မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်နေသည်ဟု ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရာရှိများပြောသည်။
လိုင်ဇာမြို့မှ မြေပြင်ခရီးအားဖြင့် ငါးမိုင်အကွာရှိ လဂျားယန်ကျေးရွာတွင် မြန်မာအစိုးရတပ်က ထိုသို့ ပြင်ဆင်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးပြောသည်။
လဂျားယန်သို့ ၁၂၀ မမ အမြောက်များပို့ဆောင်ထားသည်ဟုဆိုသည်။
အဖြောင့်တိုင်းလျှင် ၃ မိုင်ခန့်သာကွာဝေးသည့် လိုင်ဇာသို့ လဂျားယန်မှ ထိုအမြောက်များဖြင့်ပစ်ခတ်လျှင် ပျက်စီးမှုကြီးမားနိုင်သည်။
လဂျားယန်အပြင် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က မဟာဗျူဟာကျသည့်နေရာများတွင်လည်း မြန်မာအစိုးရတပ်များ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ကိုတွေ့ရသည်ဟု ဆိုသည်။ ထိုတပ်စခန်းများသို့
ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမြို့၊ မြန်မာပြည် မြေက်ာပိုင်း။
lအစိုးရတပ်သားသစ်များလည်း ရောက်ရှိလာကြခြင်းလည်းဖြစ်သည်ဟု ဆိုသည်။
လွန်ခဲ့သော ကြာသပတေးနေ့က ဗန်းမော်ဆိပ်ကမ်းသို့ အင်အား ၂၀၀ ကျော်ရှိ မြန်မာအစိုးရစစ်သားများ စက်လှေဖြင့်ရောက်ရှိလာကြသည်။ ၎င်းတို့မှာလည်း လိုင်ဇာစစ်မျက်နှာအတွက် ပို့ဆောင်ကြခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်များတွင်လည်း မြစ်ကြီးနား-ဗန်းမော်လမ်းမရှိ KIO ခြေကုပ်စခန်းအနီး အင်ပေါန်နှင့် ဂန်တော်ယန်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
kia
วันพุธที่ 11 เมษายน พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น