วันพฤหัสบดีที่ 12 เมษายน พ.ศ. 2555

ကရင်ရိုးရာ တူချ(ဆုချ)ဒုံးပွဲ

ကရင်ကျေးရွာတိုင်းတွင် လူပျိုခေါင်းဆောင်တဦးနှင့် အပျိုကောင်းတဦး ထားရှိကြ၏။ ရပ်ရေးရွာရေး မည်သည့်အမှုကိစ္စမဆို မိမိတို့ ကသာလျှင် သိုက်ဝန်းဝန်းစွာ စီစဉ်ဆောင်ရွက်ကြ၏။ တခါတရံ ရပ်ဝေးရွာများမှ အပျိုလူပျိုများ ဘုရားဖူးခရီးသွားရာတွင် ရောက်ရှိရာရွာ၌ ဧည့်သည်အဖြစ် တည်းခိုတတ်ကြပေရာ ရွာခံ အပျို လူပျိုများနှင့် ရင်းနှီးသိကျွမ်းကြစေရန် ဧည့်သည်များအား ဒုံးအကဖြင့် ဧည့်ခံလေ့ရှိသည်။ ဒုံးအဖွဲ့ ၏လူဦးရေမှာ ၁၆ ယောက်၊ ၂၄ ယောက်၊ ၃၂ ယောက် စသည်ဖြင့် သတ်မှတ်ကြ၏။ ၎င်းတို့ သည် ပြုံးရွှင်သော မျက်နှာထား လေးများဖြင့် မြူးကြွစွာ ကခုန်လေ့ရှိကြ၏။

ညဉ်ီးပိုင်းတွင် ဒုံးအကဖြင့် ဖျော်ဖြေကြရာတွင် ရွာအပြင်ရှိ လယ်တလင်းပြင်၌ ကောက်ရိုးခင်းကာ ကပြ မည့် အမျိုးသမီး အမျိုးသားများ နေရာယူကြရသည်။ စတင်မကမီ ဒုံးဆရာဖြစ်သူက ကန်တော့ပွဲကို မြှောက်၍ အခမ်းအနား ဖွင့်ပေးလေ့ရှိသည်။ ထို့ နောက် ဒုံးအဖွဲ့  စတင်ကကြတော့၏။ ရှေးခေတ်က ထင်းမီးပုံကို အလင်း ရောင်အတွက် အသုံးပြုခဲ့ကြသော်လည်း ယခုခေတ်တွင် စတောင်းကင်းမီး(ဓါတ်မီး)ကို အလင်းရောင်အတွက် အသုံးပြုကြသည်။ ဒုံးကရာတွင် သီးချင်းတပိုဒ် ပြီးဆုံးတိုင်း ခေတ္တ အနားယူလေ့ရှိ၏။ နောက်သီချင်းတပိုဒ် သီဆိုမကပြမီ စပ်ကြားတွင် “တူချ” ခေါ် “ဆုချ” အစီအစဉ်ကို ကြားညှပ်ထည့်သွင်းလေ့ရှိပါသည်။

“တူချ” ခေါ် “ဆုချ” အစီအစဉ်ဆိုသည်မှာ ဒုံးကသူများရပ်နားစဉ် ပရိတ်သတ်ထဲက တစုံတယာက် သောသူသည် ဒုံအဖွဲ့ တွင် သီချင်းဆိုတော်သူ အသံကောင်းသူအား မိမိနာမည်ကို ဖေါ်ပြီး လူဘုံအလယ်သို့  လာရောက်ကပြပါရန် ဖိတ်ခေါ်စေခြင်းပင်ဖြစ်သည်။ မိမိနာမည်ဖေါ်၍ ဖိတ်ခေါ်ပေးသူအား ဆေးလိပ်ဖြင့်လည်း ကောင်း၊ ပေးဆောင်ဆုချလေ့ရှိသည်။ ထိုသို့  ပေးဆောင်ဆုချပြီးသည်နှင့် ဆုချခြင်းခံရသူက လူဘုံအလ.်တွင် ထကာ စတင်၍ “တူချလောင်” ခေါ်ဆုချသူကို လူဘုံအလယ်သို့  လာရောက်ကပြပါရန် သီချင်းဖြင့် ဖွဲ့ နွဲ့ သီဆို ဖိတ်ခေါ်ခြင်းကို ပြုရတော့သည်။ သီဆိုဖိတ်ခေါ်ပုံမှာ -

“ခိုဆွန်နား ဆွန်နားယမိုလော် ယ၀ဲဂိ ၀ဲဂိ အမိန်ထောင်းဖေါ။ နမိန်ထောင်း မိန်ထောင်းလ်ုဘုန်းဖုံ ဂယ့်လောင်လေ့ယိုဝေ့ ယ၀ဲကျော်”

အဓိပ္ပပါယ်မှာ “နားသောတ ဆင်တော်မူကြပါ။ ကျွန်ုပ်သီဆိုဖေါ်ပြပါမည်။ ယ၀ဲဂိ အမည်ပေါ်ထွက်လာပြီးဖြစ် သည်။ သင်၏အမည်သည် ဤပွဲတွင် ဟိုးလေးတကျော် ပေါ်ထွက်နေပြီးဖြစ်သဖြင့် ကျမရှိရာ လူဘုံအလယ်သို့  ကြွခဲ့ပါလားရှင့်” ဟူ၍ ဖြစ်သည်။

သီဆိုဖိတ်ခေါ်သော “ဆုချ”သီချင်းသံနှင့်အတူ ဗုံသံ၊ ဆိုင်းသံများ တီးမှုတ်ကြရ၏။ “ဆုချ”သီချင်း တပိုင်းပြီးအတိုင်း ဆိုင်းဝိုင်းက လိုက်၍ တီးမှုတ်ကြရသည်ဖြစ်ရာ သီဆိုသူအတွက် ခေတ္တ အနားရရှိမည်ဖြစ်ပါ သည်။ ဆိုင်းဝိုင်းအဖွဲ့ တီးမှုတ်သံရပ်သွားသည်နှင့် တပြိုင်နက် နောက်ထက် “တူချလောင်”ခေါ် သီဆိုဖိတ်ခေါ် သော သီချင်းနောက်တပိုဒ်ကို ဆက်လက် သီဆိုရပြန်ပါသည်။ “ယ၀ဲဂိ”သည် ဖိတ်ခေါ်သူရှိရာ လူဘုံအလယ် သို့  ကပြီး ၀င်လာရသည်။ ဖိတ်ခေးသူက သီချင်းတပိုးပြီးတပိုဒ် သီဆိုရင်း ဆိုင်းဝိုင်းတီးမှုတ်သံနှင့်စည်းဝါးည်ီညီ “ယ၀ဲဂီ”က အမျိုးမျိုး ကပြရသည်။ ထိုသို့ ကပြနေစဉ် ဖိတ်ခေါ်သူက အမျိုးမျိုးချီးမွမ်းထုတ်၍ သိချင်းတပိုင်ဒ်ပြီး တပိုဒ် သီဆိုသွိားရပါသည်။ ပရိသတ်များကလည်း လေချွန်သံ၊ သြဘာပေးသံတို့ ဖြင့် ဆူညံ၍ နေတော့၏။ ထို့  နည်းတူစွာ ကျန်ဆုချသူများ လေးငါးယောက်အား အထက်ပါအတိုင်း ဆက်လက်ဖိတ်ခေါ်ကာ တယောက်ပြီး ဆုံးလျှင် နောက်ထပ်တယောက်က ဆက်လက်ကပြရ၏။ ဒုံးတပိုဒ်ကပြီးတိုင်း ဤကဲ့သို့  ဆုချခြင်းအစီအစဉ်ကို ပြုလုပ်လေ့ရှိကြသည်။

အရိုးကောက်ပွဲများတွင် ဒုံးအဖွဲ့ ပထမသီချင်းတပိုဒ် သီဆိုကပြပြီးသော် ဆုချခြင်းအစီအစဉ်စတင်ရာ တွင် ရှေးဦးစွာ သေဆုံးသူ၏အမည်ကို ခေါ်၍ ဆုချခြင်းဖြင့် ဖိတ်ခေါ်သီဆိုရ၏။ ထို သို့ ဖိတ်ခေါ်ခြင်းသည် သေ ဆုံးသူကို ပြန်လည်သတိရအောက်မေံသော ရည်ရွယ်ချက်ပင်ဖြစ်ပါသည်။

မန်းလင်းမြတ်ကျော်ရေး ကရင်ရိုးရာသုတပဒေသာစာအုပ်မှ

0 ความคิดเห็น:

แสดงความคิดเห็น