ကမ္ဘာပျက် ဟောကိန်း တစ်ပတ်ပြန်ကျော့လာပြီးလား။ ဒုတိယ ကျောက်စာ တွေ့ရှိရသည်ဟု “အေဘီစီ” သတင်းဌာနမှ အစီရင်ခံသည်။
မိုင်ယာ လူမျိုးတို့က ကမ္ဘာပျက်မည့်ရက်ဟု ကြိုတင်ဟောကိန်း ထုတ်ထားသည်ဟု အချို့လူများ ယုံကြည်ကြသော ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်သို့ ရောက်ရန် ရက်သတ္တပတ် ၅၂ ပတ်သာ လိုတော့သည်။
ယခင် ကမ္ဘာပျက်ဟောကိန်းအား ယုံကြည်သူများက အရေးပေါ်ပစ္စည်းများ အသင့်ပြင်ထားသကဲ့သို့ မဟုတ်ဘဲ၊ မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းတွင် ကျန်သည့် တစ်နှစ်ခန့် အချိန်အတွင်း ပွဲများကျင်းပကြမည် ဖြစ်သည်။
မက္ကဆီကို၏ ခရီးသွားလုပ်ငန်းဌာနမှ လာမည့် ၂၀၁၂ ခုနှစ်အတွင်း ချီယားပါ့စ် (Chiapas)၊ ယူကာတန်း (Yucatán)၊ ကင်တာနာ ရိုး (Quintana Roo) နှင့် ကမ်ပေချေ (Campeche) ဒေသများသို့သာ လာသော ခရီးသွား အရေအတွက် ၅၂ သန်း ရှိမည်ဟု မျှော်လင့်ကြသည်။ သာမန်အားဖြင့် မက္ကဆီကို တစ်နိုင်ငံလုံးတွင် တစ်နှစ်အတွင်း ခရီးသွား ၂၂ သန်းသာ ရောက်ရှိကြသည်။
“ကမ္ဘာပျက်မည်မဟုတ်ဘဲ ခေတ်တစ်ခု ကုန်ဆုံးသွားခြင်းသာ ဖြစ်သည်။” “ကျွန်မတို့အတွက်ကတော့ အနာဂတ်ကို မျှော်လင့်စရာပါ” ဟု ကင်တာနာရူး (Quintana Roo) ပြည်နယ်၊ ကန်ကွန်း (Cancún) မြို့ရှိ ခရီးသွားလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ယေအာနက် ဆာလ်ဒို (Yeanet Zaldo) က ပြောသည်။
ဂွာတီမာလာနယ်စပ်ရှိ ချီယားပါ့စ် (Chiapas) ပြည်နယ်၊ တာပါချူးလာ (Tapachula) မြို့တွင် ကမ္ဘာပျက်မည်ဟု ယုံကြည်ရသော နေ့မတိုင်မီ တစ်နှစ်တိတိမှစ၍ ကျန်သောအချိန်အား ရေတွက်ရန် မြို့၏အဓိက ပန်းခြံတွင် ၈ ပေ ကျယ်သော ဒစ်ဂျစ်တယ်နာရီ ထားရှိမည် ဖြစ်သည်။
ပလိုင်ယာ ဒဲလ် ကားမဲန် (Playa Del Carmen) တွင်တွေ့ရသော မိုင်ယာအမျိုးသား ရုပ်တု
မိုင်ယာ လူမှုအဖွဲ့အစည်းသည် ခရစ်နှစ် ၃၀၀ မှ ၉၀၀ အချိန်အတွင်းတွင် ဖွံ့ဖြိုးမှု အမြင့်ဆုံးသို့ ရောက်ခဲ့သည်။ ကမ္ဘာပျက်ဟောကိန်းအား ယုံကြည်သူများ တင်ထားသော ဝက်ဘ်ဆိုက် နှင့် ဘလော့ဂ်များ အင်တာနက်ပေါ်တွင် အရေအတွက် သိန်းနှင့်ချီ၍ ရှိသည်။
အချို့သူများကလည်း “Y2K” ထိတ်လန့်မှုမှာကဲ့သို့ မည်သည့်ထူးခြားချက် မရှိဘဲ ထိုအချိန်အား ကုန်လွန်သွားမည်ဟု ပြောကြသည်။
အမေရိကန်ပြည်ထောင်စု၊ နယူး မက္ကဆီကို ပြည်နယ်၊ အာလ်ဘူကေးရ်ကေ (Albuquerque) မြို့မှ ဂျိုနီ ချန်နယ်လ် (Jonnie Channell) ကမူ ကမ္ဘာပျက်ဟောကိန်းနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု လုပ်ထားရမည်ဟု ဆိုသည်။ ကမ္ဘာပျက်မည့်အတွက် မဟုတ်ဘဲ မိုင်ယာ (Maya) ယဉ်ကျေးမှုထွန်းကားခဲ့သော နေရာများသို့ ရောက်ရှိလာမည့် ခရီးသွားများ နေထိုင်စရာ ကြိုတင်ပြင်ဆင်ထားရန် လိုသည်ဟု ပြောသည်။
วันพุธที่ 4 มกราคม พ.ศ. 2555
ကမ္ဘာပျက်မည့် အချိန်အား မက္ကဆီကိုနိုင်ငံရှိ မိုင်ယာတို့၏ ဒေသတွင် စတင်ရေတွက်နေခြင်း
สมัครสมาชิก:
ส่งความคิดเห็น (Atom)


0 ความคิดเห็น:
แสดงความคิดเห็น