วันจันทร์ที่ 9 มกราคม พ.ศ. 2555
ကိုယ်ပိုင်ဂြိုဟ်တု လမ်းညွှန်စနစ် တရုတ်တို့ စသုံး
The Voice Weekly — အမေရိကန် ပြည်ထောင်စု၏ အရပ်မျက်နှာ ညွှန်ပြ ပေးသော GPS ဂြိုဟ်တု လမ်းညွှန်စနစ်နှင့် အပြိုင် တရုတ် နိုင်ငံ၏ ကမ္ဘာလုံး ဆိုင်ရာ အရပ်မျက်နှာ ညွှန်ပြ ပေးမည့် Beido စနစ်ကို တရုတ်နိုင်ငံနှင့် အနီး ပတ်ဝန်းကျင် နိုင်ငံများတွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းThe Wall Street Journal တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏Baido ဂြိုဟ်တု လမ်းညျွန် စနစ်အနေနှင့် ကမ္ဘာမြေပေါ်ရှိ အရပ်မျက်နှာ တည်နေရာများ၊ ဆက်သွယ်ရေး လမ်းကြောင်းများနှင့် အချိန်နာရီများကို ဖော်ပြ ပေးနိုင်ကြောင်း တရုတ်ဂြိုဟ်တု လမ်းညွှန်စနစ် ဒါရိုက်တာ Ran Chengqi က ပြောကြားသွားသည်။ တရုတ်ဂြိုဟ်တုလမ်းညွှန်စနစ်ကို မည်သည့် လုပ်ငန်း နယ်ပယ်တွင် အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း Ran Chengqi တိကျစွာ ဖော်ပြ မသွားသော်လည်း အဆိုပါလမ်းညွှန်စနစ်ကို တရုတ်ကုမ္ဗဏီများသာမက နိုင်ငံခြားကုမ္ဗဏီများပါ သုတေသန လုပ်ငန်း လုပ်ဆောင်ရန်နှင့် ဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အသုံးပြုနိုင်မည်ဖြစ် ကြောင်း၎င်းက ဆက်လက် ပြောကြားသည်။
တရုတ်Baido ဂြိုဟ်တုလမ်းညွှန်စနစ်ကို အာရှပစိဖိတ်ဒေသတစ်ခွင်လုံးအတွင်း ၂ဝ၁၂ အကုန်ပိုင်းတွင်စတင် အသုံးပြုနိုင်မည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ အသုံးပြုနိုင်မည်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စစ်တပ်အနေနှင့် အမေရိကန်မှ တီထွင်အသုံးပြုလျက်ရှိသော ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် GPS အပေါ် တည်နေရာညွှန်ပြနိုင်ရေးနှင့်ပတ်သက်၍ အလွန်အမင်း မှီခိုနေရခြင်းအတွက် စိုးရိမ်ပူပန် လျက်ရှိသည်။
ဒေသတွင်း ပဋိပက္ခများ ဖြစ်ပေါ်ချိန်တွင် အမေရိကန်စစ်တပ်အား အဆိုပါGPS စနစ် ရပ်ဆိုင်းလိုက်မည်ကို နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု များကြောင့် တည်နေရာပြGPS စနစ် ရုတ်တရက် ရပ်ဆိုင်း သွားမည်ကို စိုးရိမ် သောကြောင့် တရုတ်နိုင်ငံက ကိုယ်ပိုင် ဂြိုဟ်တု လမ်းညွှန်စနစ် အသုံးပြုခြင်း ဖြစ်သည်။
The Voice Weekly
สมัครสมาชิก:
ส่งความคิดเห็น (Atom)

0 ความคิดเห็น:
แสดงความคิดเห็น