ဖနွမ်းပင် - ၁၉၇၅တွင် ကမ္ဘောဒီးယား၌ ခမာနီတို့ အာဏာရခဲ့ပြီးနောက် ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏သမိုင်းတွင် အထင် ကရဖြစ် ခဲ့သော နေ့ရက် များ -
၁၇ ဧပြီ ၁၉၇၅
ခမာနီတို့ ဖနွမ်းပင်မြို့တော်တွင်း ၀င်ရောက်လာခဲ့ပြီးနောက် ပိုပေါ့၏ ဦးဆောင်မှုဖြင့်ကြောက်မက်ဖွယ်အုပ်စိုး ခဲ့ရာ လူနှစ်သန်းနီးပါး သေဆုံးခဲ့သည်။
၁၉၇၇
ကမ္ဘောဒီးယားက ဗီယက်နမ်နိုင်ငံ တွင်းသို့ ရုတ်တရက် ၀င်ရောက်တိုက် ခိုက်ပြီး ဟနွိုင်းနှင့် အဆက်အသွယ် ဖြတ်ခဲ့သည်။
၂၅ ဒီဇင်ဘာ ၁၉၇၈
ဗီယက်နမ်က ကမ္ဘောဒီးယားနိုင်ငံ တွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။
၇ ဇန်န၀ါရီ ၁၉၇၉
ဖနွမ်းပင်မြို့တော် ဗီယက်နမ်တို့လက် ကျရောက်ပြီး အစိုးရသစ်တင်သည်။ ခမာနီနှင့် ဘုရင့်သစ္စာခံများအကြား ပြည်တွင်းစစ်ဖြစ်လာ သည်။
၂၂ ဇွန် ၁၉၈၂
ပြည်ပရောက်တော်လှန်ရေး သုံးပါတီ က ဗီယက်နမ် ကျူးကျော်မှု ဆန့်ကျင်ရေး ဒီမိုကရက်တစ် ကမ်ပူးချား ညွန့်ပေါင်း အစိုးရ ဖွဲ့ရာ ကုလသမဂ္ဂက အသိအမှတ်ပြုထောက်ခံခဲ့သည်။
၃၀ ဇူလိုင် ၁၉၈၉
ကုလသမဂ္ဂကြီးမှူး၍ ပါရီမြို့တွင် ဆွေးနွေးပွဲစတင်သည်။ ခမာနီတို့၏ အနေအထားနှင့် ပတ်သက်၍ သဘော ကွဲကြပြီး ဩဂုတ်လတွင် ဆွေးနွေးပွဲ ရပ်သွားသည်။
၂၇ စက်တင်ဘာ ၁၉၈၉
ဗီယက်နမ်နိုင်ငံက ကမ္ဘောဒီးယား နယ်မြေမှ ဆုတ်ခွာသွားပြီးဖြစ်ကြောင်း တရားဝင်ကြေညာ။
၂၃ အောက်တိုဘာ ၁၉၉၁
ပဋိပက္ခပြေငြိမ်းရန် ငြိမ်းချမ်းရေး စာချုပ်လက်မှတ်ထိုးကြသည်။ ရွေး ကောက်ပွဲများ ကျင်းပသည်အထိ ကမ္ဘောဒီးယားကို ကုလသမဂ္ဂ ကြီးကြပ်မှုအောက်တွင်ထားရှိသည်။ ငါးလနီးပါးကြာပြီးနောက်မှ ကုလငြိမ်းချမ်းရေး ထိန်းတပ်များက ရှင်းလင်းရေးစတင် နိုင်ခဲ့သည်။
၂၃ မေ ၁၉၉၃
ရွေးကောက်ပွဲကျင်းပရာ ဘုရင့် သစ္စာခံ 'ဖန်ဆင်ပက်' ပါတီက ၄၇ ရာခိုင်နှုန်းရပြီး ကမ္ဘောဒီးယား ပြည်သူ့ ပါတီက (CPP) ကို အနိုင်ရ သည်။
၂၄ စက်တင်ဘာ ၁၉၉၃
ဖွဲ့စည်းပုံသစ်အတည်ပြုပြီး မင်းသားကြီးနိုရိုဒွန်ရာနာရစ်ကို ပထမ၀န်ကြီးချုပ်ခန့်ပြီးကုလသမဂ္ဂဖိအားဖြင့် ဟွန်ဆန်းကို ဒု-၀န်ကြီးချုပ် ပေးသည်။
၇ ဇူလိုင် ၁၉၉၄
ခမာနီအဖွဲ့ကို ကမ္ဘောဒီးယားအစိုးရ က မတရားသင်းကြေညာ။
၂၅ ဇူလိုင် ၁၉၉၇
ပိုပေါ့၏ လက်ထောက်ဟောင်း စစ်ခေါင်းဆောင် တာမုတ်ဖွဲ့စည်းသော စစ်ဆေးရေးအဖွဲ့ကပိုပေါ့အား သစ္စာဖောက်မှု၊သူ၏ကာကွယ် ရေး ၀န်ကြီး ဟောင်းအားသတ်မှုတို့ဖြင့် ပြစ်မှုထင် ရှားကြောင်း စီရင်ခဲ့သည်။
မတ်လကုန် ၁၉၉၈
ခမာနီ တို့၏ နောက် ဆုံး ခံတပ် အစိုးရ တပ်များ လက်သို့ ကျသည်။ ပိုပေါ့ အပါ အ၀င် ထိပ်တန်း ခေါင်းဆောင်များ ထွက်ပြေး လွတ် မြောက်သွားသည်။
၁၅ ဧပြီ ၁၉၉၈
ခမာနီကို ခေါင်းဆောင်ခဲ့သည့် ပိုပေါ့ သေဆုံးသည်။
၂၅ ဒီဇင်ဘာ ၁၉၉၈
ပိုပေါ့၏ လက်ထောက်နုံချီး အစိုးရ ထံ ဘက်ပြောင်းခိုလှုံသည်။
၆ မတ်လ ၁၉၉၉
ခမာနီသူပုန်တို့၏ နောက်ဆုံးလက် ကျန် ထိပ်တန်းခေါင်းဆောင် တာမုတ် အား ဖမ်းဆီးရမိပြီး မျိုးဖြုတ်သတ်ဖြတ် မှုဖြင့် စွဲချက်တင် သည်။
၁၀ မေ ၁၉၉၉
ခမာနီစစ်ကြောရေးအဖွဲ့ အက်စ်-၂၁ ၏ အကြီးအကဲခိုင်ဂူအဲကို ဖမ်းဆီး ရမိသည်။
၆ ဇွန် ၂၀၀၃
ခမာနီခေါင်းဆောင် ဟောင်းများ အား စစ်ဆေးရန် နိုင်ငံတကာ စစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်းရန် အကြိတ်အနယ် ဆွေးနွေးပြီးနောက် ကမ္ဘောဒီးယား အစိုးရနှင့် ကုလသမဂ္ဂတို့ သဘောတူ ခဲ့ကြသည်။
၎ အောက်တိုဘာ ၂၀၀၄
ခမာနီစစ်ဆေးရေးခုံရုံးဖွဲ့ရန် ဥပဒေ ကို ကမ္ဘောဒီးယားလွှတ်တော်က သဘောတူခဲ့သည်။
၃၀ ဧပြီ ၂၀၀၅
ခုံရုံးရန်ပုံငွေအတွက် နှစ်ပေါင်းများ စွာ ငြင်းခုံဆွေးနွေးပြီးနောက် ကုလ သမဂ္ဂမှ ခွင့်ပြုခဲ့သည်။
၎ မေ ၂၀၀၆
ကမ္ဘောဒီးယား၏ အမြင့်ဆုံးတရား ရေးအဖွဲ့က ကမ္ဘောဒီးယား ၁၇ ဦး၊ အပြည်ပြည်ဆိုင်ရာ တရားသူကြီးနှင့် ရှေ့နေ ၁၃ ဦးပါဝင်သော ခမာနီခုံရုံးကို သဘောတူဖွဲ့စည်းသည်။
၃ ဇူလိုင် ၂၀၀၆
တရားစီရင်ရန် ခမာနီခုံရုံးတရား သူကြီးများရွေးချယ်ခဲ့ပြီး ကျမ်းသစ္စာ ဆိုစေခဲ့သည်။
၂၁ ဇူလိုင် ၂၀၀၆
လူသတ်သမားဟု လူသိများသော တာမုတ်သည် ခုံရုံး၌ အစစ်မခံရမီမှာ ပင် သေဆုံးသွားသည်။
၃၁ ဇူလိုင် ၂၀၀၇
ခမာနီစစ်ကြောရေးမှူး ခိုင်ဂူအဲ (Duch) ကို ခမာနီအကျဉ်းထောင်သို့ ပြောင်းရွှေ့သည်။
၁၉ စင်တင်ဘာ ၂၀၀၇
ထိပ်တန်းခမာနီသဘောတရားရေး ခေါင်းဆောင် နုံချီး (အစ်ကိုတော် နံပါတ် ၂)ကို ဖမ်းဆီးသည်။
၁၂ နိုဝင်ဘာ ၂၀၀၇
ခမာနီလူမှုရေးဝန်ကြီး အီယန်သီရစ် နှင့် သူ့ခင်ပွန်း (နိုင်ငံခြားရေးဝန်ကြီး ဟောင်း အီယန်ဆာရီ) တို့ကို ဖမ်းဆီး နိုင်ခဲ့သည်။
၁၉ နိုဝင်ဘာ ၂၀၀၇
ခမာနီအစိုးရအဖွဲ့အကြီးအကဲဟောင်း ခီယူဆန်ဖန်ကို ဖမ်းဆီးသည်။
၁၇ ဖေဖော်ဝါရီ ၂၀၀၉
ကုလသမဂ္ဂအဖွဲ့မှ ထောက်ပံ့ပေးနေ သော ကမ္ဘောဒီးယား စစ်ရာဇ၀တ် ခုံရုံး၏ ပထမဆုံး စစ်ဆေးမှုအဖြစ် ခမာနီထောင်မှူးDuch ၏ အမှုကို စတင်စစ်ဆေးသည်။
၃၁ မတ် ၂၀၀၉
ခမာနီစစ်ကြောရေးမှူးDuch က သူ့ တွင် အပြစ်ရှိကြောင်းဝန်ခံပြီး သေဆုံး သူများ၏ မိသားစုများအား အပြစ်မှ ခွင့်လွှတ်ပါရန် တောင်း ပန်ခဲ့သည်။
၁၇ နိုဝင်ဘာ ၂၀၀၉
Duch ၏ အမှုကြားနာမှု ပြီးဆုံး သည်။
၁၄ ဇန်န၀ါရီ ၂၀၁၀
ရုံးတွင် ဖမ်းဆီး ထားသော အခြား တရားခံ လေးဦး စလုံး ကို စစ်ဆေးမှုပြီးစီး ၍ ၂၀၁၁ စောစော ပိုင်း တွင် ရုံးတင် မည့် အကြောင်း ကြေညာသည်။
၁ ဖေဖော်ဝါရီ ၂၀၁၀
ခမာနီအစိုးရကျဆုံးသည်။ (၃၁) နှစ် မြောက် နှစ်ပတ်လည်နေ့ တွင် အာဏာ ရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က တရားရုံးကို ထောက်ခံကြောင်း ပြောပြီး နောက်ထပ်တရားခံများ လိုက်ရှာနေလျှင် ပြည်တွင်းစစ်ပြန်ဖြစ်နိုင်ကြောင်း သတိပေးသည်။
ခမာနီထိပ်တန်းခေါင်းဆောင်များ
(အေအက်ဖ်ပီ) ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
ဖါးစည်သံ
วันพฤหัสบดีที่ 19 เมษายน พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น