ကရင်လူမျိုးတို့ သည် တရုတ်ပြည်မှထွက်ခွာလာပြီး တောင်ဘက်သို့  တနေရာမှတနေရာသို့  ပြောင်းရွှေ့  ဆင်းသက်လာကြသည်။ ဤသို့ ဖြင့် ယခု ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံရှိသည့် ပင်လယ်ကမ်းခြေနေရာ အထိ ရောက်ရှိလာကြလေသည်။ ဤကဲ့သို့ ကရင်လူမျိုးများ ပြောင်းရွှေ့ ဆင်းသက်လာပြီး နောက်ပိုင်း နှစ်ပေါင်း အနည်းငယ်အကြာတွင် တရုတ်ပြည်တွင် နေထိုင်ကြသည့် ရှမ်းလူမျိုးများကလည်း ကရင်လူမျိုးတို့ ပြောင်းရွှေ့  ဆင်းသက်လာသည့်လမ်းအတိုင်း တရုတ်ပြည်မှ ထွက်ခွာကာ အမြောက်အများ ပြောင်းရွှေ့ ဆင်းသက်လာကြ လေသည်။ အထက်မှ ဆင်းသက်လာသော ရှမ်းများ၏ဖိအားကြောင့် ကရင်တို့ သည် ပင်လယ်ကမ်းစပ်အထိ ရောက်ရှိကြပြီး ဆက်လက်ပြောင်းရွှေ့ ရန်နေရာမရှိတော့ဘဲ ဖြစ်နေသည်။ ထို့ ကြောင့် ၎င်းတို့ သည် ဦးလှည့် ပြီး လာလမ်းအတိုင်း မဲနမ်းဖြစ်ဖျားဖက်သို့ ပြောင်းရွှေ့ ချီတက်သွားကြသည်။ ဤမဲနမ်မြစ်ဖျားမှာပင် စခန်းချ နေထိုင်လေသည်။ ဤနေရာကို ယခု ကျွန်ုပ်တို့ ဇင်းမယ် (ချင်းမိုင်)ဟု ခေါ်သည့် နေရာပင်ဖြစ်သည်။ ဇင်းမယ် သည် ကရင်မျိုးနွယ်စုအားလုံး၏စုစည်းနေထိုင်ရာအရပ်ဖြစ်သည်။ ကရင်လူမျိုးတို့ ၏ မြို့ တော်လည်းဖြစ်သည်။ ဇင်းမယ်မြို့ မှာ ထောင့်လေးထောင့်ရှိသည်။ တချိန်တွင် ကရင်လူမျိုးတို့ ၏ ဤနေရာတွင် အများအပြားတိုးပွား လာသည်ဟု ဆိုသည်။ လူဦးရေ သန်းနှင့်ချီပြီးများပြားလာခဲ့သည်။ ထိုအချိန်တွင် ရှမ်းလူမျိုးတို့ ၏ မြို့ တော်မှာ ဘန်ကောက်ဖြစ်သည်။ ဇင်းမယ်တွင် နေထိုင်ကြသည့်ကရင်တို့ သည် ရှမ်းများနှင့်မကြာခဏ စစ်ပွဲဖြစ်ခဲ့သည်။ တခါတရံ သူတို့ ရှမ်းကို အနိုင်တိုက်နိုင်ပြီး တခါတရံ ရှမ်းများက အနိုင်ရလေသည်။ ကြာမြင့်လာသောအခါ ၎င်းတို့ သည် စစ်မတိုက်နိုင်ကြတော့ဘဲ ရှမ်းနှင့်ကရင်လူမျိုးတို့ သည် စစ်ပြေငြိမ်းကာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး ရယူကြလေသည်။ ဇင်းမယ်မြို့ ပျိုကျပျက်စီးခဲ့ရသောအကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ဇင်းမယ်ဘုရင်တွင် သား သမီးယောက်ျားတယောက်မျှမရှိပါ။ သမီးတဦးတည်းသာရှိသည်။ ကရင်ဘုရင်နတ်ရွာစံပါက ၎င်း၏နေရာတွင် နန်းတက်မည့်သူမရှိကြောင်း ရှမ်းဘုရင်က သိရှိသွားသည်။ ထို့ ကြောင့် ၎င်း၏နိုင်ငံကို ကရင်နိုင်ငံနှင့်ဆက်စပ် သွားရန် ရှမ်းဘုရင်က ကြံစည်လေတော့သည်။ ရှမ်းဘုရင်က ကရင်ဘုရင်၏သမီးတော်ကို တောင်းယူပြီး မိဖုရားအဖြစ် ထားရှိမည်ဟု ဂတိပေးလေသည်။ ထို့ နောက် သားယောက်ျားရရှိပါက ကရင်ဘုရင်အဖြစ် ပြန်၍ ပေးအပ်မည်။ ဤကဲ့သို့ တောင်းသော်လည်း ကရင်ဘုရင်က သမီးတော်ကို မပေးပါ။ ရှမ်းဘုရင်သည် မကျေမ နပ်ဖြစ်သဖြင့် အခြားနည်းလမ်းတခုကို ကြံစည်လေသည်။ ရှဘုရင်က ကရင်ပြည်နှင့်ရှမ်းပြည်အကြား ကုန်သွယ် ရေးငန်းအတွက် နယ်စပ်ကို လုံးဝပိတ်ထားရန် အမိန့် ထုတ်လေသည်။ ဤကဲ့သို့  ပိတ်ထားသဖြင့် ကရင်တို့  သည် ဆားမစားရဘဲ ဖြစ်နေတော့သည်။ ဆားမစားဘဲ နေခဲ့ရသည်မှာ အချိန် ၃ နှစ် ကျော်လွန်သည့်အခါတွင် လူထုသည် ရောဂါရရှိလာကြသည်။ ဆားမစားကြရသဖြင့် အရိုးအဆစ်များ ယောင်ယမ်းလာပြီး အမွှေးအမြှင် များပေါက်လာလေတော့သည်။ ဤသို့ ဖြင့် ကရင်လူထုတို့ သည် မခံနိုင်တော့ဘဲ ၎င်း၏ဘုရင်အား ရှမ်းဘုရင် တောင်းဆိုခဲ့သည့်အတိုင်း သမီးတော်အား ပေးအပ်ရန် တိုက်တွန်းလေတော့သည် ထိုအခါ ကရင်ဘုရင်သည် မနေသာတော့ဘဲ သမီးတော်ကို ရှမ်းဘုရင်လက်ထဲ အပ်လိုက်ရလေတော့သည်။ ရှမ်းဘုရင်သည် ကရင်ဘုရင် သမီးတော်ကို ရရှိပြီးသောအခါ ကုန်သွယ်ရေးအတွက် နယ်စပ်ပိတ်ထားသည်ကို ပြန်လည်ဖွင့်လှစ်စေသည်။ ကရင်ဘုရင်သမီးတော်ကိုလည်း မိဖုရားကြီးနေရာကို တင်မြှောက်လေသည်။ ဤကဲ့သို့ ဖြစ်ပြီး ၁၆ နှစ်အကြာတွင် ကရင်ဘုရင်သည် နတ်ရွာစံလေသည်။ ကရင်ဘုရင်၏ထီးနန်းကို ဆက်ခံမည့်သားသမီး တဦးတယာက်မျှမရှိသဖြင့် ကရင်တို့ က ဘန်ကောက်ရှမ်းဘုရင်ထံသို့  ၎င်းတို့ ဘုရင် မြှောက်ရန်အတွက် “စောခိုဘိုဖိုး”ပေးရန်အတွက် တောင်းဆိုလေသည်။ စောခိုဘိုဖိုးသည် ဘန်ကောက် ဘုရင်လက်အောက် အကြီးဆုံးစစ်သူကြီးဖြစ်ယုံမက ကရင်တဦးလည်းဖြစ်သည်။ ဤကဲ့သို့ တင်လျှောက်ရာတွင် ဘန်ကောက်ဘုရင်က ၎င်း၏သားတော်(ကရင်မိဖုရားနှင့် ရသည့်သားတော်)အား ဘုရင်အဖြစ်ပေးရန် သ ဘောတူသည်။ သို့ ရာတွင် ဤသားတော်(ကရင်ဘုရင်၏မြေးတော်လည်းဖြစ်သည်) ငယ်လွန်းသေးသဖြင့် (၁၅ နှစ်သာ ရှိသေးသည်) ဘန်ကောက်ဘုရင်က ယာယီအားဖြင့် စောခိုဘိုဖိုးအား ၎င်း၏ကိုယ်စား လက်ထောက် အဖြစ် ကရင်များကို အုပ်ချုပ်စေသည်။ ၅ နှစ်ပြည့်သည့်အချိန်တွင် ၎င်း၏သားတော် (၀ါ) ကရင်ဘုရင်၏မြေး တော်ကို ထီးနန်းအပ်ပြီး ကရင်ဘုရင်အဖြစ် တင်မြှောက်မည်ဟု ပြောဆိုလေသည်။ ၅ နှစ်ပြည့်သောအခါ ဘန်ကောက်ဘုရင်သည်လည်း ၎င်း၏ဂတိအတိုင်း လုပ်ဆောင်ခြင်းမရှိချေ။ ထို့  ကြောင့်ကရင်တို့ သည် ၎င်းတို့ ထဲမှ လူကြီးတစုကို ရွေးချယ်ပြီး ဘန်ကောက်သို့ စေလွှတ်ကာ ၎င်းတို့  ၏ဘုရင် ကို ပြန်လည်တောင်းယူစေသည်။ ယင်း ကရင်လူကြီးများသည် ဘန်ကောက်သို့ ရောက်ရှိသွားကြပြီး ဘန် ကောက်ဘုရင်ထံမှ ၎င်း၏သားတော်ကို ကရင်ဘုရင်အဖြင့် တင်မြှောက်ခွင့်ပြုရန် တောင်းဆိုလေသည်။ ဘန် ကောက်ဘုရင်၏သားတော်မှာ ကရင်ဘုရင်၏မြေးတော်ဖြစ်သဖြင့် ကရင်ဘုရင်အဖြစ်တင်မြှောက်ရန်ဂတိပေး အပ်ရေးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့  သွားရောက်ကြသည့်ကရင်များသည် ကရင်သင်တိုင်း ၀တ်စုံ ကို ၀တ်စားခြင်းမရှိသည်ကို ရှမ်းအကြီးများက တွေ့ ရှိသဖြင့် ၎င်းတို့ အား ယခုကဲ့သို့ ပြောဆိုသည်။ “ခင်ဗျားတို့  သည် ကရင်များမဟုတ်ပါ၊ ယင်းကြောင့် တောင်းဆိုမှုကို မပေးနိုင် ကရင်အ၀တ်အစားဖြင့် လာရောက်တောင်း ဆိုမှသာ ပေးမည်။ ၎င်းအပြင် လာရောက်တောင်းဆိုသူများမှာ စစ်အတတ်ပညာကွှမ်းကျင်သည့် တပ်ဗိုလ် တပ်မှူး အယောက် ၂၀၀ ဖြစ်သည်ဟုဆိုသည်။ ထိုအခါ ကရင်တပ်ဗိုလ်တပ်မှူး ၂၀၀ တို့ သည် ကရင်ဝတ်စုံတို့ ကို ၀တ်ဆင်ကြပြီး ဘန်ကောက်သို့ ခရီး ထွက်ခဲ့ကြသည်။ရှမ်းအကြီးအကဲများကလည်း ကရင်ဝတ်စုံဖြင့် ရောက်ရှိလာကြသည့်တပ်ဗိုလ်တပ်မှူးများသည် ၎င်းတို့ ဘုရင်နှင့် မြို့ တော်ကို ပြန်လည်တည်ဆောက်ရန်ဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။ဤသို့ ရောက်ရှိ လာကြသည့် ကရင်အုပ်စုတို့  မြို့ တွင်းသို့ ဝင်ရောက်ခြင်းမပြုမီ ရှမ်းအကြီးအကဲများက ၎င်းတို့ ဘုရင်ကို သံ တော်ဦးတင်လေသည်။ ထိုအခါ ရှမ်းဘုရင်က မြို့ တွင်းရှိ ခွန်အားဗလနှင့်ပြည့်စုံသည့် ရှမ်းယောက်ျားအားလုံးကို မြို့ ပြင်သို့ ထွက်စေသည်။ မြို့ တွင်း၌ ရှမ်းအမျိုးသမီးများနှင့်ကလေးများသာ ကျန်ရစ်လေသည်။ ဤကဲ့သို့  စီစဉ်ပြီးနောက် ရောက်ရှိလာကြသည့် ကရင်အုပ်စုကို မြို့ တွင်းသို့ ဝင်စေသည်။ ၎င်းနောက် ကရင်ဘုရင်အုပ်စု ထဲမှ လုကြီးများကို ဘုရင်ရှေ့ မှောက် နန်းတွင်းသို့ ဝင်ရောက်စေသည်။ ကျန်ရစ်ခဲ့သည့်ကရင်စစ်သား စစ်ဗိုလ် များကိုမူ မြို့ တွင်းရှိ ထောင့်တနေရာတွင်ထားရှိကာ ထိုစစ်သားစစ်ဗိုလ်များအား ရှမ်းအမျိုးသမီးများက သွား ရောက်ဖျော်ဖြေစေသည်။ ၎င်းတို့ အား စားကောင်းသောက်ဖွယ် သေရည်သေရက်တို့ ဖြင့် တည်ခင်းကျွေးမွေး သည်။ ရှမ်းအမျိုးသမီးများကလည်း အဆိုအကအမျိုးစုံဖြင့် ဖျော်ဖြေလေသည်။ ဤကရင် ယောက်ျားများသည် အရက်အလွန်အကျွံသောက်သုံးပြီးနောက် မဟန်နိုင်ကြတော့ဘဲ အားလုံးခန်းမ အတွင်း၌သာ အိပ်ပျော်ကုန်ကြ သည်။ ဤကဲ့သို့ ဖြစ်နေချိန်တွင် ရှမ်းအမျိုးသမီးများသည် ဘန်ကောက်ဘုရင်အမိန့် ဖြင့် ဤကရင်စစ်ဗိုလ်စစ် သားအားလုံးကို ခုတ်သတ်လိုက်ကြသည်။ ဘုရင်ရှေ့ မှောက်နန်းတွင်းသို့ အခစားဝင်သည့် ကရင်လူကြီးများက လာရင်း ရည်ရွယ်ချက်အတိုင်း ဘန် ကောက်ဘုရင်၏သာားတော်အား ကရင်ဘုရင်အဖြစ် တင်မြှောက်ရန် တောင်းကြလေသည်။ ဘန်ကောက်ဘုရင် ကလည်း ဂတိရှိသည့်အတိုင်း အမြန်အကောင်အထည်ဖေါ်မည်ဟု ပြန်လည်မိန့် ကြားသည်။ ၎င်း၏သားတော် ကို ဘုရင်အဖြစ်တင်မြှောက်ရန် သဘောတူသည်ကို ပြသသည့်အနေဖြင့်လည်းကောင်း၊ ဤကဲ့သို့  ကရင် လူကြီးများအားတွေ့ ရသဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ရသည့်အနေဖြင့်လည်းကောင်း၊ ဂုဏ်ပြုဧည့်ခံပွဲတခုကို ကရင်လူကြီးများအတွက် ပြုလုပ်လိုကြောင်း ပြောဆိုလေသည်။ ဤသို့ ဖြင့် ဘုရင်သည့်ကရင်လူကြီးများကို စားကောင်းသောက်ဖွယ်အမျိုးမျိုးဖြင့်ကျွေးမွေးဧည့်ခံလေသည်။သေရည်သေရက်များကိုလည်း တိုက်ကျွေးသည်။ သို့ ဖြင့် ကရင်လူကြီးများမှာ အလွန်အကျွန်သောက်သုံးသဖြင့် အရက်မူးကုန်ပြီး ဧည့်ခံပွဲ၌သာ အိပ်မောကျကုန်တော့သည်။ ဤကဲ့သို့  အိပ်မောကျနေထိန်တွင် ရှမ်းအမျိုးသမီးမျာက ကရင်လူကြီးများကို တဦးစီ တဦးစီဖြင့် တနေရာစီသို့ ထမ်းပိုးယူဆောင်ကာ သတ်ပစ်လိုက်ကြလေသည်။ ဤသို့ ဖြင့်ဘုရင်သား တော်အား ကရင်ဘုရင်အဖြစ်တင်မြောက်ရန် လာရောက်တောင်းကြသည့် လူအားလုံး သေဆုံးကုန်လေသည်။ ရှမ်းအမျိုးသမီးများသည် ဘုရင်၏အမိန့် အတိုင်း ရဲစွမ်းသတ္တိအပြည့်ဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့် ရှမ်းဘုရင်က ၎င်းတို့ အား ယောက်ျားများကဲ့သို့ ပင် ဆံပင်ညှပ်ခြင်း၊ ခါးတောင်းကျိုက်ခြင်းများကို ဓလေ့ထုံးစံအရ ပြုလုပ်ရန် ရှင်ဘုရင်က ခွင့်ပြုလိုက်သည်။ ဤဓလေ့သည် ရှမ်းအေမျိုးသမီးများတွင် ယခုတိုင် ရှိပါသေးသည်။ ကရင်လူကြီးများနှင့်အတူ ကရင်စစ်သား ၂၀၀ ယောက်တို့ သည် ဘန်ကောက်တွင် အသတ်ခံရပြီး နောက် ပိုင်းတွင် ကရင်များက ယခုကဲ့သို့ပြောဆိုကြသည်။ ရှမ်းဘုရင်သည် ဂတိပြုသည့်အတိုင်း ဆောင်ရွက်ခြင်း မပြုဘဲ နေသဖြင့် ၎င်းတွင် သမိုင်းကြွေးရှိနေပေသည်။ ကရင်များအား တိုင်းပြည်နှင့်အုပ်ချုပ်ရေးကို ပြန်အပ်ရ မည်ဟု မျှော်လင့်နေကြသည်။ ရှမ်း၏သမိုင်းစာအုပ်တွင်လည်း ကရင်မြို့ တော်ကို တချိန်ချိန်တွင် ပြန်လည်ပေး အေပ်ရန် ရှိသည်ဟု ဆိုထားသည်။ ထိုနည်းတူ ဇင်းမယ်မြို့ ကို ပြန်လည်ပေးအပ်ရမည့်ဂတိမှာ ယခုတိုင် တည်ရှိ လျက်ရှိသည်။ ရှမ်းလူမျိုးများ ထဲသို့ ရောက်ရှိပြီး ရှမ်းလူထုနှင့်ရောပြွမ်းနေထိုင်ကြသည့် ကရင်တချို့ က ယခုကဲ့ သို့  ပြောကြသည်။ ရှမ်းလူထုထဲတွင် ရှမ်းလူကြီးတချို့ သည် ရှမ်းဘုရင်က ကရင်လူမျိုးအပေါ် ပေးထားသည့် ဂတိကို ကောင်းမွန်စွာ သိရှိထားသည်။ ရှမ်းသမိုင်းတွင်ရေးသားထားသည့် အတိုင်း ကရင်အား ဇင်းမယ်မြို့ ကို ပြန်လည်ပေးရန်ရှိသည်ဟု ပြောကြသည်။ဤသမိုင်းကို သိရှိကြသည့် ရှမ်းလူကြီးများသည် ကရင်လူမျိုးကို အခြားလူမျိုးများထက် ပို၍ လေးစားကြသည်။ ဖရပ်သူဝါ အမည်ရှိ ရှမ်းဘုရင်လက်အောက်နယ်တနယ်ကို အုပ် ချုပ်ရသည့် ရှမ်းလူကြီးတယောက်ရှိခဲ့သည်။ သူအုပ်ချုပ်သည့်နယ်မြေမှာ ကော့ကရိတ်မြို့ မြောက်ဖက် ယိုးဒ ယားပြည်၏ နယ်တနယ်ဖြစ်သည်။ ဖရပ်သူဝါသည် ရှမ်းလူကြီးအချို့ နှင့် ရှမ်းအကြီးအကဲများသည် ကရင်လူမျိုး များအား လေးစားရန် သိရှိလေသည်။ ဤ ဖရပ်သူဝါမှာ နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဘန်ကောက်ဘုရင် လက် အောက်တွင် အမှုထမ်းစဉ် ရှမ်းဘုရင်က ၎င်းအား တံဆိပ် ၉ ခု ချီးမြင့်ခဲ့သည်။ စာရေးသူအနေဖြင့် ဤဖရပ်သူဝါ နှင့် ကိုယ်တိုင် တွေ့ ဆုံခဲ့သည်။ ဖရပ်သူဝါမသေဆုံးမီ ရန်ကုန်သို့  သူအလည်အပတ်ရောက်လာချိန်တွင် စာရေး သူ နှင့်သွားရောက်တွေ့ ဆုံခြင်းဖြစ်သည်။ ဇင်းမယ်မြို့ ပတ်သက်ပြီး ယခုရေးခဲ့ခြင်းမှာ စာရေးသူအနေဖြင့် ဖရပ်သူဝါနှင့်သွားရောက်တွေ့ ဆုံပြီးနောက် ဖရပ်သူဝါ ပြောသည့်အတိုင်း ရေးခြင်းဖြစ်သည်။ ဖရပ်သူဝါ ယခုကဲ့သို့ လည်း ပြောပါသေးသည်၊ ကရင်များ ဘန်ကောက်မြို့ တွင် အသတ်ခံရပြီး နောက်ပိုင်း တွင် ရှမ်းဘုရင်သည် ကရင်ဘုရင်ကို ပြန်လည်တင်မြှောက်လိုစတ်မရှိသဖြင့် ၎င်း၏အကြီးအကဲများကို စေလွှတ် ကာ အခွန်အကောက်များကို တိုက်ရိုက် ကောက်ခံစေသည်။ ဇင်းမယ်တွင် အုပ်ချုပ်ကွပ်ကဲလျက်ရှိသည့် စောခိုဘိုဖိုး ကိုလည်း မအုပ်ချုပ်တတ်ဟု အကြောင်းပြကာ အပြစ်ရှာလေသည်။ ကရင်လူမျိုးထဲတွင်လည်း စစ်ရေးစစ်ရာနားလည်သူအားလုံး အသတ်ခံရပြီးဖြစ်သဖြင့် ရှမ်းများအား ပြန်လည်တိုက်ခိုင်ရန် ခွန်အား မရှိတော့ချေ။ ထို့ ကြောင့် ကရင်လူမျိုးတို့ သည် ရှမ်းနှင့် တိုက်ခိုက်ရန် ရှောင်ကွင်းသည့်အနေဖြင့် ကရင်အများ အပြား ဇင်းမယ်ကို စွန့် ခွာသွားကြလေသည်။ ဤနည်းဖြင့် ကရင်တို့ သည် နေရာအနှံ့ အပြားသို့  ပျံ့ နှံ့ ရောက် ရှိသွားလေသည်။ စောခိုဘိုဖိုးနှင့် ၎င်းတို့ ရင်နှီးသည့် မိတ်ဆွေအချို့ ကမူ ဇင်းမယ်ကို စွန့် ခွာပြီး ဘိတ်ဖက်သို့  သွားရောက်နေထိုင်ကြလေသည်။ စောခိုဘိုဖိုး၏ ဆွေမျိုးသည် ယခုထိတိုင် ဘိတ်တွင် ရှိနိုင်ပါသေးသည်။ ဖါးစည်သံ
วันอังคารที่ 24 เมษายน พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น