သဲနှင့်အုတ်ချပ် ဆင့်ကာထပ်သော်
မျှော်ရာတိုက်ကြီး ပြီးစီးနိုင်၏။
ထိုနည်းကိုယူ သတိမူလျှက်
ရဲစွမ်းထက်ထက် အားမာန်စွက်၍။
ကရင့်အင်အား ဆင့်ပွားများသော်
ရန်ခေါ်ရန်ဆုတ် ရန်တုန်လှုပ်၏။
ရဲရင့်ကိုယ်စီ သွေးစည်းညီက
အားကိုအားဟု သိမှတ်ပြု၏။
သိဥာဏ်အင်အား ဆင်ခြင်အားနှင့်
မျှော်မြင်ရှေ့နောက် ရှိထားသင့်၏။
လက်ကိုင်နှုတ်ဆက် နှုတ်မြွက်ချိုလည်း
တုယောင်ခွဲခြား သိထားသင့်၏။
သူသည်လည်းပြုံး ကိုယ်လည်းပြုံးနှင့်
သူ့ တွင်းစိတ်ဓါတ် သိထားသင့်၏။
သူခေါ်လည်းသွား သူပြောနားထောင်
သူ့ကြိုက်ဆောင်ကို အကောင်းသတိရှိသင့်၏။
ဒေါနတောင်စဉ် ဇွဲကပင်နှင့်
ကရင်မွေနှစ် ဘိုးဘွားဖြစ်ကို
သက်လိုတစ်မျှ ထိန်းသိမ်းကြလျှင်
ဘိုးစဉ်ဘောင်ဆက် ဖွားဖက်ကရင်
ဂုဏ်လွန်တင့်မည် ကြိုင်သင့်ကမ္ဘာမငြိုးတည်း။
စောကြယ်ပျံ
วันพฤหัสบดีที่ 12 เมษายน พ.ศ. 2555
အသိနှင့်သတိ
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น