วันจันทร์ที่ 9 มกราคม พ.ศ. 2555

၂၀၁၂ ခုနှစ်တွင်း ကမ္ဘာတလွှားစောင့်ကြည့် ရမည့် အကြောင်းအရာ ခြောက်ခုတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်


ပြည်မြန်မာ — ကမ္ဘာတစ်လွှားတွင် ၂၀၁၂ ခုနှစ်အတွင်း စောင့်ကြည့်ရမည့်ထင်ရှားသော အကြောင်းအရာခြောက်ခုကို The Sunday Tribune Spectrum က ဖော်ပြခဲ့ရာ မြန်မာနိုင်ငံမှ NLD ပါတီ ဒုတိယခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သောကြောင့် ၄-၁-၂၀၁၂ ရက်က သိရသည်။

အဆိုပါ သတင်းဌာန၏ www.tribuneindia.com တွင် ဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် အတူ နာမည်ကျော်ပုဂ္ဂိုလ်အဖြစ် ပါဝင်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကြားဖြတ်ရွေးကောက် ပွဲ ပြန်ဝင် လာခဲ့ခြင်းကို စောင့်ကြည့်ရ မည့်အကြောင်းအရာတစ်ခုအဖြစ် ဖော်ပြခြင်းခံရကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိစ္စကို နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခြင်းဟူသော ပုံစံဖြင့် ရွေးချယ်ဖော်ပြကြခြင်းဖြစ်ကာ သူကဲ့သို့ပင် ပါကစ္စတန် မှ Imran Khan က နိုင်ငံရေးလောကအတွင်းသို့ဝင်ရောက်လာခြင်း ကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။
World Watch ၂၀၁၂ သတင်းဌာန၏ ၂၀၁၂အတွင်း အလေးထားစောင့်ကြည့်ရမည့် ကိစ္စများတွင် ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲ ဝေဖန်ခံနေရမှုကိစ္စ၊ ဥရောပ၏ စီးပွားရေးနှင့် ငွေကြေးအကျပ်အတည်းကိစ္စကို ၂၀၁၂တွင် မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်းဆိုသည့်ကိစ္စ၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ၂၀၁၂ ရွေးကောက်ပွဲနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စောင့်ကြည့်နေမှုကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကြားဖြတ်ရွေးကောက်ပွဲနှင့် လွှတ်တော်အတွင်းသို့ဝင်ရောက်မည့်ကိစ္စ၊ အိန္ဒိယနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လေကြောင်းပြင်ဆင်မှုကိစ္စနှင့် ပါကစ္စတန်မှ Imran Khan ၏ နိုင်ငံရေးပြောင်းလဲရမည့်အနေအထားကို ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ယင်းအကြောင်းအရာများအားလုံးသည် ၂၀၁၂ ခုနှစ်အတွင်း အထူးစောင့်ကြည့်ရမည့် ပြောင်းလဲသွားနိုင်ဖွယ်ရာဖြစ်သောကိစ္စမျာဖြစ်သည်ဟု ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၂ နိုင်ငံရေးအလားအလာမှာ ပို၍စိတ်ဝင်စားဖွယ်ရာ ကောင်းနေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲသည် ဧပြီလ ၁ ရက်တွင် ကျင်းပမည်ဟု မြန်မာနိုင်ငံက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

အေ၀ိုင်အီး ( ပြည်မြန်မာ ဂျာနယ် )

0 ความคิดเห็น:

แสดงความคิดเห็น