ်သဖြင့် ဤတိုင်းပြည်ကြီးသည် ကရင်အမျိုး သား များ၏ အမွေဆိုင်တိုင်း ပြည်ကြီးဖြစ်သည်ဟု ဆိုကြရချေသည်။
၂။ မျိုးရိုးဇာတိမတူ ခြားနားသောလူမျိုးများဖြစ်ခြင်း
ကရင်လူမျိုးသည် မောင်ဂိုးလီးယားတိုင်းပြည်မှ ဆင်းသက်ပေါက်ဖွားလာ၍ မြန်မာလူမျိုး များ သည် တိဘက်တိုဘာမင်လူမျိုးများမှ ဆင်းသက်ပေါက်ဖွားလာကြောင်းကို ရာဇ၀င်တိုင်းက ၀န် ခံကြလေသည်။ သို့ ဖြစ်၍ ကရင်နှင့်မြန်မာသည် ဇာတိပကတိအားဖြင့် အမျိုးမတူသော လူမျိုးကွဲများဖြစ် ကြောင်း ထင်ရှားလေသည်။ ဘာသာစကား၊ စိတ်နေ သဘောထား၊ယဉ်ကျေးမှုနှင့် ရိုးရာခြင်းမတူ သော လူတမျိုးနှင့်တမျိုးတို့ သည် မည်သည့် နည်းနှင့်မျှ လူမျိုးတမျိုးတည်းဖြစ်သည်ဟု မစွပ်စွဲနိုင်၊ (၀ါ) ဖြစ်အောင်မလုပ်နိုင်၊ မပြုအပ်ချေ။ ဗမာကိုကရင်ဖြစ် ရမည်ဟူ၍၎င်း၊ ကရင်ကိုဗမာဖြစ်ရမည် ဟူ၍၎င်း၊ အတင်းသိမ်းသွင်းခြင်းငှာမအပ်။ လူမျိုးသည် လူမျိုးသာဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း တထောင် ကျော်ခန့် က အတူတကွနေထိုင်ခဲ့သော မြန်မာနှင့်ကရင်များသည် ယနေ့ အထိ လူတမျိုးတည်း မဖြစ်နိုင်သေးသည်ကို ထောက်လျှင် နောင်ကိုလည်း မည်သည့်အခါမျှ လူတမျိုးတည်း ဖြစ်နိုင်ဘွယ်ရာ အကြောင်းမရှိချေ။ သိုြ့ဖစ်၍ မြန်မာသည် တိုင်းပြည်နှင့်ရှိသည်ဖြစ်က ကရင်သည်လည်း တိုင်းပြည်နှင့် ရှိအပ်သည်ကို အမြော်အမြင် ကြီးသူတိုင်း ငြင်းကွယ်နိုင်ကြမည် မဟုတ် ချေ။
၃။ ကရင်သည် လူနည်းစုမဟုတ်
ကရင်အမျိုးသားများကို လူနည်းစုဟု ယူမှတ်ကြသော်လည်း အမှန်မှာ ကရင်သည် လူနည်းစုမ ဟုတ်ချေ။ ဂျပန်ခေတ်က ကောက်ယူသော သန်းခေါင်စာရင်းအရ ကရင် လူဦးရေမှာ ၄ သန်းခွဲ မျှဖြစ်လေသည်။ တနင်္သာရီတိုင်း၌ ကရင်သည် လူများစုဖြစ်၍ ဧရာဝတီတိုင်း၌ ကရင်သည် မြန်မာ များနှင့် လူဦးရေများစွာ ကွာခြားခြင်းမရှိသည့်အပြင် ယိုးဒယားပြည်၌ ကရင်အမျိုးသားဦးရေ နှစ် သန်းကျော်ရှိသည်ကို ကရင်အမျိုးသားတိုင်း သိရှိပြီးဖြစ်လေသည်။ အင်ဒိုချိုင်းနားပြည်၌လည်း ကရင်အမြောက်အများရှိသေးသည်။ မြန်မာပြည်၊ယိုးဒယားပြည်နှင့် အင်ဒိုချိုင်းနား သုံးပြည်ထောင် ရှိကရင်အမျိုးသားများကို ပေါင်းလိုက်သည်ရှိသော် ကရင်သည် လူများစုဖြစ်ကြောင်းပိုမိုနားလည် နိုင်ကြပေမည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ကချင်လူဦးရေသည် တသိန်းခွဲမျှသာရှိသော လူ နည်းစုကလေးပင် ဖြစ်ခဲ့သော်လည်း ယခုအခါ ကချင်လူမျိုးသည် ပြည်ထောင်စုတခုနှင့် ရှိ နေကြပြီ။ သို့  နှင့် ကချင်အမျိုးသားများထက် အဆပေါင်းများစွာများပြားသော ကရင်လူမျိုးကို တိုင်း ပြည်မရ ထိုက်ဟု အမြှော်အမြင်နည်းသူများကသာ ဆိုနိုင်ကြပေသည်။ သို့ ဖြစ်၍ ကရင်အမျိုးသား များသည် တိုင်းပြည်ကို မရမခြင်း ကျေနပ်မှုရကြလိမ့် မည်မ ဟုတ်ချေ။
၎။ လူမျိုးတည်တံ့ခိုင်မြဲရေး
ကရင်လူမျိုးတို့ သည် ရာဇ၀င်ကြောင်းအရ အမျိုးရိုးဇာတိအားဖြင်၎င်း၊ သီးခြားသော လူမျိုးတမျိုး ဖြစ်သည့်အတိုင်း မိမိတို့ ၏အမျိုး တိမ်ကောပပျောက်သွားခြင်းကို အလျည်း မလိုလားကြဘဲ လူမျိုး တည်တံ့ခိုင်မြဲရေးကိုသာ အစဉ်သဖြင့် လိုလားတောင့်တကြလေသည်။
ကရင်အမျိုးသားများသည် မိမိတို့ ၏ ရိုးသားခြင်း၊ ရဲရင့်ခြင်း၊ သစ္စာရှိခြင်း၊ ၀ိရိယရှိခြင်း၊ စိတ်သဘောဖြူစင် ဖြောင့်မတ်ခြင်းနှင့် စိတ်ထားမြင့်မြတ်ခြင်းတို့ ဖြင့် အမြဲဂုဏ်ယူ တတ်ကြလေသည်။ မိမိတို့ ၏ ဘာသာစကားများ ကိုလည်း အမြတ်တနိုးထားကြလေသည်။ လူမျိုးရေး တည်တံ့မှုသည်ကား မိမိတို့  တိုင်းပြည်၊ မိမိတို့ ၏ အစိုးရရှိခြင်း အပေါ်တွင်သာ တည်လျက်ရှိလေသည်။
ရည်ညွန်း ကရင်အမျိုးသားနှင့် နိုင်ငံရေးစာအုပ်မှ ကောက်နှုတ်ချက်။
ကရင်အမျိုးသားတို့၏သက္ကရာဇ်
တရုတ်ပြည်၊ မွန်ဂိုလီးယားတောင်ပိုင်း ယူနန်ပြည်တွင် နေထိုင်ကြသော ကရင်အမျိုးသားတို့  သည် စိုး မိုးအုပ်ချုပ်သူတို့ ၏ ဖိနှိပ်ချုပ်ချယ်မှုတို့ ကို မခံမရနိုင်ကြ၍ စည်းဝေးတိုင်ပင်ကြပြီး လျှင် (ဘီစီ ၁၁၂၂) ခုနှစ်စပ်ကြား ကရင်အမျိုးသား(၁၃၂)အိမ်ထောင်မှ(၉၉)အိမ်ထောင် သည် တစ်ခုလျှင်(၃၃)အိမ်ထောင်ဖြင့် (၃)စုဖွဲ့ ပြီးလျှင် (၃)လမ်းခွဲ၍ မြန်မာပြည်တွင်းသို့  ၀င် ရောက် လာ ခဲ့ကြလေသည်။
ပထမ(၃၃)အိမ်ထောင်စုသည် တောင်တွင်း၊ ယိုးဒယား၊ ကမ္ဘောဇပြည်တို့ သို့  မဲနမ်မြစ်ဖျားမှ အစဉ်အ တိုင်းဆင်းလာ၍ ကီမဲ(ခေါ်) ဇင်းမယ်မြို့ ကို တည်ထောင်လေသည်။ ဒုတိယ(၃၃)အိမ် ထောင်သည် ရွှေလီမြစ်ကြောင်းမှ ဧရာဝတီမြစ်ကြောင်းဖက်သို့ ကူး၍ အစဉ်အတိုင်းဆင်းလာ ပြီး လျှင် ယခု တကောင်း မြို့ ဟုခေါ်သော ခဲဝါမြို့ ကို တည်ထောင်လေသည်။ တတိယ(၃၃)အိမ်ထောင်စုသည် သံလွင်မြစ်ဖျားထံမှ အစဉ်အတိုင်းဆင်းလာပြီးလျှင် ရှမ်းပြည်နယ်တောင် ပိုင်း ကရင်နီပြည်နယ်သို့ ရောက်၍ ၎င်းမှတ ဆင့် အချို့ မှာ သထုံ၊ ကျိုက္ခမီ၊ မော်လမြိုင်၊ ထားဝယ်နှင့် မြိတ်တို့ ဖက်သို့  ပျံ့ နှံ့ ရောက်ရှိကြလေသည်။ အချို့ မှာ အနောက်ဖက်သို့ ခွဲထွက်၍ ယခု ပခုက္ကူခရိုင်းအတွင်းရှိ စကောမြို့ (ခေါ်)ဆွာမြို့  (ခေါ်)ဆောမြို့ ကို တည်ထောင်လေ သည်။ ကျန်ခဲ့သော စတုတ္ထ(၃၃)အိမ်ထောင်စုသည်(ဘီစီ၇၄၁)ခုနှစ်တွင် ယူနန်နယ်မှ ထွက်ခွာ ၍ မြန်မာပြည်တွင်းသို့  (ဘီစီ ၇၃၉)ခုနှစ်တွင် ၀င်ရောက်ခဲ့ကြလေ သည်။
ကရင်အမျိုးသားတို့ သည် နောက်ပိုင်းမှ ထိန်းသိမ်းကွပ်ကဲ၍ နောက်ဆုံး(၃၃)အိမ်ထောင်စု သည် မြန် မာပြည့်တွင်းသို့ ဝင်ရောက်လာသော (ဘီစီ ၇၃၉)ခုနှစ်ကို အဓိကထား၍ ကရင် အမျိုးသားသက္ကရာဇ်ကို တွက်ချက်ယူလေသည်။ တနည်းအားဖြင့် ကရင်အမျိုးသားတို့ သည် မြန်မာပြည်အတွင်းသို့ အစုံအ လင်ရောက်ရှိသောနှစ်ကို မူတည်၍ မြန်မာပြည်အတွင်းသို့  က ရင်အမျိုးသားရောက်ရှိသည်မှာ ကရင်အမျိုးသားသက္ကရာဇ်က ဖေါ်ပြထားသည့်အတိုင်း ကြာ ရှိပြီဟု လွယ်ကူစွာ မှတ်သားနိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။ သို့ ဖြစ်သောကြောင့် ကရင် အမျိုးသားများ မြန်မာပြည်အတွင်းသို့ ရောက်ရှိသည်မှာ အစိုးရအသိအမှတ်ပြု ကရင်အမျိုး သားနှစ်သစ်ကူးနေ့ စတင်ကျင်းပသော အင်္ဂလိပ်သက္ကရာဇ် ၁၉၃၈ ခုနှစ်တွင် (ဘီစီ ၇၃၉ + အေဒီ ၁၉၃၈)=၂၆၇၇ ခုနှစ် ရှိပြီဖြစ်၍ ကရင်အမျိုးသားသက္ကရာဇ်ကို (၂၆၇၇)ခုနှစ်ဟု ရေတွက်မှတ်သားကြပေသည်။ အဓိပ္ပါယ်မှာ ခရစ်တော်မပေါ်မီ သက္ကရာဇ် (ဘီစီ ၇၃၉)ခုနှစ် နှင့် ခရစ်တော်ပေါ်ပြီး ယခု ကမ္ဘာသုံးနေသောသက္ကရာဇ်(အေဒီ ၁၉၃၈)ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့ သည် မြန်မာသက္ကရာဇ် (၁၂၉၉)ခုနှစ်၊ သလေး၊ ထိုင်ခုတ်ဖို ပြာသိုလဆန်း(၁)ရက်နေ့  နှင့် တနေ့ တည်းကျရောက်ခဲ့သဖြင့် ကရင်အမျိုးသားသက္ကရာဇ်သည်(၂၆၇၇)ခုနှစ် ဖြစ်သော ကြောင့် မြန် မာများနည်းတူ နောက်တနှစ် ပြာသိုလဆန်း(၁)ရက်နေ့ သို့ ရောက်တိုင်းရောက် တိုင်း တနှစ်တိုး၍ ရေတွက်ရန်ဖြစ်ပေသည်။
သွေးရင်းသားရင်းဖြစ်သော ကရင်အမျိုးသားအပေါင်းတို့ ခင်ဗျား-ယခု နေ့ ထူးနေ့ မြတ်တည်း ဟူသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကို ၀မ်းမြောက်ပျော်ရွှင်စွာ ကျင်းပပြုလုပ်သည့်အ တွက် အမွေအနှစ်ကို ရရှိခြင်းအားဖြင့် ဤတိုင်းပြည်မှာ မှီတင်းနေထိုင်ခဲ့သောလူမျိုးတမျိုးအ နေဖြင့် ခေါင်းဆောင်များ ဖေါ် ထုတ် တည်ထောင်ပေးခဲ့သော မွန်မြတ်သည့်တစ်မျိုးသားလုံး ၏ နှစ်သစ်ကူးသက္ကရာဇ်နှင့် အလံတော်များရရှိသည့်အတွက် ကျေးဇူးဥပကာရတင်ရှိကြောင်း နှင့် ဂါရ၀ဆန္ဒပြုခြင်းဖြင့် နိဂုံးချုပ်ပါသည်။
ကရင့်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲ
ကရင်အမျိုးသားများ၏ မင်္ဂလာရှိသော ရိုးရာဓလေ့ပွဲများအနက် ၀ါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ တော်သည် အလွန်မွန် မြတ်သော ရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။ ဤမင်္ဂလာပွဲတော်သည်ဘာသာရေး ပွဲတော် တစ်ခုမဟုတ်ပါ၊ ရှေးဘိုးဘေဘီ ဘင် ကရင်လူကြီးများ၏ အဆိုအမိန့် အရ ၀ါခေါင်လသည် မကောင်းဆိုးဝါးများ ၏ မြူးထူးပျော်ပါးသည့် လရာသီဖြစ်သ ည်။ ထိုမကောင်းဆိုးဝါးဝိဉာဉ်(လိပ်ပြာ)များသည် လူသားတို့ ၏ ၀ိဉာဉ်(လိပ်ပြာ)များထံခိုဝင်ပူးကပ်မှု ပြုတတ်သည့်အေ ပ်ါလူသားများ၏ ၀ိဉာဉ်(လိပ်ပြာ) နှင့်ပူးကပ်ကျွှမ်း ၀င်မည်ကို အလွန်စိုးရွံသဖြင့် မိဘဖိုးဘွားများမှာ ၎င်းတို့ သားသမီး မြေး မြစ်များ၏ ၀ိဉာဉ်(လိပ်ပြာ)ကိုခေါ်ပြီး သန့် ရှင်းဖြူစင်သည့် ချည်ဖြူဖြင့် တုတ်ချည်၊ ချုပ်နှောင် လိုက်ခြင်းဖြစ်သည်။
ကရင်လူမျိုးများသည် မြန်မာပြည်ဟု ယခုခေါ်ဆိုသော ဒေသသို့ မရောက်ရှိလာမှီအချိန်ကာလကတည်း ကပင် မွန်ဂိုးရီးယားနိုင်ငံရှိ ကုန်းပြင်မြင့်မှနေ၍ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို နှစ်စဉ်ဆင်နွဲ လာခဲ့ကြပါ သည်။ဟိုးရှေး ခေတ် ဘိုးဘေးဘီဘင်များသည် ယခုခေတ် ကျွှန်တို့ ခေတ်ကာလ လူသားများနှင့် အလွန်ကွဲပြား ခြားနားစွာဖြင့် အသက်ရှည်ကြာကြပါသည်။ ခေတ်မှီဆေးဝါးများကို ရယူသုံးစွဲပြီး အသက်ရှည်ကြာကြခြင်း မဟုတ်ချေ။ ထို့ သို့ အသက် ရှည်ကြာကြသည့်အတွက်(“ဖေါဟ်လ်ုဆီ့-လီလ်ုယာ”သားသမီးတကျိတ်၊ မြေး တစ်ရာ)ဟူ၍ ဘိုးဘွားများ ပြောစမှတ်ရှိသည်ကို တွေ့ ရှိမှတ်သားမိပါသည်။ အဆိုပါအဆက်ဆက် အများ အပြားသော သားသမီးများသည် နိယာမအရ အချိန်တန် အရွယ်ရောက် အိမ်ထောင်သားမွေးမှုပြုကြပြီး ရေကြ သည်ရာ၊ မျက်နုရာ မိမိတို့ ကျွမ်းကျင်ခုံမင်သည့် လုပ်ငန်းအစုစုဖြင့် အရပ်ဒေသအသီးသီးသို့  ထွက်ခွာလုပ်ရှား အသက်မွေးဝမ်းပြုကြသည့်အခါ မိဘဘိုးဘွားများနှင့် အလှမ်းဝေးကွာကြပြီး မွန်ဂိုးရီးယားအနွယ်ဝင်လူမျိုးများ နှင့် ထိုင်တရုတ် အနွယ်ဝင်လူမျိုးများတို့ နှင့်အတူ ရောနှော်နေထိုင်လာကြသည့်အတွ က် မိဘ ဘိုးဘွားများက မိမိ၏သားသမီး မြေးမြစ်များ ကွဲပြားပျောက်ကွယ်သွားမည်ကို စိုးရိမ်ပူပန်ကြ၍ ၀ါခေါင်လပြည့် ရောက်သည့်အခါ တနယ်တကျေးသို့  နေထိုင်ကြသည့် သားသမီးမြေးမြစ်များ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည် အားဖြင့် မည်ကဲ့သို့  ဖြစ်ရှိနေသည်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ မြင်သိရှိနိုင်ရန်နှင့် စီမံဆောင်ရွက် ပေးနိုင် ရန်အတွက် စုစည်းကာ တချိန်တနေရာတည်း၌ပင် လိုအပ်သလိုစီမံဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ သားသမီး မြေးမြစ်များအတွင်း အပြန်အလှန်ချစ်ကြည်ရင်းနှီးပြီးစိတ်ဝမ်း ကွဲပြားမှုမရှိစေရန် တစုတစည်းတည်း ဆုံးမသြ၀ါဒ ပေးနိုင်ရန်လည်း ဖြစ်ပါသည်။ ကရင်လူမျိုးများသည် ရေကြည်ရာ၊ မျက်နှရာ မြန်မာပြည်သို့  ဆင်းသက်ခွဲခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ်(-အမိဘက်)၊ ဖါ๏ထါ်(အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စုမကွဲမှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်းအသိ အမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (ဖူ့ ထောဝ်မဲပါ) (ဖူ့ က်ုဆောင့်မဲပါ) စသည့်ခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။ ကရင်လူမျိုးများ သည် ကိုဘီသဲကန္တရ (Gobe Desert) အားဖြတ်သန်းရာတွင်မိုးအများဆုံး ရွာသောလဖြစ်သည့် ၀ါခေါင်လတွင် ဖြတ်သန်းလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သဲကန္တရအား ဖြတ်သန်းရာတွင် မိုးများရွာသည့်အတွက် အပူဒဏ်ခံနိုင်ခြင်း၊သောက်သုံးရေ များ အလွယ်တကူ ရရှိခြင်းတို့ ကြောင့်ဖြစ်သည်။ ထို့ သို့ သဲကန္တရ မဖြတ် သန်းမှီ တဦးနှင့်တဦး ပြန်လည်မှတ်မိကြစေ ရန် ရည်ရွယ်၍ လက်ကောက်ဝက်တွင် အမှတ်အသားအဖြစ် ချည်ဖြူဖွဲ့  နှောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။ ထို့ အပြင် ၀ါခေါင်လတွင် ကရင်လူမျိုးတို့ သည် လယ် ယာလုပ်ငန်းခွင်အတွင်သို့  ၀င်ရောက်လုပ်ကိုင်ကြသည့် အချိန် အခါဖြစ်သည့်အလျှောက် အလွန်ပင်ပန်းသဖြင့် မကောင်းဆိုးဝါးများ ပူကပ်သည့်အခါ လူ၏ခန္ဓာကိုယ်၌ရှိသော် ၀ိဉာဉ် (လိပ်ပြာ)များ လွင့်ပါး မသွားစေဘဲ၊ အစားအသောက်များများ ပိုမိုစားသုံးနိုင်ရန်ရည်ရွယ်၍ ချည်ဖြူဖွဲ့ ခြင်းပြုလုပ်ကြ သည်ဟုအယူရှိခဲ့ကြသည်။ ကရင့်ရိုးရာချည်ဖြူဖွဲ့  မင်္ဂလာပွဲတော်သည် စင်စစ်အားဖြင့် အလွန်ကောင်းမြတ်သည့်အနှစ် သာရနှင့် ရည်ရွယ်ချက်များ ပါရှိပါသည်။ ကရင်လူမျိုးသည် စိတ်ထားဖြူစင်သန့် ရှင်းပြီး ကံတရားအပေါ်အလွန်သက်ဝင် ယုံကြည်အားကိုးသော လူမျိုးတမျိုး ဖြစ်သည်နှင့်အညီ အစဉ်သဖြင့် ကံကောင်းအကြောင်းလှစေရန်နှင့် မကောင်းသည့် အကြောင်းတရားများ ကြုံတွေ့ ခံစားရခြင်းမျိုးမရှိစေရန်အတွက် မိဘဘိုးဘွားများမှ မေတ္တာပို့ သ ဆုတောင်းပထနာ ပြု ပေးခြင်းလည်း ဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုရပါလျှင် ကရင်အမျိုးသားထုအတွင်း စည်း လုံးညီညွတ်စွာဖြင့် နေထိုင်လု ပ်ရှားခြင်းကောင်းမြတ်သည့် ကိုယ်ကျင့်တရားနှင့် ပြည့်စုံရန် အားထုတ်ကြိုး ပမ်းစားခြင်း၊ မိမိ၏အမျိုသားရေးစိတ်ဓါတ် များ ယဉ်ကျေးမှုအမွေးအနှစ်များ တိုးတက် ရှင်သန်နိုးကြားစေခြင်း များကို ပြန်လည် လှစ်ဟနိုးဆွပေးသည့် ၀ါခေါင်လ ပြည့် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို အစဉ်အလာ မပျက် ကျင်းပလုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ချည်ဖြူဖွဲ့ ပွဲတော် ကျင်းပခြင်းသည် အဓိပ္ပယ်အနှစ်သာရ ပြည့်ပြည့်၀၀ရှိပါသည်။ ပွဲတော်အတွက် အသုံးပြုသည့် အဆောင်အယောင်ပစ္စ ည်းများကို သေသေချာချာ ဂဃနဏ လေ့လာကြည့်ပါက ပေါ်လွင်ထင်ရှားလှပါသည်။ ချည်ဖြူဖွဲ့ ပွဲတော်သို့  တတ်ရော က်ပါဝင် ဆင်နွဲမည် ဆိုပါလျှင်လည်း ကရင်အမျိုးသားများ၏ ၀တ်စုံကို စနစ်တကျ ၀တ်စား ဆင်ယင်ပြီးမှသာ တက်ရောက်ပါဝင် ဆင်နွဲနိုင်သည့် လေးနက်သောစည်းကမ်းချက်များ ထားရှိပါသည်။ မင်္ဂလာကျက်သရေနှင့် အတိဖြစ် သည်။ လက်ချည်မင်္ဂလာပြုလုပ်သည့် ဘိုးဘွားများသည် လင်မယားစုံ အဘိုးအဘွားဖြစ်ရပါသည်။ လက်ချည်မင်္ဂလာပြု လုပ်သည့် ဒေါင်းလန်းနှင့် အဆောင်အယောင်ပစ္စည်းများကိုလည်း မိစုံဖစုံ၊ ကာလသား၊ ကာလသမီးမှသာ ကိုင်တွယ်ချီ မခွင့်ရှိပါသည်။ မင်္ဂလာအမှုကို ပြုသဖြင့် မင်္ဂလာရှိသူ (ပြည့်စုံသူ)များသာ ကိုင်တွယ်ချီမရမည် ဟူသည့် အယူအဆ ယုံ ကြည်ချက်ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းနှင့် အဆောင်အယောင်ပစ္စည်းများ၏ အနှစ်သာရနှင့် အနက်အဓိပ္ပယ်မှာ အောက်ပါအတိုင်းဖြစ်ပြီး အဆောင်အယောင်ပစ္စည်းမှာ(၇)မျိုးဖြစ်သည်။
လက်ချည်မင်္ဂလာမပြုမှီ တစ်ရက်အလို ၀ါခေါင်လဆန်း ၁၃ ရက်နေ့ တွင် သားသမီးမြေးမြစ်များအား စုစည်းပြီး စုရပ်၌ ညီညီညာညာရောက်ရှိပါလျှင် လက်ချည်မှုကို တာဝန်ယူရသည့် အဘွားအိုသည် အိမ်၏လှေ ခါးမအား (ဃှင့်ထုင်.) ယောက်မနှင့် ညင်သာစွာရိုက်ခတ်ပြီး သားသမီး မြေမြစ်များ၏ ၀ိဉာဉ်(၀ီလာ)အား ခေါ်ယူသည်၊မနေအပ် သည့် မကောင်းသော အရပ်ဒေသတွင် မနေဘဲနေအိမ်၌ မိဘဘိုးဘွားဆွေမျိုးညီကို မောင်နှမများနှင့် အတူတကွ ပြည် လည် လာရောက်နေထိုင်ကြပါဟူ၍ ဆုံမသည်။ မိဘဘိုးဘွားများမှ လမ်းညွန် ပေးထားခဲ့သည့်အမွေးအနှစ် စည်းကမ်းစ နစ်များနှင့်အညီစုစည်းစွာ နေထိုင်လုပ်ကိုင် အကောင်းအထည်ဖေါ် သွားရန်ဖြစ်သည်။ လှေခါးမ(ဃှင့်ထုင်)ကဲ့သို့ ဖြောင့် ဖြောင့်မတ်မတ် အတိအကျ လိုက်နာလုပ်ဆောင်ကြပါ။ မိမိတို့ ၏စိတ်ဓါတ်များကို ကောင်းမြတ်သည့်နေရာ သန့် စင် သည့်နေရာ၌သာ ထားပါစသည်ဖြင့် စုစည်းချစ်ကြည်မှု၊စည်းကမ်းလိုက်နာစောင့်ထိန်းမှု၊ယဉ်ကျေးမှု အမွေအနှစ်များ အား ထိန်းသိမ်းစောင့်ရှောက်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်ထက်မြက်မှုများ ဖြစ်သည် ရှိလာရန်အတွက် သားသမီး မြေးမြစ်များဖြစ်သော လူငယ်မောင်မယ်များအား ထိန်းသိမ်းကာကွယ်မှုများနှင့် သတိပေး ဆုံးမသြ၀ါဒပြုခြင်းများ ဖြစ်ပါ သည်။ ၀ါခေါင်လပြည့်နေ့ နံနက် ချည်ဖြူဖွဲ့ မင်္ဂလာ ပြုချိန်တွင် (ကြယာစုံ) အဘိုနှင့်အဘွားမှ ဦးဆောင်၍မင်္ဂလာအမှုကို ပြုရသည်။ လက်ချည်မင်္ဂလာ ပြုရသည့် ကြီးငယ်ကျားမ မဟူ အသက်ရှည်ကာ အနာကင်းမဲ့ကြောင်း စီးပွားဥစ္စာ ရတနာများ တိုးတက်ပွားများစေကြောင်း စသည်အားဖြင့် ဆုတောင်းပတနာပြုပေးပါသည်။ စုစည်းရောက်ရှိ သည့် သားသမီး မြေးမြစ်များအား စုစုစည်းစည်းပျော်ပျော်ပါးပါးဖြင့် စားသောက်ဖွယ်ရာများနှင့် ပြုစုကျွေးမွေး ကြပါသည်။ လက်ချည်မင်္ဂလာပြုစဉ် အဆောင်အယောင်ပစ္စည်း(၇)မျိုးအား အသေအချာ အတိအကျ တွေ့  မြင်နိုင်ရန်အတွက် မင်္ဂလာပြုခံသူ၏ လက်တွင်း၌အထင်အရှား ကိုင်တွယ်စေပါသည်။ တစ်ခုချင်း၏ အနှစ်သာရ အဓိပ္ပါယ်ကို ဖေါ်ပြရှင်း လင်းပြီးဆုတောင်းခြင်းဖြစ်သည်။
ချည်ဖြူဖွဲ့ မင်္ဂလာအဆောင်အယောင်ပစ္စည်း ၇ မျိုးနှင့် ၎င်းတို့ ၏ အဓိပ္ပါယ်မှာ
၁။ ရေကြည်အေးတခွက်၊
၂။ ချည်ဖြူသုံးခင်၊
၃။ ထမင်းဆုပ် ခုနှစ်ဆုပ်၊
၎။ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊
၅။ ငှက်ပျောသီးမည့်ခုနှစ်လုံး၊
၆။ နတ်ပန်းညှိ (ဖ၀်ဝီ) ခုနှစ်ခက်၊
၇။ ကြံခုနှစ်စိပ် စသည်တို့ ဖြစ်သည်။
၁။ ရေကြည်အေး
ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။ ရေ၏စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရသည့်အရာဖြစ်သည်။ ဟောင်း နွမ်း ညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီးဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည်ပြည့်ဝစေခြင်းဖြစ်သည်။
၂။ ချည်ဖြူခင်
အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကိုဆောင်သည်၊ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင် ကာကွယ်ပြေပျောက်စေရန်အတွက်ဖြစ်သည်။ မင်္ဂလာခံသူ၏ လက်ကောက် ၀တ်အား ချည်ဖြူပတ်ချည်ရာတွင် ချည်ဖြူသည် မှုလအစသုံးခင်ရှိပြီးလက်အား သုံးပတ်ပတ်လည် သုံးထုံဖြစ် အောင် သုံးကြိမ် ချည်ရသည် သုံးကြိမ်သုံးခင်တွင် အားလုံးပေါင်းစုပါက (၃ x ၃ = ၉) ဖြစ်လာသည် အဓိပ္ပါယ်မှာ ကိုးန၀င်းကျေဆု တောင်း ပထနာပြုလိုက်ခြင်းဖြစ်ပြီး လက်ချည်သည့်ချည်ဖြူခင်အစအား ဆိပ်ဖြတ် ကာ ရေကြည်အေးတွင် နှစ်၍ လက်ကောက်ဝတ်မှ အထက်သို့  ပေါင်းလျောက်တင်ပြီး ငယ်ထိပ်သို့ တင်ပေးရ သည်။ ဆုတောင်းခြင်း၌လည်း ချည်ဖြူ ခင်ကဲ့သို့  ဆံဖြူသွားကျိုးသည်အထိ အသက်ရှည်ကာ အနာမဲ့ပါစေဟူ၍ ဖြစ်သည်။
၃။ ထမင်းဆုပ်
ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ်ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန်ရည်ရွာယ်ဖေါ်ပြခြင်းဖြစ်ပါသည်။
၎။ ကောက်ညှင်းထုပ်ဖင်ချွန်
ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ သိုးပုတ်ရန်ချက် ခဲသည်၊ ဖင်ချွန်ထုပ် စည်းထားသဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန်အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ်စုစည်း၍ ထက်မြက်ထူး ချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။
၅။ ငှက်ပျောသီး
ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်းကျနစွာဖြင့် စီး တန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ် ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာဆင်းပြီး အစွယ် အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာသီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်အထိ ခုတ်ပိုင်းဖျက်ဆီးသော် လည်း အချိန်တန်လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့် ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီးမြေးမြစ်များဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
၆။ နတ်ပန်ညိုပန်း(ဖ၀့်ဝီ๏)
နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍ ရုံဖွဲ့  မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။ ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည် ထူးခြားမှုတစ်ခုမှာလည်း ကလေးသူငယ်များ ခံစားရတတ်သော အပူဖျား၊ အပြင်းဖျားများ ဖြစ်ပေါ်ခံစားရပါလျှင် ၎င်း၏အရွယ်ကိုပွတ်ချေပြီး ရရှိသည့်သတ္တုရည်အား နမ်းဆီဖြင့်ရောစပ်ကာ အဖျားခံစားရသည့်အလေးငယ်၏ ၀မ်းဗိုက်၊ ကျောပြင်များအား သုတ် လိမ်းပေးပါက အဖျားကျပြီး ချမ်းသာရာရရှိနိုင်ပါသည်။ အထူးသဖြင့် အမြစ်တွယ်ရာအပင်အဖြစ် လန်းဆန်းနိုင်ခြင်းဖြစ် ပါသည်။ နတ်ပန်ညိုပန်း(ဖ၀့်ဝီ๏)ကဲ့သို့ ပင် ကရင်လူမျိုး များသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည်တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင်ထိန်းသိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။
၇။ ကြံ
ကြံသည် ထူးခြားသည့်ဝိသေသရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ် ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများလာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ်ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများလာနိုင်ပါသည်။ အဆစ်တိုင်းအဆစ် တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ် ချိုမြသည့် အရသာကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။
အချုပ်အားဖြင့် သားသမီးလူငယ်မောင်မယ်များ အနေနှင့် မျိုးဆက်ထိန်းသိမ်းကာကွယ်ခြင်း၊ အစွမ်းသတ္တိ တည်တံ့ခိုင်မြဲစေခြင်း၊အမျိုးသားထု တည်တံ့ခိုင်မြဲတိုးတက်ကြီးထွားစေခြင်းနှင့် ကိုယ်ကျင့်တရား ကောင်းမွန်ချိုမြစေခြင်း များကို သရုပ်ပြ သွန်သင်ဆုံမသြ၀ါဒပြုခြင်းပင်ဖြစ်ပါသည်။ ၀ါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ သည် ကရင်အမျိုးသားထုတစ် ရပ်လုံးအတွက် စည်းလုံးညီညွတ်စေမှု၊ ကိုယ်ကျင့်တရားကောင်းမွန်သန့် ရှင်းမှု၊ အစွမ်းသတ္တိနှင့် ပြည့်ဝစေမှု၊ ယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်စေရန်အ တွက် ပြန်လည် နိုးဆော်တပ်လှန့် ပေးသည့်ပွဲတော် တစ်ရပ်ဖြစ်ကာ မိသားစုအလိုက်လည်း လုပ်ဆောင်လေ့ရှိ သည့် စည်းလုံးချစ်ကြည်ရေးပွဲတော်တစ်ရပ်သာ ဖြစ်ပါသည်။ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနှင့် မည်သို့  မျှ ယှက်စပ်ဆင်နွယ်ခြင်းမရှိပါ။
ဝါခေါင်လပြည့် ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် တောင်ပေါ်၊ မြေပြန့်  ကရင်တစ်မျိုး သားလုံး၏ မင်္ဂလာရှိသော နေ့ ကြီးတနေ့ ဖြစ်ပါသည်။ ဤနေ့ သည် ကရင်မိဘဘိုးဘွားတို့ ၏ တစ်ခုတည်း သော ရိုးရာအမွေးအနှစ် ကြီးဖြစ်ပြီး ကရင်အမျိုးသားအားလုံး၏ စည်းလုံညီညွတ်ရေးကို တည်ဆောက်ပေးခဲ့ သော နေ့ ကြီးတနေ့ လည်းဖြစ်ပါ သည်။ ကရင်လူမျိုးများသည် ခေတ်ကာလအမျိုးမျိုးကို ဖြတ်သန်းကျော်လွှား ၍ အမြတ်တနိုးဖြင့် ထိန်းသိမ်းဆက်ခံလာခဲ့ သည့်နည်းတူ ယနေ့ ကာလတွင်လည်း သမိုင်းပေးတာဝန်တ ရပ်အနေဖြင့် ဆက်လက်ထိန်းသိမ်းကြရမည်မှာ ကရင်အမျိုးသားတိုင်း၏ ရှောင်လွဲမရသောတာဝန်ကြီး တရပ် ဖြစ်သည်။
ပိုးကရင်တို့ ၏ ရာသီအလိုက်ပွဲတော်များ
ပိုးကရင်အနွယ်ဝင်တို့သည် ပြာသိုလဆန်း ၁ ရက်နေ့ ကို နှစ်သစ်ကူးနေ့အဖြစ် နေရာအနှံ့  အပြား၌ ကျင်းပကြသည်။ ကောက်သီးကောက်သစ်ပေါ်ချိန်ဖြစ်သဖြင့် အချို့ ကျေးရွာဒေသများ၌ ကောက်သစ် စားပွဲ များလည်း ကျင်းပလေ့ရှိကြသည်။
ဖီ့ဗူးယော်(ဖီ့๏ူးယ၀်)ဟုခေါ်သော စပါးကိုကောင်းချီးပေးသည့် ဖွားဖွားနတ်သမီးကို ပသကြသည် လည်း ရှိသည်။ တပို့ တွဲလသို့ ရောက်သော် လယ်ယာ၊ တောင်ယာလုပ်ငန်းများ ပြီးဆုံးချိန်ဖြစ်ရာ အိုးအိမ်များပြင် ဆင်ခြင်း၊ အါသစ်တည်ဆောက်ခြင်း ပြုလလုပ်သောလဖြစ်သည်။ ထို့ နောက် အိမ်သစ်တက်မင်္ဂလာပွဲကို အကျွေးမွေးများဖြင့် ကျင်းပပြုလုပ်ကြသည်။
မိုးဦးကျခါနီး ကဆုန်လတွင် ရောဂါဘယများ ကျရောက်တတ်သည်ဟု ယုံကြည်ကြသည့်အတိုင်း ဘုရားကို ရည်စူး၍ သဲပုံစေတီတည်ကာ ဆွမ်းခွက်တထောင်၊ သောက်တော်ခွက်တထောင်၊ ပန်းပွင့် တထောင် ဖြင့် ဆွမ်းတော်တင်ကြသည်။
ဘုန်းတော်ကြီးများကို ဆွမ်းကပ်၍ တရားနာရေစက်ချခြင်း၊ ပရိတ်ရွတ်ခြင်းနှင့်သမ္မာဒေ၀နတ်ကောင်း နတ်မြတ်များအားပင့်ဖိတ်၍ တရားနာအမျှဝေခြင်း ပြုလုပ်ကြသည်။ သဲပုံစေတီပွဲတွင် မြန်မာရိုးရာလက်ဝှေ့ ပွဲ ဒုံးအကပွဲနှင့် ကရင်ရိုးရာသြပွဲကိုလည်း ပြုလုပ်ကြသည်။
ဝါခေါင်လသည် မိုးများသောလဖြစ်၍ ထမင်းစားမြိန်သောလဖြစ်ရာ မြေဖုတ်ဘီလူး၊ သရဲ၊ တစ္ဆေများ ပူးကပ် စားသောက်တတ်သည်ဟု ယုံကြည်သည့်အတိုင်း မကောင်းဆိုးဝါးများနောက်သို့ မိမိတို့ လိပ်ပြာ ပါ မသွားစေရန်လက်ရည်လိပ်ပြာခေါ်ခြင်းကိုပြုလုပ်ကြသည်။ရွာလုံးကျွတ်ခေါစာကျွေးခြင်း“ဖူ့  ပေါ”(နတ်နန်း)သို့ မဟုတ် ဘိုးဘိုးကြီးနတ် ၊ ရုက္ခစိုးနတ်များကို ပူဇော်ပသကြသည်။ ဘိုးဘိုးနတ်(နတ်နန်း)ကို တနှစ်လျှင် တကြိမ် ပူဇော် ပသရာတွင် ကြက်၊ ၀က်၊ အရက်များ ပါရသည်။ နတ်ကို စတိမျှသာကျွေးမွေးပြီး ကျန် လူကြီးလူငယ် အပျိုလူ ပျိုများက တပျော်တပါး စားသောက်ကြလေသည်။
ပြာသိုလမှ တန်ခူးလအထိ ရေအိုးစင်တည်၍ ရေအိုးစင်ပွဲတော် အလှူဒါနများကို ကျင်းပပြုလုပ်ကြသည်။ တန် ခူးလတွင် ဗုဒ္ဓဘာသာပိုးကရင်များသည် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် ဘုရားပွဲများကို စည်ကားသိုက် မြိုက်စွာ ကျင်းပကြသည်။ အထူးသဖြင့် ဆဒ္ဒန်ဂူ၊ လွန်းည၊ ရေတံခွန်၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူမှ ဘုရားပွဲတော် များမှာ စည်ကားထင်ရှားလှသည်။
တော်သလင်းလတွင် သင်္ဘောလွှတ်ပွဲတော်ကို ကျင်းပကြသည်လည်းရှိသည်။ အလျား ၁၅ပေ၊ အနံ ၆ပေခန့် ရှိ ၀ါးရာဇမတ်များဖြင့် သင်္ဘောပြုလုပ်၍ ဆွမ်းတော်တင်ကြသည်။ ဆွမ်းတော် တင်ပြီးစီးသော် ဆွမ်း တော်များကို သင်္ဘောပေါ်သို့  စွန့် ရသည်။ ပိန္နဲခွက်ဖြင့်ထည့်ထားသော ဆွမ်းတော် တထောင်၊ ၀ါးကျည်တောက် ငယ်များဖြင့် ထည့်ထားသောသောက်ရေခွက်တထောင် ပန်းတထောင် ပါရပါသည်။ နိဗ္ဗာန်ကိုရည်းစူး၍ လှူဒါန်းရာတွင် သံသရာရေလှိုင်းကို မဂ္ဂရှစ်ပါတည်းဟူသော သင်္ဘော နှင့်ကူးရန်ရည်စူးချက်အဓိပ္ပါယ်ဖြင့် သင်္ဘောလွှတ်ပွဲ ကျင်းပခြင်းဖြင်စည်။ ဤပွဲကို ရပ်ရွာများစုပေါင်း၍ ပြုလုပ်လေ့ရှိကြကြောင်း တွေ့ ရှိရပါသည်။
ရာသီပွဲများအပြင် သာရေးနာရေး အခမ်းအနားများတွင် လူမှုရေးပွဲမျာအဖြစ် ဒုံးကပွဲ၊ ကရင် ရိုးရာသြပွဲ၊ လက်ဝှေ့ ပွဲများကိုလည်း ကျင်းပပြုလုပ်ကြသည်။ ပိုးကရင်အနွယ်ဝင်များတွင် အပျော်တမ်း ရိုးရာသဘင်ပွဲ အနေဖြင့် ဒုံးအကများ၊ သြပွဲများကို ယနေ့ တိုင်အောင် ကရင်ပြည်နယ်ဒေသ အတော်များ များ၌ တွေ့ ရှိနိုင် လေသည်။
ပိုးကရင်များသည် ဂျပန်ခေတ်မတိုင်မှီအချိန်က သဘင်အဖွဲ့ များကို ရုံးသွင်းကပြဘူးသည်အထိ ရှိခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးစရှိချိန်မှစ၍ တော်လှန်ရေးအစိုးရလက်ထက်ရောက်သည်အထိ ဇာတ် သဘင်များ တခေတ်ပြန်လည်ဆန်းသစ်လာပြန်သည်။ ထို့ အပြင် ခေတ်နှင့်ရင်ဘောင်တန်းနိုင်မည့် ကရင်ခေတ် ပေါ်တေးသီချင်းများ၊ ကရင်စတူရီရိုတေးသံများ၊ ကရင်ဇာတ်လမ်းပမာများကို ယနေ့ တိုင် မျက်ဝါးဝါးထင်ထင် တွေ့ ရှိရမည်ဖြစ်ပါသည်။
ကရင်ရိုးရာ တူချ(ဆုချ)ဒုံးပွဲ
ကရင်ကျေးရွာတိုင်းတွင် လူပျိုခေါင်းဆောင်တဦးနှင့် အပျိုကောင်းတဦး ထားရှိကြ၏။ ရပ်ရေးရွာရေး မည်သည့်အမှုကိစ္စမဆို မိမိတို့ ကသာလျှင် သိုက်ဝန်းဝန်းစွာ စီစဉ်ဆောင်ရွက်ကြ၏။ တခါတရံ ရပ်ဝေးရွာများမှ အပျိုလူပျိုများ ဘုရားဖူးခရီးသွားရာတွင် ရောက်ရှိရာရွာ၌ ဧည့်သည်အဖြစ် တည်းခိုတတ်ကြပေရာ ရွာခံ အပျို လူပျိုများနှင့် ရင်းနှီးသိကျွမ်းကြစေရန် ဧည့်သည်များအား ဒုံးအကဖြင့် ဧည့်ခံလေ့ရှိသည်။ ဒုံးအဖွဲ့ ၏လူဦးရေမှာ ၁၆ ယောက်၊ ၂၄ ယောက်၊ ၃၂ ယောက် စသည်ဖြင့် သတ်မှတ်ကြ၏။ ၎င်းတို့ သည် ပြုံးရွှင်သော မျက်နှာထား လေးများဖြင့် မြူးကြွစွာ ကခုန်လေ့ရှိကြ၏။
ညဉ်ီးပိုင်းတွင် ဒုံးအကဖြင့် ဖျော်ဖြေကြရာတွင် ရွာအပြင်ရှိ လယ်တလင်းပြင်၌ ကောက်ရိုးခင်းကာ ကပြ မည့် အမျိုးသမီး အမျိုးသားများ နေရာယူကြရသည်။ စတင်မကမီ ဒုံးဆရာဖြစ်သူက ကန်တော့ပွဲကို မြှောက်၍ အခမ်းအနား ဖွင့်ပေးလေ့ရှိသည်။ ထို့ နောက် ဒုံးအဖွဲ့  စတင်ကကြတော့၏။ ရှေးခေတ်က ထင်းမီးပုံကို အလင်း ရောင်အတွက် အသုံးပြုခဲ့ကြသော်လည်း ယခုခေတ်တွင် စတောင်းကင်းမီး(ဓါတ်မီး)ကို အလင်းရောင်အတွက် အသုံးပြုကြသည်။ ဒုံးကရာတွင် သီးချင်းတပိုဒ် ပြီးဆုံးတိုင်း ခေတ္တ အနားယူလေ့ရှိ၏။ နောက်သီချင်းတပိုဒ် သီဆိုမကပြမီ စပ်ကြားတွင် “တူချ” ခေါ် “ဆုချ” အစီအစဉ်ကို ကြားညှပ်ထည့်သွင်းလေ့ရှိပါသည်။
“တူချ” ခေါ် “ဆုချ” အစီအစဉ်ဆိုသည်မှာ ဒုံးကသူများရပ်နားစဉ် ပရိတ်သတ်ထဲက တစုံတယာက် သောသူသည် ဒုံအဖွဲ့ တွင် သီချင်းဆိုတော်သူ အသံကောင်းသူအား မိမိနာမည်ကို ဖေါ်ပြီး လူဘုံအလယ်သို့  လာရောက်ကပြပါရန် ဖိတ်ခေါ်စေခြင်းပင်ဖြစ်သည်။ မိမိနာမည်ဖေါ်၍ ဖိတ်ခေါ်ပေးသူအား ဆေးလိပ်ဖြင့်လည်း ကောင်း၊ ပေးဆောင်ဆုချလေ့ရှိသည်။ ထိုသို့  ပေးဆောင်ဆုချပြီးသည်နှင့် ဆုချခြင်းခံရသူက လူဘုံအလ.်တွင် ထကာ စတင်၍ “တူချလောင်” ခေါ်ဆုချသူကို လူဘုံအလယ်သို့  လာရောက်ကပြပါရန် သီချင်းဖြင့် ဖွဲ့ နွဲ့ သီဆို ဖိတ်ခေါ်ခြင်းကို ပြုရတော့သည်။ သီဆိုဖိတ်ခေါ်ပုံမှာ -
“ခိုဆွန်နား ဆွန်နားယမိုလော် ယ၀ဲဂိ ၀ဲဂိ အမိန်ထောင်းဖေါ။ နမိန်ထောင်း မိန်ထောင်းလ်ုဘုန်းဖုံ ဂယ့်လောင်လေ့ယိုဝေ့ ယ၀ဲကျော်”
အဓိပ္ပပါယ်မှာ “နားသောတ ဆင်တော်မူကြပါ။ ကျွန်ုပ်သီဆိုဖေါ်ပြပါမည်။ ယ၀ဲဂိ အမည်ပေါ်ထွက်လာပြီးဖြစ် သည်။ သင်၏အမည်သည် ဤပွဲတွင် ဟိုးလေးတကျော် ပေါ်ထွက်နေပြီးဖြစ်သဖြင့် ကျမရှိရာ လူဘုံအလယ်သို့  ကြွခဲ့ပါလားရှင့်” ဟူ၍ ဖြစ်သည်။
သီဆိုဖိတ်ခေါ်သော “ဆုချ”သီချင်းသံနှင့်အတူ ဗုံသံ၊ ဆိုင်းသံများ တီးမှုတ်ကြရ၏။ “ဆုချ”သီချင်း တပိုင်းပြီးအတိုင်း ဆိုင်းဝိုင်းက လိုက်၍ တီးမှုတ်ကြရသည်ဖြစ်ရာ သီဆိုသူအတွက် ခေတ္တ အနားရရှိမည်ဖြစ်ပါ သည်။ ဆိုင်းဝိုင်းအဖွဲ့ တီးမှုတ်သံရပ်သွားသည်နှင့် တပြိုင်နက် နောက်ထက် “တူချလောင်”ခေါ် သီဆိုဖိတ်ခေါ် သော သီချင်းနောက်တပိုဒ်ကို ဆက်လက် သီဆိုရပြန်ပါသည်။ “ယ၀ဲဂိ”သည် ဖိတ်ခေါ်သူရှိရာ လူဘုံအလယ် သို့  ကပြီး ၀င်လာရသည်။ ဖိတ်ခေးသူက သီချင်းတပိုးပြီးတပိုဒ် သီဆိုရင်း ဆိုင်းဝိုင်းတီးမှုတ်သံနှင့်စည်းဝါးည်ီညီ “ယ၀ဲဂီ”က အမျိုးမျိုး ကပြရသည်။ ထိုသို့ ကပြနေစဉ် ဖိတ်ခေါ်သူက အမျိုးမျိုးချီးမွမ်းထုတ်၍ သိချင်းတပိုင်ဒ်ပြီး တပိုဒ် သီဆိုသွိားရပါသည်။ ပရိသတ်များကလည်း လေချွန်သံ၊ သြဘာပေးသံတို့ ဖြင့် ဆူညံ၍ နေတော့၏။ ထို့  နည်းတူစွာ ကျန်ဆုချသူများ လေးငါးယောက်အား အထက်ပါအတိုင်း ဆက်လက်ဖိတ်ခေါ်ကာ တယောက်ပြီး ဆုံးလျှင် နောက်ထပ်တယောက်က ဆက်လက်ကပြရ၏။ ဒုံးတပိုဒ်ကပြီးတိုင်း ဤကဲ့သို့  ဆုချခြင်းအစီအစဉ်ကို ပြုလုပ်လေ့ရှိကြသည်။
အရိုးကောက်ပွဲများတွင် ဒုံးအဖွဲ့ ပထမသီချင်းတပိုဒ် သီဆိုကပြပြီးသော် ဆုချခြင်းအစီအစဉ်စတင်ရာ တွင် ရှေးဦးစွာ သေဆုံးသူ၏အမည်ကို ခေါ်၍ ဆုချခြင်းဖြင့် ဖိတ်ခေါ်သီဆိုရ၏။ ထို သို့ ဖိတ်ခေါ်ခြင်းသည် သေ ဆုံးသူကို ပြန်လည်သတိရအောက်မေံသော ရည်ရွယ်ချက်ပင်ဖြစ်ပါသည်။
မန်းလင်းမြတ်ကျော်ရေး ကရင်ရိုးရာသုတပဒေသာစာအုပ်မှ
သံဃသြ၀ါ ဒါစရိယဆရာတော်များ
၁၃၃၁ ခုနှစ် ဇွဲကပင်ဆံတော်ရှင်စေတီတော် သံဃသြ၀ါ ဒါစရိယဆရာတော်များ
ဖါးအံမြို့ နယ် တော်ပုံရွာ အင်ကြင်းဖိုကျောင်း၌ သက္ကရာဇ် ၁၂၃၃ ခုနှစ် ပြာသိုလဆန်း ၉ ရက်နေ့ ၊ နေ့ လယ် ၁ နာရီ အချိန်တွင် ဇွဲကပင်ဆံတော်ရှင်စေတီတော် သံဃသြ၀ါဒါစရိယဆရာတော်များအဖွဲ့ ၏ နှစ်ပတ်လည်ညီလာခံက အောက်ပါဆရာတော်များအား သံဃသြ၀ါ ဒါစရိယဆရာတော်များအဖြစ် ၁၃၃၁ ခုနှစ်အတွက် အများသဘောတူ ဖွဲ့  စည်းလိုက်ပါသည်။
နာယက ဆရာတော်များ
၁။ နောင်လုံဈေးတန်းကျောင်း ဆရာတော်၊
၂။ လှိုင်ကမ္ဘာကျောင်း ဆရာတော်၊
၃။ မဲဘောင်ကျောင်း ဆရာတော်၊
ဥက္ကဌ ဆရာတော်
၁။ အထက်ရေတံခွန်ကျောင်း ဆရာတော်၊
၂။ ထန်းတပင်ကျောင်း ဆရာတော်၊
အတွင်းရေးမှူး ဆရာတော်
၁။ ကော့ဒန် သာသနာ့ရက္ခိတကျောင်း ဆရာတော် ဦးဇာဂရ၊
၂။ ကော့ကသောင်ကျောင်း ဆရာတော်၊
အမှုဆောင် ဆရာတော်များ
၁။ အိန္ဒုမွန်ကျောင်း ဆရာတော်၊
၂။ မြပေကျောင်း ဆရာတော်၊
၃။ ခလောက်နို့ ကျောင်းသစ် ဆရာတော်၊
၎။ နောင်းထွတ်ဒီးကျောင်း ဆရာတော်၊
၅။ ကော့ခမိတ်ကျောင်း ဆရာတော်၊
၆။ ဘုရားလုံကျောင်း ဆရာတော်၊
၇။ အောက်ရေတံခွန်ကျောင်း ဆရာတော်၊
၈။ အင်ကြင်းဖိုကျောင်း ဆရာတော်၊
၉။ တောင်စွန်းကျောင်း ဆရတော်၊
၁၀။ ကော့ဒေါင်းမယ်ကျောင်း ဆရာတော်၊
၁၁။ ထော်ဝိကျောင်း ဆရာတော်၊
၁၂။ ရွာသစ်တိုက်ကျောင်း ဆရတော်၊
၁၃။ ပအို့ ကော့ကျိုက်ကျောင်း ဆရာတော်၊
၁၄။ နောင်ဘိုတောရကျောင်း ဆရတော်၊
၁၅။ ရွှေဘိုကျောင်း ဆရာတော်၊
၁၆။ လေသာကျောင်း ဆရာတော်တို့ ဖြစ်သည်။
၁၃၃၀ – ၁ ခုနှစ် လူပုဂ္ဂိုလ်များ ပါဝင်ဖွဲ့ စည်းသော ဂေါပကအဖွဲ့ ဝင် များ အောက်ပါအတိုင်းဖြစ်သည်–
ဥက္ကဌများ
၁။ ဒေါက်တာ စောလှထွန်း (ပြည်နယ်ဥက္ကဌ)
၂။ ဦးမောင်သိန်း၊ တော်ပုံရွာ။
၃။ ဦးအောင်ဗလ၊ ခလောက်နို့ နိုင်းကြာရွာ။
အတွင်းရေးမှူး
၁။ ဦးသန်းမောင် ၊ ဖါးအံ။
၂။ ဦးစံဝင်း၊ ကော့ထံမလိမ်းရွာ။
၃။ ဦးတိတ်၊ ခလောက်နို့ အုန်းတပင်ရွာ။
ဘဏ္ဍာထိန်း
၁။ ဦးအုန်းဆိုင် ၊ ဖါးအံ။
စာရင်းစစ်
၁။ ဦးဘရှင် ၊ ဖါးအံ။
အမှုဆောင်လူကြီးများ
၁။ ဦးခွေး ၊ ဖါးအံ။
၂။ ဦးအုန်းမောင် ၊ ဖါးအံ။
၃။ ဦးသံချောင်း ၊ ဖါးအံ။
၎။ ဦးစံအေး ၊ ကောလှိုင်းရွာ။
၅။ ဦးအောင်ခင်ညွန့်  ၊ တော်ပုံရွာ။
၆။ ဦးကျော်ဟိုး ကော့ဒန်ရွာ။
၇။ ဦးလူ ကော့ဒန်ရွာ။
၈။ ဦးရွှေဝေါ် ကော့ဒန်ရွာ။
၉။ ဦးပန်းထုံး ကော့တရုတ်ရွာ။
၁၀။ ဦးထွန်းရင်ဖေါ် ခလောက်နှိုင်းရွာ။
၁၁။ ဦးသြကန် ကော့ဒေါင်းမယ်ရွာ။
၁၂။ ဦးခလိုက် ကော့ဒေါင်းမယ်ရွာ။
၁၃။ ဦးကြာဆန်း ကော့မူနှုတ်ရွာ
၁၄။ ဦးပွဲကြီး ကော့မူနှုတ်ရွာ။
၁၅။ ဦးစိန်ခို ကော့နန်းသာရွာ။
၁၆။ ဦးရင်ထွန်းခင် ကော့နန်းသာရွာ။
၁၇။ ဦးတိုင်မွှေး ကော့ထံမလိမ်းရွာ။
၁၈။ ဦးဆန်နှစ် တရုတ်လှရွာ။
၁၉။ ဦးအောင် ကော့ကျိုက်ရွာ။
၂၀။ ဦးသာပါ ပိုင်ရမ်းရွာ။
၂၁။ ဦးနေဂျာ ဒုံသိုရွာ။
၂၂။ ဦးစောမေင် (ခေါ်) ဦးကွန်ဖရိုး ထုံးအိုင်အောက်ရွာ။
၂၃။ ဦးအဘိ ကော့မှုတာရွာ။
၂၄။ ဦးနှုတ်ခမ်းမွှေး၊ ကမော့ကစင်ရွာသစ်။
၂၅။ ဦးမြသန်း ၀င်ကျံရွာ။
၂၆။ ဦးရာပေ့ အုန်းတပင်ရွာ။
၂၇။ ဦးချစ်လှိုင် နိုင်းကြာရွာ။
၂၈။ ဦးလှကြုံ ကော့ကသောင်ရွာ။
၂၉။ နဲာကျော်ကျော့၊ လက္ခဏာရွာ။
၃၀။ ဦးမောင်ဆင်၊ ကော့ခမိတ်ရွာ။
၃၁။ ဦးကုလားကြီး၊ အန္ဒုရွာ။
၃၂။ ဦးနဲာကျေးမောင်၊ မြပေရွာ။
၃၃။ ဦးလွန်းခင်၊ မြပေရွာ။
၃၄။ ဦးငို၊ မြပေရွာ။
၃၅။ ဦးရင်မောင်၊ သစ်ချရွာ တို့ ဖြစ်သည်။