วันอาทิตย์ที่ 27 กุมภาพันธ์ พ.ศ. 2554

အနုမြူဗုံးရဲ့အနိဋ္ဌာရုံကို လှမ်းကြည့်ခြင်း

အနုမြူဗုံးရဲ့အနိဋ္ဌာရုံကို လက်ရှိကမ္ဘာ့လူသားများအတွက် သင်ခန်းစာယူနိုင်ပါစေ။

အပြည့်အစုံသို့...

ဏဲဖိုင်သာ တ်ာအုခေါဟ်

တင်ဆ်ုမာဆာၟ ကူလီက်ုလုံ့ဆ်ုမာဏှ် ထံင်ကဲထင်း ဟ်ုစဃွှာလ်ုဆင့် ဏဲဖိုင်သာ တဲာအ်ုခေါဟ်ကဲထင်းဝေ့ဍး
အ်ုလင်ၟအှ်ဆေ၀်ၟလှ်။ မွဲာ္ဘေ့ဏှ်သိုဝ်ဏဲဖိုင်သာ တ်ာအုခေါဟ်သီးယိုဝ်္ဘေ့သှေ်သိုဝ်လ္ဘဲးအင်းစာယောဝ်္ဘးဝေ့ဆေ၀်ၟလှ်။ ဆိက်ဖေါဟ်ဆာၟလ်ုဟှာဏှ် အာဏာအှ်္ဘေ့ ဟြစ်တ်ုလာဋ္ဋလ်ုဟှာသိုဝ် ဆိက်ဖေါဟ်ဆာၟသီးအ်ုဟှင်ၟမွဲာဝေ့ ဏဲဖိုင်သာ
တ်ာအုခေါဟ် ဟ်ုလ၀်မ်ုသှေ် ဝေ့ဟှး ……ကူၟဗႝိက်ခါန်ၟခါ်(ကုန်သည်) ဆာၟလ်ုဟှာဏှ်္ဘေ့နာန်ၟယေန်ၟ၀ံင် ချြာချီဋ္ဋဋ္ဋသိုဝ်
ကူၟဗႝိက ္ခါန္ၟခါဆာၟလု္ဟွာ တ်ာအုခေါဟ် ဏဲဖိုင်သာ ဟ်ုလ၀်မ်ုသှေ်ဟှး….


အ်ုသီးလ်ုစံင်းဏှ် အှ်ဝေ့ဍးအ်ုလင်ၟဍေအ်ုဆုက်ဆုက်ဏှ်တာၟ ဏဲဖိုင်သာ တ်ာအုခေါဟ်လာၟဏင့်သီးကိုဝ်ဟှာဍေ
လုက်ခႜာအ်ုဟှင်ၟ မ်ုကဲထင်းဝေ့ဍး ဏဲဖိုင်သာတ်ာအုခေါဟ်ဏှ် မွဲာအေးလှ်။ ဏဲဖိုင်သာတ်ာအုခေါဟ် ဟ်ုလ၀်ဆ်ုဏှ်
မွဲာဝေ့ ဟ်ုကုလုံ့ဍေဟု စှ်ဆံင်းမံင်းလ်ုမာဝေ့ဏှ်သိုဝ် အု္ဏင့္ဆာၟဟွင္ၟေဍဖႜဳံဃွာၟဃွံင္ဟွင္ၟဏီ့မိင္ဏွ္ ဖႜဳံဃွာၟဃွံင္ဟွင္ၟ
ဏှ်လ၀့် တေၞင့်လင် လာဟ်ုသာ ဖံင်းဖ်ါကုက်မာဖှေ်ဝေ့ဍး ကဲ ဟ်ုလ၀်ဝေ့ဍးဏှ်သိုဝ်လှ်။

ဏဲဖိုင်သာတ်ာအုခေါဟ်ဆာၟလ်ုဟှာ အ်ုကွာအှ်ဍောဟ်ထုက်္ဘးအှ်ထဏှ် လ်ုဏီယိုဝ် မ်ုမာလင်က်ုလုံ့ဆ်ုမာဖါဍောဟ်
တုင်ၟပါင်လင်သာဟှံင် လ်ုဏီယိုဝ် ပ္တၜမာလင်မွဲာဝေ့္ဘိုဝ်လှ်။ လ်ုဏီယိုဝ် မု္ဘးပ္တၜမာလင် က်ုလုံ့ဆ်ုမာဏှ်
ကေဟှဝ်ခိုဝ်းမ မ်ုမာထာင်ဟ်ုမႝီဟ်္ဘေ့ဏှ်သိုဝ်ဏှ်အိုဝ် မ်ုကဲထင်းဝေ့ဍးတ်ာအုခေါဟ်ဏဲဖိုင်သာဏှ်မွဲာအေး၊
ကဲထင်းထာင်လင်ၟခါင့်ဏဲဖိုင်သာဆေ၀်ၟလှ်။

ဏင်ၟဏီဍ၀်မ မ်ုမာလင်ဋ္ဋဋ္ဋ လ၀်္ဘေ့ဏှ်သိုဝ်လ်ုဃှေဝ်၊ လြုဏီယိုဝ်မ်ုမာ ဋ္ဋဋ္ဋလ၀်အ်ုဏှ်ုသိုဝ်လှ်။ တ်ာအုခေါဟ်
ဏဲဖိုင်သာဟ်ုမႝီဟ်လ်ုဟှာဏှ်္ဘးဍံင်ဝေ့ဍေ ဟ်ုထင်းလာင့်ခေါဟ်ဏှ်လှ်။ ထင်းလာင့်ဆာၟဟ်ုမႝီဟ်လ်ုဟှာဏှ်
လ်ုခႜုဂ်ထင်းဍာ်္ဘးလာင့်ခါ့ လာင့်အ်ုဍင်ဍီးဏှ် ယောဝ်ၟယှဝ်ထင်းဝေ့ဟှံင် လာင့်ယိုဝ်အ်ုထ၀့် မ်ုအှ်ဃှုဦ္ဘေ့သှေ်လဲ
ဲဍ္ဎ္ဘးထ်ုယာယောဝ်ၟစိုဝ် ဍွာထ်ုယာယောဝ်ၟဝေ့ဆေ၀်ၟလှ်။အ်ုဍံင်အှ်္ဘေ့လာင့်ဏှ်သိုဝ်ဆေ၀်ၟလှ်၊ တ်ာအုခေါဟ်ဏဲဖိုင်သာ
ဟ်ုမႝီဟ်လ်ုဟှာဏှ် မု္ဘးမာလင်က်ုလုံ့လ်ုမိင်စာ်္ဘိုဝ်ဍူ က်ုလုံ့အ်ုထောဟ်အု်ဆင့်ဏှ်္ဘးယောဝ်ၟဝေ့လှ်။

မ်ုဖံင်းဖ်ါမာလင်က်ုလုံ့ဆ်ုမာအ်ုဖႜံင်သီးဏ္ဘးဍွာယောဝ်ၟဝေ့ဆေ၀်ၟလှ်။ က်ုလုံ့ဆ်ုမာလ်ုမိင်မိင်ဏှ်္ဘးကဲထင်းဝေ့ တ်ာအုခေါဟ်
ဏဲဖိုင်သာဆာၟဆေ၀်ၟလှ်။ အေမွဲာဆိက်ဆာၟဏှ် ဆိက်ဆာၟလ်ုအုဟှေဝ်ထုက် လ်ုဟှာ္ဘေ့မ်ုကဲထင်းသိုဝ်
္ဘးကေႜစိုဒ်ဝေ့လှ်။ အေမွဲာ အင်းလာလိင်(လခစား)ဆာၟဏှ် လ်ုအုဟှေဝ်ထုက်လ်ုဟှ္ဘားကေႜစိုဒ်ဝေ့လှ်။
အေမွဲာဝေ့ ထႜိက်ခင်းခါဆာၟလ်ုဟှာဏှ်သီးဍ၀် အ်ုဟှေဝ်ထုက်ဆ်ုထႜိက်ဆ်ုဆာၟလ်ုဟှာ္ဘေ့မ်ုကဲထင်းသိုဝ်
္ဘးကေႜစိုဒ်ဝေ့လှ်။

စ၀်ဆိုဒ်ယောတ်

အပြည့်အစုံသို့...

(၁၂) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အလှူပွဲကျင်းပပြီးစီး



(၁၂) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အလှူပွဲအစည်းအဝေးကို (၁၆-၁-၂၀၁၁) တနင်္ဂနွေနေ့
နွန်ထဘူရီ၊ မူမြို့ နယ် ၀တ်နခွန်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပခဲ့သည်။

ထိုအလှူပွဲအစည်းအဝေးကို ထိုင်းနိုင်ငံမှာရောက်ရှိအလုပ်လုပ်နေတဲ့ အလှူဒါယကာ၊ ဒါယိကာမများနဲ့ ဧည့်ပရိတ်သတ်ပေါင်း ငါးရာကျော် တက်ရောက်ပါဝင်လှူဒါန်းခဲ့သည်။ အလားတူ ကရင်ပြည်နယ်မှ နာမည်ကြီး အဆိုတော် ဆရာစောကျော်လိုက်သိန့် ၊နန်းသိန်းလားဘန်၊ နန်းမူးထွန့် အွာတို့ အဖွဲ့ က အလှူပွဲတော်အခမ်းအနားမှ
ပါဝင်တက်ရောက်ခဲ့သည်။

၎င်းအလှူပွဲကို အောက်ပါအခမ်းအနားအစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်...
အစီအစဉ်အရ နမောတဿ (၃) ကြိမ်ရွတ်ကာ အခမ်းအနားဖွင့်လှစ်ခြင်းမှစတင်၍ ဇွဲကပင်ပညာဒါနအသင်း မိဂဒါယဖေါဟ်မူ.ယှာ့ကုံလွဲာအဖွဲ့ မှ “ပုဂ်ထင်း“ဖွင့်ပွဲကဗျာဖြင့် ရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့ နောက် အလှူဒါယကာ၊ ဒါယိကာမများက ဇွဲကပင်ပညာဒါနအသင်း နာယကဆရာတော်ဦးကုမာရ ဆရာတော်ထံမှ ငါးပါးသီလခံယ၍တဆက်တည်းသံဃာတော်များက ပရိတ်တရားတ်ာရွတ်ဖတ်ပေးခဲ့သည်။ ဖါ့ပဒဲ ၀တ်ကြာဒဲကျောင်း နာယကဆရာတော် ဦးပုညက သြ၀ါဒနာမိန့် ကြားပြီး ဇွဲကပင်ပညာဒါနအသင်း ဥက္ကဋ္ဌကိုယ်စား မာန်နဲာကျာ်ခေမိန္ဒ (အိန္ဒိယ)မှ အဖွဲ့ရဲ့လုပ်ဆောင်ချက်များကို ပြောကြားသည်။ ဇွဲကပင်ပညာဒါနအသင်း ဒီထက်စည်းလုံးညီညွတ်ရေး ကြဖို့ (ဆ်ုခုာင်ဆင်းဃှိုင့်)ကို မာန်နဲာကျာ်အဲဆိုင့် (ဏံင်းက်ုမိုင့်တ်ုဝါန့်) မိန့် ကြားကာ အသင်း၏ တစ်နှစ်တာ ၀င်ငွေ၊ ထွက်ငွေစာရင်း (လ၀်ဆိင့်ဖေုဝ့်ဆြင့်)ကို ဘဏ္ဍာရေးမှူးမာန်နဲာကျာ်ကုဝေရ (နွန်ထဘူရီ)မှ ရှင်းပြသည်။ ထို့ နောက် ကရင်ပြည်နယ်၊ အဆိုတော် ဆရာစောကျော်လိုက်သိန့် ၊နန်းသိန်းလားဘန်၊ နန်းမူးထွန့် အွာတို့ က
ဝမ်းမြောက်စကား (သုံးအဲုးသာထောဟ်၊ သုံးမုက်သာလိုင်ဆ်ုခုာင်)ပြောကြားပြီး။လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေသည်။ မိဂဒါယဖေါဟ်မူ.ယှာ့ကုံလွဲာမှ “အောင်ပြီ“ကဗျာဖြင့်ရွတ်
ဖတ်ပြီးဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ် သံပြိုင်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အပြည့်အစုံသို့...

သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း(၂)

ဘိုးဘိုးနတ်ကို ကရင်ဘာသာဖြင့် `ဖူ့ပါဒိုး´ ဟုခေါ်ကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်သော ပိုးကရင်၊ စကောကရင်များ ကိုးကွယ်ပသကြသည်။ ရုက္ခစိုးနတ် ဟုလည်း ခေါ်ကြသည်။ တစ်နှစ်လျှင်(၃) ကြိမ် ပူဇော်ပသကြသည်။တချို့မှာ သက်သတ်လွတ် အစားအစာဖြင့် ကန်တော့၍ ကြက်၊ ဘဲ၊ ၀က်၊ ဆိတ်၊ အရက်များဖြင့် ပူဇော်ကန်တော့ကြသည်။ ၀က်သားဖြူဖြင့် ကန်တော့၍ မရပါ။ နတ်ကိုးကွယ်မှုများတွင်
စည်းကမ်းလွန်စွာကြီးသည်။ ရိုသေမှု၊ ကိုင်းရှိုင်းမှုရှိရသည်။ တွေ့ရာစကားပြော၍ မရပါ။ ကရင်ပြည်နယ် အနှံ့အပြားတွင် ယခုထက်တိုင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။နတ်စားခြင်းသည် လူတိရိစ္ဆာန်တို့ ရောဂါကင်းဝေး၍ ဆန်ရေစပါးဖြစ်ထွန်းသည်။ စီးပွါးတိုးတက်၍ အန္တရာယ်ကင်းသည်ဟု ယုံကြည်ကြသည်။
(ခ)ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှု

ကရင်လူမျိုးများသည် ကရင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသည်။
ကရင်ပြည်နယ်တွင် ပိုးကရင်နှင့် စကောကရင်အချို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသကဲ့သို့ ဧရာဝတီတိုင်းရှိ ပိုးကရင်နှင့် စကောကရင်အချို့တို့သည်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။
ကော့ကရိတ်မြို့နယ်၊ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ ဗုဒ္ဓဘာသာသည် ဦးစွာဝင်ရောက်လာသည်ဟု ယူဆလျှင် မမှားနိုင်ပေ။

ဘိုးတော် အဉ္စနမင်း ဖြိုခွင်းသက္ကရာဇ် ၈၈-ခုနှစ်တွင် ဇယျမြို့ကို တည်ထောင်ခဲ့သည်။ ထိုမြို့ကို တည်ထောင်ခဲ့သည်မှာ မွန်လူမျိုး တိဿသက္ကမင်းဖြစ်သည်။ ထိုမင်းသည် ကရင်အမျိုးသား ဗျညားအိန္ဒာ ဆိုသူကို အိန္ဒာသေနရာဇာဘွဲ့ပေး၍ မင်းမြှောက်ခဲ့သည်။ ဗျညားအိန္ဒာလက်ထက်တွင် ဇယျမြို့ကို ပိုင်သရောင်ဒုံ ´တခါးမြို့` ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ထိုအချိန်တွင် မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်နေကြပြီး ဖြစ်သည်။

ကရင်နှင့် မွန်တို့သည် တစ်သွေးတစ်သားတည်း ဖြစ်နေသောအချိန်ဖြစ်၍ ဗုဒ္ဓဘာသာသည် ထိုအချိန်ကပင် အမြစ်တွယ်နေပြီးဖြစ်ကြောင်း မှန်းဆနိုင်ပါသည်။ သို့ရာတွင် ဦးနန္ဒမာလာ ဘွဲ့ခံ ဘုန်းတော်ကြီးသည် ခရစ်နှစ် ၁၇၃၈-ခုတွင် အင်းဝသို့ သွားရောက်၍ ပါဋ္ဌိ ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ခဲ့ပြီး အင်းဝရှိ သာသနာပိုင်ထံမှ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့သည်။ဗုဒ္ဓဘာသာစာပေများကိုလည်း ကရင်ဘာသာဖြင့် သင်ကြားပို့ချပေးသည်။ ဆရာတော်အား ကြိုဆိုရာတွင် အသုံးပြုခဲ့သော ဆင်စွယ်(စွယ်စုံ) သည် ယခုအခါ ကရင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် ပြသထားသည်။ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ယနေ့တိုင် တည်ရှိခဲ့သည်။

(ဂ)ကလကုရသေ့ဂိုဏ်း

ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်၊လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်
အများဆုံးနေထိုင်ကြပြီး တရားတော်နှင့် အကျင့်သိက္ခာကိုအခြေခံ၍ စောင့်ထိန်းကြသည်။ ငါးပါးသီလကို အလေးထားကာ ယနေ့တိုင် ရိုးရာဝတ်စုံများကို ၀တ်ဆင်နေကြဆဲဖြစ်သည်။ ကော့ကရိတ်မြို့နယ် ရှိ ထင်ရှားလှသော ပွဲတော်များတွင် မီးပုံပွဲသည် တစ်ခုအပါအ၀င်ဖြစ်သည်။ တပို့တွဲလပြည့်နေ့တွင် ကျင်းပကြသည်။ ၄င်းပွဲတော်ကို ဦးဆောင်ကျင်းပသည်မှာ ရသေ့ဂိုဏ်းကို ကိုးကွယ်သော ဂိုဏ်းသားများဖြစ်ကြသည်။ ၄င်းရသေ့သည် ငယ်စဉ်ကာလမှစ၍ သက်ဆုံးတိုင် သီလသမာဓိပြည့်စုံအောင် ကျင့်ကြံပြီး ဖန်ရည်စွန်းသောသင်္ကန်းကို သက်ဆုံးတိုင် ၀တ်ဆင်ခဲ့သည်။

(ဃ) ခရစ်ယာန်ဘာသာ

ကရင်လူမျိုးများအနက် ဒေါက်တာဂျက်ဆင်၏ တပည့်ဖြစ်သူ ဦးသာဖြူသည် ၁၈၂၈-ခုနှစ် မေလ(၁၆) ရက်နေ့တွင် ထားဝယ်မြို့၌ ပထမဆုံး နှစ်ခြင်းခံခဲ့ရသော ကရင်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ ၁၈၂၈-ခုနှစ်မှ ၁၈၇၈-ခုနှစ်အတွင်း မော်လမြိုင်၊ ပုသိမ်ခရိုင်၊ တောင်ငူနယ်များသို့ သွား၍ သာသနာပြုခဲ့သည်။ ကရင်လူမျိုးများအတွင်း ခရစ်ယာန်သာသနာပြု ဂိုဏ်းပေါင်းစုံ ရှိပါသည်။ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုးများသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ဘားအံမြို့နယ်၊ သံတောင်မြို့နယ်၊ ဖာပွန်မြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ စကောကရင်အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ခရစ်ယာန်ဘာသာဝင်တို့သည် နတ်စားခြင်းစသော ကိစ္စရပ်များကို ယုံကြည်ကိုးကွယ်မှုမရှိပါ။

(င)လဲကယ်ဘာသာ

လဲကယ်ဘာသာကို ၁၈၆၁-ခုနှစ်တွင် နှစ်ခြားကျေးရွာ၌ စတင်တည်ထောင်ခဲ့ကြသည်။ လဲကယ်ဘာသာဝင်တို့
သည် ရုပ်တု၊ ရုပ်ပွါး၊ စွယ်တော်များကို ကိုးကွယ်ခြင်းမရှိပါ။ အရိယာဘုရားလောင်းအား ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သောအလှူပွဲများနှင့် သာရေးနာရေးကိစ္စရပ်များတွင် ၀ိုင်းဝန်းကူညီကြသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် မတူညီသော အချက်မှာ အရိယာဘုရားလောင်းက ဗျာဒိတ်တော် ပိဋကတ်လေးပုံကို ပေးအပ်သွားသည်ဟု ယုံကြည်ကြခြင်းသာ ကွဲပြားမှုရှိပြီး ငါးပါးသီလနှင့် ပါရမီ(၁၀)ပါးကို အထူးလိုက်နာကျင့်သုံးကြသည်။ ၎င်းတို့တွင် ကြက်ယက်စာဖြင့် ရေးသားထားသော ကျမ်းပေါင်း (၂၆) ကျမ်း ရှိသည်။ ယခုအခါ လူအနည်းစုအဖြစ်သာ ကျန်ရစ်ခဲ့သည်။

(စ)ဗြဟ္မစိုရ်ဂိုဏ်း

ဗြဟ္မစိုရ်ဂိုဏ်းမှာ ခရစ်ယာန်တရားတော်၊ ဗုဒ္ဓဘာသာအယူဝါဒနှင့် ကရင့်ရိုးရာဓလေ့များ ပေါင်းစပ်ထားသော အယူဝါဒဂိုဏ်းဖြစ်သည်။ရွှေကျင်နယ်၊ အရှေ့ဖာပွန်ဒေသတွင် ဖိုးပိုက်ဆံမှ စတင်တည်ထောင်ခဲ့ပြီး စောဒါမေဖိုးမင်းက ၎င်း၏သား ဂျွန်ဆင်ဒီဖိုးမင်းနှင့် သောင်ဇင်၏အစ်ကို ဂျွန်ဆင်ဖိုးမင်းက ဆက်လက်ဦးဆောင်သည်။ တောင်ပေါ်ဒေသရှိ ဂဲဘားနှင့် ပဒေါင်လူမျိုး၊ အောက်မြန်မာပြည် စကောကရင်အချို့ ယုံကြည်ကြသည်။မှောဘီတွင် ဂိုဏ်းဌာနချုပ်ရှိသည်။ ဗုဒ္ဓဘာသာတရားတော်နှင့် ခရစ်ယာန်တရားတော်တို့ကို မိရိုးဖလာဓလေ့အပေါ် အရောင်တင်ပြီး တီထွင်ထားသော ဒေသအလိုက် အဖွဲ့ငယ် ဂိုဏ်းဂဏများလည်း မကြာခဏ ပေါ်လာတတ်သည်။

စာပေနှင့် စကားအုပ်စုများ

ကရင်စာပေသည် ယဉ်ကျေးမှုတွင် ကျမ်းတစ်ဆူအနေဖြင့် မှတ်တမ်းတင်ထားခဲ့ခြင်း မရှိခဲ့ပေ။ ကရင်စာပေကို ပထမခေတ်အနေဖြင့် ရှေးပဝေသဏီမှ ၁၈၃၇-ခုနှစ်အထိကာလကို သတ်မှတ်ခဲ့သည်။ ထိုခေတ်သည် ဘာသာစကားနှင့်စာပေကို နှုတ်အားဖြင့်မှတ်တမ်းတင်ခဲ့တာကြောင့် လင်္ကာခေတ်ဟု ခေါ်ဆိုနိုင်သည်။
ဒုတိယခေတ်ကို ၁၈၄၇-ခုနှစ်မှ ၁၉၆၄-ခုနှစ်ကာလကို သတ်မှတ်ရပေမည်။ စက်တင်ပုံနှိပ်သောခေတ်ဖြစ်ပြီး လင်္ကာဖွဲ့ဆို သီကုံးခြင်းထက် စကားပြေအရေးအသားများတွင် လွှမ်းမိုးသောခေတ်ဖြစ်သည်။ တတိယခေတ်ကို ၁၉၆၄-ခုနှစ် စတင်သည်ဟု သတ်မှတ်ရမည်။ အင်းဝနေပြည်တော်၌ ရဟန်းခံ၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျောင်း၌ သီတင်းသုံးခဲ့သော ဆရာတော် ဖူ့တာမိုက်(ဦးနန္ဒမာလာ)သည် ၁၇၅၀-ခုနှစ်တွင် မွန်အက္ခရာကိုအခြေခံ၍ ဗျည်းသရ အက္ခရာများကို လိုတိုးပိုလျှော့ဖြင့် တီထွင်ခဲ့ပြီး ဗိန္ဒုတော်ကျမ်းကို ပေပေါ်၌ ရေးသားခဲ့သည်။ပထမခေတ်တွင် စကောကရင်၏ ခရီဖိုး အမည်ရှိ စာပေနည်းစနစ်ရှိသည်ဟု ဆိုသည်။ စာပေ အရေးအသားမရှိဘဲ ရာစုများစွာကို ကျော်ဖြတ်လာသော စာပေနည်းပညာတစ်ရပ်ရှိသည်ကို တိကျခိုင်လုံစွာ ပြောဆိုနိုင်ပေသည်။

ကရင်လူမျိုးတို့၏ ဒဏ္ဍရီတစ်ခုတွင် ဖော်ပြသည်မှာ ရှေးယခင်က ကရင်စာပေ ရှိခဲ့ဖူးသည်။သားရေပေါ်တွင် ရေးသားထားသော စာ ဖြစ်သည်။ စနစ်တကျ သိမ်းဆည်းထားခြင်း မရှိသဖြင့် ပျောက်ကွယ်သွားသည်ဟု ဆို၏။ ယနေ့ ကရင်လူမျိုးတို့၏ စာရေးနည်း (၉) မျိုးထက်မနည်း ရှိသည်။ ၎င်းတို့အနက် မွန်-မြန်မာအက္ခရာကို
မှီး၍ တီထွင်ထားသော ကရင်စာရေးနည်း (၄) မျိုးနှင့် ရောမအက္ခရာဖြင့် တီထွင်ထားသော ဒူးဂဏန်းစာရေးနည်း အပါအ၀င် (၄) မျိုးကို အောက်ပါအတိုင်း ခွဲခြားဖော်ပြနိုင်သည်။

(၁) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် စကောကရင်စာပေ၊
(၄) မြိုင်သာယာဆရာတော်ပြုစုသော စကောကရင်စာပေ၊
(၅) ဖာပွန်မြို့နယ် စကောကရင်စာပေ၊
(၆) ဦးဘထွန်း တင်ပြပြုစုသော စကောကရင်စာပေ၊
(၇) ဒူးဂဏန်းနှင့် ပိုးကရင် (လိုက်ဆောင့်ဝှေ့) ကြက်ယက်စာပေ၊
(ဂ) ဗရင်ဂျီဘာသာ သံတောင်မြောက်ပိုင်း ကရင်သင်ပုန်းကြီး၊
(၉) ပအိုဝ့်အမျိုးသားများ၏ သင်ပုန်းကြီး (ယခုအခါ ပအိုဝ့်လူမျိုးများအား ကရင်အမျိုးအနွယ်တွင် ထည့်သွင်းထားခြင်းမရှိပါ။)

ယခုလက်ရှိ သုံးစွဲနေသော ကရင်စာပေများမှာ….

(၁) မွန်အက္ခရာကို အခြေခံသော ပိုး(အရှေ့) ကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသော စကောကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် ပိုး(အနောက်) ကရင်စာပေ ဟူ၍ ဖြစ်သည်။
(က) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေကို အေဒီ ၁၀၅၇ -ခုနှစ် ပုဂံပြည့်ရှင် အနော်ရထာမင်း သိမ်းပိုက် လိုက်သည်နှင့် နှစ်ပေါင်း ကိုးရာခန့်က စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။(သုတေသနပြုဆဲ)။
အချို့မှာ ၁၇၅၀-ခုနှစ်တွင် ဖူ့တာမိုက် ပြုစုမှုမှ ဖြစ်ပေါ်လာသည်ဟု ကွဲလွဲမှုရှိသည်။
(ခ) စကောကရင်စာပေမှာ ၁၈၃၂-ခုနှစ် ဒေါက်တာ ဂျိုနသန်ဝိတ်၏ ခရစ်ယာန်သာသနာ ပြန့်ပွါးဆောင်ရွက်ရာမှ ပေါ်ပေါက်လာခဲ့သည်။
(ဂ) မြန်မာ အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေမှာ ၁၈၅၂-ခုနှစ် ဒေါက်တာ အယ်လ်ဘရေတန်မှ မြန်မာအက္ခရာကို မှီး၍ ရေးသားခဲ့သည်။

ဆက်လက်ဖော်ပြပါဦးမယ်…။

အပြည့်အစုံသို့...

วันจันทร์ที่ 21 กุมภาพันธ์ พ.ศ. 2554

သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း (၁)

´ယဉ်ကျေးမှု` ဟုဆိုလိုက်လျှင် အလွန်တရာကျယ်ပြောနက်နဲသော အဓိပ္ပါယ်များစွာနှင့် ပြည့်နှက်နေသောစကားစုတစ်ရပ်အနေဖြင့် တွေ့မြင်လိုက်ကြပေသည်။ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြသကဲ့သို့ အဓိပ္ပါယ်အမျိုးမျိုးလည်း ဖွင့်ဆိုကြပေသည်။

´ယဉ်ကျေးမှု` ဟူသည် ကိုယ်နှုတ်၊နှလုံး သုံးပါးဖြင့် ယဉ်ကျေးသိမ်မွေ့စွာ သွားလာနေထိုင် ပြောဆိုဆက်ဆံခြင်း ဟူ၍လည်းကောင်း၊ ယဉ်းကျေးမှု ဟူသည် အတိတ်ကာလအမွေအနှစ်များ၏ အထိန်းအကွပ်၊ အနာဂတ်အင်အားသစ်တစ်ရပ်အတွက် အခြေခံခြင်း၊ ယဉ်ကျေးမှု ဟူသည် ပြုစုပျိုးထောင် စောင့်ရှောက်ရမည့်လုပ်ငန်း၊ ယဉ်ကျေးမှု ဟူသည် ရုပ်နှင့်နာမ် ပူးပေါင်းဆက်နွယ်ပြီး တစ်ဦးကို တစ်ဦး မှီတွယ်ပြုနေကြသည်။ မိမိ၏ ရှုထောင့် အသီးသီးမှနေ၍ ခေတ်အဆက်ဆက် တင်ပြဆွေးနွေးခဲ့ကြသည်။

`ဘာသာစာပေအနုပညာသည် ယဉ်ကျေးမှု၏ အဓိကရေသောက်မြစ်´ ဟူ၍လည်းကောင်း၊ ယဉ်ကျေးမှုဟူသည် ရှုသာမြင်သာသော ဓလေ့ထုံးစံ အပြုအမူများ ဖြစ်ပေါ်လာအောင် တွန်းအားပေးသော အခြေအနေ အလေ့အထဖြစ်ပြီး ၄င်းအပြုအမူကို ဖြစ်ပေါ်လာအောင် တွန်းအားပေးခြင်းသည် ယဉ်းကျေးမှုဖြစ်သည်။ ယဉ်ကျေးမှုသည် လူ့ဘောင်လောက၏ အဓိကချည်တိုင်ကြီး ဖြစ်သည်ဟု ခံယူသူလည်း ခံယူကြသည်။ သို့ဖြစ်ရာ ယဉ်ကျေးမှုသည် လူတို့အတွက် အထူးလိုအပ်ကြောင်း သိသာထင်ရှားပါသည်။

လူမျိုးစု (၁၃၅) မျိုးနှင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အသီးသီးရှိကြသည်။ မည်သည့်ဘာသာမဆို ကောင်းသောပြုမူနေထိုင်ပြောဆိုခြင်းကိုပင် အားပေးကြသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကိုကြည့်လျှင် ယုံကြည်ကိုးကွယ်မှုအစဉ်ဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ နတ်စားသော အယူဝါဒကို ယုံကြည်ကိုးကွယ်သူ စသည်ဖြင့် ကွဲပြားခြားနားမှု ရှိကြောင်းတွေ့ရသည်။

ထို့ကြောင့် ယဉ်ကျေးမှု ကဏ္ဍကို ခွဲခြားကြည့်လျှင်….

(၁)ယုံကြည်ကိုးကွယ်မှု၊
(၂)စာပေနှင့် စကားအုပ်စုများ၊
(၃)ရိုးရာဓလေ့ထုံးစံများ၊
(၄)ထင်ရှားသော ရိုးရာပွဲတော်များ၊
(၅)မျိုးနွယ်စုအလိုက် ၀တ်စားဆင်ယင်မှု၊
(၆)လင်္ကာသီချင်းများ၊
(၇)တူရိယာများ၊
(၈)ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းခြင်း၊
(၉)ရိုးရာယဉ်ကျေးမှုအကများ ဖော်ထုတ်ခြင်း ဟူ၍ ခွဲခြားနိုင်ပါသည်။

တိုင်းရင်းသား လူမျိုးများသည် မိမိလူမျိုးအမည်ဖော်ပြချက်(၉) ချက် သိရှိနားလည်ရုံမက လက်ခံကျင့်သုံးပြီး တိုးတက်အောင်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ တခြားယဉ်ကျေးမှုဓလေ့များကိုလည်း စူးစမ်းလေ့လာသိရှိနားလည်ပြီး ကောင်းနိုးရာရာ လက်ခံအတုယူရမည်ဖြစ်သည်။
သိမှတ်ဖွယ်များအနေဖြင့် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကဏ္ဍကို အပိုင်းခွဲ၍ တင်ပြလိုပါသည်။

(၁) ယုံကြည်ကိုးကွယ်မှု၊
(၂) ၀ိညာဉ်လိပ်ပြာနှင့် တောစောင့်တောင်စောင့်နတ်များအား ယုံကြည်ခြင်း၊
ဝိညာဉ်လိပ်ပြာကို ပိုးကရင်ဘာသာဖြင့် ´အ၀ီးအလာ`၊ စကောကရင်ဘာသာဖြင့် ´ကလာ`၊
ဘွဲကရင်ဘာသာဖြင့် `ကလယ်´ ဟုခေါ်ပါသည်။ လိပ်ပြာခေါ်ခြင်း၊ လိပ်ပြာနှင်ခြင်းတို့ကို ကရင်လူမျိုးအများစုမှာ ယနေ့တိုင် ယုံကြည်နေဆဲ ဖြစ်သည်။စကောကရင်အချို့ စကြာဝဠာအားလုံးကို ဖန်ဆင်းသော `ယွာ` အား ကိုးကွယ်ကြသည်။ နတ်ကို အချို့က တန်ခိုးရှင်အနေဖြင့် ယုံကြည်ကြသည်။ ယုံကြည်မှုအရ (တန်ခိုးရှင်) ကို ပထမတန်းစားနတ်အဖြစ် ကိုးကွယ်ကြသည်။

ပထမတန်းစားနတ်များမှာ…

(၁) မူဟား၊ (၂) ထီးကဆာကော်ကဆာ၊ (၃) မူကော်လီ(မာန်နတ်)၊ (၄) ဖီးဘီးယော်၊ (၅) ခူးသေ (၆) ကာကွယ်
ဟူ၍ ယုံကြည်ရာကိုလိုက်ပြီး ပသမှုပြုကြသည်။

ဒုတိယနတ်သရဲများမှာ…..

(၁) တရဲ့တခါ၊
(၂) တာမူဟား၊
(၃) တာကယာ ဖြစ်ပြီး ၀ဋ်မကျွတ်သော နတ်များဖြစ်သည်။

တတိယနတ်များမှာ…..

(၁) မော်ယာ၊
(၂) ပသို၊
(၃) လော်၊
(၄) ဘားနား၊
(၅) ဒေါ်တကား နတ်များဖြစ်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပေးတတ်သောနတ်များဖြစ်သည်။
ကရင်ပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ရှိ ဂဲခိုနှင့် ပဒေါင် (ကယန်း) များတွင်လည်း အောက်ပါနတ်များ ပူဇော်ပသမှုပြုကြသည်။
(၁) က၊
(၂) လူ၊
(၃) ကန်၊
(၄) မော်ခီး၊
(၅) တရာနာ၊
(၆) တကာဒေး၊
(၇) တဒွန်ဟိန်ခေါင်၊
(၈) တနဲနောခု၊
(၉) တာ နတ်များတို့ဖြစ်ကြသည်။စပါး ရိတ်သိမ်းချိန်တွင် ပူဇော်ပသခြင်းကို ပြုကြသည်း။စပါး အထွက်တိုးခြင်း၊ လာဘ်လာဘရွှင်သည်ဟု ယုံကြည်ကြသည်။

ဒူဝေရိုးရာနတ်

ဒူဝေကို ရိုးရာနတ်အဖြစ် ယခင်က သတ်မှတ်ပူဇော်ကြသည်။ ဇွဲကပင်တောင်ခြေရှိ ကရင်လူမျိုးများ ရှင်ပြုသည့်အခါ၊ ခရီးဝေးထွက်သည့်အခါ၊ မင်္ဂလာဆောင်သည့်အခါ ဒူဝေစေတီသို့ သွားရောက်၍ ကန်တော့ကြသည်။ဒူဝေစေတီတွင် နတ်ဆရာကြီးသည် ရိုးရာဓလေ့နှင့်အညီ ဆုတောင်းမေတ္တာပို့ခြင်းများ ပြုလုပ်ပေးကြသည်။
အမှန်စင်စစ်အားဖြင့် `ဒူဝေ´ နတ်သည် နတ်မဟုတ်ပါ။ဗုဒ္ဓဘာသာဝင် ပိုးကရင်အချို့က ယုံကြည်ကိုးကွယ်မှုတစ်ရပ်သာ ဖြစ်သည်။ ဒူဝေစေတီသည် မင်္ဂလာဆောင်ကြမည့် သတို့သား၊ သတို့သမီးများ၏ သစ္စာပြုရာ၊ တိုင်တည်ရာသစ္စာတိုင် ဒူဝေစေတီတော်သာဖြစ်သည်။ နတ်ဆရာကြီးဆိုသည်မှာလည်း တစ်နည်းအားဖြင့် ဘိသိက်ဆရာနှင့် ခပ်ဆင်ဆင်ဖြစ်သည်။

မင်္ဂလာမောင်နှံအား ဆုံးမသြ၀ါဒစကား၊ ချီးမြင့်ပေးပြီး စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုပ်ငန်းအထွေထွေ တိုးတက်ကောင်းမွန်အောင် နည်းလမ်းညွန်ပြပေးခြင်းသာ ဖြစ်သည်။ အချို့မှာ ရိုးရာနတ်အဖြစ် သတ်မှတ်ယုံကြည်ဆဲ ဖြစ်သည်။တချို့ဗုဒ္ဓဘာသာဝင် ပိုးကရင်များသည် ပန်းနတ်ကို ကိုးကွယ်ကြသည်။ တန်ခူးလနှင့် သီတင်းကျွတ်လတွင် ပန်းနတ် ကန်တော့ခြင်း၊ နတ်စားခြင်းများ ပြုလုပ်ကြသည်။ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအချို့တွင် ပန်းနတ်ကို ကိုးကွယ်ကြသည်။ ဥဒေါင်းကျေးရွာ၊ ၀ဲကရင်ကျေးရွာ၊ ဒွန်သရောင်ရွာများတွင် အများဆုံး ကိုးကွယ်ကြသည်။

ဆက်လက်ဖော်ပြပါဦးမယ်…။
စောအောင်သိန်း

အပြည့်အစုံသို့...

လောတ်ကဲိုဖံင်းပႝာ.မိင်


ဆ်ုလောတ်ကိုဲဖံင်းပႝာ.မိင်ယိုဝ် မွဲာဝေ့ဖေါဟ်သး ဆ်ုနိုင့်ဆာသယ် ဆိုလောတ်ကဲိုလှ်။ အ်ုယှာထုက် ထီသိုဝ်အေအှ် ဏင်ၟနဲိုံ့ဟှ့ာ ဃှိုဝ်းဟှာသီးမလောတ်ကုဦသှေ်ဝေ့လှ်။ဖေါဟ်သး ပေ၀့်္ဘးဍာလ်ုဖး ဆ်ုကေ၀်လင်ထ ဆိင့်ခွင်ဝင်ဍင်ဖိုင်ဏှ် လင်အှ်ကံင်း
ထောဝ်ခါင့်္ဘေ့ ပႝာဏှ်သိုဝ်လှ်။ ဆု္ိလု္ပႝာၟသီးယို၀္ ေအဍးခံင္သႝာသယ္ဏွ္တာၟ ပႝာၟေမာ၀္၊ ပႝာၟေဖါဟ္၊ ပႝာၟယွာၟလု္ဖးဏွ္ အှ်ကှေ်ဝေ့ လ်ုအုတောဝ်ၟဖိုင်ဟှံင် ပႝာၟမောဝ်ဏင့် ၊ ပႝာၟဖါ႔ဖႜံင္၊ ပႝာၟဖါ႔ထီး.လ်ုဖးဏှ် အှ်ထောဝ်ခါင့်ဟှဟှလှ်။

ခေ၀့် ဖူထင့်သယ် အေဟှယ့်လင်ဏှ် တ၀်ဍေဏု် ဏု္ဘးမေ၀်.၊ တ၀်ဍေယု ယ်္ဘုးမေ၀်၊ မေ၀်လ်ုဍူ လ်ုနိုင်္ဘး္ဘးမေ၀်ဆိုင် ဏီ့ဍူသိုင့်ဍူလှ်။ ဖႜုံဆိုဒ်ဖေါဟ်သီးယိုဝ် ဍးလောဟ်ဍးဍုံင်ဏေ၀်ၟဝေ့ ပႝာၟမိင် အှ်ကုံထောဝ်ခါင့်ဏှ် လောတ်ကုဦဍုံင်ဝေ့ ပႝာၟဏှ်လှ်။ စင်ၟ္ဘိုဝ် ကေ၀်လင်ဆိင့်ခွင်ဝင်ဍင် ဖါလဲာဟှံင် ဖေါဟ်သးကဲပႝာၟမိင်လ်ုဖး လင်အှ်ကုံဆိင့်ခွင်ဖိုင် ထောဝ်ခါင့်ဟှဟှ အှ်ခိုဝ်လင်ဝေ့ သႝာဏှ်လှ်။ ဆ်ုကဲခေ၀့် ဆ်ုကဲဖူထင့်ဏှ်ဍ၀် မ်ုလေ၀်ဖံင်းအင်း ပႝာၟမိင္ဏွ္တာၟခါခႜိက္ထင္း နုက်လင်ဆိင့်ခွင်ဖိုင် လယ်ဖံင်းပႝာၟမိင်ဏှ်လှ်။

ပႝာၟမိင်ဟှယ့်ယှောဝ့်မေ၀်တာၟဆူထာင်သာ ပႝာၟမိင္ထာင္အွ္ကုံထာင္တာၟ နုက်လင် ဆိင့်ခွင်ဖိုင် လယ်ဖံင်းပႝာၟမိင်လှ်။ စါင်းထင်းအေထႜိုင့်ခွိက်ဆိင့်ခွင်ဏှ်ပႝာၟမိင်လံင်မေ၀်္ဘးလိုင်အေးလှ်။ဖံင်းဏေ၀်ပႝာၟမိင် ကျုဂ်လေံထင်း အေထႜိုင့်ဆိင့်ခွင်ဏှ် မွဲာဝေ့ပႝာၟမိင်ကျာဏှ်လှ်။နုက်လင်ဆိင့်ခွင်ဖိုင်ဏှ် ပႝာၟမိင္ဆာၟ ဏီ့ဟှာ သိုင့်ဟှာ ယှောဝ့်မေ၀်ကံင်းဝေ့ ပီပူပါဏှ်လှ်။ တုင်ၟဆာ့ကဲဆ်ုဖံင်းပႝာၟမိင်ဆာဏှ်ပႝာၟမိင်မေ၀်္ဘိုဝ်မေ၀်မေ၀်တုင်ၟက်ုဆုဂ်တ်ာတာ်ကျုဂ်လေံဆံင်းဏေ၀်ၟ ပႝာၟမိင် အေထႜိုင့်ဆိင့်ခွင်ဏှ် နိုင်ဝေ့လှ်။

အှ်ဆိင့်ခွင်ဖိုင် ပႝာၟမိင္လု္ဖး ဖံင်းကျုဂ်လေံဏေ၀် ထံင်အ်ုလုက်ဏှ် မွဲာဝေ့အ်ုနိုင်လှ်။္ဘးကိုဝ်ဖိုင့် ကိုဝ်ဖိုင့် လင်ဖံင်းပႝာၟမိင် ပႝာၟမိင်မေ၀ိဆိုင် ကီးထာ် စူးခေါဟ် သာဏာ့ မေံသးသယ်္ဘးထာ် ယောဝ်ထင်း ႓းတုင္ၟက်ာပႝာၟမိင္သီး အှ်ကိုဝ်ဖိုင့် ကိုဝ်ဖိုင့်ဆေ၀်ၟလု။ အးထုက်ဏှ် မွဲာဝေ့လ်ုအုဖံင်းပႝာၟမိင် ဏေ၀်လုက်နိုင်ဝေ့ဏှ်လှ်။


စ၀်အဲဆိုဒ် (္ဘုံးက်ုတိက်)

အပြည့်အစုံသို့...

စာပေစိတ်ဓာတ်ကို သုံးသပ်မိခြင်း...

ကရင်လူမျိုးသည် စာပေယဉ်ကျေးမှု ပြည့်စုံစွာရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား
လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။ သို့သော် စာပေယဉ်ကျေးမှုကတော့ ရှိသည်။ တိုးတက်မှုကား မရှိ၊ တိုးတက်အောင်လည်း စိတ်မကူးကြ၊ စာပေစိတ်ဓာတ်ပြည့်ဝသူ အလွန်ရှားသည်။ ဒါကြောင့် ကရင်သည် လူဦးရေနဲ့ ကြည့်လျှင် စာပေစိတ်ဓာတ် နည်းသေးသည်ဟု ဆိုလျှင် မှားမည်မထင်။

စာရှုသူအနေဖြင့် ကရင်သည် စာပေစိတ်ဓာတ်နည်းသည်ကို လက်မခံနိုင်လျှင် လက်ရှိ ကရင်စာပေအဆင့်အတန်းနှင့် ကရင်လူမျိုးတို့ နေ့စဉ်သွားလာလှုပ်ရှားနေသည် ဆန်းစစ်ကြည့်လျှင် အဖြေပေါ်ပါလိမ့်မည်။
သို့အတွက် စာပေစိတ်ဓာတ် ရှိမရှိ သိချင်လျှင် ကရင်တစ်ယောက်ကို ကရင်စာရေးခိုင်းကြည့်ပါ။ ဒါမှမဟုတ် ဖတ်ခိုင်းကြည့်ပါ။ အဖြေမည်သို့ ထွက်လာမည်နည်း။ ထို့ထက်ပို၍ သိသာသည်က ကရင်တွေ နေထိုင်ကြသည့်
မြို့၊ရွာတွေမှာ ကရင်စာပေ ဖွင့်လှစ်သင်ကြားခြင်း၊ အလွန်နည်းလို့ပါပဲ။ ဒါ ဘယ်သူမှ ငြင်းလို့မရသည့် သာဓကတစ်ခုပါ။ ကရင်ဖြစ်ပြီး ကရင်စာကို ပြန်လေ့လာသင်ယူရန် ၀န်လေးနေလျှင် စာပေစိတ်ဓာတ် မရှိသူပင်ဖြစ်သည်။ ´စာပေစိတ်ဓာတ်ဟူသည် မျိုးချစ်စိတ်ဓာတ်ရဲ့ အခြေခံဖြစ်၍ စာပေစိတ်ဓာတ်မရှိလျှင် မျိုးချစ်စိတ်ဓာတ်မရှိခြင်းနှင့် အတူတူပင်ဖြစ်သည်´။


ဒါကြောင့်လည်း အမျိုးချစ်သူတိုင်း မိမိစာပေကို မြှင့်တင်ကြသည် ဟု စာပေပုဂ္ဂိုလ်ကြီးများက ဆိုစမှတ်ပြုကြသည်။ ကရင်လူမျိုးသည် မိမိ၏စာပေကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်သေးလျှင် ဘယ်သောအခါမှ အောင်မြင်မှုမရှိနိုင်ပေ။ ကိုယ့်ခြေထောက်ကို ပြန်ရိုက်လျှင် ကိုယ်ပဲ အသားနာမည်။ ကိုယ့်မိသားစုကို ကိုယ်မချစ်လျှင် အဘယ်သူ လာချစ်မည်နည်း။ ကိုယ့်မိသားစု အခက်အခဲကို ကိုယ်မကူညီလျှင် ကိုယ်ပဲ ဒုက္ခရောက်နိုင်သည်။ ကိုယ့်စာပေ
ကို အထင်သေးလျှင် ကိုယ့်ကိုယ်ကို အထင်သေးသည်နှင့် အတူတူပင်။

ကရင်လူမျိုးသည် ပညာတတ်ကြီး၊ ပညာရှင်ကြီး မဟုတ်သည့်တိုင် ပညာတတ်တော့ ရှိပါသည်။ ပညာတတ်ဟု ဆိုရာမှာ ယနေ့ ကရင်လူမျိုးထဲမှ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘွဲ့ရပုဂ္ဂိုလ်များနှင့် ဘာသာရေးခေါင်ဆောင်များ စသူတို့ကို ဆိုလိုပါသည်။
၎င်းပုဂ္ဂိုလ်တို့သည် အမျိုးသား စာပေအတွက် ဘာတွေ လုပ်ဆောင်နေသနည်း။ ရှင်းပါသည်။ ဘာမှ လုပ်ဆောင်ခြင်း မတွေ့ရသေးပေ။ နောင်လည်း တွေ့ရမည့်ပုံမပေါ်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ ခေတ်ပညာ
ဆည်းပူးနေသော ကရင်လူငယ် မောင်မယ်များသည် မိမိစာပေကို လုံးဝစိတ်မ၀င်စားလို့ပါပဲ။

သို့သော် အနည်းစုတော့ ရှိကောင်းရှိမည်။ တစ်ဦးတစ်ယောက်သာ စာပေကို စိတ်ဝင်စားမည်ဆိုလျှင် အများကို
လွှမ်းခြုံနိုင်မည်မဟုတ်ပေ။ တစ်နည်းပြောရလျှင် စာပေတိုးတက်အောင် မလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကရင်လူမျိုးသည် စာပေစိတ်ဓာတ် မရှင်နိုင်သေးဟု ကောက်ချက်ချရပါလိမ့်မည်။
စာပေစိတ်ဓာတ်နှင့်ပတ်သက်လို့ စာရေးသူတွေ့ရသလောက် ခေတ်ပညာတတ် လူငယ်တွေကို တီးခေါက်ကြည့်သောအခါ စာပေစိတ်ဓာတ် မရှိမှန်းသိရသည်။ဘာကြောင့်လဲဆိုတော့ သူတို့နှုတ်ဖျားမှ စာပေအကြောင်း ထွက်မလာလို့ပါပဲ။ စာရေးသူသည် ကရင့်ဓလေ့မပျောက်ပျက်ရန် ရည်သန်ပြီး တတ်နိုင်သလောက် ကရင်ရေးရာ စာအုပ်တွေကို မကြာမကြာ ပုံနှိပ်ထုတ်ဝေဖြစ်သည်။
တစ်နေ့တွင် စာရေးသူ ထုတ်ဝေထားသော စာအုပ်တွေကို ကရင်လူမျိုးအများ လေ့လာဖတ်ရှုနိုင်ရန် အများမြင်နိုင်သည့် နေရာတစ်ခုမှာ ချထားပါသည်။အဲသည်အချိန်မှာ ဥပဒေကျောင်းသားတစ်ဦးက စာအုပ်ချထားသည်ကိုတွေ့တော့ တရှိန်ထိုးပြေးလာကြည့်ကာ အနားရောက်မှ ကရင်စာအုပ်မှန်းသိတော့ ကြည့်တောင် မကြည့်တော့ဘဲ လှည့်ထွက်သွားသည်။
နောက်တစ်ယောက်က ဆေးကျောင်းသားတစ်ဦးပါ။

သူနဲ့စာရေးသူ စကားစပ်မိရာ စာပေအကြောင်းဘက်သို့
ရောက်သွားသည်။ သူက `ကရင်စာဟာ ဘယ်နေရာမှ အသုံးမ၀င်ပါဘူးကွာ၊ကရင်စာ မတတ်တော့လည်း ဘာဖြစ်လဲ၊ ကရင်စာတတ်တော့လည်း စီးပွါးရေး အထောက်အကူပြုတာ မဟုတ်ဘူး၊ ခေတ်မမှီတဲ့ ပညာရေးတစ်ခုကို ကြိုးစားပမ်းစား သင်ယူနေလျှင် အချိန်းဖြုန်းတာနဲ့ အတူတူပဲ။ အချိန်ကို အကျိုးရှိရှိ အသုံးချစမ်းပါ`…လို့ပြောသွားပါတယ်။ သူ့အမြင်မျိုး ကရင်လူငယ်မောင်မယ်များထဲမှာ ဘယ်လောက်ရှိနေပြီလဲ ဟု မပြောတတ်တော့ပေ။ များများသာ ရှိလျှင်တော့ ကရင်လူမျိုး မြန်မြန်ပျောက်ကွယ်သွားမည်မှာ သေချာသည်။

ခေတ်ပညာ ဘယ်လောက်တော်တော်၊ ဘယ်လောက်တတ်တတ်၊ အမျိုးသားဘာသာစကားနှင့် စာပေကို
စိတ်ဝင်စားမှု မရှိသရွေ့ စာပေစိတ်ဓာတ်ရှိသူဟု မဆိုထိုက်ပေ။ ပညာတတ်တစ်ယောက်အဖြစ်တော့ အသိအမှတ်ပြု ခံရကောင်းခံရပါလိမ့်မည်။ သို့သော် တန်ဖိုးရှိသော သူတစ်ယောက်အဖြစ်တော့ သမိုင်းတွင်ရစ်မည် မဟုတ်။
စာရေးသူ သူငယ်ချင်းတစ်ယောက်ရှိလေသည်။ သူက အဝေးသင်တက္ကသိုလ်ကျောင်းသားပါ။ ကရင်စာပေနည်းပြလုပ်ခဲ့သလို လုပ်အားပေးဆရာလည်း လုပ်ခဲ့ဖူးသည်။ ရုတ်တရက်ကြည့်လျှင်တော့ စာပေစိတ်ဓာတ် အတော်ရှိပုံ ထင်ရသည်။ ဘယ်မှာဟုတ်မှာတုန်း။ နောက်မှ သူ့မှာ စာပေစိတ်ဓာတ် လေးလေးနက်နက် မရှိမှန်း သိလိုက်ရသည်။ ဖြစ်ပုံက ဒီလိုပါ။သူနဲ့ စာရေးသူသည် ပြောမနာ ဆိုမနာ တစ်ယောက်အကြောင်းတစ်ယောက်သိသူတွေ ဖြစ်သည်။ ကိစ္စတစ်ခုပေါ်တိုင်း ဆက်သွယ်ကြသည်။

တိုင်ပင်ကြသည်။ သူက စာရေးသူကို ဆက်သွယ်ရန် အမြဲလိုလို စာရေးအကြောင်းကြားလေ့ ရှိသည်။
သူ့စာက ကရင်လို တစ်ခါမှ မတွေ့ရပါ။ တကယ်လို့ စာပေစိတ်ဓာတ်ရှိလျှင် ပိုးကရင်အချင်းချင်း ပိုးကရင်လိုသာ ရေးသင့်သည်။
ထိုနည်းတူ ကရင်အများစုသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာမှာ ကိုယ့်ဘာသာစကားစာပေရေးထုံးနှင့် ဆက်သွယ်သည့်အလေ့အထ အလွန်နည်းသေးသည်။ ဒါတွေကို ကြည့်လျှင် ကိုယ့်စာပေကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သည်။ ကိုယ့်စကား၊ ကိုယ့်စာပေ ပြောတတ်၊ ရေးတတ်လျက်သားနဲ့ မပြော၊ မရးဘူးဆိုလျှင် ကိုယ့်လူမျိုးတုံးအောင်လုပ်ခြင်းနှင့် ဘာခြားဦးမည်နည်း…။

ဒါကြောင့် `ငါ စာပေစိတ်ဓာတ်ရှိသည် `ဟု အော်ရုံနှင့်မပြီး၊ အပြောနှင့်အလုပ် တစ်ထပ်တည်းကျအောင် လုပ်သင့်ပါသည်။ နောက်ဖြစ်ရပ်တစ်ခုကား နွေရာသီ ကျောင်းပိတ်သည့်အတောအတွင်း စာပေစိတ်ဓာတ်ရှိသော ရွာတွေက ကရင်စာပေသင်တန်း ဖွင့်လှစ်ကြသည်။ သင်တန်းဖွင့်တော့ ပြဿနာနှင့် တိုးပြန်သည်။ အကြောင်းကား ပညာတတ် သမီးတစ်ယောက်က ကရင်စာ လာသင်သည်။ သူမ စာလာသင်သည်ကို မိဘတွေက မကြိုက်ကြ၊ မသင်ရန် တားမြစ်သည်။ နောက်တော့ သူမ၏ အမေက `ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ သမီး၊ ကရင်စာပေနည်းပြတွေလို လေလွင့်မနေနဲ့၊ သူတို့တွေက အမြင်ကျဉ်း၊ အယူသီး၊ အစွန်းရောက်တွေ၊ ကရင်စာသင်နေမယ့်အစား ဂျူရှင်ကြိုတက်ထားနိုင်ရင် သမီးအတွက် ပိုကောင်းသေးတယ်။ သမီးက ကရင်စာကို ကြိုးစားပမ်းစား သင်ယူနေတာ ဘ၀ရှေးရေးအတွက် ဘာအထောက်အကူပြုမှာမို့လို့လဲ` စသည်ဖြင့် သူ့သမီးလေးကို တရဟော ပြောချသွားသည်။

ပြီးတော့ သူမအဖေကလည်း စာပေနည်းပြတွေဆီသွားကာ `နင်တို့သင်တန်းဖွင့်တာ ဘယ်သူဖွင့်ခိုင်းလို့လဲ၊ သင်တန်းကြောင့် ကလေးတွေ ပျက်စီးကုန်ပြီ၊ နင်တို့သင်တန်းက ဘယ်မှာ တက္ကသိုလ် ရှိလို့လဲ၊ ကရင်စာပေသင်တန်းအောင်မြင်ရင်ရော အလုပ်ခန့်စရာ ရှိလို့လား၊ အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေ လျှောက်မလုပ်ပါနဲ့၊ နင်တို့လုပ်ရပ်ကို ရပ်တန်းက ရပ်ပါတော့` စသည်ဖြင့် ပြောသွားသည်။
သူတို့စကားကြောင့် အားလုံးက ဇဝေဇ၀ါ ကမောက်ကမ ဖြစ်ကုန်သည်။ တရွာလုံးက သူတို့ကို ဘယ်သူမှ မလွန်ဆန်ရဲပေ။ နောက်တော့ သင်တန်းရက်မစေ့ဘဲ တစ်ဝက်တစ်ပြက်နှင့်သာ အဆုံးသတ်လိုက်ရသည်။
ထို့ပြင် စာပေစိတ်ဓာတ် မရှိသည်ထက် မသိတာက ပို၍ပင် ခက်သေးသည်။ ကျေးလက်ဒေသ တစ်ချို့ ရွာတွေဆိုလျှင် အေးဆေးလွန်းလှသည်။ ပညာရေးအသိ၊ ကျန်းမာရေးအသိ၊ နိုင်ငံရေးအသိ၊ အမျိုးသားရေးအသိ၊ စာပေအသိစသည့် အသိဟူသမျှ မရှိသေးချေ။ ရိုးရာဓလေ့တောင်မှ လုပ်သာလုပ်ပြီး ဦးတည်ချက် မသိကြချေ။

အချိန်တန်လျှင် လယ်လုပ်သူက လယ်ထဲဆင်း၊ ခြံသမားက ခြံထဲဝင်၊ အရောင်းအ၀ယ်သမားက အရောင်းအ၀ယ်ရှာ သည်လိုနှင့်ပဲ လည်ပတ်ကြသည်။ စာပေသင်ရကောင်းမှန်း မသိကြချေ။ စာပေအသိ မရှိတော့ စာပေစိတ်ဓာတ်ကား အဘယ်မှာ ရှိမည်နည်း။ အများစုက ကရင်စာပေကို မတတ်ကြပေ။ အဲလိုရွားလည်း ရှိသေးသည်။ တစ်ချို့က ရေးထုံးကွဲ၍ မသင်ယူနိုင်ဟု ဆင်ခြေလက်ခြေပေးတတ်သေးသည်။ စာပေရေးထုံး ဘယ်လိုပဲ ကွဲပြားကွဲပြား၊ စာပေစိတ်ဓာတ် ရှိလျှင်တော့ ကိုယ့်ဘာသာစကားနှင့် သင့်တော်သည့် ရေးထုံးတစ်ခုတော့ တတ်ထားရန် လိုအပ်ပါသည်။ ဥပမာ -စကောကရင်ဆိုလျှင် စကောကရင်စာ တတ်ရမည်။ အလားတူ ပိုးကရင်လည်း ပိုးကရင်စာ တတ်ရမည်ဖြစ်သည်။

စာပေရေးထုံး အမျိုးမျိုးထဲမှ အရှေ့ပိုးကရင် ရေးထုံး(ရှေးဟောင်း၊ကရင်စာ)နှင့် ယနေ့ ကရင်သံဃာတော်များ အခန်းကဏ္ဍကို အလျဉ်းသင့်လို့ အကျဉ်းမျှ ပြောလိုပါသည်။(ပုတ်ခတ်ဝေဖန်ခြင်း မဟုတ်ပါ)
မြို့ကြီးပြကြီးမှာ ကရင်သံဃာတော်များ ဦးစီးဦးဆောင်သည့် ပရိယတ္တိစာသင်တိုက်တွေ ရှိပါသည်။ ကရင်ဘုန်းကြီးတွေ ထိုင်သည့်ကျောင်းဆိုလျှင် စာသင်သား အများစုကတော့ ကရင်တွေချည်းသာ ဖြစ်သည်။
သို့သော် သူတို့လေးတွေ ကရင်စာ မတတ်ရှာပေ။ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က ကရင်စာ ရေးနိုင်၊ဖတ်နိုင်မှု အားနည်းလေတော့ အမျိုးသားအကျိုး၊ စာပေအကျိုး ဘယ်လိုထမ်းဆောင်မည်နည်း။
(ပရိယတ္တိ ထူထောင်ခြင်း၊ စာပေသင်ကြား ပို့ချခြင်းသည် စာပေမျိုးဆက်သစ် မွေးထုတ်ခြင်း မဟုတ်ဟု မဆိုလိုပါ) စာပေ တသီတတန်းတတ်ပြီး ကရင်စာပေ စိတ်ဓာတ် မရှိသည်ကို ဆိုချင်ပါသည်။ မြို့၌ ကရင်ကျောင်း ဆိုင်းဘုတ်တွေကိုကြည့်ပါ။ ကရင်ဘာသာနှင့် ဆိုင်ဘုတ်တင်တာ သိပ်မတွေ့ရပေ။

တစ်ကျောင်းတစ်လေတော့ ရှိကောင်းရှိနိုင်ပါသည်။ များများစားစား မရှိသေး။ ကရင်ကျောင်းသည် ကရင်ဘာသာလို ဆိုင်းဘုတ်တင်ထားခြင်းအားဖြင့် အခြားလူမျိုး၊အခြားဘာသာစကားကို ထိခိုက်စရာအကြောင်းမရှိပေ။ ကိုယ့်ဘာသာစကားကိုလည်း မြှင့်တင်ရာ ရောက်သည်။ ကိုယ့်မှာ စာပေရေးထုံးရှိကြောင်း၊ တခြားတိုင်းရင်းသားညီနောင်တွေကို သိခွင့်ပေးသလို တိုင်းရင်းသားအချင်းချင်း နားလည်မှုလည်း ရရှိလာမှာဖြစ်ပါသည်။
တောမှာ ကရင်ရွာ၊ ကရင်ကျောင်း၊ ကရင်ဘုန်းကြီးတွေကို ပြန်ကြည့်တော့လည်း ကရင်စာပေစိတ်ဓာတ်နှင့်ပတ်သက်လျှင် ရင်လေးစရာပင်။ အများစုက အလှူခံခြင်း၊ ကျောင်းဆောက်ခြင်း၊ဘုရားတည်ခြင်း၊ ကျောင့်စောင့်ခြင်း၊ ဇာတ်ပွဲသဘင်ငှါးခြင်း စသည့်ဖြင့် လုပ်ကြသည်။

စာပေသင်တန်းဖွင့်ခြင်းကား ရှိသော်လည်း တနယ်မှာ တစ်ကျောင်း၊ တစ်ပါးတစ်လေသာ ရှိတတ်သည်။
အမှန်မှာတော့ ဘုန်းကြီးတွေက သြဇာအာဏာသက်ရောက်မှုရှိပါသည်။ အမှုအခင်းကလွဲပြီး ဘုန်းကြီးပြောလျှင် အားလုံးပြီးသည်။သို့ဖြစ်၍ ကျောင်းထိုင်ဘုန်းကြီးတွေက စာပေစိတ်ဓာတ်သာ ရှိလျှင် ကရင်စာပေသင်ကြမည်လို့ တစ်ခွန်းပြောလိုက်သည်နှင့် တစ်ရွာလုံးလိုလို စာလာသင်ကြမည်မှာဖြစ်သည်။
အဲသည်လို နှိုးဆော်ရန်နေနေသာသာ တစ်ဦးတစ်ယောက်က စာပေသင်တန်းဖွင့်ချင်လို့ သွားတင်လျှောက်တာတောင်မှ မလိုလား၊ ခွင့်မပြုသည့် ဘုန်းကြီးကလည်း ရှိသေးသည်။

စာရေးသူအတွေ့အကြုံအရ တချို့ဘုန်းကြီးဆိုလျှင် ဇာတ်ပွဲငှါးဖို့ အချိန်ပေးနိုင်သည်။ ကရင်စာပေသင်တန်းဖွင်ဖို့ကျတော့ အချိန်မပေးနိုင်။ ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ပိုက်ဆံသန်းနှင့်ချီပြီး မတည်နိုင်သည်။ စာပေသင်တန်းအတွက်ကျတော့ သောင်းဂဏန်းလောက်တောင်မှ အကုန်အကျမခံနိုင်။ အခြေအနေက အဲသည်လိုရှိသည်။ အလွန်အုံသြဖို့ ကောင်းလှသည်။ စာရေးသူ ဝေဖန်ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ပါ။ စာပေစိတ်ဓာတ်နှင့် ပတ်သက်ပြီး တင်ပြခြင်းသာဖြစ်ပါသည်။

တကယ်တော့ ကရင်သည် ဘာသာရေးခေါင်းဆောင်ဖြစ်ဖြစ်၊ ပညာတတ်အလွှာဖြစ်ဖြစ်၊ သာမန်လူတန်းစားအလွှာဖြစ်ဖြစ် စာပေစိတ်ဓာတ်ရှိသူ အနည်းစုသာ ဖြစ်သည်။ စာပေစိတ်ဓာတ်သာ ရှိခဲ့ပါမူ ယခုလိုမျိုး စာပေ အောက်ကျနောက်ကျ ရှိနေမည်မဟုတ်ပါ။ တိုးတက်အောင် မလုပ်နိုင်သည့်တိုင် တတ်အောင်တော့ သင်ယူကြရမည်ဖြစ်သည်။ ယခုကျတော့ ဆယ်ပုံတစ်ပုံသာ မိမိစာပေကို ရေးနိုင်ဖတ်နိုင်သူရှိ၍ ကရင်လူမျိုး စာပေစိတ်ဓာတ် ရှိသည်၊ မရှိဘူးဆိုတာ သုံးသပ်ရင်း လိုအပ်နေသော ကရင်စာပေစိတ်ဓာတ်တစ်ခုကို ၀ိုင်းဝန်းဖြည့်စွက်ကြစေလိုကြောင်း……။

ပိုးဖလံ(ယမ်းငွေ့မြေ)
2749-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်၊ သထုံမြို့နယ်၊ အထိန်းအမှတ်စာစောင်မှ။

အပြည့်အစုံသို့...