วันพุธที่ 4 มกราคม พ.ศ. 2555

ယခင် ဗင်နီဇွဲလား အလှမယ် ရင်သားကင်ဆာဖြင့် ကွယ်လွန်ခြင်း

၂၀၀၁ ခုနှစ် မယ်စကြဝဠာ ရွေးပွဲတွင် အီဗာ အက်ခ်ဗား ဝင်ရောက်ယှဉ်ပြိုင်စဉ်
ယခင် ဗင်နီဇွဲလား အလှမယ် အီဗာ အက်ခ်ဗား (Eva Ekvall) သည် စနေနေ့ (၁၇.၁၂.၂၀၁၁) တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ (Houston)တွင် ရင်သားကင်ဆာဖြင့် ကွယ်လွန်သွားကြောင်း ဗင်နီဇွဲလား ရုပ်သံဌာန “ဂလိုဘိုဗွီးရှင်း” (Globovision) မှ ကြေညာသည်။

၂၀၁၀ ခုနှစ်တွင် ကင်ဆာရောဂါ ဖြစ်နေကြောင်း သိရှိရပြီး နောက်တွင် သူမသည် ကင်ဆာရောဂါနှင့် ပတ်သက်၍ လူများ သတိထားအာရုံစိုက်မှု တိုးများလာစေရန် လုပ်ဆောင်ခဲ့သည်။ အီဗာ အက်ခ်ဗား (Eva Ekvall) သည် ၂၀၀၀ခုနှစ်တွင် ဗင်နီဇွဲလား အလှမယ်ဘွဲ့ (Miss Venezuela) ဆွတ်ခူးခဲ့ပြီး ၂၀၀၁ခုနှစ် မယ်စကြာဝဠာ ရွေးပွဲတွင် တတိယ ရခဲ့သည်။
ဗီနီဇွဲလားနိုင်ငံ၏ မြို့တော် ကရားကတ်စ် (Caracas) တွင် အခြေစိုက်သော စေးနို့စ်စာယူးဒါ (SenosAyuda) အဖွဲ့က သူတို့၏ ဝက်ဘ်ဆိုက် (website) ပေါ်တွင် အက်ခ်ဗား (Ekvall) ၏ လုပ်ဆောင်ချက်များအား အသိအမှတ်ပြု၊ ဂုဏ်ပြုထားသည်။ စေးနို့စ်စာယူးဒါ (SenosAyuda) သည် ကင်ဆာရောဂါ အကြောင်းလူများ သတိထားအာရုံစိုက်မှု တိုးများလာစေရန် ပညာပေးဆောင်ရွက်သော အဖွဲ့အစည်း တစ်ခုဖြစ်သည်။
ကင်ဆာဆေး အကျိုးဆက်အဖြစ် ဆံပင်များကျွတ်နေသော ယခင် ဗင်နီးဇွဲလား အလှမယ် အီဗာ အက်ခ်ဗား
ကွယ်လွန်သွားသော အလှမယ် အီဗာ အက်ခ်ဗား (Eva Ekvall) တွင် ခင်ပွန်း၊ သမီး၊ မိဘနှစ်ပါးနှင့် မောင်တစ်ယောက် ကျန်ရစ်သည်။

0 ความคิดเห็น:

แสดงความคิดเห็น