วันจันทร์ที่ 30 เมษายน พ.ศ. 2555

ကျနော် နှင့် ထွီးဖါးဝီးကျိုး ခွေးအိပ်တောင် (သို့မဟုတ်) ပွိုင့် ၄ဝ၄၄ တိုက်ပွဲ၊

မာနယ်ပလော ဗဟိုလ်ဌာနချုပ်

ဗဟိုစစ်ဦးစီးဌာနချုပ်၊ မာနယ်ပလော၊ ၁၉၉၃-၉၄၊ ခုနှစ် မာနယ်ပလောအောင်မြေသည် ဒေါနတောင်နှင့်သောင်ရင်း မြစ်ကြား၊ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အထက်တွင်ရှိသည်။ ကေအဲန် ယူ ဗဟိုဌာနချုပ်၊ (KNLA) Karen National Liberation Army ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးဌာနချုပ်ရှိ အခြခံစခန်းကြီးဖြစ်သည် (KNDO) Karen National Defense Organization ကရင်အမျိုးသား ကာကွယ်ရေးအစည်းအရုံး ဌာနချုပ် ရှိသည်။ ထို့အပြင် (NLD-LA) National League For Democracy – Liberated Area အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်၊ (DAB) Democratic Allaince of Burma မြန်မာ ပြည်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ချုပ်ဌာနချုပ်၊ (NDF) National Democratic Front အမျိုးသားဒီမိုကရေ စီ တပ်ပေါင်းစုဌာနချုပ်။(DPNS)Democratic Party for New Society လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါ တီဌာနချုပ် ၊(ABSDF) All Burma Student’s Dem ocratic Front မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး၊ (PLF) People’s Liberation Front ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (NCGUB) National Coalition Government of Union of Burma ပြည်ထောင် စု မြန်မာနိုင်ငံအမျိုးသားညွှန်ပေါင်းအစိုးရ ဌာနချုပ်၊ (NCUB) National Council of Union of Burma ပြည်ထောင်စု မြန်မာနိုင်ငံအမျိုး သားကောင်းစီ)၊ဌာနချုပ်၊ (ABYMU) All Burma Young Monk Union ရဟန်းပျိုသမဂ္ဂ ဌာနချုပ်များရှိသည်။
“တိုင်းပြည်မဲ့နေတဲ့လူမျိုးဟာ ကျွန်ပဲ” ဥက္ကဋ္ဌကြီးစောဘဦးကြီး (KYO) Karen Youth Organization ကရင်လူငယ်အစည်းအရုံး၊ (KWO) Karen Women Organization ကရင်အမျိုးသမီးအစည်း အရုံး၊ အတွင်းရေးမှူးချုပ်ရုံး၊ သစ်တောဌာန၊ ပညာရေးဌာန၊ မိုင်းဌာန၊ တရားရေးဌာန၊ ဧည့်ဂေဟာ၊ စစ်ဆေးရုံ၊ စစ်သင်တန်းဌာန၊ ဘု ရားရှစ်ခိုးကျောင်း၊ ဘုန်းကြီးကျောင်း၊ လက်နက်ကြီးကုန်း၊ ဆက်သွာရေးဌာန၊ စစ်ရုံးချုပ်၊ စစ်အချုပ်၊ ရိက္ခာဂိုဒေါင်များ၊ ကွန်မန်ဒိုကုန်း၊ စီးဝေးခန်းမ၊ စစ်တန်းလျားများရှိသည့် ဌာချုပ်ကြီးဖြစ်သည်။ ထို့ပြင် ရပ်ကွက်များ ရှိပြန်သည်။ လောကွားလူ ကပေါလူ ထူးဝါးလူ ပဟီလူ ဖွေးဘောလူ ဖူးမြလူ ထီးသေဃီ ယာဒေးနီ စသည့် ရပ် ကွက်များရှိသည်။ KNDO ဌာနချုပ်နားတွင် အာဇာနည်များဗိမာန်ရှိသည်။ ကွယ်လွန်သွားပြီးဖြစ်သော မိမိ၏ မိဘနှစ်ပါးစလုံး မြုပ်နှံ ထားသည်။ အထက်တန်းကျောင်းများ၊ ဖူးရသေ့ ၏ တိုင်းရင်းဆေးကျောင်း လည်းရှိသည်။ လက်နက်ကြီး၊ အခြေခံစစ်သင်တန်း၊ ဗိုလ် သင်တန်းကျောင်း ရှိသည်။ တပ်ရင်း (၁၂)၊ တပ်မဟာ (၄) မှ မာနယ်ပလော ဗဟိုဌာနချုပ်သို့ပြန်ရောက်ပြီး ဗိုလ်ချုပ်စောမောင်မောင် စစ်ကော်မတီအတွင်းရေးမှူး ၏ DAB တွင် မိမိအားတာဝန်ပေးသည်။ ဗိုလ်ချုပ်စောမောင်မောင် (ကွယ်လွန်) အား သတင်းပို့ပြီး နေရန်အိမ်မရှိသေးသဖြင့် ဗိုလ်ချုပ် ကြီးစောဗိုလ်မြ အား အိမ်လိုကြောင်းသတင်းပို့သဖြင့် သစ်တောဌာနတာဝန်ခံ အောင်ဆန်း (လက်နက်ချ) အား အိမ်တဆောင်စာ သစ် တိုက်ပေးရန် ဗိုလ်ချုပ်မြမှ ရန်ညွှန်ကြားလိုက်သည်။ ကပေါလူ တွင် အိမ်ဆောက်ရန် နေရာကိုသားများ၊ ရဲဘော်များနှင့် မြေညှိခြင်း၊ နေရာရှင်းခြင်းလုပ်နေသည်။ ရန်သူ့သတင်းကြားဖြတ် (Intercept) အဖွဲ့မှ ရဲဘော်များ လာကူညီလုပ်ကိုင်ပေးကြသည်။ အိမ်မိုးရန် အင် ဖက်နှင့်သစ်များ မရောက်သေးပေ။ DAB စစ်ကော်မတီ အတွင်းရေးမှူးရုံးတွင် တနင်္လာနေ့မှသောကြာနေ့အထိနေပြီး စနေ၊ တနင်္ဂနွေနေ့ (Weekend) များ၌ မိသားစုနှင့် မိဘနှစ်ပါးအခြေချနေခဲ့သော ကပေါလူ တွင် ပြန်နေသည်။ DAB ရုံးတက်စဉ် ကျောင်းသားတပ်မတော်၊ သုတေသနဌာနမှ ထုတ်ဝေ သော ရန်သူ့စစ်အဂါင်္စဉ်ကို လေ့လာသည်။ မိမိတို့ စစ်ဦးစီးဌာနချုပ်မှ ကြားဖြတ်သတင်း၊ တိုက်ပွဲအစီရင်ခံစာများကိုလေ့လာသည်။ အ ထူးသဖြင့် မိမိရောက်ရှိနေသော ဗဟိုဌာနချုပ် ဝန်းကျင်ရှိရန်သူ့တပ်တည်၊ လှုပ်ရှားမှုများကို ဦးစားပေးလေ့လာသည်။ ရန်သူ့အ ကြောင်း လေ့လာရာ၌ တပ်အမျိုးအစား၊ တပ်တည်၊ လက်နက်တတ်ဆင်မှု၊ စရိုက်၊ အမူအကျင့်များကို လေ့လာသည်။ အထူးသဖြင့် (ရတခ) အရှေ့တောင်တိုင်းတက်များ၏ အခြေအနေ၊ နောက် တပ်မ (၆၆) နှင့် တပ်မ (၈၈) တို့၏ လှုပ်ရှားမှုများကို လေ့လာသည်။ ရန်သူသည် မာနယ်ပလော ဗဟိုဌာနချုပ်ကို အရထိုးစစ်ဆင်သိမ်းပိုက်ရန် ကြီးမားသောရည်ရွယ်ချက်ထားရှိသည်။
တပ်မ (၆၆) သည် မာနယ်ပလော ချေမှုန်းရေးတာဝန်ယူရပြီး၊ တပ်မ (၈၈) သည် စစ်ဆင်ရေးအတွက် ထောက်ပံ့ရေးနှင့် ပို့ဆောင် ရေး ထောက်၊ ပို့ တာဝန်ယူရမည်ဖြစ်သည်။ တပ်မ (၆၆) အားတပ်မမှူး ဗိုလ်မှူးချုပ်အေးကျော်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးတင်ဝင်း၊ (၆၆၁)၊ (၆၆၂)၊ (၆၆၃) ဗျူဟာမှူးများမှာ ဗိုလ်မှူးကြီးအောင်သိန်း(ခန့်မှန်း)၊ ဗိုလ်မှူးကြီး စိုးဝင်းမောင်နှင့်ဗိုလ်မှူးကြီး သူရမြင့်မောင် တို့ ဖြစ်သည်။ တပ်မ (၆၆) လက်အောက်ခံတပ်များမှာ ခလရ (၁၁) (၁၄) (ရ၅) (၈ဝ) နှင့် ခမရ (၄) (၅) (၆) (၁ဝ) (၁ဝ၈) စုစုပေါင်း (၁ဝ) ရင်းဖြစ်သည်။ အမတ၊ အမြောက်တပ် (၃) (၅)၊ ကွန်မန်ဒို တပ်ခွဲ (၃) ခွဲ၊ လေတပ်မှာ တရုပ်လုပ် F-7 ယူဂိုစလပ်လုပ် G-4၊ ဆွစ္စ ဇာလန်လုပ် PC-7 PC-9 ဖြစ်သည်ဟုသိရသည်။ ရန်သူအသုံးပြုနေသောလက်နက်ကြီးများမှာ (၈၁) မမ၊ (၁၂ဝ) မမ စိန်ပြောင်းများ၊ (ရ၅) မမ၊ (၈၄) မမ (၁ဝ၆) မမ နောက်ပွင့် ရိုင်ဖယ်များ၊ (၂၅) ပေါင်ဒါအမြောက်ကြီးများ၊ ပွိုင့် ၅ စက်ကြီးများ အစုံအလင်ပါသည်ဟု သိရသည်။ အထမ်းသမားပေါ်တာ ထောင်ချီ၍ ဖမ်းလာကြောင်းသိရသည်။ တနေ့ မိမိသားများ၊ ရဲဘော်များနှင့် အိမ်တိုင်ထူနေစဉ်၊ ဗိုလ်ချုပ်မြမှ ၎င်းထံသတင်းပို့ရန် မိမိစကားပြောစက်မှ ပေါ်ထွက်လာသဖြင့် ၎င်း နှင့်သွားတွေ့သည်။ “နက်ဖန် တပ်မဟာ (၆) က ကျောင်းသားတပ်ဖွဲ့ရောက်မယ်၊ ကျောင်းသားအဖွဲ့ကို ဦးစီးပြီး ထွီဖါးဝီးစစ်မြေပြင်တခုမှာ နေရာသွားယူ” တဲ့ … လိုအပ်ချက်များကို မိမိဌာနမှူး ဗိုလ်ချုပ်မောင်မောင်သို့ တင်ပြလိုက်သည်။ DAB ကီးဒို စစ်ကြောင်းအဖြစ်ဖွဲ့စည်းရန်လိုအပ်သောတိုက် ပွဲဝင်ပစ္စည်းများ၊ တပ်အင်အားများ ထုတ်နုတ်ဖွဲ့စည်းရန် ဗျူဟာမှူးဖြစ်သော မိမိညီမလေးနန်းနွယ်ဇန်၏ ခင်ပွန်း ဗိုလ်မှူးကြီး လောဝါဒိ (ကွယ်လွန်) ကို ညွှန်ကြားလိုက်သည်။ နောက်နေ့ဗိုလ်ချုပ်မောင်မောင် (ကွယ်လွန်) မှ … “ကျောင်းသားတပ်ဖွဲ့ရောက်ပြီး၊ လိုအပ်ချက်များလာရောက်စီစဉ်ရန်” ဟု အကြောင်းကြားလာသဖြင့် မိမိသွားတွေ့သည်။ ကျောင်းသားတပ်မတော်မှ ရဲဘော်များ ပွဲကြီးပွဲကေါင်း ဆင်နွှဲရတော့မည်ဖြစ်သဖြင့် စိတ်ဓါတ်တက်ကြွနေသည်။ သို့သော် M ၁၆ များသာပါလာသည်၊ ပါလာသော လက်နက်ငယ်များမှာ အလုပ်မဖြစ်သည်က များနေ သည်။ ထို့ကြောင့် ကိုညဏ်ထွန်းကိုခေါ်၍လက်ထောက် စစ်ထောက်ချုပ်ထံသွားသည်။ M ၁၆ ပြောင်းသစ်များလဲသည်။ M 79 ၊ RPG အလက်၊ အသီးများထုတ်သည်။ စစ်ချပ်စစ်ပစ္စည်းများထုတ်သည်။ အစားအသောက်များထုတ်သည်။ လွှနှင့် ပေါက်တူး ပေါက်ပြားများ ထုတ်သည်။ မကျန်းမာသူများကိုဆေးရုံပို့သည်။ ဆေးမှူးအားလိုအပ်သော ဆေးပစ္စည်းများ ထုတ်စေသည်၊ ကျည်များဖြည့်သည်။ လက်နက်ငယ်တလက် ကျည် ၃ဝဝ စီဖြည့်ခိုင်းသည်။ လက်ပစ်ဗုံး၊ရှေ့ထွက်မိုင်း၊ နင်းမိုင်းအစုံထုတ်သည်။ အားလုံးစုံသလောက် ရှိပါ ပြီး။ လက်ရှိ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုး
ဗဟိုစစ်ဦးစီးဌာနချုပ်ရှိ ဗိုလ်မှူးဘော်ကျော်ဟဲဦးစီး ကွန်မန်ဒိုတပ်ရင်းတရင်းလုံး၊ ကျောင်းသားတပ်မတော် တပ်ရင်း(၂ဝရ) (၂ဝ၈) (၂ဝ၉) တပ်ရင်းများ၊ တပ်မဟာ (ရ) လက်အောက်ခံ တပ်ရင်း (၁၉) (၂ဝ) (၂၁) (၂၂) တပ်ရင်းများ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တပ်ဖွဲ့များ၊ NLD-LA မှတပ်ဖွဲ့များ၊ တပ်မဟာ(၂) (၃) (၆) မှ တပ်ဖွဲ့များ၊ ကရင်လူငယ် KYO လူငယ်များ၊ KWO အမျိုးသမီးများ၊ ကော် သူးလေအထက်တန်း ကျောင်းသူကျောင်းသားများ၊ ဗိုလ်မှူး ဝေါထယ် (တတိယ နိုင်ငံရောက်) ဦးစီး ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကြီး စောအဘီး (ကွယ်လွန်) ဦးစီး အထူးပြောက်ကျားတပ်ဖွဲ့၊ ဗဟိုလက်နက်ကြီးတပ်ဖွဲ့၊ ဒီမိုကရေစီ အဖွဲ့အစည်းပေါင်းစုံမှ ရဲဘော်ခေါင်း ဆောင်များ တပ်ပေါင်းစုံ၊ အဖွဲ့အစည်း ပေါင်းစုံမှ ရန်သူ့ကျူးကျော်စစ်ကို ခုခံရင်ဆိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်နေသည်။ ကပေါလူရှိ ဗျူဟာမှူးရုံးတွင် အလုပ်ရှုပ်နေသည်။ ပွိုင့် (၄ဝ၄၄) နှင့် ပါတ်ဝန်းကျင်သဲမြေပုံကြီးသည် ရန်သူ့စစ်ကြောင်းများ၏ ထိုးစစ် လမ်းကြောင်းများကိုပြနေသည်။ ကြားဖြတ်ဌာနတာဝန်ခံ ဗိုလ်သူလိုင် သဲမြေပုံရှိ ရန်သူ့ထိုးစစ်ဆင်လာရာလမ်းကြောင်း၊ တပ်အမျိုးအ စားများကို ရှင်းပြနေသည်။ ဗိုလ်ချုပ် ကစယ်ဒို၊ ဗျူဟာမှူး ဗိုလ်မှူးကြီးလောဝါဒိမှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများ၊ တပ်ဖွဲ့မှူးများကို မိမိ တို့တိုက်ခိုက်ရမည့် စစ်ဂွင်များကို ရှင်းပြနေသည်။ မိမိ DAB ကီးဒိုစစ်ကြောင်းအား တပ်မဟာ (ရ) တပ်ရင်း (၂ဝ) စစ်ကြောင်းနှင့် လက်ချင်းချိတ်ရန် တာဝန်ပေးလိုက်သည်။ မိမိလက်ချင်းချိတ်ရမည့် တပ်ရင်း (၂ဝ) စစ်ကြောင်းမှူးသည် တပ်ရင်း (၂ဝ) ဒုတိယ တပ် ရင်းမှူးဖြစ်သည့် ဗိုလ်မှူးကျော်ဟဲ ဖြစ်သည်။ မျိုးချစ်စိတ်ရှိပြီး တိုက်ရည်ခိုက်ရည်ဝနေသောတပ်မှူးဖြစ်သည်။ တပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီး နော်တော့ ဖြစ်သည်။ DAB ကီးဒို စစ်ကြောင်းကျောင်းသားတပ်မတော် တပ်ရင်း (၂ဝ၄) (၂ဝ၅) ဖြင့်ဖွဲ့စည်းထားသော (၂၁၆) တပ်ရင်းမှ မိမိစစ်ကြောင်းတွင် ကိုတင်စိုး (မဆလတပ် ထွက်) ဦးစီးသော ကျောင်းသားတပ်တော်မှ တပ်ခွဲတခွဲ၊ ဗိုလ်ကြီး (စိုးအောင်) ဦးစီး (ကလလတ) (ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေး တပ်ဦး) မှ တပ်ခွဲတခွဲ၊ ဗိုလ်ကြီး ကမော် ဦးစီးတပ်မဟာ (၂) မှ တပ်ခွဲတခွဲ၊ ဗဟိုစစ်ဦးစီးဌာနချုပ်၊ အထူးပြောက် ကျားတပ်ဖွဲ့ ဗိုလ်မှူး ထီးမှူး ဦးစီးတပ်ခွဲတခွဲ၊ မိမိစစ်ကြောင်းရုံးတွင် မိမိသား ဗိုလ်လှထွန်းဦး (ဗိုလ်ချာတိတ်) ဗိုလ်သင်တန်းအပါတ်စဉ် (၃) ဆင်း၊ (ဗိုလ်မှူး ကြီးအေးမြင့် ပို့ချပေးသောသင်တန်းအပါတ်စဉ်) ဦးစီးတပ်စုတစုဖြင့် DAB ကီးဒို စစ်ကြောင်းကို ဖွဲ့စည်းထားသည်။ စစ်ကြောင်း တပ်ရေးဗိုလ်ကြီးအဖြစ် ABSDF မှ ကိုဥာဏ်ထွန်း၊ တပ်ထောက် ဗိုလ်ကြီး အဖြစ် ABSDF မှ ကိုကျော်ဆွေ (မဆလ တပ်ထွက်)၊ စစ်ကြောင်း ရုံးတပ်စုတွင် (၆ဝ) မမ တာဝန်ခံ ကျောင်းသားတပ်မတော်မှ ကိုညိုမင်းထွန်း (မွစ္စလင်) (မဆလတပ်ထွက်)၊ စစ်ကြောင်း ဆသရ၊ ကြားဖြတ်၊ လက်နက်ကြီး၊ ဆေး အဖွဲ့ဟူ၍ဖွဲ့စည်းထားသည်။ ဆေးအဖွဲ့ ဒုတိယဆေးတာဝန်ခံမှာ ABSDF မှ ကိုထွန်း ထွန်းဦး (မောင်ခိုင်စွပ်)နှင့် ဆေးအဖွဲ့ဝင် ရဲဘော်မောင်တူး (စာရေးဆ ရာ) ယခု DVB အသံလွင့်ဌာနတို့ ဖြစ်သည်။ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရေးပြ (မာနယ်ပလော)ဌာနချုပ်
ရှေ့တန်း ကျောင်းသားတပ်မတော် တိုက်ခိုက်ရေးတပ်ဖွဲ့များအတွင်း တပ်စုမှူး ကိုကြည်ဝင်း (မဆလတပ်ထွက်) တပ်စုမှူးကိုခင်စိုး (မဆလတပ်ထွက်)၊ တပ်စုမှူး ကိုမှတ်ကြီး (မဆလတပ်ထွက်)၊ တပ်စိတ်မှူး ကိုအောင်ဝင်းကြီး (မဆလတပ်ထွက်)၊ တပ်စိတ်မှူး ကို ဇော်လှိုင်ဝင်း (ရဲထွက်) တို့ဖြင့် ဖွဲ့စည်းထားသည်။ စစ်ကြောင်းသည် တပ်ပေါင်းစုံမှတပ်ခွဲများဖြင့် ပူးပေါင်းဖွဲ့စည်းထားသဖြင့် လက်နက် တတ်ဆင်မှုမတူကြပေ။ တချို့တပ်ခွဲများ လက်နက်ကြီး RPG၊ စက်လတ်များစွာရှိပြီး ကျောင်းသားတပ်မတော်နှင့် တပ်မဟာ (၂) တပ် ခွဲများ၌ လက်နက်ကြီး အင်အားနည်းနေသည်။ ဟန်ချက်ညီတိုက်နိုင်ရန်အတွက်၊ တနေ့စစ်ကြောင်း အရေးပေါ် အစီးအဝေးခေါ်ယူ သည်။ ကျနော်တို့စစ်ကြောင်းဟာ တပ်ပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ၊ လူမျိုးစုံနဲ့ ဖွဲ့စည်းထားတော့၊ ပြည်ထောင်စုအငယ်စားလေးနဲ့ တူတယ်ဗျ၊ စစ် ကြောင်း တွင်း စည်းလုံးညီညွှတ်မှုနဲ့ဟန်ချက်ညီတိုက်နိုင်ဘို့ တန်းတူရေးနဲ့ ဒီကရေစီရေးကို အခြေခံကျကျကျင့်သုံးရမယ်။ တဖွဲ့က လက်နက်ကြီး အင်အားတောင့်ပြီး တဖွဲ့ကအားနည်းနေလို့မရဘူး၊ တန်းတူမှုလိုတယ်။ ကျနော်တို့ ကရင်အမျိုးသား လွတ်မြောက်ရေး တက်မတော်က အိမ်ရှင်လည်းဖြစ်တယ်၊ အင်အားလည်းကြီးတော့ အားနည်းနေတဲ့ ညီနောင်တပ်ခွဲတွေကို အားဖြည့်ရမယ်” ဟု ပြော ပြီး မိမိ၏ ဒုတိယစစ်ကြောင်းမှူး ဗိုလ်မှူးထီးမူးအား RPG၊ စက်လတ်၊ စကားပြောစက်များအား မျှဝေပေးလိုက်ရန် ညွှန်ကြားလိုက် သည်။ ဗိုလ်မှူးထီးမှူး ဆက်လက်လုပ်ရှားလိုက်သဖြင့် တပ်ခွဲများအတွင်း RPG၊ စက်လတ်နှင့် စကားပြောစက်များ ညီမျှသွားတော့ သည်။ တန်းတူမှု၊ စေတနာထားမှုနှင့် တဦးနှင့်တဦးယုံကြည်မှုသည် လုပ်ငန်းများ၏အခြေခံလိုအပ်ချက်နှင့် အောင်မြင်မှု၏မူလဇစ်မြစ် ဖြစ် သည်။ မိမိစစ်ကြောင်းတွင် ဗဟိုစစ်ဦးစီဌာနချုပ်မှတွဲဘက်ထားသောလက်နက်ကြီးတပ်ဖွဲ့ပါသည်။ ၆၀ မမ စိန်ပြောင်း၊ ၈၂ နောင့်ပွင့် ရိုင်ဖယ်နှင့် ပွိုင့် ၅ စက်ကြီးရှိသည်။ စစ်ကြောင်းအတွက် ထမင်းချက်၊ ဟင်းချက်ရန် အအပျော်တန်းဝန်ထမ်း ၂ဝ ရှိသည်။ ကရင်အမျိုးသားခေါင်းဆောင်ကြီးများ
မှတ်ချက်… မိမိစစ်ကြောင်းတွင် မဆလတပ်ထွက်များပါသည်။ တချိန်က မိမိရန်သူများ ဖြစ်ခဲ့သည်။ ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး မှ ဖွားမြင်လာသော ပြည်သူ့သားကောင်းများဖြစ်လာသဖြင့် မိမိနှင့် ဘဝတခုထဲဖြစ်လာသည်။ မိမိအပေါ်ယုံကြည်မှု အပြည့်ရှိသလို၊ မိမိမှလည်း ၎င်းတို့ကိုယုံကြည်မှုအပြည့်ရှိသည်။ ညီအကိုရင်းထက် ပို၍အဆင့်မြင့်သော ရဲဘော်ရဲဘက်များ ဖြစ်လာကြသည်။ မိမိငရဲ ပြည်သွားရင်တောင် လိုက်မည့် ရဲဘော်များ ရှိကြသည်။ ကရင်-ဗမာ ဟူ၍ လူမျိုးရေးအစွဲမရှိတော့၊ အာဃာတမထားတော့၊ မုန်းတီးမှု တွေမရှိတော့။ DAB ကီးဒိုစစ်ကြောင်း အောင်လံတော်အောက်ရှိအမျိုးသား ဒီမိုကရေစီတော်လှန်ရေး တခရီးထဲသွားနေသော ပြည်ချစ် စစ်သည်တော်များ ဖြစ်လာကြသောကြောင့်ဖြစ်သည်။ မောင်ခိုင်စွပ်(ကိုထွန်းထွန်းဦး)၊ သားလိုချစ်ရသော ကျောင်းသားတပ်မတော်မှ ချစ်ရဲဘော် ဖြစ်သည်။ ချစ်စနိုးဖြင့် ခေါ်ထားခြင်းဖြစ် သည်။ မွစ္စလင်ပုံ နည်းနည်းဆင်နေသဖြင့် ၎င်း၏ မိဘကိုမေးမိသည်။ အဖေက ကုလားဗမာ၊ အမေက ရခိုင်လို့ သိရတော့ … “ဟေ့ .. ထွန်းထွန်းဦး၊ မင်းကသွေး(၃) မျိုးပါတော့ မင်းကို ဗမာသွေးပါလို့ မောင်၊ ရခိုင်သွေးပါလို့ ခိုင်၊ ကုလားသွေးပါလို့ အီစွပ် စွပ်” “မောင်ခိုင်စွပ်” လို့ခေါ်မယ်ဟုပြောပြီး၊ စစ်ဆင်ရေးကာလ တလျှောက်လုံးခေါ်ခဲ့သည်။ စစ်တောင်ပံနှစ်ခုဖြစ်သော နော်တ နှင့် မယ်ပ တို့၌ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း အသီးသီးနေရာယူထားကြပြီးဖြစ်သည်။ မိမိတို့စစ် ကြောင်းလည်း အစီအစဉ်အတိုင်း စစ်ကြောင်းချီတက်ပါပြီး၊ ဒီဇယ်စက်လှေကြီး (၄) စီးနှင့် စစ်သည်၊ ဝန်ထမ်းများ၊ ရိက္ခာ၊ အရံကျည် များကို တင်လျှက်ချီတက်သွားကြပြီး၊ မြစ်ဆုံကိုကျော်လာစဉ် သံလွင်မြစ်အတိုင်းစုံဆင်းလာရာ မယ်လဲ့ထာ အရောက် ရန်သူမှ (၁၂ဝ) (ရ၅) မမ လက်နက်ကြီးတို့ဖြင့် ဆီးကြိုနှုတ်ဆက် လှမ်းပစ်ပါတော့သည်။ စက်လှေများကမ်းကပ်ကြပြီး မယ်လဲ့ထာ တောင်ကြောပေါ် သို့တပ်ရောက်နေရာချသည်။ ကျောင်းသားတပ်မတော် တပ်ရင်းမှူး ကိုတင်စိုး အား … “ဟိုတောင်ကြောမှာ ပွိုင့် (၂၅ဝဝ) ရှိတယ်၊ အဲဒီကနေ တို့ကို (ရ၅) မမ နောက်ပွင့်ရိုင်ဖယ်နဲ့ လှမ်းပစ်နိုင်တယ်၊ ရဲဘော်တွေ ဒီည ပစ် ကျင်းတွေ အပြီးတူးကြရမယ်။ နောက် အလင်းရောင်ပေါ်ရင် Overhead အတွက် သစ်လုံးတွေဖြတ်၊ ခေါင်ကတုတ်လုပ်ကြ” ရန်ညွှန်ကြားပြီး မိမိစစ်ကြောင်းရုံးထားရန် နေရာရှာသည်။ သံလွင်ဖြစ်ဇောင်း၊ လုံခြုံသည့်နေရာ၌ ဝန်ထမ်းများကို နေရာချသည်။ စစ်သည်၊ဝန်ထမ်း ၅ဝဝ နီးပါးအတွက် ထမင်းချက်ရန်နေရာချပြီး တပ်ခွဲအားလုံးမှ ထမင်းလာယူရန်ဖြစ်သည်။ ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်မှ တပ်မဟာ(၂)၊ အထူးပြောက်ကျားတပ်ဖွဲ့၊ ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး တပ်ခွဲများ သည် တပ်ရင်း (၂ဝ) စစ်ကြောင်းနှင့်လက်ချင်းချိတ်ရန် လူခွဲလိုက်သည်။ ကျောင်းသားတပ်မတော်တပ်ခွဲအား မိမိနားတွင်တပ်ချလိုက် သည်။ ထွီဖါးဝီးကျိုး ခွေးအပ်တောင် ပွိုင့် ၄ဝ၄၄ စစ်ဒေသကြီးတခုလုံး ရန်သူ့ကျူးကျော်ရန်စမှုကို ခုခံကာကွယ်ရန်၊ စစ်ကြောင်းများ အသီး သီးနေရာယူပြီးကြပါပြီး။ ဗဟိုကွန်မန်ဒို တပ်ရင်းတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဘောကျော်ဟဲ၊ (ယခုတပ်မဟာ (၅) တပ်မဟာမှူး ဗိုလ် မှူးချုပ်) ကျောင်းသားတပ်မတော်တပ်ရင်း (၂ဝရ) (၂ဝဂ)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၁) (၂) (၃) (၆) (ရ) မှ တပ်ခွဲများ၊ စစ်ကြောင်းများ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများ၏ အရံတပ်ဖွဲ့များဖြင့် လိုအပ်သောနေရာများ၌ တပ်နေရာယူထားပြီးဖြစ်သည်။ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တမတော်
ရန်သူချီတက်လာရာ လမ်းကြောင်းတလျောက် ဒေသခံပြောက်ကျားတပ်ဖွဲ့များ အစီအစဉ်အတိုင်းလှုပ်ရှားနေကြသဖြင့် ရန်သူသည် ရည်မှန်းချက်မရောက်မှီ အကျအဆုံးများနှင့် ရင်ဆိုင်နေတွေ့ကြုံနေရပါပြီး။ တပ်ဖွဲ့အားလုံး မိမိရှေ့မျက်နှာမူရာဘက် ပစ်ပိုင်နယ်များ သတ်မှတ်ခြင်း၊ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေးမြောင်း၊ ပြစ်ကျင်းတူးခြင်း၊ ခေါင်ကတုတ်ဆောက်ခြင်းများ ပြုလုပ်နေကြပါပြီး။ ပြင်ဆင် ချိန်များစွာ ရနေသည်။ မိမိဒုတိယစစ်ကြောင်းမှူးသည် ရဲဘော်များနှင့် ဟန်ချက်ညီလုပ်စရာ ကိုင်စရာများကိုလုပ်နေပါသည်။ မိုင်း ထောင်ခြင်း၊ ပစ်ကျင်း၊ ဆက်သွယ်ရေးမြောင်း တူးခြင်း၊ ဝါးခုတ် ခြံစည်းရိုးကာခြင်းများ လုပ်နေသည်။ မိမိတို့ စစ်ကြောင်းရုံး အဖွဲဝင် များလည်း မိမိလုံခြုံမှုအတွက် လုပ်ကိုင်နေကြပါသည်။ မိမိနေရာအား ကျောက်တုံးကြီးနောက်ဖက်တွင် အရံကျည်၊ မိုင်းဗုံး၊ ရှေ့ထွက် မိုင်း၊ ထားရန်နှင့် မိမိနေရန် တူးထားပြီးဖြစ်သည်။ “ရန်သူ မ (၁ဝ) မိမိတို့ရှေ့ကိုလာနေကြောင်း၊ နောက်နာရီအနည်းငယ်အတွင်း အလုပ်အကိုင်ဖြစ်နိုင်ကြောင်း” ကြားဖြတ်တာဝန်ခံ လာရောက် သတင်းပေးသည်။ မိမိမှ ဒုတိယစစ်ကြောင်းမှူးအား … “ကီးဒို မှ တီမသေ … အသံကောင်းလား” “အသံ-၅” “မင်းတို့ရှေ့မကြာခင် ရထား မာလာ ဦးစီး မ-၁ဝ ဝင်တိုးဘို့ရှိ၊ ရထားလား” “အားလုံးအသင့်ပဲ.. လက်ယားနေတာကြာပြီး၊ ဒီကောင်တွေ ကျနော်တို့ သူတို့အသက်ကိုမယူခင် ခြေထောက်တဖက်စီပဲ အရင်ယူဘို့ သစ္စာရှိ မိုင်းစစ်သည်တွေကို တာဝန်ပေးထားတယ်၊” “ကောင်းပြီး၊ အကောင်းဆုံးလုပ်” ရန်ညွှန်ကြားပြီး ကြားဖြတ်စက်ဖွင့် နားထောင်နေသည်။ မကြမီ သစ္စာရှိ မိုင်းစစ်သည်တယောက် အလုပ် လုပ်ပါပြီး၊ “ဝုန်း” တဆက်ထဲ လက်နက်ငယ် သံများပါ ဆူညံစွာထွက်ပေါ်လာတော့သည် မိမိရဲဘော်များ ပွဲဦးထွက်ရန်သူနှင့်စတင်၍ ထိတွေ့မှုဖြစ်သည်။ လက်နက်ကြီးများပါ လုပ်ကိုင်လာသည်။ ရှေ့တန်း မိမိရဲဘော်များဆီပါမက မိမိရှိနေရာတောင်ကြောပေါ်သို့ပင် ကျလာပါပြီး၊ နာရီဝက် ကြာ အပြန်အလှန် ပစ်ခတ်ကြပြီး ရန်သူပြန်ဆုတ်သွားသည်။ “တီးမသေ ဘာထူးလဲ” “မိမိ အထိအခိုက်မရှိ၊ ကြောပိုးအိပ် ၁ဝ လုံး၊ စစ်ချပ်ဝတ်တန်ဆာ ၁ဝ စုံ ရ.. ကရင်အခေါ် (သေကု) (စကားဝှက်) (လက်နက်) တလက်မှ မရ”။ “စောင့်နေ၊ လာပေးဦးမယ်” မကြာပါ… သေနတ်သံများဆူညံစွာပေါ်ထွက်လာပြန်သည်။ ဘက်နှစ်ဘက်၏ ပစ်ခတ်သံများဖြင့်တလောကလုံးကို အရုပ်ဆိုးအကျည်းတန်သွား စေတော့သည်။ “ခွေးမသားတွေ၊ မအေ ..ိုး တွေ၊ ဗုံးတွေပဲ နင်းထောင်ထားတယ်” ရန်သူ့ဆဲသံများ။ မိမိ ဒုတိယစစ်ကြောင်းမှူးမှ… “မိတ်ဆွေ၊ တို့က ဘာသာတရားကို ကိုင်းရှိုင်းတယ်၊လေးစားတယ်၊ ဗုဒ္ဓတရားတော်မှာ ပါဏာတိပါတကံဆောင်၊ သူ့အသက်ကို သတ် ခြင်းမှ ရှောင်ကျဉ်ဖို့ သွန်သင်ထားသလို ခရစ်ယာန်ဘာသာကလဲ Thou shall not kill သွန်သင်ထားတယ်။ မင်းတို့ကိုမသတ်ဘူး၊ လူ သား ချင်းမေတ္တာစိတ်နဲ့ ခြေတဖက်ဘဲယူတယ်ဟေ့” ဟု … လှမ်းပြောလိုက်ရာ သေနတ်သံများဆူညံသွားပြန်သည်။ ရန်သူကိုမဆဲရန် မိမိစစ်ကြောင်းတွင်ညွှန်ကြားချက်ထုတ်ထားသည်။ ကရင့်တော်လှန်ရေးနှစ်(၆၀)ပြည့်အခမ်းအနားမှ တော်လှန်ရေးခေါင်းဆောင်ကြီးများ
မှတ်ချက်။ မိမိစစ်ကြောင်းရှိ စက်အများစု အမည်ကို သမ္မာကျမ်းစာရှိ တမန်တော်များ၏ အမည်ကိုမည့်ထားသည်။ မိမိစက်အမည် ကီးဒို၊ ဗိုလ်မှူး ထီးမူး စက်အမည် တီးမသေ၊ မိမိသား ဗိုလ်ချာတိတ် စက်အမည် လုကာ၊ ဗိုလ်ဥာဏ်ထွန်းစက်အမည် မိုရှေး၊ ဗိုလ်တိုးတိုးစက်အမည် တီးတူ၊ ဗိုလ်တင်စိုးစက်အမည် မသဲ စသည်တို့ ဖြစ်သည်။ တနေ့ မိမိစစ်ကြောင်းရှိ ကျောင်းသားတပ်မတော်မှ တပ်စုမှူး ကိုလူပု လက်တွင်ဒဏ်ရာရသည်။ မိမိစစ်ကြောင်း ရုံးရောက်လာသည်။ ထူးဝါးလူ ဆေးရုံပို့ရန် မယ်ပ သို့ စုံဆင်းသွားသော စက်လှေကိုစောင့်သည်၊ ပြန်တက်လာသည်၊ ခေါ်သည်၊ မဆိုက်၊ မကြားလို့ထင် မည်။ မိမိတို့ကိုလှည့်ကြည့်သွားသည်၊ ထို့ကြောင့် လိုအပ်နေပြီးဖြစ်၍ ၎င်း၏ ခေါင်းပေါ် AK နှင့် လေး၊ ငါး၊ ဆယ်ချက် ကျော်ပစ်ထည့် လိုက်သည်။ စက်လှေလာဆိုက်သည်။ “ဒီလူနာကို (ထူးဝါးလူ) ဆေးရုံပို့” ဟု ပြောရာ၊ “ကျနော် စော်ထာ တက်ရမယ်” တဲ့ … မိမိမှ “မလိုချင်ဘူး၊ လူနာကိုဆေးရုံအမြန်ပို့၊ ငါ့ရဲဘော်တခုခုဖြစ်ရင် မင်းနဲ့ငါတွေ့မယ်” ဟု … စိတ်မကောင်းစွာဖြင့် ဟောက်ထည့်လိုက်ရသည်။ ပဌမဆုံး ကျောင်းသားတပ်မတော်မှ မိမိအုပ်ချုပ်မှုအောက်တွင် သွေးမြေကျရခြင်း ဖြစ်သည်။ ရန်သူသည် တလအတွင်း စစ်မျက်နှာတိုင်းအနည်းဆုံး (၁ဝ) ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်သည်။ ပွိုင့် ၄ဝ၄၄ ကို သဲကြီးမဲကြီး တက် ထိုးနေသည်။ အရံကုန်းများကို မကျော်နိုင်၊ တကြိမ်ပြီးတကြိမ်ပြန်လန်သွားသည်။ ကွန်မန်ဒိုတပ်ခွဲများကို ထုတ်သုံးပြန်သည်။ အကျအ ဆုံးများစွာနှင့် ပြန်ဆုတ်ရပြန်သည်။ မာနယ်ပလောစစ်ဌာနချုပ်ကို မတ်လ(၂ရ) ရက်နေ့ မတိုင်မီအရ သိမ်းပိုက်လိုသည်။ ခုထိမရသေး၊ တလကျော်လာပြီးဖြစ်သည်။ ဦးအေးကျော် တယောက် ကြိတ်မနိုင်၊ ခဲမရဖြစ်နေသည်။ ဒေါသတွေ အရမ်းထွက်နေသည်။ မပေးသင့် သော အမိန့်များကို ပေးနေသည်။ ကရင်အမျိုးသားများကို အမုန်းကြီးမုန်းနေသည်။ ရှေ့တန်းတပ်ရင်းမှူးများ သဲသဲမဲမဲ အဟောက်ခံ နေရသည်။ တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ်အေးကျော်မှ ၁၉၉၃-၉၄ မာနယ်ပလော စစ်ဆင်ရေးကာလတုန်းက ဆက်သွယ်ရေး ကြားဖြတ်စက် ပေါ်က တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ်အေးကျော်ရဲ့ ကာယကံမြောက်ကွပ်ကဲမှုအောက် တပ်မှူးငယ်များကိုအမိန့်ပေးညွှန်ကြားနေ တာကို ကျွန်တော်ကိုယ်တိုင် နားနဲ့ဆပ်ဆပ်ကြားခဲ့ဘူးလို့ ရေးရခြင်းဖြစ်ပါတယ်။ အေးကျော်က သူကွပ်ကဲမှုအောက်စစ်ဆင်ရေး ဝင်နေ တဲ့ တပ်ရင်းများကို “ဟေ့ကောင်တွေ၊ ငါ ကရင်မကို ..ိုး လာတာ အနှစ် ၃ဝ ရှိပြီး။ မင်းတို့တွေ့သမျှ ကရင်မ ပျိုပျို အိုအို ချမ်းသာမပေးဘဲ အားလုံး ..ိုး ပစ်” ကရင့်တော်လှန်ရေးနှစ်(၆၀) စစ်ရေးပြအခမ်းအနား
လို့ စစ်ဆင်ရေးအမိန့်ပေးတာကို ကြားခဲ့ဘူးပါတယ်။ အဲဒီတုန်းက ကျွန်တော်က ABSDF ကို စစ်ပညာသင်ပေးရင်းတောတွင်းမှာ KNLA ဗျူဟာမှူး ဗိုလ်မှူးကြီးလောဝါဒိ (တာရူ) နဲ့အတူရှေ့တန်းစစ်ဆင်ရေးကွပ်ကဲမှုနေရာမှာ ရှိနေစဉ်က နားနဲ့ဆပ်ဆပ်ကြားခဲ့ရတာပါ၊ ကျွန်တော်ကတော့ အတော့ကိုမျက်နှာပူပြီး ဒေါသပါ ဖြစ်ခဲ့ရပါတယ်။ (ဒုတိယဗိုလ်မှူးကြီးအေးမြင့်၏ ဆောင်းပါးပေါင်းချုပ်၊ ဖိုးတရုပ် ဝက်ဘ်ဆိုက်)မှ… မှတ်ချက်… ဒီညွှန်ကြားချက်နဲ့ အသုံးအနှုံး၊ အပြောအဆိုတွေကိုကြည့်ရင် ဗမာ့တပ်မတော် ဗိုလ်ချုပ်ကြီးများ၏ Mentality သည် Crime against Humanity ကိုကျူးလွန်ရန် အောက်ခြေ၊ အရာရှိအရာခံအကြပ်၊ စစ်သည်များကို မုဒိမ်းမှုကျူးလွန်ရန် ညွှန်ကြားနေသလို ဖြစ်နေပါ သည်။ နောက် စစ်သားတို့ သစ္စာတရားပါး (၄) ပါးဖြစ်တဲ့ … (၁) ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ပါဏာတိပါတာကံကို ခံယူရခြင်း၊ (၂) သူများဇနီးမယား သမီးပျိုနှင့် သူတပါးဥစ္စာကို မကျူးလွန် မလုယူရခြင်း၊ (၃) ရန်သူမဟုတ်သူကို မသတ်ရခြင်း၊ (၄) ရန်သူနှင့်ကြုံက အသက်ကိုစွန့်၍တိုက်ရခြင်း၊ ဆိုတဲ့ အချက်တွေကို ဦးအေးကျော်တယောက် မေ့နေတာ စိတ်မကောင်းခြင်း ဖြစ်ရပါသည်။ တနေ့ မာနယ်ပလောရှိ သစ်စက်တွင် ပေါ်တာဝန်ထမ်းများထွက်ပြေးလာကြောင်း သတင်းလာပို့သည်။ ပေါ်တာများမှတဆင့် ရန်သူသ တင်း ရယူဘို့လိုသဖြင့် ရဲဘော်အရာရှိတဦးကိုခေါ်၍သစ်စက်သို့ ပေါ်တာများကိုသွားတွေ့သည်။ လေး၊ ငါးရက် ထမင်းမစားရ၊ မျက်နှာ ဟောက်ပက်နှင့် မနိုင်ဝန် ထမ်းထားရသဖြင့်ပုခုံးနှင့် နောက်ကြောတွင် ဒဏ်ရာအပြည့် ရှိနေသည်။ (၈၁) မမ ဗုံးသီး ၁ဝ လုံးကို နေ့စဉ် ရက်ဆက် ထမ်းနေရသည်။ ညဘက်အိပ်ရင်လည်း ကြိုးချီထားသည်။ အသက်ကြီးသော ဝန်ထမ်းတချို့ မနိုင်ဝန်ထမ်း လျှက်အမော ဆို့ပြီး သေသွားကြောင်း၊ သေသွားသူအား လမ်းဘေး၌ ပစ်ထားခဲ့ကြောင်း၊ ကုလားနဲ့ ကရင်ဝန်ထမ်းများ ပို၍မနိုင်ဝန်ထမ်းရကြောင်း၊ မြန်မာပြည်အနှံ့မှ ဝန်ထမ်းများပါကြောင်း၊ လမ်းလျှောက်နှေးနေပါက မိုက်ရိုင်းကြမ်းတမ်းစွာဆဲဆို၍ ကန်ကြောက်ခံရကြောင်း၊ ထမင်း မဝတဝ ကြွေးကြောင်း၊ ဆယ်ယောက်ကျော်စိတ်မကောင်းစွာဖြင့် တွေ့ရသည်။
မှတ်ချက်။ ၁၉၉ဝ ခုနှစ် ဧရာဝတီဖြစ်ဝကျွန်းပေါ်ရှိ ကရင်မျိုးဖြုတ်ရေး ဘိုကလေးစစ်ဆင်ရေးတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးမြင့်အောင်မှ “ဟေ့ကောင်တွေ ကုလားနဲ့ ကရင် အရှင်မတွေ့ချင်ဘူး” ဟု ၎င်းတို့ သံသယဖြစ်နေပြီး ဖမ်းဆီးခြင်းခံနေရသော ကရင်နှင့် ကုလားလူမျိုးများကို ပြုမူဆက်ဆံမှုကို သတိရမိသည်။ အမျိုးသမီးပေါ်တာများလည်း ပါသည်။ ကရင်အမျိုးသမီးအစည်းအရုံးမှတာဝန်ရှိ ခေါင်းဆောင်များ၏ စစ်ဆေးချက်အရ နေ့ဘက်တွင် အမျိုးသမီး ပေါ်တာများအတွင်း ချောမောလှပသူများသည် အရာရှိများ၏ ကြောပိုးအိပ်ကို ထမ်းရပြီး ရွက်ကြမ်းရေကြို အမျိုးသမီး ပေါ် တာများမှာစစ်သည်များအကြား ဆံ၊ ကျည်ပုံးများ ထမ်းရကြောင်း၊ ညဘက်တွင် အရာရှိများနှင့်ရှိသော အမျိုးသမီးပေါ်တာများမှာ အ ရာရှိကို ထမ်းရကြောင်း၊ အခြားအဆင့် နှင့် စစ်သည်များအကြားရှိ အမျိုးသမီးပေါ်တာများမှာ စစ်သည်များကို ထမ်းရကြောင်း၊ တချို့ အပေါ့အပါးသွားရန်ပင် အချိန်မရကြောင်း စစ်ဆေးချက်များကို ရင်နာဖွယ်တွေ့ရသည်။ မှတ်ချက်… မိမိ NDF အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု ဗိုလ်သင်တန်းအပါတ်စဉ် (၁) တက်ရောက်စဉ်က သင်တန်းဒုတိယကျောင်းအုပ်ကြီး အင်္ဂ လိပ်စစ်ပြန် ဗိုလ်မှူးစောသိန်း၏ သင်တန်းပို့ချချက် တခုမှာ “There is no bad soldiers but bad officers” “ဆိုးတဲ့ စစ်သည်မရှိဘူး၊ ဆိုးတဲ့အရာရှိဘဲရှိတယ်” တဲ့ … ၆၆ တပ်မမှူး ဦးအေးကျော် မှ အထက်က ဖေါ်ပြခဲ့သလို စစ်ဆင်ရေးဝင်နေတဲ့သူ့တပ်မက ရဲဘော်များကိုလွတ်လပ်စွာ ဘလက်ကါယ မုဒိမ်းကျင့်ခွင့် ပေးထားသဖြင့် ထိုကဲ့သို့ နှမချင်းမစာ စစ်သည်တော်ကျင့်ဝတ်နှင့် ဆန့်ကျင်ပြီး ရဲရဲတင်းတင်း မုဒိမ်းမှုကျူးလွန်နေကြ ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း တည်ဆောက်ခဲ့သော ဗမာ့တပ်မတော်နှင့်လုံးဝ ဆန့်ကျင်သည့် မုဒိမ်းတပ်၊ လူသတ်ဂိုဏ်းဖြစ်နေ တော့သည်။ မန်းရောဘတ် ဘဇန် ဆောင်းပါးမှ ပြန်လည်တင်လိုက်ပါသည်။

အပြည့်အစုံသို့...

ထိုင်းဗိုလ်ချုပ်တွေပေးတဲ့ သင်္ခန်းစာ

By ဦးအောင်ခင် & ဒေါ်ခင်စိုးဝင်း

အနှစ် (၂၀) ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရက ဖွဲ့စည်းလိုက်တဲ့ အရပ်သားတပိုင်းအစိုးရရဲ့  ပြုပြင်ရေးအစီအစဉ်တွေကြောင့် ပြည်တွင်းပြည်ပမှာ အခြေအနေပြောင်းဖို့ အလားအလာကောင်းနေပါတယ်။ ဒါပေမဲ့ မြန်မာ့စီးပွားရေးကို ယုံကြည်စိတ်ချလို့မရသေးကြောင်း ဝေဖန်သုံးသပ်တာတွေရှိပါတယ်။ စစ်ဗိုလ်တွေ မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းနိုင်ငံက စီးပွားရေးအားကောင်းပြီး မြန်မာပြည်ချွတ်ခြုံကျရတဲ့ကိစ္စကို ဆန်းစစ်ကြပါတယ်။ ထိုင်းစီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်ပြီး ရှင်သန်ကြီးထွားနေပါတယ်။ မနှစ်က ထိုင်းအစိုးရမှာ နိုင်ငံခြားသုံးငွေလက်ကျန်ဒေါ်လာ သန်းပေါင်းတသိန်း (၇) သောင်း (၅) ထောင်ကျော် (၁၇၅၁၀၀) ရှိပြီး ဗမာအစိုးရမှာတော့ (၄) ထောင်နီးပါးသာ (၃၉၂၉) ရှိပါတယ်။ ဗမာစစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ မှာ ထိုင်းနဲ့မြန်မာ စီးပွားရေးဟာ မတိမ်းမယိမ်းရှိနေရာက အနှစ် (၅၀) ကြာတဲ့အခါမှာ ထိုင်းအစိုးရက ဗမာအစိုးရထက် (၄၅) ဆ ပိုပြီးချမ်းသာနေတာတွေ့ရပါတယ်။ နှစ်နိုင်ငံစလုံးမှာ စစ်အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ပေမယ့် စီးပွားရေးမှာ ကွာဟချက် ကြီးမားလွန်တာကို သုံးသပ်ဖို့ လိုပါတယ်။ ခေတ်နဲ့မဆီလျှော်တော့တဲ့ အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်ကိုပယ်ဖျက်ပြီး အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ဘုရင်စနစ်ကို ၁၉၃၂ ခုနှစ်မှာ တည်ထောင်သူဟာ ထိုင်းစစ်ဗိုလ်နဲ့ အရပ်သားဝန်ထမ်းဖြစ်ပါတယ်။ အဲဒီကတည်းက ပညာတတ်အရပ်သားဝန်ထမ်းနဲ့ လက်တွဲလုပ်နိုင်တာဟာ ထိုင်းစစ်ဗိုလ်ရဲ့  ထင်ရှားတဲ့ အသွင်လက္ခဏာဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်ကတော့ အာဏာရပြီးတာနဲ့ အရပ်သားဝန်ထမ်းကို အခိုင်းအစေဖြစ်အောင်လုပ်ပြီး BCS နိုင်ငံ့ဝန်ထမ်းစနစ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ရာထူးမှန်သမျှ ဗမာစစ်ဗိုလ်က သိမ်းယူလိုက်ပါတယ်။ ထိုင်းစစ်ဗိုလ်ရဲ့  ထူးခြားတဲ့ ဒုတိယအသွင် လက္ခဏာဟာ နိုင်ငံရေးအမြင်ဖြစ်ပါတယ်။ တိုင်းပြည်အကျပ်အတည်းကို အရပ်သားက ဖြေရှင်းနိုင်စွမ်းမရှိရင် စစ်တပ်က ဖြေရှင်းပေးရမယ့်လို့ ထိုင်းစစ်ဗိုလ်က ယုံကြည်တာကြောင့် ရေရှည်အာဏာသိမ်းဖို့ မရည်ရွယ်ပါဘူး။ ထိုင်းစစ်ဗိုလ်ရဲ့  ထူးခြားတဲ့ တတိယအသွင်လက္ခဏာကတော့ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအင်အားစုလို့ ယူဆတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီပြုပြင်ရေးပြီးတာနဲ့ တပ်စခန်းကို ပြန်ကြပါတယ်။ ဗမာစစ်ဗိုလ်ကတော့ ၁၉၆၂ ခုနှစ် အာဏာသိမ်းကတည်းက အာဏာကို လက်ဝါးကြီးအုပ်သုံးစွဲခဲ့ပြီး ၂၀၀၈ မှာ စစ်ဗိုလ်ဦးဆောင်တဲ့ အခန်းကဏ္ဍကို အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားပါတယ်။ နေပြည်တော်ဟာ စစ်အာဏာရှင်ရဲ့  ပြယုဂ်ဖြစ်ပါတယ်။ ဗမာစစ်တပ်မှာ ဒီမိုကရေစီဆန့်ကျင်တဲ့ အစဉ်အလာကြီးမားပါတယ်။ မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းစစ်ဗိုလ်ဟာ ကိုယ်ကျိုးစီးပွားအာရုံစိုက်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ လက်နက်ခဲယမ်းရောင်းဝယ်ရေး၊ မှောင်ခိုလုပ်ငန်းအစရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေပိုရှာကြပါတယ်။ ၁၉၉၈ စာရင်းအရ ထိုင်းစစ်တပ်မှာ ဗိုလ်ချုပ် (၁၈၅၉) ဦးရှိပြီး (၆၀၀) ကျော်မှာ ဘာတာဝန်မှ မရှိပါဘူး။ ဒါပေမဲ့ ထိုင်းစစ်ဗိုလ်ရဲ့  ကိုယ်ကျိုးရှာလုပ်ငန်းဟာ တိုင်းပြည်မထိခိုက်တဲ့အတွက် ထိုင်းစီးပွားရေး ရှင်သန်တိုးတက်နေတာ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ ဆိုရှယ်လစစ်စနစ်မှာရော ဈေးကွက်စနစ်မှာရော အာဏာပါဝါပြဖို့ အဓိကထားအတွက် တိုင်းပြည်ချွတ်ခြုံကျရပါတယ်။ ထိုင်းစစ်တပ်ရဲ့  တာဝန်ဟာ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၁၉၉၄ စာတမ်းမှာ ဖော်ပြထားပါတယ်။ ထိုင်းဘုရင်ကတော့ ဖွံ့ဖြိုးရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ စစ်တပ်ပါဝင်တာကို သဘောကျပါတယ်။ ပြည်သူလူထု သက်သာချောင်ချိရေးနဲ့ ကိုယ်စိတ်နှစ်ပါး ချမ်းသာရေးအတွက် ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ စစ်တပ်ပါဝင်ရမယ်လို့ ထိုင်းဘုရင်က ၁၉၉၅ မှာ ပြောဖူးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်း (၁၆) ခု ရှိခဲ့ပေမယ့် ထိုင်းစီးပွားရေးဟာ တိုးတက်နေပါတယ်။ ၁၉၃၂ ခုနှစ်မှာ ပထမဆုံးအကြိမ် အာဏာသိမ်းတဲ့ ထိုင်းစစ်အစိုးရကစပြီး ဘယ်စစ်အစိုးရကမှ တိုင်းပြည်ကိုခွစီးပြီး ကိုယ်ကျိုးရှာဖို့ စိတ်မကူးကြပါဘူး။ လုပ်စရာရှိတဲ့ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ပြီးတာနဲ့ စစ်တန်းလျားကို ပြန်ကြတာချည်းပါပဲ။ အဲဒီကစပြီး စစ်ဗိုလ်နဲ့ အရပ်သားလက်တွဲပြီး ပြုပြင်ရေးလုပ်တဲ့ဓလေ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသမိုင်းမှာ တန်ပြန်အာဏာသိမ်းပွဲတွေ ရှိတာကိုကြည့်ရင် ထိုင်းစစ်ဗိုလ်ထဲမှာ မိမိယုံကြည်ချက်အတိုင်း လုပ်သူတွေရှိတာ သိသာပါတယ်။ ဒီ အစဉ်အလာကြောင့် ထိုင်းစစ်ဗိုလ်ဟာ ရာသက်ပန်အာဏာရယူဖို့ စိတ်မကူးပါဘူး။ ထိုင်းစစ်ဗိုလ်ဟာ အဂတိလိုက်စားတဲ့နေရာမှာ နာမည်ကြီးပါတယ်။ စစ်အာဏာသိမ်းတိုင်း စစ်တပ်အသုံးစရိတ် တိုးတောင်းပြီး အကြံအဖန်လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံ စည်းလုံးရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးမှာလည်း ထိုင်းစစ်ဗိုလ်ဟာ အရပ်သားပညာတတ်နဲ့ လက်တွဲပြီး ပါဝင်နေပါတယ်။ ထိုင်းစစ်တပ်ဟာ ပြည်တွင်းရန်ကိုသာ အာရုံစိုက်ပေမယ့် နေရတကာမှာ ချုပ်ချယ်ဖို့ စိတ်မကူးပါဘူး။ ဒါကြောင့်မို့ စစ်အာဏာသိမ်းတာတွေ ရှိပေမယ့် တိုင်းပြည်စီးပွားရေး ဆက်လက်တိုးတက်ဖွံ့ဖြိုးနေတာ ဖြစ်ပါတယ်။

အပြည့်အစုံသို့...

တရုတ် မျက်မမြင် လူ့အခွင့်အရေးလှုပ်ရှားသူ ကံကြမ္မာမရေရာ

မျက်မမြင် ဥပဒေ အကျိုးတော်ဆောင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ၊ တရုတ်အာဏာပိုင်များရဲ့ အတင်း အဓမ္မ ခလေးဖျက်ချမှု များအား ဖော်ထုတ်ခဲ့သူ ချန်ဂွမ်ချမ်း (Chen Guangcheng) အား တရုတ်ပြည်ရှိ ကျေးရွာ တစ်ခု တွင် တွေ့ရပုံ။

ဘေဂျင်းမြို့မှာ နေအိမ် အကျယ်ချုပ်ကနေ မကြာခင်က လွတ်မြောက်သွားခဲ့တဲ့ မျက်မမြင် တရုတ် လူ့အခွင့်အရေး လုပ်ရှားသူ အမေရိကန်ရဲ့ ကာကွယ်စောင့်ရှောက်မှု အောက်မှာ ရှိနေ မနေကို အတည်ပြု ပြောဆိုဖို့ အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ငြင်းဆိုခဲ့ပါတယ်။ တနင်္လာနေ့က သတင်းထောက်တွေ မေးမြန်းခဲ့တာမှာ ချန်ဂွမ်ချမ်း (Chen Guangcheng) ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူ ဘာမှ မပြောလိုဘူး လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ ဘေဂျင်းမှာရှိတဲ့ အမေရိကန် သံရုံးထဲကို မစ္စတာ ချန် ထွက်ပြေး သွားခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေနေချိန်မှာပဲ မစ္စတာ ချန်ရဲ့ ကံကြမ္မာအတွက် စိုးရိမ်ပူပန်တဲ့အကြောင်း အမေရိကန် အစိုးရ အရာရှိတွေက ပြောခဲ့ကြပေမဲ့ ချန် ဘယ်မှာရှိနေသလဲ ဆိုတာနဲ့ပတ်သက်လို့တော့ တစုံတရာ မှတ်ချက်ပေးဖို့ သူတို့က ငြင်းဆိုပါတယ်။ အခု အခြေအနေနဲ့ပတ်သက်လို့ သတင်းတွေမှာ ဖော်ပြနေကြတာကို သူ သိရှိထားတဲ့အကြောင်းနဲ့ အမေရိကန်အနေနဲ့ တရုတ်နဲ့ ဆက်ဆံတိုင်းမှာ လူ့အခွင့်အရေး ကိစ္စက ပေါ်လာစမြဲပဲလို့ သမ္မတ အိုဘားမားက ပြောပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ဘေဂျင်းမြို့မှာ နှစ်နိုင်ငံ နှစ်ပတ်လည် ဆွေးနွေးမှုမတိုင်ခင် ရက်ပိုင်းအလိုမှာပဲ မစ္စတာ အိုဘားမားရဲ့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဆွေးနွေးမှုအတွင်း အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန် နဲ့ ဘဏ္ဍာရေးဝန်ကြီး တင်မိုသီ ဂိုက်သနာ (Timothy Geithner) တို့က ဦးဆောင်မှာ ဖြစ်ပါတယ်။ အရှေ့ အာရှဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန်တဦးဖြစ်တဲ့ ကဒ် ကမ့်ဘဲလ် (Kurt Campbell) ဟာ တနင်္ဂနွေနေ့က ဘေဂျင်းမြို့ကို ရောက်ရှိလာခဲ့ပြီး မစ္စတာ ချန်ရဲ့ကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရ အရာရှိတွေနဲ့ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အမေရိကန် အခြေစိုက် တရုတ် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုကတော့ မစ္စတာ ချန်ဟာ အမေရိကန်ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်အစိုးရ အရာရှိတွေကြား ဆွေးနွေးနေတုန်းပဲလို့ ဆိုပါတယ်။ voa

အပြည့်အစုံသို့...

ဆီးရီးယားအပစ်ရပ်လေ့လာရေး ကုလအကဲခတ်အဖွဲ့ခေါင်းဆောင် လုပ်ငန်းစတင်

နော်ဝေးဗိုလ်ချုပ် Robert Mood ဒမတ်စကပ်စ်လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်။ ဧပြီလ ၂၉၊ ၂၀၁၂။

ဆီးရီယားနိုင်ငံအတွက် ကုလသမဂ္ဂလေ့လာစောင့်ကြည်ရေးအဖွဲ့ကို ဦးဆောင်ဖို့ ခန့်အပ်ခံရတဲ့ နော်ဝေး ဗိုလ်ချုပ်ဟာ အခု အဲဒီလုပ်ငန်းတာဝန်ကို စတင်ယူလိုက်ပါပြီ။ ဆီးရီယားနိုင်ငံအတွင်း နှစ်ရှည်ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာပါဝင်တဲ့ အစုအဖွဲ့ အားလုံးအနေနဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ သူက တိုက်တွန်း လိုက် ပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်ထိန်းထားနိုင်ဖို့ သမတ ဘာရှားတပ်တွေရော၊ သူပုန်ဖက်က ပါ အပစ်အခတ်ရပ်စဲဖို့ သူက တိုက်တွန်းပါတယ်။ ဗိုလ်ချုပ် Robert Mood ဟာ အခု တနင်္ဂနွေနေ့က ဆီးရီယားမြို့တော် ဒမတ်စကတ်ကို ရောက်ရှိပါတယ်။ သူဟာ ကုလသမဂ္ဂရဲ့ ရှေ့ပြေး လက်နက်မဲ့တပ်ဖွဲ့ ၁၅ ဦးကို ဦးဆောင်ပြီးတော့ ဧပြီ ၁၂ ရက်နေ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေကို အကောင်အထည် ဖော်မှု ရှိမရှိ လိုက်လံ စစ်ဆေး စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆီးရီးယားမှာ တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေဆဲပါ။ ဒမတ်စကဒ် လေဆိပ်ကို ရောက်ရောက် ချင်းပဲ သတင်းထောက်တွေကို ပြောရာမှာတော့၊ နိုင်ငံတကာအထူးကိုယ်စားလှယ် ကိုဖီအာနန် ကြားဝင် စေ့စပ်ခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ကုလသမဂ္ဂရဲ့ အပစ်အခတ်ရပ်ရေး အစီအစဉ်တွေ ပျက်ပြားမှု မဖြစ် အောင် ဆောင်ရွက်ကြမယ့် လေ့လာသူတွေကို ကူညီတဲ့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ သူက မေတ္တာရပ်ခံခဲ့ပါတယ်။ ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့ဟာ ပြဿနာရပ်အားလုံးကိုတော့ ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့လည်း နော်ဝေး ဗိုလ်ချုပ် Robert Mood က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ခဲ့ပေမဲ့လို့ သမတ ဘာရှားအယ်အာဆတ်ကို သစ္စာခံတဲ့ တပ်တွေဟာ တိုင်းပြည်တ၀န်းက အတိုက်အခံနေရာတွေကို တိုက်ခိုက် နေဆဲဖြစ်ပါတယ်။ သူပုန်တွေဖက်က လည်း အစိုးရလုံခြုံရေးတပ်တွေကို ခြောင်းမြောင်း တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ တဖက်နဲ့တဖက် ဘယ်သူက ရန်စတယ်ဆိုပြီတော့လည်း အပြန်အလှန် စွပ်စွဲနေကြပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီးတော့ ဆီးရီယားအစိုးရတပ်တွေဟာ အရပ်သား တွေရှိရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်ဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက အစိုးရကို အပြစ်တင်စွပ်စွဲပါတယ်။ တနင်္ဂနွေနေ့မှာပဲ နိုင်ငံတ၀န်းအကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ ၂၅ ဦးသတ်ဖြတ်ခံရတယ်လို့ တတ်ကြွလှုပ်ရှားသူ တွေက ပြောပါတယ် ။ နောက်ဆုံးအဖြစ်အပျက်တော့ ဆီးရီယားလုံခြုံရေးတပ်တွေဟာ Homs မြို့လယ်ခေါင်မှာ လူနှစ်ဦးနဲ့ အခြားအနီးအနားမှာ အရပ်သားတဦးတို့ကို တနင်္ဂနွေနေ့ က ပစ်သတ်ခဲ့ တယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုက ကြေညာပါတယ်။ ဆီးရီးယားမှာ အထိအခိုက် အသေအပျေက်တွေနဲ့ပတ်သက်လို့ အတိအကျတော့ သီးခြားအတည်ပြုလို့မရပါဘူး။ voa

အပြည့်အစုံသို့...

နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည်

ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား တွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ မိန့်ခွန်း ပြောကြားပုံ။ နေပြည်တော်၊ မြန်မာ။ ဇူလိုင် ၁၁ ၂၀၁၁။

ပြောင်းလဲမှုတွေ ထဲမှာ လူနည်းစု တိုင်းရင်းသားတွေ အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာစေနိုင်တဲ့ အဓိက အပြောင်းအလဲ အဖြစ် သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် နှစ်ပေါင်း ၃၁ နှစ်အတွင်း ပြန်ပြီး စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာ အစိုးရ နဲ့ ကုလသမဂ္ဂတို့ အကြားရခဲ့တဲ့ ဒီသဘော တူညီချက် နဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒယ်နီရယ် ဘန်စတိန်း (Danielle Bernstein) သတင်းပေးပို့ ထားတာကို မခင်မျိုးသက် က တင်ပြထားပါတယ်။ မြန်မာအစိုးရက ၂၀၁၄ ခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကတိပြု ကြောင်း မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီက အတည်ပြု လက်မှတ်ရေးထိုး ခဲ့ပါတယ်။ စာထဲမှာ နှစ်ပေါင်း ၃၁ နှစ် အတွင်း ကောက်ယူမယ့် လူဦးရေစစ်တမ်းကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီလုပ်ဆောင်ရမှာ ဖြစ်သလို ဒီသန်းခေါင်စာရင်း ကောက်ယူရာမှာ လူမျိုးမရွေး ဘာသာ မရွေး ပါဝင်ရမှာဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူသူတွေကို နိုင်ငံအနှံ့ သွားရောက် ခွင့်ပေးဖို့ပါ ပါဝင်ပါတယ်။ နေပြည်တော်မှာ ပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက တိုင်းရင်းသား ဒေသတွေမှာ အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကနေ ဒီသန်းခေါင်စာရင်း ကောက်ယူရေး ဖြစ်မြောက် လာစေဖို့ မျှော်လင့် ထားသလို လူနဲစု တိုင်းရင်းသားတွေ နဲ့ လူမှု့လူ့အဖွဲ့အစည်းတွေပါ ပါဝင်လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ တိကျမှုရှိတဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကိစ္စဟာ မြန်မာ အစိုးရ လုပ်ဆောင်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ထဲမှာ အရေး အကြီးဆုံး ဖြစ်တယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှုး ဒေ့ဖ် မက်သီဆန် (Dave Mathieson) ကပြောပါတယ်။ “တကယ်လို့ မြန်မာနိုင်ငံမှာသာ သန်းခေါင်စာရင်း ရှိခဲ့ရင် နိုင်ငံသားတိုင်း မဲပေး ပိုင်ခွင့်ရှိ လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ အခုထက်ပို မျှတပြီး အများရဲ့ လက်ခံ ယုံကြည်မှု ကိုလည်း ပိုပြီး ရလာဖို့ ရှိပါတယ်။ နောက် လူထုအပေါ်မှာ တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိမယ်ဆိုရင်တော့ ဒီလူတွေမဲပေးလာကြမှာပဲ။” မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူခဲ့တာပါ။ အဲဒီတုန်းက အမဲရောင် နယ်မြေ လို့ခေါ်တဲ့ လက်နက်ကိုင်တွေ ကြီးစိုးတဲ့ ဒေသတွေမှာ နေထိုင်သူတွေ ကို ထည့်တွက်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီအရင်က အများလက်ခံလောက်တဲ့ လူဦးရေ စာရင်းကောက်ခဲ့တာကတော့ ၁၉၃၁ ခုနှစ် မှာဖြစ်ပြီး ဗြိတိသျှအုပ်ချုပ် နေတုန်းက ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းပါ။ လူ့အခွင့်ရေး စောင့်ကြည့်သူ တွေကတော့ သန်းခေါင်စာရင်း ကို သေသေချာချာ မကောက်ရင် မြန်မာနိုင်ငံသား အဖြစ် ထည့်သွင်းရေး မသွင်းရေး အငြင်းပွါးနေတဲ့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် မြန်မာနိုင်ငံထဲ က တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို စာရင်းထဲ ကနေ ဖယ်အထုတ်ခံ ရမှာကို စိတ်ပူနေကြပါတယ်။ ကုလသမဂ္ဂကတော့ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ တသန်းလောက်နေထိုင်မယ်လို့ ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ကောက်ယူ မှတ်တမ်းတင်ရေးမှာ တာဝန်ရှိတဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အကြီးအကဲ ဦးမြင့်ကြိုင်ကတော့ မြန်မာနိုင်ငံထဲမှာ နိုင်ငံမဲ့သူများဆိုတာ ရှိမနေဘူးလို့ ဆိုပါတယ်။ “ကျွန်တော်တို့ဆီမှာ နိုင်ငံမဲ့ သူများဆိုတာရှိ မနေသလို မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ ဆိုတာလည်း မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ ဘင်္ဂါလီ လူမျိုးတွေ မြန်မာနိုင်ငံထဲမှာ မနေကြလို့ပါ" လို့ စကားပြန် က တဆင့် ပြောသွားတာပါ။ ပြောင်းလဲမှုတွေ လုပ်ဖို့ ကတိပြုထားတဲ့ အစိုးရကိုရော သန်းခေါင်စာရင်း ရဲ့ တိကျမှု ဆိုင်ရာအတွက်ပါ ဒီလို အမျိုး ခွဲခြားမှုမျိုးတွေက အဓိကစမ်းသပ်မှု လိုဖြစ်နေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေ အတွက် အစိုးရရဲ့ ယုံကြည်လောက် စရာမရှိတဲ့ စာရင်းဇယားတွေကိုဘဲ နှစ်ပေါင်း များစွာ သုံးစွဲနေ ကြရတာမို့ အခုလို နိုင်ငံတကာ စံနှုန်းနဲ့ အညီ သန်းခေါင်စာရင်း ကောက်ယူမှုက အရေးပါတယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ဒီသန်းခေါင်စာရင်း ကောက်ယူရေးအတွက် (UNPF) လို့ခေါ်တဲ့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရံပုံငွေအဖွဲ့ ကနေ အချက်အလက် စုဆောင်းကာလ အဖြစ် သတ်မှတ်ထားတဲ့ ၂နှစ်အတွင်းမှာ ဦးဆောင်ပြီး စူးစမ်း လေ့လာမှု တွေ လုပ်မှာဖြစ်သလို မှတ်တမ်းတွေကိုလည်း ပြုစုရေးသားမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မိုဟာမက် အဒယ် အဟက် (Mohamed Abdel-Ahad) ကတော့ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ခဲ့တဲ့ အချိန်ဟာ သိပ်ကြာနေပြီမို့ ဒါဟာ တကယ့် စိန်ခေါ်မှု တရပ်ဖြစ်နေသလို ဒါဟာ အရေးအကြီးဆုံး လုပ်ဆောင်ရမှာလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ "အားလုံး သိတဲ့အတိုင်းပဲ လူထုက ဒီသန်းခေါင်စာရင်း နဲ့ ပါတ်သက်ပြီး သေသေချာချာ သိမထားဘူး။ သန်းခေါင်စာရင်း နောက်ဆုံးယူ ထားတာက နှစ်ပေါင်း ၃၀ ကျော်နေပြီ ဆိုတော့ ၁၉၈၃ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ ဆိုရင် သန်းကောင် စာရင်းယူတဲ့ အတွေ့အကြုံ မရှိကြဘူး။ ဒါ့ကြောင့် သူတို့ကို မြန်မာနိုင်ငံသားအနေနဲ့ ထည့်သွင်းရေတွက်ဖို့ လိုတယ် ဆိုတဲ့ သူတို့ရဲ့ ရပိုင်ခွင့်ကို ကျွန်တော်တို့က ရှင်းပြဖို့ လိုပါတယ်။" သန်းခေါင်စာရင်း ကောက်ယူသူတွေကတော့ သန်းခေါင်စာရင်း ကို ၂၀၁၄ ခုနှစ် ဧပြီလမှာ ကောက်ယူနိုင်မယ်လို့ မျှော်လင့်ထား ကြောင်း မစ္စတာ အဒယ် အဟက် ( Abdel-Ahad ) က ပြောပါတယ်။ ကုလသမဂ္ဂက အနေနဲ့ ဒီလုပ်ငန်းအတွက် အနည်းဆုံး ဒေါ်လာ ၅၃ သန်းလောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားပါတယ်။

အပြည့်အစုံသို့...

လွှတ်တော်တက်ရန် NLD ဆုံးဖြတ်လိုက်ပြီ

ဧပြီလ ၃၀ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ) ၂၀၀၈ ဖွဲ့စည်းပုံပါ အခြေခံဥပဒေအချို့အား သဘောမတူညီ၍ လွှတ်တော်တက်ရန် နှောင့်နှေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့အသံကို နားထောင်သည့်အနေဖြင့် ကျမ်းကျိန်ပြီး လွှတ်တော်တက်ဖို့ ယနေ့ ဆုံး ဖြတ်လိုက်ပြီ ဖြစ်သည်။

အဓိက အချက်နှစ်ချက်ဖြင့် လွှတ်တော်တက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းလည်း NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယခု လို ပြောသည်။ “မဲဆန္ဒရှင်ပြည်သူအများစုက NLD ကို တက်စေချင်တယ်။ လွှတ်တော်ထဲ ရောက်စေချင်တယ်။ လွှတ်တော်မတက်သေးတာကို စိုးရိမ်ပူပန် နေကြတယ်။ အဲဒါကို ပြေပျောက်အောင်ပါ။ ဒုတိယတချက်က ပါလီမန်ထဲမှာရှိတဲ့ တိုင်းရင်းသားပါတီ ၁၆ခုကလည်း ဒီအခက်အခဲကို နောင်မှဖြေရှင်းပြီးတော့ လောလောဆယ်တက်နိုင်ဖို့ သူတို့မေတ္တာရပ်ခံတဲ့အတွက်ကြောင့် တက်ဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု ၎င်းက ပြော သည်။ ပြင်ဆင်လိုသည့် အချက်အလက်များကို အစိုးရမှ ပြင်ဆင်ပေးခြင်းမရှိသော်လည်း လွှတ်တော်တက် ရောက်ရခြင်းမှာ အစိုးရအား လက် လျှော့ပေးလိုက်ခြင်းမျိုးမဟုတ်ဘဲ ပြင်ဆင်စရာများကို လွှတ်တော်ထဲရောက်မှသာလျှင် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင် သွားမည်ဟုလည်း သူက ဆက်ပြောသည်။ သို့သော် မည်သည့်အချိန်တွင် လွှတ်တော်စတက်မည်ကို မသိရသေးကြောင်းနှင့် လွှတ်တော်တက်ရန် ကျမ်းကျိန်ဆိုရေးနှင့် ပတ်သက်၍ NLD မှ လွှတ်တော်ကို တင်ပြထားပြီး အကြောင်းပြန်ကြားချက်ကိုလည်း စောင့်ဆိုင်းနေကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။ ပြည်သူများ၏ မျှော်လင့်ချက်အတိုင်း လွှတ်တော်တက်ကာ ပြင်ဆင်စရာများကို လွှတ်တော်ထဲတွင် ပြင်ဆင်သွားသင့်ကြောင်းနှင့် NLD အ နေဖြင့် လွှတ်တော်တက်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ ကောင်းမွန်ကြောင်း ပြည်တွင်းသတင်းဌာနမှ ၀ိုင်ပီအိုင် အယ်ဒီတာတစ်ဦးဖြစ်သူ ကိုမြင့် ကျော်က မှတ်ချက်ပေး ပြောဆိုသည်။ သူက “အမှန်တော့ ဒီကိစ္စ(ပြင်ဆင်လိုသည့်အချက်အလက်များ)က အရမ်းအရေးကြီးတယ်ဆိုရင် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ပြောထားသင့်တယ်။ အဲလိုမှ မဟုတ်ရင်တော့ အနိုင်ရပြီးမှ ပြောတာ၊ လူထုက လွှတ်တော်တက်မယ့်ကိစ္စအပေါ် မျှော်လင့်ချက်ထားနေ ချိန်မှာပြောတော့ အားမလိုအားမရ ဖြစ်ကြတာပေါ့။ အခုဆုံးဖြတ်ချက်ကကောင်းပါတယ်။ နဂိုကတည်းက ဆုံးဖြတ်သင့်တယ်ထင်ပါ တယ်။”ဟု ပြောသည်။ ယနေ့ နေ့လည် ၁၀နာရီတွင် အမျိုးသားဒီမိုကရေစီရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့သော NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့အစည်းအဝေးအပြီး တွင် ပြည်သူများနှင့် ဒီမိုကရေစီပါတီများ လိုလားချက်အရ မေလ ၂ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီး NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်တက်မည်ဟု မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်အတွင်း တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ပြောင်းသင့်သည့်ကိစ္စများကို ပြောင်းလဲရန်၊ အထူးသဖြင့် ကျမ်းကျိန်စာ၏ စာသားတွေကို ပြောင်းရန်ကို လွှတ်တော်ထဲရှိ မဟာမိတ်ကိုယ်စားလှယ်များက ၀ိုင်းဝန်းပြီး မေတ္တာရပ်ခံမှု များ ရှိခဲ့သောကြောင့် လွှတ်တော်တက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သူမက ပြောသွားသည်။ ယခု ဧပြီလ ၁ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၏ လစ်လပ်မဲဆန္ဒနယ် ၄၅နေရာတွင် NLD မှ ၄၄နေရာ ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ ၄၃နေရာ အနိုင်ရရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ဧပြီလ ၂၀ရက်နေ့ကကလည်း ၂၀၀၈ ဖွဲ့စည်းပုံပါ အခြေခံဥပဒေအချို့အား သဘောတူညီမှု မရှိသဖြင့် ဧပြီလ ၂၃ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် တက်ရောက်ရန် မသေချာသေးကြောင်းလည်း သတင်းမီဒီယာများကို ပြော ကြားခဲ့သေးသည်။

အပြည့်အစုံသို့...

လူသားဆန်မှုနှင့် ယနေ့ကမ္ဘာ

ယနေ့မျက်မှောက်ကာလ ကမ္ဘာ့ပေါ်ရှိ နိုင်ငံတိုင်းမှ ပြည်သူများ အတောင့်တဆုံးနှင့် အလိုအပ်ဆုံး အရာကား လူသားဆန်စွာ၊ လူပီသစွာ သက်ရှင် နေထိုင်ရေးပင် ဖြစ်သည်။ သို့သော်လည်း လူအများစုကြီး၏ ဆန္ဒကား မပြည့်ဝသေး။ နေရာများစွာတွင် ငြင်းဆန်ခံနေရဆဲ ဖြစ်သည်။ အချို့နေရာများတွင် လူသားတို့အား မျိုးတုံး သတ်ဖြတ်နေသည်ကိုပင် အထင်အရှား တွေ့မြင်နေရသည်။ အိရှီ ဆိုသည့်ဂျပန်လူငယ်လေးသည် တိုကျိုမြို့ အရှေ့ဖက် အရပ်ဒေသမှ ချမ်းသာသော မြေပိုင်ရှင် တဦး၏ သားဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက စာတော်သော ကျောင်းသားတဦး ဖြစ်သည့် အားလျော်စွာ အထက်တန်း အောင်မြင်ပြီးနောက် တိုကျိုဆေးတက္ကသိုလ်သို့ ၀င်ခွင့်ရခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ဆရာဝန်ဖြစ်ပြီးသည်နှင့် လူနာတို့၏ အသက်ကို ကယ်တင်ဖို့ရန် ဖြစ်သည်။ အိရှီ အထူးဝါသနာထုံသော ဘာသာရပ်ကတော့ ဇီဝပိုးမွှားများကို လေ့လာခြင်းပင် ဖြစ်သည်။ သို့သော် မည်သည့် အကြောင်းအရင်းက သူ့ကို စေ့ဆော်လိုက်သည်မသိ၊ ဆရာဝန် ဖြစ်လာပြီးနောက် ဂျပန်တပ်မတော်သို့ ၀င်ရောက်အမှုထမ်းခဲ့သည်။ ထို့နောက် ဂျပန်တပ်မတော်မှ သူ့အား ၁၉၂၈ခုနှစ်တွင် ဂျာမနီနိုင်ငံတွင် ဇီဝပိုးမွှားဆိုင်ရာ ဘာသာရပ်များ လေ့လာရန် အတွက် စေလွှတ်ခဲ့သည်။ သည့်နောက် ပထမကမ္ဘာစစ်အတွင်းက ဂျာမန်တပ်မတော်အသုံးပြုခဲ့သည့်အဆိပ်ငွေ့ ဓါတုလက်နက်များ အကြောင်း အထူးပြု လေ့လာခဲ့သည်။ နောင်တွင် သူသည် ဂျပန်တပ်မတော်အတွင်း၌ ဗိုလ်ချုပ် အဆင့်အထိ ရာထူး တိုးတက်လာခဲ့သည်။ ဂျပန်အစိုးရက သူ့အား ထိုအချိန်ကဂျပန်တို့ သိမ်းပိုက်ထားသော တရုတ်ပြည် မန်ချူးကိုး ဒေသအတွင်းရှိ ဟာဘင်ဆိုသောအရပ်၌ ပိုးမွှားလက်နက်များ တီထွင်စမ်းသပ်ရန်အတွက် ဌာနတခုဖွင့်လှစ် လုပ်ကိုင်စေခဲ့သည်။ ၁၉၄၁ ဒီဇင်ဘာလတွင် ဂျပန်တို့ပုလဲဆိပ်ကမ်းကို အငိုက်ဖမ်းဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အမေရိကန်တို့ ဒုတိယ ကမ္ဘာစစ် အတွင်းဝင် ရောက်လာခဲ့သည်။ ဂျပန်တို့ကို လက်တုံ့ပြန်ရန်အတွက် ၁၉၄၂ ခုနှစ်ဆန်းပိုင်းလောက်တွင် အမေရိကန် လေတပ်မှ ဂျပန်ကုန်းမြေကို ပထမဆုံး အကြိမ် စတင် ဗုံးကြဲတိုက်ခိုက်သည်။ သို့သော် အမေရိကန် လေယာဉ်များသည် သူတို့ မူလထွက်ခွါလာသည့် အခြေခံစခန်းသို့ ပြန်ရန် ဝေးလွန်းပြီး လေယာဉ်များအတွက် ဆီမလုံလောက်သောကြောင့် အမေရိကန်နှင့် မဟာမိတ်ဖြစ်သော ချန်ကေရှိတ်၏ တရုတ်တပ်မတော်မှ စိုးမိုးထားသော တရုတ်ပြည်အတွင်း အချို့နေရာများသို့ ဆင်းသက်ခဲ့ရသည်။ ဂျပန်ပြည် ဗုံးအကြဲခံရသည့်အတွက် ဂျပန်အစိုးရ ယမ်းပုံမီးကျဖြစ်ကာ အမေရိကန်တို့ကို လက်တုံ့ပြန်ရန် ချက်ခြင်း ပြင်ဆင်ခဲ့သည်။ သို့သော် အမေရိကန် ကုန်းမြေအထိ သွားရောက်ဗုံးကြဲ ရမည့် ခရီးကား အသွားအပြန် မိုင်ပေါင်း (၁၈, ၀၀၀) ကျော်ရှိသည့်အတွက် ထိုခေတ်က ဂျပန်လေယာဉ်များ အတွက် ဝေးလွန်းလှသည်။ မဖြစ်နိုင်။ ထို့အတွက် အမေရိကန် လေယာဉ်များကို ဆင်းသက်ခွင့်ပေးသော ချန်ကေရှိတ် အစိုးရကို လက်တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ရိုးရိုး လက်တုံ့ပြန်ခြင်း မဟုတ်။ တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ဗိုလ်ချုပ်အိရှီ တီထွင်ထားသော ပိုးမွှားဗုံးများကိုလည်း စမ်းသပ်သည့်အနေဖြင့် မန်းချူးကိုးဒေသ တနေရာတွင် ကြဲချလိုက်သည်။ ထိုဗုံးကြဲလေယာဉ်အုပ်စု သည် ဗိုလ်ချုပ်အိရှီ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ရှိသည်။ အဆိုပါ ပိုးမွှားဗုံးများမှ ကာလ၀မ်း၊ အသဲရောင် အသားဝါ၊ ပုလိပ်ရောဂါ၊ တိုက်ဖွိုက်ရောဂါ အစရှိသည့် ပိုးမွှားများကြောင့် တရုတ်ပြည်သူ (၂၅၀, ၀၀၀) ကျော် သေဆုံးခဲ့ရသည်။ အဆိုပါ ပိုးမွှားလက်နက်ကြောင့် သေဆုံးခဲ့ရသော တရုတ်ပြည်သူတို့၏ သားမြေးများမှ ဂျပန်အစိုးရအား လျော်ကြေးပေးရန် ယနေ့အထိတိုင် တောင်းဆို တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။ ထို့အပြင် ဂျပန်စစ်ဝါဒီတို့သည် ကလေးများနှင့် အမျိုးသမီးများ အပါအ၀င် တရုတ်ပြည်သူများကို သိန်းနှင့်ချီ၍ သတ်ဖြတ်ခဲ့သော ၁၉၃၇ ဒီဇင်ဘာလအတွင်းက နန်ကင်းလူသတ်ပွဲအား တရုတ်ပြည်သူတို့ မမေ့သေး။ ဂျပန်စစ်ဝါဒီတို့၏ လက်ချက်ဖြင့် ဒုတိယကမ္ဘာစစ် မတိုင်ခင်နှင့် စစ်ကြီးအတွင်း သေဆုံးခဲ့ရသော တရုတ်ပြည်သူများ၏ အရေအတွက်ကား သန်းပေါင်း (၂၀) ကျော် ရှိခဲ့သည်။ ဂျပန်စစ်ဝါဒီတို့ တရုတ်ပြည်တွင် ထင်တိုင်းကြဲနေသည်ကို ထိုအချိန်က ယဉ်ကျေးပါသည်ဆိုသော အနောက်တိုင်း အစိုးရများမှ သည်အတိုင်း လက်ပိုက် ကြည့်နေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနိုင်ငံများ အားလုံးကသူတို့ ကိုယ်တိုင် တရုတ်ပြည်မြေကြီးပေါ်တွင် ကိုယ်ထိလက်ရောက် စစ်မခင်းကြသော်လည်း တရုတ်ပြည်ဆိုသည့် အသားတုံးကြီးအား တောခွေးများကဲ့သို့ ရသည့်ဖက်မှ ၀င်ဆွဲမည် ဆိုသော စိတ်ကူးရှိနေသော ကြောင့်ပင် ဖြစ်သည်။ စစ်ကြီးအပြီးတွင် ဂျပန်စစ်အစိုးရအတွင်းရှိ တာဝန်ရှိသူများအား စစ်ကြီးအတွင်း နေရာများစွာတွင် လူသားမျိုးနွယ်တို့ အပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် မဟာမိတ်ခုံရုံးမှ သေဒဏ်နှင့် ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။ သို့သော် ထိုအထဲတွင် ဗိုလ်ချုပ်အိရှီမပါ။ မပါသည့်အပြင် သူ့အား စစ်ပြီးကာလ အမေရိကန်ပိုးမွှား လက်နက် သုတေသန လုပ်ငန်းတွင် အထူးအကြံပေး အရာရှိအဖြစ် ခန့်ထားခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ဗိုလ်ချုပ်အိရှီ ကွယ်လွန်သည်။ အကျိုးစီးပွါး နှင့် ပတ်သက်လာသော အခါလူသားဆန်မှုကို ချိုးဖေါက်ခဲ့သည့်၊ လူသားတို့အပေါ် ရာဇ၀တ်မှုကြီးများ ကျူးလွန်ခဲ့သည့် အချို့ ရာဇ၀တ်ကောင်များ သည်ပင်လျှင် အကာကွယ်ပေးခြင်း ခံခဲ့ရသည်။ နိုင်ငံတကာ သတင်းမီဒီယာများမှ စစ်ကြီးအပြီး နှစ်ပေါင်းများစွာ အကြာတွင် ဂျပန်စစ်ပြန်ကြီးများနှင့် တွေ့ဆုံမေးမြန်းမှု များ ပြုလုပ်ခဲ့သည်။ အကြောင်းကတော့ ဂျပန်တို့ဘာကြောင့် စစ်ရှုံးခဲ့ရသနည်း။ ဂျပန်စစ်ပြန်ကြီးတို့၏ အဖြေများတွင် ဂျပန်နိုင်ငံစစ်ရှုံးရခြင်း အကြောင်းသည် အချက်အလက်ပေါင်းများစွာ အပေါ်တွင် အမှီပြု၍ ပြောရမည်ဟု ဆိုသည်။ သို့သော် ထိုအထဲတွင် အရေးကြီးဆုံး အချက်ကတော့ ထိုအချိန်က ဂျပန်အစိုးရသည် လူသားဆန်မှု ကင်းမဲ့ခဲ့ကြသည်ဟု ဖြေဆိုခဲ့ကြသည်။ ထိုအချက်သည် ဂျပန်တို့ဘာ့ကြောင့် စစ်ရှုံးခဲ့ရသည်ဆိုသည့် အချက်ပေါင်းမြောက်များစွာထဲမှ အရေးအကြီးဆုံး အချက်ဟုလည်း တင်ပြခဲ့ကြသည်။ လူသားဆန်မှု ကင်းမဲ့သောစိတ်သည် ဖက်ဆစ်စနစ်နှင့် စစ်ဝါဒီ လုပ်ရပ်တို့ကြောင့် ပေါ်ပေါက် ကြီးထွားလာခဲ့ရသည်ဟုလည်း ထိုစစ်ပြန်ကြီးများမှ ဖြေကြားခဲ့ကြသည်။ လူသားဆန်မှု ကင်းမဲ့သည့်လုပ်ရပ်များကို လူ့ယဉ်ကျေးမှု စတင် ပေါ်ပေါက်လာသည့် နှစ်ထောင်ပေါင်းများစွာ ကတည်းက တောက်လျှောက် တွေ့ကြုံလာခဲ့ရသည်။ မိမိအနိုင်ရလိုမှု၊ ပိုင်စိုးလိုမှု၊ ကြီးကျယ်မြင့်မြတ်လိုမှုနှင့် ကြွယ်ဝချမ်းသာမှုတို့ အတွက် အင်အားနည်းသူများ နှိပ်ကွပ်ခံလာခဲ့ကြရသည်မှာလည်း ကနေ့အထိပင်ဖြစ်သည်။ တချိန်က သြစတေးလျတိုက်တွင် ဒေသခံ အဘော်ရီးဂျင်းများသည် လူဖြူတို့၏ တိရိစ္ဆာန်ကဲ့သို့ အမဲလိုက်၍ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ အမြောက်အများ။ အဘော်ရီးဂျင်း ကလေးများအား မိခင်တို့ရင်ခွင်ထဲမှ လုယူ၍ လူဖြူတို့ စာပေ၊ ယာဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်မှုတို့အတိုင်း ဖြစ်လာစေရန် လေ့ကျင့်ရေး စခန်းများသို့ ပို့ခဲ့သည်။ ဤသည်များလည်း လူသားဆန်မှုကို ချိုးဖေါက်သော ရာဇ၀တ်မှုများဖြစ်သည်။ သို့သော် သြစတေးလျ လူဖြူအစိုးရအတွင်း ထို့အတွက် တာဝန်ရှိသူ မည်သူတဦးတယောက်မှ အပစ်ပေး အရေးယူခြင်း မခံခဲ့ရ။ တကယ်တော့ သူတို့သည် လူဖြူများ သြစတေးလျတိုက်သို့ လာရောက်အခြေမချခင် နှစ်ထောင်ပေါင်းများစွာ ကတည်းက ရှိနှင့်နေပြီးသော ဒေသခံစစ်စစ်များ ဖြစ်သည်။ သို့သာ် ဒေသခံအဘော်ရီးဂျင်းများသည် ၁၉၆၀ ခုနှစ်များ နှောင်းပိုင်းလောက် အထိမြေယာပိုင်ဆိုင်ခွင့်နှင့် မဲပေးပိုင်ခွင့်မရှိခဲ့။ သြစတေးလျနိုင်ငံသည် ချမ်းသာကြွယ်ဝသော နိုင်ငံဖြစ်သော်လည်း အဘော်ရီးဂျင်းများ သည် ယနေ့အထိ ဆင်းရဲသော၊ ပညာမဲ့သော လူအုပ်စုများသာ ဖြစ်နေသေးသည်။ အမေရိကတိုက်ကို ဥရောပမှလူဖြူများ လာရောက်အခြေချ နေထိုင်ခဲ့ပြီး နောက်ပိုင်း ဒေသခံ ရက်အင်ဒီးယန်းအုပ်စုများ မျိုးတုံး သတ်ဖြတ်ခံခဲ့ရသည်။ ထိုအထဲတွင် ထင်ရှားသော ဖြစ်ရပ်တခုမှာ ရှာရိုးခီးဆိုသည့် ဒေသခံ ရက်အင်ဒီးယန်း အုပ်စုသည် အမေရိကန်စစ်တပ်နှင့် တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပြီးနောက် ကနေဒါနိုင်ငံနှင့် နယ်စပ်ခြင်း ထိစပ်နေသည့် မြောက်ဖက်ပိုင်းသို့ ထွက်ပြေးဆုတ်ခွါလာခဲ့ရသည်။ ထိုကာလများအတွင်း ကလေးနှင့်အမျိုးသမီးများ အပါအ၀င် အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရသော ရှာရိုးခီးလူဦးရေမှာ (၃၀, ၀၀၀) ကျော်ရှိခဲ့သည်။ အချို့သေးငယ်သော ရက်အင်ဒီးယန်း အုပ်စုများ ဆိုလျှင် ထိုမြေကြီးမှ လုံးဝ ပျောက်ကွယ်သွားခဲ့ကြရသည်။ ခရိုင်စလာ မော်တော်ကား ကုမ္ပဏီမှ ရှာရိုးခီး ဆိုသော နာမည်ဖြင့်ခေတ်မှီ ဂျစ်ကားများ ထုတ်လုပ်၍ ကမ္ဘာတ၀ှမ်းတွင် ရောင်းချနေသည်။ သတ်ဖြတ်ခံခဲ့ရသော ရှာရိုးခီးများကို အမှတ်ရ အောက်မေ့ဂုဏ်ပြုသောအားဖြင့် ထိုအမည်ကို ကင်ပွန်းတပ်ခြင်းဖြစ်သည် ဟုလည်း တချို့က ဆိုကြသည်။ နောက်ကြခဲ့ပြီ ဟုသာဆိုခြင်တော့သည်။ ဂျပန်နိုင်ငံကို သိမ်းပိုက်ရန် ၀င်ရောက်လာသော အမေရိကန်စစ်တပ်များသည် တောင်ဖက်ပိုင်းရှိ အိုကီနာဝါကျွန်းစုကို အရင် တိုက်ခိုက်သိမ်းပိုက်ရသည်။ အမေရိကန်စစ်သား အမြောက်အများကျဆုံးခဲ့၍ အိုကီနာဝါကျွန်းသားနှင့်ဂျပန် စစ်သားများလည်း အများအပြား သေကြေခဲ့ရသည်။ ဂျပန်ကျွန်းမကြီးကို ဆက်လက်သိမ်းပိုက်မည်ဆိုလျင် အမေရိကန် စစ်သားများ သိန်းနှင့်ချီ၍ သေဆုံးနိုင်သလို ဂျပန်အရပ်သူ အရပ်သားများလည်း သန်းဂဏန်းမျှ သေကြေကြလိမ့်မည်ဟု အမေရိကန် အစိုးရမှ တွက်ချက်သည်ဟု ဆိုသည်။ ထို့အတွက် သန်းဂဏန်း လူဦးရေသေကြေမှုကို ရှောင်လွှဲနိုင်၍ စစ်ကြီး အမြန် အဆုံးသတ်နိုင်ရေးအတွက် အနုမြူဗုံးများကို ဟီရိုရှီးမားနှင့် နာဂါစကီမြို့များ ပေါ်သို့ ကြဲချခဲ့ရသည်ဟု အမေရိကန် အစိုးရမှ ဆင်ခြေပေးခဲ့သည်။ ဤသည်လည်း လူသားဆန်မှုကို ချိုးဖေါက်ခြင်းဟု မဆိုနိုင်သလော။ ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ခဲ့သော စစ်ပွဲများ၊ ဗီယက်နမ်နိုင်ငံအပါအ၀င် အင်ဒိုချိုင်းနားဒေသတွင် ဖြစ်ပွါးခဲ့သော စစ်ပွဲများတွင် အမေရိကန်အစိုးရ၏ သြဇာတည်ဆောက်လိုမှု လောဘကြောင့် ထိုနိုင်ငံရှိပြည်သူများ အတုံးအရုံး သေကြေ ခဲ့ရသည်မှာ နှစ်သိပ်မကြာသေး။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ်စစ်ပွဲကြီး ပြီးဆုံးခဲ့သည်။ တရားဝင်စာရင်းများအရ စစ်ကြီး အတွင်း သေဆုံးခဲ့ရသော ဗီယက်နမ်လူမျိုး တသန်းကျော် ရှိခဲ့သည်။ သို့သော် ပျောက်ဆုံး စာရင်းဝင် ဗီယက်နမ်လူမျိုး အရေ အတွက်ကား (၃) သန်း ရှိသည်။ ဗီယက်နမ်ပြည်သူ (၄) သန်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာ၏ နာဇီတပ်ဖွဲ့များက ဂျူးလူမျိုး (၆) သန်းကျော်ကို သတ်ဖြတ်ခဲ့သည်။ သည် အဖြစ်အပျက်ကတော့ အများသိကြသည်။ ပိုလန်လူမျိုးများ၊ ဂျပ်ပစီဟု သတ်မှတ်ခံရသော ရိုမေးနီးယန်းမှ အုပ်စုများ၊ ဟန်ဂေရီ လူမျိုးများနှင့် နာဇီတို့သိမ်းပိုက်ထားသော အခြားနိုင်ငံများမှ လူမျိုးများလည်း အထောင်အသောင်းနှင့် ချီ၍ သတ်ဖြတ်ခံခဲ့ကြရတာက လူသိပ်မသိ။ ထိုထက်မက တိုက်ပွဲတွင် ဖမ်းဆီးခံရသော စစ်သုံ့ပန်းများလည်း သောင်းနှင့်ချီ၍ အသတ်ခံ ခဲ့ကြရသည်။ လူသားဆန်မှုကို ချိုးဖေါက်သော၊ လူသားမျိုးနွယ်တို့ အပေါ်ကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးများ ဖြစ်သည်။ ထို့အပြင် လူသားဆန်မှု ကင်းမဲ့သော ဖက်ဆစ်တပ်များ၏ ကျူးကျော်မှု အကျိုးဆက်အဖြစ် ရုရှားလူမျိုး သန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ ၁၉၄၁ တွင်ရုရှားနိုင်ငံကို ဟစ်တလာ၏ ဂျာမန်စစ်တပ်များ စတင် ကျူးကျော်ခဲ့သည်။ ၁၉၄၅ စစ်ကြီး ပြီးဆုံးခဲ့သည်။ ထိုကာလများအတွင်း တိုက်ပွဲတွင် ကျဆုံးသော၊ ဒဏ်ရာအနာတရ ဖြစ်၍ သေဆုံးသော၊ ငတ်မွတ်၍ ကွယ်လွန်ခဲ့သော၊ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသော၊ ဂျာမန်တို့၏ အလုပ် အကျဉ်းစခန်းများတွင် ပင်ပန်းဆင်းရဲမှု ဒဏ်ဖြင့် သေဆုံးခဲ့ရသော ရုရှားလူမျိုးစုစုပေါင်း၏ အရေအတွက်သည် (၂၃) သန်းရှိခဲ့သည်။ တောင်အာဖရိက နိုင်ငံတွင်လည်း လူဖြူအစိုးရ၏ ခေတ်အဆက်ဆက်ဖိနှိပ်မှု အောက်၌အာဖရိကန် လူမဲအများအပြား အသတ်ခံ၊ ဖျောက်ဖျက်ခံ၊ ထောင်သွင်းအကျဉ်း ကြခံခဲ့ရသည်။ လူမဲများသည် လူဖြူရပ်ကွက်များ အတွင်းသို့ ပတ်စ်ပို့ မရှိပါက ၀င်ထွက်သွားလာခြင်းမပြုရ။ အမှန်ကတယ်တွင် ထိုလူမဲများသည် ဒေသခံစစ်စစ်များဖြစ်သည်။ မင်ဒဲလားသည် ထောင်ထဲတွင် (၂၇) နှစ်ကျခံခဲ့ရသည်။ ထင်ရှားသော လူမဲခေါင်းဆောင်များစွာ သတ်ဖြတ်ဖျောက်ဖျက် ခံခဲ့ရသည်။ တိတ်တဆိတ် အသတ်ခံခဲ့ရသည့် ခေါင်းဆောင်များထဲတွင် စတိဘီကို ဆိုသည့် လူမဲခေါင်းဆောင်သည် အထူးထင်ရှားသူ ဖြစ်သည်။ နိုင်ငံရေး လှုပ်ရှားသူပေါင်း (၂၅, ၀၀၀) ကျော်သည် ခုံရုံးအတင်မခံရဘဲ ထောင်သွင်း အကျဉ်းချ ခံခဲ့ရသည်။ အခြား အခြားသော အာဖရိကနိုင်ငံများရှိ လူမဲများသည်လည်း လူဖြူအုပ်စိုးသူ ကိုလိုနီအရှင်သခင်များ လက်အောက်တွင် အမြောက်အများ သေဆုံးခဲ့ရသည်။ ဘယ်ဂျီယံကွန်ဂိုတွင် သတ်ဖြတ်နှိပ်စက်ခံရသော လူမဲများ၏ အဖြစ်အပျက်သည် ကမ္ဘာကျော်ခဲ့သည်။ ၁၉၆၀ ကျော်နှစ်များအထိ ဆက်လက်ဖြစ်ပွါးနေခဲ့သည်။ ထိုအဖြစ်ဆိုးများသည် လူမျိုးမတူသူက နောက်လူမျိုးမတူသူများ အပေါ်ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း လူမျိုးတူ၊ အုပ်စုဝင်တူသူ အချင်းချင်း လူသားဆန်မှုကို ချိုးဖေါက်ကျူးလွန်သော ရာဇ၀တ်မှုကြီးများလည်း ရှိနေသေးသည်။ ဆိုဗီယက် ရုရှားမှ အာဏာရှင်ကြီး စတာလင် လက်ထက်တွင် သူ့အာဏာကို ထိပါးမည့်သူများဟု သတ်မှတ်ခံရသော ရုရှားလူမျိုး နှစ်သန်းကျော်အား သတ်ဖြတ်ဖျောက်ဖျက် ခဲ့သည်ဟုဆိုသည်။ မြောက်များလှစွာသော ရုရှားများအား “ဂူးလပ်” ဟုခေါ်သော အလုပ်အကျဉ်းစခန်းများ (ရုရှားမဲဇာ) သို့ပို့ခဲ့သည်။ ထိုအလုပ် အကျဉ်းစခန်းများတွင် အဓမ္မ လုပ်အားပေးများ ခိုင်းစေခံရပြီး ရောဂါဘယဒဏ်၊ ရာသီဥတုဒဏ်၊ ငတ်မွတ်မှုဒဏ်နှင့် နှိပ်စက်ညှင်းပမ်းမှု ဒဏ်တို့ကြောင့် ရုရှားလူမျိုးများ သန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ ၁၉၅၉ တွင် တရုတ်စစ်တပ်များ တိဗက်ပြည်ကို ၀င်ရောက်သိမ်းပိုက်ခဲ့သည်။ တိဗက်လူမျိုး အများအပြား သေဆုံးခဲ့ရ သည်။ ဒလိုင်လားမား ဦးဆောင်သည့် တိဗက်များ သူတို့ကိုယ်ပိုင် တိုင်းပြည်မှ ထွက်ပြေးခဲ့ကြရသည်။ တရုတ်ပြည်တွင် ၁၉၆၆၊ ၁၉၆၇ ယဉ်ကျေးမှု တော်လှန်ရေးအတွင်း တရုတ်ပြည်သူ (၅၀၀, ၀၀၀) ကျော် အသတ်ခံခဲ့ရသည်။ အမြောက်အများ ထောင်သွင်းအကျဉ်းချ ခံခဲ့ကြရသည်။ ယခုအထိလည်း တရုတ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ဆက်လက် ကျူးလွန်နေဆဲဖြစ်သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၇ တွင် ပါကစ္စတန်ကို ခွဲထွက်ခွင့်ပေးလိုက်ရသည့်အတွက် ဟိန္ဒူနှင့် မွတ်စလင်များ အကြား သတ်ဖြတ်ခဲ့ကြသည်မှာ လူတသန်းကျော် ရှိခဲ့သည်ဟု ဆိုသည်။ ယနေ့လက်ရှိ ကာလတွင်ပင်လျှင် လူများစု ဟိန္ဒူများက လူနည်းစုမွတ်စလင်များကို သတ်နေသည်ကို အာဏာပိုင်များက လက်ပိုက်ကြည့်နေကြသည်။ အတော်လေး သတ်ဖြတ်ပြီးမှ အာဏာပိုင်များက ၀င်ရောက်ဟန့်တားသည်။ မွတ်စလင်တို့၏ အန္တရာယ် (ပါကစ္စတန် နိုင်ငံ၏ အန္တရာယ်) ရှိနေသည်ဆိုသည့် အချက်ကို ဟိန္ဒူလူများစုကြီး အတွင်းရိုက်သွင်းသည့် သဘောမျိုး ဖြစ်နေသည်။ ထိုအချက်ပေါ်တွင် အခြေခံ၍ ရွေးကောက်ပွဲတွင် မဲပို၍ ရအောင် ဆွယ်ကြသေးသည်။ ဟိန္ဒူဇာတ်မြင့်များက ဇာတ်နိမ့်များနှင့် ဇာတ်မရှိဟု သတ်မှတ်ခံရသော အုပ်စုများကို အနိုင်ကျင့် သတ်ဖြတ်နေကြသည်မှာလည်း ယခုအထိ အတောမသတ်နိုင်သေး။ စနစ်တကျ ကာကွယ်ပေးဖို့ ဆောင်ရွက်နိုင်သော်လည်း ခေတ်အဆက်ဆက် အစိုးရများက ထိုကိစ္စများကို လူမှုရေး ဘာသာရေး ပဋိပက္ခအသွင် သဘောထားကာ သူတို့လည်း ဘာမှမတတ်နိုင် ဆိုသည့်ပုံစံနှင့် လက်ပိုက်ကြည့်နေ ကြသည်။ အမှန်တော့ နိုင်ငံရေးသမားများက သူတို့၏အာဏာ အကျိုးစီးပွါးအတွက် ဖုံးကွယ်ရုပ်ဖျက်ထားခြင်းသာ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ပိုပေါ့ဦးဆောင်သော ခမာနီတို့ ရက်စက်မှုကြောင့် သေဆုံးခဲ့ရသော နိုင်ငံသားတို့မှာ နှစ်သန်းကျော် ခဲ့သည်။ ပိုပေါ့ သေဆုံးသွားပြီ ဖြစ်သော်လည်း လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးများ အတွက် အခြား တာဝန်ရှိသူတို့ အခုအထိ အပစ်ပေး အရေးယူမခံရသေး။ ၁၉၇၄ တွင် အာဖရိကတိုက်မှ ယူဂန္ဒာနိုင်ငံတွင် အာဏာရှင် ဗိုလ်ချုပ်ကြီး အီဒီအာမင် အာဏာသိမ်းခဲ့သည်။ သူ့လက်ထက်တွင် အတိုက်ခံများနှင့် အတိုက်ခံ အားပေးသူများကို သတ်ဖြတ်ခဲ့သည်မှာ သိန်းဂဏန်းအထိရှိခဲ့သည်။ ရ၀မ်ဒါ နိုင်ငံတွင် ၁၉၉၄ တုံးက ဟူတူနှင့်တူစီ လူမျိုးတို့ အချင်းချင်း သတ်ဖြတ်ခဲ့ကြသည်မှာ တသန်းကျော်။ လတ်တလော ဖြစ်နေသည့် ဆူဒန်နိုင်ငံမှ လူမျိုးတုံး သတ်ဖြတ်မှုများ သည်လည်း ကြောက်ခမန်းလိလိ။ လူဦးရေ နှစ်သန်းကျော် ထွက်ပြေးရကာ ဒုက္ခသည်များအဖြစ် နေထိုင်နေရဆဲဖြစ်သည်။ ယနေ့အထိလည်း အာဖရိကတိုက်တ၀ှမ်းလုံး၌ ပဋိပက္ခ ဖြစ်နေသော၊ သတ်ဖြတ်နေသော နေရာပေါင်းများစွာ ရှိနေသေးသည်။ အဓိက လက်သည်များကတော့ စက်မှုဖွံ့ဖြိုး တိုးတက်ကာ ချမ်းသာနေသော နိုင်ငံများဖြစ်သည်။ သူတို့ တိုးတက်ဖို့အတွက် အာဖရိက ဒေသသားများ အချင်းချင်း သတ်ဖြတ်နေရသည်။ ဘော့စနီးယား ဟာဇီဂိုဗီးနားတွင်လည်း အချင်းချင်း သတ်ဖြတ်ခဲ့ကြသည်မှာ အမြောက်အများ။ ခရိုရေးရှန်း နိုင်ငံသား အချို့သည် ယနေ့အထိ ဥရောတိုက်ရှိ ချမ်းသာတိုးတက်နေသော နိုင်ငံများအပေါ် ခံစားချက်မကောင်းကြ။ ခရိုရေးရှန်း ခရစ်ယန်တို့သည် မွတ်စလင်များ ဥရောပတိုက်သို့ မလွှမ်းမိုးနိုင်စေရန်အတွက် နှစ်ရာပေါင်းများစွာ သူတို့ခံတိုက် ပေးခဲ့ရသည်။ ခရိုရေးရှားဒေသသည် ဥရောပ ခရစ်ယန်များ အတွက်ရှေ့တန်းအကျဆုံး ခံကတုပ်အဖြစ် တာဝန်ယူခဲ့ရသည်။ နောက်ဆုံးတော့ သူတို့သာ သည်နေ့ခေတ်၌ မွတ်စလင်များနှင့် ထိပ်တိုက်ဖြစ်ခဲ့၍ နာမည်ဆိုးဖြင့် ကျန်ရစ်ရသည်။ လူပေါင်းများစွာလည်း နှစ်ဖက် သေကြေခဲ့ရသည်။ ဤသည်ကား ခရိုရေးရှားနိုင်ငံသား အချို့၏ခံစားချက် ဖြစ်သည်။ ထိုပြဿနာများ၏ မူလဖန်တီးရှင်မှာ မည်သူနည်း။ ဥရောပတိုက်တွင် ကနေ့ချမ်းသာနေသော နိုင်ငံကြီးများ ဖြစ်သည်။ သို့သော် ထိုနိုင်ငံတို့သည် သူတို့တွင် တာဝန်ရှိကြောင်း ထုတ်ဖေါ်ဝန်ခံခြင်းမရှိ။ အရှေ့တောင် အာရှဒေသ နိုင်ငံများအတွင်း နှစ်များမကြာမှီက ဖြစ်ခဲ့သော လူသားဆန်မှုကင်းမဲ့သည့် လုပ်ရပ်များ ရှိခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ပေါ်တူဂီတို့ လက်အောက်မှလွတ်လပ်ရေး ရရှိခဲ့သော အရှေ့တီမောနိုင်ငံအား အင်ဒိုနီးရှား နိုင်ငံမှ ၀င်ရောက် ကျူးကျော်သိမ်းပိုက်ခဲ့သည်။ ထိုသို့ မသိမ်းပိုက်မှီ ကျူးကျော်သူ အင်ဒိုနီးရှား အစိုးရအား အမေရိကန်နှင့် ဗြိတိသျှ အစိုးရများမှ ၀င်ရောက်သိမ်းပိုက်ပါက သူတို့အနေဖြင့် မကန့်ကွက်ဟု မီးစိမ်းပြခဲ့သည်။ သြစတေးလျ အစိုးရမှ လည်း သူတို့နှင့်မဆိုင်ဟု သဘောထားကာ လက်ပိုက်ကြည့်နေခဲ့သည်။ ၂၀၀၀ ခုနှစ်တွင်အရှေ့ တီမောနိုင်ငံသည် အင်ဒိုနီးရှားတို့ လက်အောက်မှ လွတ်လပ်ရေး ရခဲ့သည်။ ထိုကာလများအတွင်း အင်ဒိုနီးရှား အစိုးရ၏ ဖိနှိပ်သတ်ဖြတ်မှုကြောင့် အရှေ့တီမော ပြည်သူ (၂၀၀, ၀၀၀) ကျော်သေဆုံးခဲ့ရသည်။ လူဦးရေ၏ သုံးပုံတပုံကျော် သေဆုံးခဲ့ရသော ကြောက်မက်ဖွယ် အဖြစ်ဆိုးကြီးဖြစ်သည်။ မြန်မာပြည်မှာကော လူသားဆန်မှုကို ချိုးဖေါက်ခြင်းမရှိသလော။ ရှိသည်။ ရှိသည်မှ လွတ်လပ်ရေး မရခင်ကလည်း ရှိခဲ့သည်။ လွတ်လပ်ရေး ရပြီးကတည်းက ကျူးလွန်နေခဲ့သည်မှာလည်း ယခုတိုင်ဟုဆိုနိုင်သည်။ အုပ်စိုးသူများက မြန်မာ အချင်းချင်းကိုလည်း နှိပ်စက်သတ်ဖြတ်သည်။ မိမိထက် လူဦးရေနည်းသော၊ အားနည်းသော တိုင်းရင်းသားများကိုလည်း နှိပ်စက် သတ်ဖြတ်သည်။ အစိုးရစစ်တပ်၏ မုဒိမ်းကျင့်ခြင်းခံရသော တိုင်းရင်းသူ အမျိုးသမီးများမှာ မရေမတွက် နိုင်အောင်ရှိသည်။ အချို့သေးငယ်သော တိုင်းရင်းသားအုပ်စုများ အတွက်ကား စိုးရိမ်ဖွယ် ဖြစ်သည်။ ဖိနှိပ်မှုများအောက်၌ ကြာလျှင် ပျောက်ကွယ် သွားနိုင်သောကြောင့် ဖြစ်သည်။ သိန်းနှင့်ချီသော တိုင်းရင်းသား ဒုက္ခသည်များ အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေရသည်။ နှစ်သန်းကျော် အရေအတွက်ရှိသော မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်သမားများ အဖြစ် လုပ်ကိုင်နေကြသည်။ ထို့အပြင် မြန်မာပြည်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော လူပုဂ္ဂိုလ်များလည်း အများ အပြားရှိနေသည်။ အချို့သည် ယုံကြည်ချက်တခုကို ကိုင်စွဲမိ၍ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြရသည်။ လူများစုကြီးကတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးက အစ ဆုံးရှုံးနေရဆဲလည်း ဖြစ်သည်။ လူသားဆန်မှုကင်းမဲ့သော အစိုးရတရပ် တည်ရှိနေသည့်အတွက် ပေါ်ပေါက်လာသည့် ဆိုးကျိုးများပင် ဖြစ်သည်။ လူသားဆန်မှု ကင်းမဲ့ခြင်းသည် နောင်တွင် လူသားမျိုးနွယ်တို့ အပေါ် ပိုမိုကြီးမားသော ရာဇ၀တ်မှုကြီးများ ကျူးလွန်ရန်အတွက် တွန်းအား ဖြစ်လာစေသည်ကို မမေ့သင့်။ လူသားဆန်မှုကို ချိုးဖေါက်ခြင်းသည် လူမျိုးမတူသူများ အကြားတွင်လည်း ဖြစ်ပွါးသည်။ လူမျိုးတူအုပ်စုတူ သူများအကြား၌လည်း ဖြစ်သည်။ နိုင်ငံတနိုင်ငံနှင့် တနိုင်ငံစစ်မက် ဖြစ်ပွား သတ်ဖြတ်ကြခြင်းအားဖြင့်လည်း တွေ့နိုင်သည်။ ထို့အပြင် မိသားစုတစုအတွင်း၌ပင် တွေ့ရတတ်သေးသည်။ ကျနော်တို့ မြန်မာပြည် လူနေမှုပတ်ဝန်းကျင်တွင် ရံဖန်ရံခါ တွေ့နေရသည်ကတော့ မိဘက သားသမီးကို ဆုံးမခြင်းဆိုသည့် ကိစ္စများလည်း အကျုံးဝင်နေသည်။ “ရိုက်လိုက်တာကွယ်၊ ကလေးကို ဆုံးမနေတာနဲ့ မတူတော့ဘူး တိရိစ္ဆာန်တကောင်ကို ရိုက်နေသလိုပဲ”။ ကိုယ်ကိုတိုင် မမြင်ဘူးရင်တောင်မှ ထိုစကားမျိုး ကြားဖူးကောင်း ကြားဖူးနိုင်ပါသည်။ မိဘသည် အင်အားကြီးသည်။ ကလေးသည် အင်အားနည်းသည်။ ထိုအင်အားနည်းသော ကလေးသည် မိဘကို ပြန်လည် မခုခံနိုင်။ ထို့အပြင် အဟိတ်တိရိစ္ဆာန် တကောင်ကဲ့သို့ မိဘ၏ ရိုက်ခံနှက်ခြင်း ခံရသောကလေးသည် သူ၏ လူသားဆန်မှု ဆုံးရှုံးရသည်။ သူ့ရွယ်တူ ကလေးများ အကြားတွင် ထိုကလေးအနေဖြင့် အရှက်တကွဲ အကျိုးနဲ ခံစားရသည်။ မိဘအပေါ် ကြောက်စိတ်ဝင်လာသည် သာမက ထိုအကြောက်တရားသည် စိတ်ဒဏ်ရာ ဒဏ်ချက်ကဲ့သို့ အသွင်ကူးပြောင်းသွားနိုင်၍ ကလေး၏အနာဂတ် ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အတားအဆီးကြီးလို ဖြစ်လာနိုင်သည်။ မိမိမွေးထားသည့် ကလေးဖြစ်၍ မိမိကြိုက်သလို ဆုံးမနိုင်သည်ဟု အချို့သော မိဘများက ယူဆသည်။ ဆုံးမတာ ကလေးကောင်းဖို့ဟု ဆင်ခြေပေးကြသည်။ ဆုံးမနည်း ကောင်း-မကောင်းကို သတိမထားတော့။ အခြားသိမ်မွေ့သောနည်းများဖြင့် ဆုံးမ၍ ရနိုင်သည် ဆိုသည်ကို မမြင်နိုင်ခြင်းသည် (သို့မဟုတ်) လက်မခံခြင်းသည် နောက်ဆက်တွဲ ဆိုးကျိုးများကို ဆက်တိုက် သယ်ဆောင်လာလေ့ရှိ သည်။ အီရတ်ကို အမေရိကန် ၀င်တိုက်တာကြည့်ပါ။ ပျော့ပြောင်းသည့် သြဇာကိုသုံး၍ ဆောင်ရွက်ရမည့်အစား သြဇာမာ သုံး၍ (စစ်ခင်း၍) ဆောင်ရွက်နေသည်။ အီရတ်တွင် ဒီမိုကရေစီဘယ်တော့ အမြစ်တွယ်မည် ဆိုတာကိုတော့ ဘယ်သူမှ ဟောကိန်း မထုတ်နိုင်။ ထိုကြားထဲတွင် လူပေါင်းများစွာ သေဆုံးနေရသည်။ ထို့အတွက် အမေရိကန်ပါမောက္ခ တဦးဖြစ်သူ ဂျိုးဆက်နိုင်းက အမေရိကန် အစိုးရသည် ဒုတိယကမ္ဘာစစ် အောင်ပွဲနှင့် စစ်အေးတိုက်ပွဲ အောင်ပွဲအတွင်း ယစ်မူးနေဆဲ ဖြစ်သည်ဟု ဝေဖန်ထားသည်။ ဒီမိုကရေစီ ထူထောင်ဖို့အတွက် သြဇာမာသုံး၍ ဆောင်ရွက်သည်ကို မှားသည်ဟု ထောက်ပြ ထားသည်။ မြန်မာပြည်မှာလည်း စစ်တပ်က ဦးဆောင်ပြီး စည်းကမ်းရှိသည့် ဒီမိုကရေစီကို ထူထောင်နေသည်ဟု အာဏာရှင်တို့ ကြွေးကျော်နေတာ နှစ်အတန်ကြာခဲ့ပြီ။ တုတ်မိုး၍ အကောင်အထည်ဖေါ်သော ဒီမိုကရေစီသည် သြဇာမာကို သုံးခြင်းဖြစ်၍ ဘယ်လိုလုပ် ကောင်းနိုင်ပါ့မည်နည်း။ ဒီမိုကရေစီကို တည်ဆောက် ကျင့်သုံးသည့် နေရာတွင် လူသားဆန်မှုကို မျက်ကွယ်ပြု၍ စစ်သားဆန်ဆန် ဆောင်ရွက်ခြင်းသည် လူများစုကြီးအတွက် အကျိုးမရှိ။ ယနေ့ မြန်မာပြည်သူတို့ လူသားဆန်စွာ ဂုဏ်သိက္ခာရှိစွာ မနေနိုင်ကြ။ လူသားဆန်မှုကို ချိုးဖေါက်နေသည့် အာဏာရှင်များ လက်အောက်တွင် ညှိုးငယ်စွာ သက်ရှင်နေကြရသည်။ သည်နှစ် ၂၀၀၇ စက်တင်ဘာလက ဖြစ်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ သူများအား ရက်ရက်စက်စက် သွေးမြေကျနှိမ်နင်းခဲ့ခြင်းသည် အလွန် အရုပ်ဆိုး အကျဉ်းတန်သော ဖြစ်ရပ်ဟု ဆိုပါရစေ။ ပို၍ ဆိုးသည်မှာ လူများအား လမ်းပေါ်တွင် ရိုက်နှက်ပစ်ခတ်ခဲ့ရုံ သာမက ဘုန်းတော်ကြီး ကျောင်းများ၊ နေအိမ်များအား အချိန်မတော် ၀င်ရောက် စီးနင်းပြီး လူများ၊ သံဃာတော်များအား ဖမ်းဆီး ချုပ်နှောင်နှိပ်စက်ခြင်းသည် လူသားဆန်မှုကို ပြောင်ကျကျ ချိုးဖေါက်ခြင်းသာဖြစ်သည်။ ထိုကဲ့သို့ လူသားဆန်မှုကို ချိုးဖေါက်နေသော အုပ်စိုးသူများအား အိမ်နီးချင်း တရုတ်အစိုးရက သက်ဇိုးရှည်အောင် ပံ့ပိုး ပေးနေသည်။ ထိုသို့ ပံ့ပိုးပေးသည့်အတွက် အပြန်အလှန်အားဖြင့် စီးပွားရေး အကျိုးအမြတ်များ တရုတ်အစိုးရ ရရှိနေသည်။ တချိန်က ဂျပန်တို့ တရုတ်ပြည်သူများ အပေါ် လူသားဆန်မှု ကင်းမဲ့စွာ ပြုမူခဲ့သည်ကို တရုတ်တို့ မမေ့သေးဟု ဆိုပါက၊ ယနေ့ မြန်မာပြည်သူတို့ လူသားမဆန်စွာ သက်ရှင်နေထိုင် နေရသည်ကိုလည်း ကိုယ်ချင်းစာနာစိတ် ရှိဖို့တော့ ကောင်းသည်။ လူသားဆန်မှု ကင်းမဲ့စွာ ရပ်တည် နေထိုင်နေရသော မြန်မာပြည်သူတို့ ကိစ္စသည် မိမိတို့နှင့် မဆိုင်ဟု တရုတ်အစိုးရက လစ်လျူရှုထားသည်။ ထို့ကြောင့် မိမိစီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု တခုတည်းကိုသာ ဦးစားပေးနေ သော၊ မြန်မာ စစ်အာဏာရှင်တို့ကို ကျားကန်ပေးနေသော တရုတ်အစိုးရ၏ ပေါ်လစီကို ပွင့်ပွင့်လင်းလင်း ထောက်ပြ ဝေဖန်ရန် အချိန်တန်ပြီဟု ဆိုခြင်သည်။ တိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် နည်းလမ်းပေါင်းစုံ၊ နည်းပညာမျိုး စုံသုံး၍ အကောင်အထည် ဖေါ်ကြခြင်းမှာ မဆန်း။ သို့သော်လူသားဆန်မှုကို လစ်လျှူမရှုရန်နှင့် လူသားဆန်မှု မကင်းမဲ့စေရန်လည်း တဖက်တွင် သတိထား ဖို့လိုသည်။ အကြောင်းကား ဤကမ္ဘာကြီးသည် ကျောက်တုံးကျောက်ဆိုင်များနှင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ သက်ရှိလူသားတို့နှင့် ဖွဲ့စည်းထားသောကြောင့်ပင် ဖြစ်သည်။ ရည်ညွန်း ၁၈ ရက် အောက်တိုဘာ ၂၀၀၇ ခုနှစ် ဇော်မင်း (လူ့ဘောင်သစ်)

အပြည့်အစုံသို့...

วันอาทิตย์ที่ 29 เมษายน พ.ศ. 2555

သားသတ်သမားကြီး ဗိုလ်စိန်လွင် (The Butcher of Rangoon Brg. Gen. Sein Lwin)

ဦးစိန်လွင်- ပုံ

ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဗိုလ်မှူးကြီး စိန်လွင်ကို တွေ့လိုက်ပါ။ (၉) နာရီမှာ စောင့်နေ လိမ့်မယ်ဟု တင်မောင်၏ အထက်အရာရှိဖြစ်သော ပြန်ကြားရေးဝန်ကြီးက ဖုန်းဆက်ပါသည်။ ဗိုလ်မှူးကြီးစိန်လွင်မှာ တင်မောင် မတွေ့ချင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပါ၏။ သူက ဘာကြောင့် တွေ့ချင်ပါလိမ့်။ တင်မောင်အဖို့ ပြန်ကြားရေး ၀န်ကြီးဌာနတွင် ဒုတိယ ညွှန်ကြားရေးမှူး အဖြစ် သတင်းကိစ္စ အ၀၀ကို တာဝန်ယူရသူ ဖြစ်ပါ သောကြောင့် ၀န်ကြီးများ၊ ပါတီ ခေါင်းဆောင်များကို ဆင့်ခေါ်ကာ သတင်း ပိတ်စေရန် အမိန့်ပေးခြင်း၊ သတင်း ကြေညာချက် ပေးခြင်းများ ပြုသည်ကို ဆောင်ရွက် ရစမြဲ ဖြစ်ပါသည်။ သို့သော် ဗိုလ်မှူးကြီး စိန်လွင်က မခေါ်ဖူးပါ။ မိမိ၏ ရာထူး၊ အဆင့်နှင့် တာဝန်အရ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေါင်းဆောင်များ၊ အစိုးရ အဖွဲ့ဝင်များနှင့် ဆက်ဆံရသည်။ အစည်းအဝေးများ ဧည့်ခံပွဲများတွင် တွေ့ဆုံ ရင်းနှီးကြရသည်။ ထိုသို့ ရင်းနှီး သူများတွင် ဗိုလ်မှူးကြီးစိန်လွင် မပါခဲ့ပေ။ ကျနော် ကိုယ်တိုင်ကပင် သူနှင့် မျက်နှာချင်း မဆိုင်မိစေရန် ရှောင်ရှားခဲ့ပါသည်။ အကြောင်းမှာ သူနှင့် တကြိမ် တွေ့ခဲ့ဖူး သောကြောင့် ဖြစ်သည်။ တခါ တွေ့ခဲ့သည်နှင့် တသက်လုံး ဖူလုံပေပြီ။ နောက်ထပ် မတွေ့လိုတော့ပေ။ မိုး သည်းထန်လွန်းသဖြင့် မှောင်ကြီးကျနေသော နေ့တနေ့တွင် ဖြစ်ခဲ့ပါသည်။ တိတိကျကျ ၁၉၅၀ ခု၊ သြဂုတ်လ (၁၄) ရက်နေ့ကို မမေ့နိုင်ပါ။ ထိုစဉ်က တင်မောင်မှာ အသက် (၂၄) နှစ်ရှိ သတင်းထောက် တဦးသာ ဖြစ်သည်။ လွန်ခဲ့သော (၂) နှစ်က စတင် တောက်လောင် လာခဲ့သော ပြည်တွင်းစစ်မီး သတင်းကို ထောက်လှမ်းနေသူ ဖြစ်၏။ ထိုနေ့ နံနက်က ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထောက်များကို ဖိတ်ခေါ်ပြီး သတင်းထူး တပုဒ်ကို ထုတ်ပြန် လေသည်။ ကရင်အမျိုးသား သမဂ္ဂခေါင်းဆောင်၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့၏ ဗိုလ်ချူပ်ကြီး စောဘဦးကြီးသည် တိုက်ပွဲ တစ်ခုတွင် ကျဆုံးပြီဟု ကြေညာခဲ့သည်။ ဘိလပ်ပြန် ၀တ်လုံတော်ရ စောဘဦးကြီးသည် ထင်ရှားသော မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ဂျပန် ခေတ်ကပင် နိုင်ငံရေး လောကတွင် ရှိနေပြီး ကရင်-မြန်မာ သွေးစည်းရေးကို ဆောင်ရွက်ခဲ့၏။ အင်္ဂလိပ် ပြန်ဝင်လာသောအခါ ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့ ၀န်ကြီး ဖြစ်ခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး ပေးအံ့ဆဲ အခါတွင်မူ ကရင်ပြည်နယ် သီးခြား ရရှိရေးအတွက် အင်္ဂလန်သို့ သွားကာ အရေးဆိုခဲ့သည်။ အင်္ဂလိပ်တို့က လိုက်လျောခြင်း မပြုသဖြင့် ဦးအောင်ဆန်း၊ ဦးနုတို့နှင့် စေ့စပ် ဆွေးနွေးကာ ကရင်လူမျိုးစု ပြည်နယ် ရရှိရေးကို အားထုတ်ခဲ့သည်။ ကရင်အမျိုးသား အဖွဲ့ချုပ်ကို ဦးဆောင်ကာ ကရင်အမျိုးသားတို့၏ အခွင့်အရေးကို တွေ့ဆုံဆွေးနွေးပြီး အရေးဆိုနေရာက မပြေလည်သောကြောင့် လက်နက်စွဲကိုင် ခြားနားခဲ့သူ ဖြစ်သည်။ ယခု ရန်ကုန်မှ မိုင် (၇၀) ဝေးသော မော်လမြိုင်မြို့ အနီးတွင် အသေ မိသည်ဟု ဆို၏။ ကျဆုံးသော သူပုန် ခေါင်းဆောင်ကြီး၏ သတင်းကို ရေးသားကြရန် သတင်းထောက် (၁၀) ဦးစုကာ မော်လမြိုင်သို့ ဖိတ်ခေါ်ရာတွင် သတင်းဓာတ်ပုံ ရိုက်ကူးရန် တင်မောင် လိုက်ပါခွင့် ရရှိလေသည်။ လေယာဉ်ပေါ်တွင် စစ်ဗိုလ်များက သတင်းကို ဆက်လက် ရှင်းပြောကြသည်။ ကရင်ခေါင်းဆောင် ကြီးနှင့်အတူ အင်္ဂလိပ် ဗိုလ်မှူးဟောင်း တစ်ဦးပါ အသေမိသည်ဟု ပြောပြသည်။ သတင်းထောက် များက စိစစ် မေးမြန်းကြသော အခါတွင် သူပုန်ကြီးနှင့် အဖော်တို့ကို အရှင်မိခဲ့သည်။ သူတို့က လက်နက် ချကြပါလျက် ပစ်ခတ် သတ်ဖြတ်ကြသည်ဟု သိကြရပါသည်။ "အနီးဆုံး စစ်တပ်စခန်းကို ပို့ရန် စီစဉ်တော့ သူတို့က ပြေးကြတာကိုး၊ သူတို့အသက်ကို ကယ်ခွင့် မရတော့ဘူး"ဟု ပြောသည်။ သတင်းထောက် များအဖို့ အမှန်ကို ရေးခွင့် မရှိပါ။ အစိုးရ ထုတ်ပြန်သည့်အတိုင်း အသေမိသည်ဟု ရေးကြ ရပေမည်။
ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး (၁၉၀၅ - ၁၉၅၀) Photo: www.sawkyawkhwi.com သတင်းထောက်အဖွဲ့ လေဆိပ် ရောက်သောအခါ မော်လမြိုင် ဆေးရုံသို့ ခေါ်သွားသည်။ အလောင်းမှာ ရောက်ခါစ ရှိသေး၏။ ကျဆုံးသူ ခေါင်းဆောင်ကြီးကို ရင်ခွဲစင်ပေါ် တင်ထားသည်။ သူ၏ အ၀တ်များမှာ သွေးများ၊ ရွံ့များနှင့် ပေရေနေသဖြင့် မူလအရောင်ကိုပင် မသိနိုင်ပါ။ ရေလွှမ်းသောလယ်များမှ ရေပြင်ကျယ်ထဲတွင် ကြိုးနှင့် ဆွဲကာယူလာကြသည်။ ရွာကြီး တရွာ ရောက်မှသာ လှည်းနှင့် တဆင့် သယ်ခဲ့နိုင်ကြသည်။ ရုပ်ကလာပ် မှာ လွန်ခဲ့သော (၂)ရက်တာက သေလွန်သဖြင့် ဖူးယောင် နေလေပြီ။ ပုပ်ဟောင် နေလေပြီ။ အမင်္ဂလာ ရှုခင်းပင်။ ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့တွင် ၀န်ကြီး တဦးဖြစ်ခဲ့သူ စောဘဦးကြီးသည် ကရင်-ဗမာ ညီညွတ်ရေး ဆွေးနွေးပွဲများကို ဇွဲကြီးစွာ လုပ်ဆောင်ခဲ့စဉ်က သတင်းထောက်များနှင့် များစွာ ရင်းနှီးခဲ့သည်။ အရပ်မြင့်မြင့်၊ မုတ်ဆိတ်ထူထူ၊ နံ့သာရောင် ဥရောပ ၀တ်စုံကို သပ်ရပ်စွာ ၀တ်ဆင်လေ့ရှိသော သူ့ကိုယ်ဟန်ကို တင်မောင် ဓာတ်ပုံအများ ရိုက်ခဲ့ဖူးပါသည်။ သူသည် ခန့်ညားသူ တဦး ဖြစ်သဖြင့် ၀န်ကြီးချုပ် ဦးနုနှင့် တွဲကာ ဓာတ်ပုံ ရိုက်ရာတွင် ကျက်သရေ ရှိသည်။ ယခုမူ ယိုယွင်းနေသော စောဘဦးကြီး၏ ခန္ဓာကိုယ်ကို တင်မောင် မရှုရက်ပါ။ ဓာတ်ပုံပင် ကောင်းစွာမရိုက်နိုင်ပါ။ ကျဆုံးလေသူကို ပြပြီးနောက် အောင်နိုင်သူကို ဓာတ်ပုံရိုက်ကြရန် ပွဲထုတ်ခဲ့လေသည်။ ချက်ချင်း ရာထူး တက်လာသူ ဗိုလ်ကြီးစိန်လွင်ကို သူ၏ လက်ထဲတွင် အရက်ဖန်ခွက် တခုနှင့် တွေ့ရသည်။ (အောင်ပွဲတော် ကြီးအတွက် အားလုံးတို့ကို ယမကာ ချောင်းစီးအောင် ဧည့်ခံထား၏။) သူသည် လူငယ်တဦးသာ ဖြစ်စေကာမူ ရင့်ရော်စ ပြုနေလေပြီ။ တင်မောင်ထက် အသက် အနည်းငယ် ကြီးဟန်တူသည်။ (နှစ်နှစ်ကြီးသည်) သူ့ကိုယ်လုံး ကိုယ်ထည်ကမူ ပိုမိုမြင့်မားပြီး သန်မာ ညိုမာင်းသည်။ အောင်နိုင်သူ၏ ၀တ်စုံမှာလည်း ရှုံးနိမ့်သူနှင့် မခြားနားပါ။ ညစ်ပတ် ပေရေနေသည်။ သွေးများ၊ ရွံ့များ ဖုံးနေပါသည်။ သစ်လွင် တောက်ပသော ရွှေကြယ် နှစ်ပွင့် တို့ကသာ ပုခုံးပေါ်တွင် ပြောင်လက် နေကြသည်။ သူ၏ မျက်နှာမှာမူ ညစ်ပေနေသည်။ ခိုင်မာသော မေးရိုး၊ ထူထဲသော မျက်ခုံးတို့က မာန်ဟုန်ပြင်းလှသည်။ သူ၏ မျက်လုံးတို့က ရက်စက်ခြင်း၊ သနားကြင်နာမှု ကင်းမဲ့ခြင်းတို့ကို ထင်ရှားစွာ ပြသနေ၏။ တင်မောင်က Speed Graphic ကင်မရာကြီးကို သုံး၍ ဓာတ်ပုံ ရိုက်သောအခါ ခွန်အားကြီးမားသော ကင်မရာ မှန်ပြောင်းမှတဆင့် သူ၏မျက်နှာကို အနီးကပ် ကြည့်ခွင့် ရရှိသည်။ ကြာမြင့်စွာ ကြည့်မိသည်။ ယင်းသို့ အသေးစိတ် ကြည့်မိသော အခါတွင် တင်မောင်၏ နှလုံးသားက သိလိုက်ပါသည်။ သူသည် သာမန်လူသား မဟုတ်၊ စက်ဆုပ် ရွံ့ရှာ ကြောက်မက်ဖွယ် သတ္တ၀ါကြီးတဦး ဖြစ်နေသည်ကို ရင်လေးစွာ မြင်သိ လိုက်ပါသည်။ ရက်၊ လ၊ နှစ်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပါသည်။ ကြောက်မက်ဖွယ် ကောင်းသော ဗိုလ်ကြီး စိန်လွင်အဖို့ သူ၏ ပုခုံးပေါ်တွင် ကြယ်ပွင့်များ၊ တပွင့်ပြီး တပွင့် တိုးနေသည်ဟု သတင်းများ ကြားရ လေသည်။ တင်မောင်လည်း မြန်မာနိုင်ငံတွင် အကြီးဆုံး သတင်းစာ ကြီး၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် အဆင့်အထိ တက်နိုင်ခဲ့ပါသည်။ ထိုသော အခါတွင် နေ့တနေ့၌ လူသား မဆန်သော သူ၏ မျက်လုံးများကို ဆိုင်မိ ပြန်ရ ပါသေး၏။ တော်သေးသည်။ မျက်တောင်တခတ်သာ ဖျတ်ကနဲ ဆိုင်ကြ ရသဖြင့် တော်ပါသေးသည်။ ၁၉၆၂ ခု၊ ဇူလိုင်လ (၇) ရက်နေ့က ဖြစ်ခဲ့ပါသည်။ မိုးရာသီဖြစ်ပါလျက်နှင့် ထူးထူးခြားခြား မိုးမရွာဘဲ တောက်ပနေသော နေမင်းက ထွန်းလင်းနေပါသည်။ ရန်ကုန် တက္ကသိုလ်တွင် ကျောင်းသားများ ဆန္ဒပြသော သတင်းကို ထောက်လှမ်းရန် အတွက် မိတ်ဆွေ သတင်းထောက် (၄) ဦး နှင့်အတူ ကားမောင်းပြီး သွားခဲ့မိသည်။ လွန်ခဲ့သော မတ်လ (၂) ရက်နေ့က အာဏာ သိမ်းထားသော တော်လှန်ရေး အစိုးရကို ပထမဆုံး ဖီဆန်ကြသည့် အရေးအခင်း ဖြစ်သည်။ ကျောင်းသား သမဂ္ဂက ဦးစီးပြီး ပြည်သူတို့ကို ဒီမိုကရေစီ အခွင့်အရေးများ ပေးရမည်ဟု တောင်းဆို ဆန္ဒပြ နေခဲ့သည်မှာ (၃) ရက် ရှိခဲ့လေပြီ။ ဒုတိယမြောက် နေ့က ဆန္ဒပြပွဲတွင် ရဲတို့၏ လက်ချက်နှင့် ကျောင်းသားတယောက် သေနတ်ဒဏ်ရာ ရရှိခဲ့၏။ တင်မောင်တို့ ရောက်သွား သောအခါတွင် ကျောင်းသားများက ဆူပူ အော်ဟစ်နေပါသည်။ သို့သော် စီတန်း လှည့်လည်မှု မပြုကြပါ။ သူတို့က တက္ကသိုလ် ပရ၀ဏ်ကို ပတ်ဆို့ထားပြီး "ဒီမိုကရေစီ ခံတပ်ကြီး"ဟု ဆိုင်းဘုတ်ကြီး တင်ထား၏။ ကျောင်းဝင်း အတွင်း၌သာ စုရုံးနေကြပြီး အုတ်တံတိုင်းမှ သံပန်းများကို ဆုပ်ကိုင်ကာ ကြွေးကြော်သံ အမျိုးမျိုး ဟစ်အော်နေကြသည်။ ဓာတ်ပုံ သတင်းထောက် (၂)ဦးက ဓာတ်ပုံ ရိုက်ကြသောအခါ တင်မောင်တို့ သတင်းထောက် တစုကို မဟာမိတ်များအဖြစ် သူတို့က ကောင်းချီးပေးကြသည်။ ကျောင်းဝင်း တခိုတွင် ယမန်နေ့ကမှ စတင်ကာ အစောင့် ချထားသော ရဲတပ်ကို ရုပ်သိမ်း ထားသဖြင့် အခမ်းအနားမှာ ဆန္ဒပြပွဲနှင့် မတူဘဲ ပွဲတော်ကြီး တခုကဲ့သို့ ရယ်ကြ၊ မောကြ၊ အော်ဟစ်ကြနှင့် ဆူညံနေ၏။
ထိုအချိန်ကလေးတွင် ဂျစ်ကားလေးစီးက ရှေ့မှ နောက်မှ စောင့်လာသော ဖီးယက် ကားနက်ကလေး တစင်း ဖြတ်မောင်းသွားပါသည်။ ကားထဲ၌ ပါသွားသူမှာ ဒု - ဗိုလ်မှူးကြီး စိန်လွင် ဖြစ်သည်။ ကျောင်းသားများက သူ့ကို ကောင်းစွာ မှတ်မိကြသည်။ ပညာ အရည်အချင်းကိုလည်း သိကြသည်။ "ဗိုလ်မှူးတွေက (၃)ယောက်ပေါင်း မှ (၇)တန်းပဲ အောင်ကြတာဟေ့" ကျောင်းသား တဦးက အသံချဲ့စက်မှ အော်လိုက်ရာ ၀ုန်းကနဲ ပွဲကျသွားပြီး ရယ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ မှတ်မှတ်ထင်ထင် ထိုအခိုက်အတန့်မှာပင် တင်မောင်က မှန်ကားကို လှမ်းကြည့် မိလေသဖြင့် သူ၏ မျက်လုံးကြီးများကို မြင်လိုက် ရပြန်ပါသည်။ ကြောက်မက်ဖွယ်ရာ အရောင်များ ပြောင်လက်နေပါသည်။ သူတို့သည် ကားကို အမြန် မောင်းထွက် သွားကြ၏။ တင်မောင်၏ မျက်စိထဲတွင် ၁၉၅၀ ခုနှစ်က စောဘဦးကြီး စတေးပွဲတွင် မြင်ခဲ့ရသော မျက်လုံး အရောင်ကို မြင်ရပြန်ပါသည်။ အခြေအနေမှာ ဟန်ပုံမရပါ။ ဗမာ့တပ်မတော်တွင် အာဏာသိမ်းပွဲ မစမီ မကြာသေးမီက ဂျာမနီက ၀ယ်ယူ တင်သွင်းလာခဲ့သော ဂျီ (၃) သေနတ် အသစ်များကို ကိုင်ဆောင်ထားသည့် စစ်သားများ ချီလာပါပြီ။ တင်မောင်၏ ခေါင်းပူလာပါသည်။ ချွေးပြန်လာပါသည်။ အကင်းပါးရသည့် တင်မောင်တို့ လူစုသည် အလျင်အမြန် ဘေးကင်းရာသို့ မောင်းပြေးနိုင်ကြပါသည်။ ကျောင်းဝင်းတံခါးကြီးကို ပိတ်ထားသဖြင့် ကျောင်းသားများမှာ မပြေးနိုင်ကြရှာပါ။ စစ်သားများက ကျောင်းဝင်း အတွင်းတွင် ရှိနေသော ကျောင်းသားများကို ပစ်ကြ ပါတော့သည်။ ဆက်တိုက် ပစ်ကြပါသည်။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပစ်ခတ်ကြပါသည်။ အဆောင် ဘေးတွင် ဆူပူ နေသူများကို သာမက အဆောင်များပေါ်မှ ကြည့်နေသော ကျောင်းသားများ၊ ၀ရန်တာတွင် ထိုင်ကာ စာဖတ်နေသော ကျောင်းသားများ၊ မျက်နှာသစ်၊ သွားတိုက်နေသော ကျောင်းသားများပါ အားလုံးတို့ကို စိတ်တိုင်းကျ လက်တည့်စမ်း ကြပါသည်။ ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းမည့် စစ်ဆင်ရေး အတွက် နိုင်ငံခြားမှ အထူး ဝယ်ယူခဲ့သော ဂျီ (၃) သေနတ်များသည် အစွမ်းထက် လှပါပေသည်။ လေးထပ် အဆောင်ပေါ်မှ သွားတိုက်နေသော ကျောင်းသားပင် သွားပွတ်တံ ပါးစပ်ကိုက်လျှက် ဇောက်ထိုး ကျလာရှာသည်။ အစိုးရက တရားဝင် ကြေညာရာတွင် ကျောင်းသား (၁၅) ဦး သေပြီး၊ (၂၇) ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ ကျောင်းသား (၁၀၀) ကျော် သေခဲ့ရသည်ကို တင်မောင်တို့ သိကြပါသည်။ ဤသို့ မေ့မရ နိုင်သော ဖြစ်ရပ် များသည် မိမိ၏ ရင်ထဲတွင် မှတ်မှတ်ထင်ထင် ရှိနေ သောကြောင့် ဗိုလ်မှူးကြီးက တွေ့ချင်သည် ဆိုသော အခါတွင် စိတ်စနိုးစနောင့် ဖြစ်မိသည်။ သူသည် လုံခြုံရေးကို တာဝန်ယူနေသော အာဏာစက် ပြင်းထန်သည့် ပြည်ထဲရေး ဖြစ်နေလေပြီ။ တင်မောင်က ပြည်သူပိုင် သတင်းစာ အယ်ဒီတာချုပ်များ၏ အဖွဲ့ အတွင်းရေးမှူး ဖြစ်၏။ သတင်းတခုခုကို မေးလိုသောကြောင့် ဆင့်ခေါ်စေသည်လော၊ သို့မဟုတ် ပုံနှိပ်ခဲ့သည့် သတင်း တခုခုကို မေးလိုသောကြောင့်လော၊ သို့လော၊ သို့လော တွေးတောရပါသည်။ ပြည်သူပိုင်အဖြစ် ထုတ်ဝေနေသော သတင်းစာ (၇)စောင် ရှိပါ၏။ သတင်းမှန်သမျှ ဆောင်းပါး ဓါတ်ပုံ များနှင့် ကြော်ငြာ များကိုပါ အားလုံးတို့ကို တရက်ကြိုတင်ပြီး စိစစ် ကြရလေ့ရှိသည်။ နေ့စဉ် နံနက်တိုင်း တင်မောင်၏ ရုံးခန်းတွင် အယ်ဒီတာချုပ် (၇) ဦး၊ သတင်းစဉ်ဌာန အယ်ဒီတာ (၂) ဦး လာရောက်ကြပြီး နောက်တနေ့မှာ ထွက်မည့် သတင်းစာများတွင် ဖော်ပြမည့် စာမှန်သမျှတို့ကို စီစစ် အတည်ပြု ကြရသည်။ အတွင်းရေးမှူးဖြစ်သူ တင်မောင်က အမြဲ မှတ်တမ်း တင်ရသည်။ အမှားမရှိအောင် အမြဲ ကြိုးစားခဲ့ကြသည်။ သို့စေကာမူ သူနှင့် မတွေ့မီတွင် ပို၍သေချာလေအောင် သတင်းစာ တထပ်ကြီးကို အကြိမ်ကြိမ် စစ်ဆေး ဖတ်ရှုပြီးမှ သူ့ထံသို့ သွားခဲ့လေသည်။ "ပညာရှိ သတင်းစာ ဆရာကြီးလာပါပြီ။ ထိုင်ပါ၊ ထိုင်ပါ" လှောင်ပြောင်သော လေသံနှင့် မဲ့ပြုံးပြုံးပြီး ကြိုဆို၏။ ကုလားထိုင်မှာ ထိုင်ခွင့် ပေးသည်ဆိုတော့ မဆိုးလှပါပေ။ သူက စားပွဲ အံဆွဲထဲမှ သတင်းစာ (၃) စောင်ကို ထုတ်ပေးပြီး "ဗမာ သတင်းစာ ဆရာတွေက အလွန် ပညာသား ပါပါတယ်။ သစ္စာဖောက် တယောက်ရဲ့ အကြောင်းကို ရေးထားတဲ့ မျက်နှာဖုံး သတင်းကို ဖတ်ကြည့် စမ်းပါဗျာ" ဟု သူက ပြော၏။ ထိုသတင်းမှာ ကုန်သွယ်ရေးဝန်ကြီး စစ်ဗိုလ်ကို ရာထူးမှ ဖြုတ်သော သတင်းဖြစ်ပါသည်။ တင်မောင် နားမလည်ပါ။ တင်မောင်တို့ သတင်းစာများက အစိုးရ ကြေညာချက် ကိုသာ ပုံနှိပ်ခဲ့ပါသည်။ အပြစ်မတွေ့ပါ။ တင်မောင်၏ အမူအရာကို သူက ရိပ်မိဟန်တူသည်။ "ကျေးဇူးပြု၍ ဓာတ်ပုံကို ကြည့်ပါ။ ငနဲက ပြုံးလို့၊ သူက အပြစ်ရတာကို ဂရုမစိုက်ဘူးလို့ စာဖတ်ပရိသတ်တွေက ထင်ကြမှာပေါ့။ စစ်ဝတ်စုံကို ၀တ်ထားတော့ သူက မကြောက်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒီဓာတ်ပုံက တပ်မတော်ရဲ့ စိတ်ဓါတ်ကို ကျဆင်းစေပါတယ်။ ပညာရှိ သတင်းစာ ဆရာတွေက သူ့ကို သူရဲကောင်းဖြစ်အောင် လုပ်ပေးတာပေါ့။" တင်မောင်မှာ ၀န်ကြီးကို ပြန်ပြောရန် အခွင့်အရေး မရှိပါ။ ရှည်လျားစွာ သူပြောသမျှကို နားဆင်နေရ တော့သည်။ ပြီးမှ မိမိယူလာသော သတင်းများမှ တစောင်ကို သူ့ကို ပြလိုက်သည်။ ထိုသတင်းစာမှာ ခပ်မှိုင်မှိုင် ဓာတ်ပုံ ရိုက်ထားသော ရာထူး အဖြုတ်ခံရသူ ၀န်ကြီး၏ပုံကို ဖော်ပြထားသည်။ တင်မောင် ကံကောင်းပါသည်။ ထိုဓာတ်ပုံမှာ မျက်ရည်ပေါက်များ ကျလာ တော့မလောက် မှိုင်တွေ ချနေရှာသည်။ "ဒီပုံကလည်း သိပ်မနိပ်ပါဘူး။ စာဖတ်ပရိသတ်က သူ့ကို သနားကြမှာပေါ့။ သူက မျက်ရည် ခံထိုးသလိုမို့ လူထုက သူ့ဘက်ပါသွားမှာပေါ့" တင်မောင် စကားတလုံးမှ မပြောနိုင်ပါ။ ရှည်လျားသော သူပြောလေသမျှ မိန့်ခွန်း များကိုသာ မှတ်သား ရပါသည်။ ခေါင်းငုံ့ကာ ပြန်ခဲ့ရသည်။ မိမိ၏ အဓိက အထက် အရာရှိဖြစ်သော ပြန်ကြားရေး ၀န်ကြီးကို ပြန်လည် အစီရင်ခံသောအခါတွင် "သူ့အမိန့်ကို နာခံလိုက်ပါ။ နောက်နောင်မှာ ရာထူးက ဖြုတ်ချ ခံရသူများရဲ့ ဓာတ်ပုံကို မဖော်ပြပါနှင့်" ဟု အမိန့်ပေး လေသည်။ တင်မောင်၏ ရုံးသို့ ပြန်ရောက် သောအခါတွင် "အလုပ် ဖြုတ်ခံရသူများ၏ ဓာတ်ပုံများကို ပုံနှိပ်ဖော်ပြ ခြင်းမပြုရ" ဟူသော အထက်အမိန့်ကို လက်နှိပ်စက် ရိုက်ပြီး အယ်ဒီတာချုပ် (၇)ဦးတို့ထံ ပို့လိုက် ရပါသည်။ မဆိုးလှပါ။ တကယ့်တကယ် ပြောရ လျှင် စစ်တပ်နည်းနှင့် သတင်းစာ ထုတ်ဝေရသည်မှာ များစွာ လွယ်ကူပါသည်။ အမိန့်ပေးသူ ဗိုလ်မှူးကြီး စိန်လွင်၏ အကြောင်းကို စာဖတ်သူတို့ သိကြပါသည်။ နောင်တွင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး အဖြစ် အမြင့်သို့ တက်လာခဲ့ပါသည်။ နိုင်ငံတော်၏ အထွတ်အထိပ် နိုင်ငံတော် သမ္မတကြီးပင် ဖြစ်ခဲ့ပါသည်။ သို့ပင် သို့ငြားသော်လည်း အိမ်မြင့်တွင် (၁၈)ရက်သာ နန်းစံရပါသည်။ ထောင်ပေါင်း များစွာသော လက်နက်မပါ ဒီမိုက ရေစီ ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သောကြောင့် "သားသတ်သမားကြီး" ဟု လူထုက ခေါ်ဝေါ်ကြပါသည်။ လူထု ရန်သူကြီး တဦး အဖြစ် သမိုင်း တင်ရစ်ခဲ့ပါသည်။ ကြေးမုံဦးသောင်း စစ်တပ်နည်းနှင့် သတင်းစာထုတ်ပုံ ဘီလူးတို့ရွာ (၁၉၉၉၊ဧပြီ) မှ ထုတ်ဝေသူ - ခေတ်ပြိုင်သတင်းဂျာနယ်

အပြည့်အစုံသို့...

ဗိုလ်ချုပ်ကျော်သောင်း လေးစားတဲ့ ကရင်အမျိုးသားခေါင်းဆောင်ကြီး ၂ ဦး

ကရင်အမျိုးသားတော်လှန်ရေးမှာ အဖိုး လေးစားတဲ့ ခေါင်းဆောင်ကြီး ၂ ဦး ရှိတယ်။ အဲဒါက ဥက္ကဋ္ဌကြီး စောဘဦးကြီးနဲ့ ဥက္ကဋ္ဌကြီး မန်းဘဇန် ပဲ။ စောဘဦးကြီးလို ခေါင်းဆောင်မျိုးက အခုလည်း ရှာမတွေ့ဘူး။ နောက်လည်း ရှာလို့တွေ့မှာ မ ဟုတ်ဘူး။ သူက ဝတ်လုံတော်ဘွဲ့ရ သူဋ္ဌေးသား။ ဒါပေမယ့် စိတ်ထားနှိမ့်ချတယ်။ သူ့ရဲ့အတွေးအခေါ် အယူအဆ၊ သူ့ရဲ့ခံယူချက်က မဟာဗမာ လူမျိုးရေးဝါဒကို သူ မကြိုက်တာ အမှန်ပဲ။ လူမျိုးစုံ ချစ် ကြည် သွေးစည်းရေးဝါဒ၊ တိုင်းရင်းသားအားလုံး တန်းတူရေးဝါဒ ဒါကို သူ သဘောကျတယ်။

နိုင်ငံရေးစကားနဲ့ ပြောမယ်ဆိုရင် တို့ကရင်အမျိုးသားတွေရဲ့ ခေါင်းဆောင်ကြီးတယောက်ဖြစ်တယ်။ လူတန်းစားအနေနဲ့ ပြောမယ်ဆိုရင် သူ့မှာ ပစ္စည်းမဲ့လူတန်းစား အတွေးအခေါ် ရှိတယ်။ ခေါင်းဆောင်တဲ့နေရာမှာ ချင့်ချင့်ချိန်ချိန်၊ စဉ်းစဉ်း စားစားနဲ့ လူတိုင်းလက်ခံနိုင်အောင်၊ တိုင်းရင်းသားတိုင်း လက်ခံနိုင်အောင် သူက လုပ်တယ်။ ဒါ သိပ်ကောင်းတဲ့ အချက် ပဲ။ သူ တောခိုလာပြီး သထုံဘက်ကိုရောက်ရော။ သထုံဘက်မှာလည်း သူ့ သူငယ်ချင်းတွေ၊ သူ့အသိမိတ်ဆွေတွေ ရှိ တာကိုး။ သူ့ကို ထမင်းဖိတ်ကျွေးတာပေါ့။ သူ့ရဲဘော်တွေကလည်း ဟင်းကောင်းစားရပြီလို့ ထင်တာပေါ့။ မနက်မိုးလင်းတော့ စောဘဦးကြီးက မသွားဘူး။ ရဲဘော်တွေထောင်းတဲ့ ငြုပ်သီးထောင်းနဲ့ပဲ သူက စားတာ။ သူ့ကြောင့် သူများဝန်ပိုမှာကို သူ စိုးရိမ်တာလည်း ဖြစ်မယ်။ ရာထူးရာခံဆိုတဲ့ ဂုဏ်ကိုပြပြီး မစားချင်တာလည်း ပါမယ်။ သူက ဟန် ကြီးပန်ကြီးလည်း မရှိဘူး။ အားလုံးနဲ့ အဆင်ပြေတယ်။ သူ ခေါင်းဆောင်ခဲ့တဲ့ကာလမှာ ကေအဲန်ယူ ခေါင်းဆောင်အတွင်းမှာ စည်းလုံးညီညွတ်မှုရှိတယ်။ သူ ဦးဆောင်ဆွေးနွေး ညှိနှိုင်းတာကို အားလုံးက လက်ခံကြတယ်။ သူက စည်းရုံးရေးလည်း ကောင်းတယ်။ တပ်ပေါင်းစုမှာလည်း ခေါင်းဆောင် လုပ်ခဲ့တယ်။ ဟိုတုန်းက ပြည်ဘက်မှာ ၃ ပါတီ ရှိတယ်လေ။ အလံဖြူ၊ အလံနီ၊ ပြည်သူ့ရဲဘော်ရှိတယ်။ အဲဒီကို သူသွားပြီး စည်းရုံးရေး လုပ်ငန်းတွေ လုပ်ခဲ့သေးတယ်။ အဲဒီ တပ်ပေါင်းစုထဲမှာ ၃ ပါတီက ဘာပြောလိုက်လဲဆိုရင် ခင်ဗျားတို့ကို ကျနော်တို့ လက်မခံနိုင်ဘူးတဲ့။ ခင်ဗျားတို့က နယ်ချဲ့နောက်လိုက်တွေ၊ နယ်ချဲ့လက်ကိုင်တုတ်တွေ၊ အဲဒီလိုပြောတာ။ ဒါပေမယ့် စောဘဦးကြီးရဲ့ အတွေးအခေါ်က လွတ်လပ်တယ်။ သူက ဘယ်သူ့လက်အောက်မှ မခံဘူး။ သူ့မှာ ထက်မြက် တဲ့ အတွေးအခေါ်နဲ့ ဉာဏ်ရည်ရှိတယ်။ ဒါကြောင့်လည်း အဖိုးတို့ဒီနေ့ထိ စောဘဦးကြီးရဲ့ အတွေးအခေါ်၊ သူ့ရဲ့လမ်း ညွှန်ချက်၊ သူ့ရဲ့ မူဝါဒတွေကို ပြောပြောနေရတာပေါ့။
အခု အဖိုးတို့ လုပ်နေကြတာလည်း စောဘဦးကြီး ချမှတ်သွားတဲ့ မူတွေ၊ လမ်းညွှန်ချက်တွေပဲ။ စောဘဦးကြီး ဥက္ကဋ္ဌဖြစ် တုန်းကဆို ဒို့ ကေအဲန်ယူအတွင်းမှာ အထူးစည်းလုံးညီညွှတ်မှု ရှိတယ်။ အမျိုးသားအတွင်းမှာလည်း စည်းလုံးညီညွတ်မှုရှိ တယ်။ အခြားလူမျိုးတွေနဲ့လည်း စည်းလုံးညီညွတ်မှုရှိတယ်။ စောဘဦးကြီးရဲ့အတွေးအခေါ်တွေ၊ စောဘဦးကြီးရဲ့ မူဝါဒ လမ်းစဉ်တွေကို အဖိုးက နမူနာယူတယ်။ ကေအဲန်ယူထဲမှာ ဒီလိုအတွေးအခေါ်နဲ့ ခံယူချက်ရှိတဲ့ နောက်တယောက်က ဥက္ကဋ္ဌကြီး မန်းဘဇန်ပဲ။ ဒီခေါင်းဆောင် နှစ် ယောက်ကို အဖိုးက လေးစားတယ်။ အသိအမှတ်ပြုတယ်။ သူတို့က တော်တယ်။ ထက်မြက်တယ်။ နည်းမှန်လမ်းမှန်နဲ့ မူဝါဒလမ်းစဉ်နဲ့ လုပ်ငန်းစဉ်အတိုင်းကို လုပ်သွားကြတယ်။ မသိဘူးဆိုရင် သွား မေး၊ သိအောင် ရှင်းပြတယ်။ နားလည် အောင် ပြောပြတယ်။ ဒီခေါင်းဆောင်ကြီးနှစ်ယောက်က ဖြောင့်မတ်တယ်။ အထူးသဖြင့်တော့ စောဘဦးကြီး ကျဆုံးပြီးနောက်ပိုင်းမှာ သိပ်မကြာဘူး။ မုဆိုးကော်ကဆာ ရန်သူနဲ့ ပေါင်းသွားတယ်။ ဥက္ကဋ္ဌကြီး မန်းဘဇန် ပြန်တက်လာတယ်။ နောက်တော့ ၁၉၇၄ ခုနှစ် ကေအဲန်ယူ နှစ်ခြမ်းကွဲတယ်။ တဖက်မှာဆိုရင် ဗိုလ် ချုပ်ကျော်မြသန်း (ခေါ်) ကော်ထူးနဲ့ ဗိုလ်ချုပ်မြမောင်။ သူတို့က ဗိုလ်ချုပ်မြနဲ့ မတည့်ဘူး။ ဗိုလ်ချုပ်မြက ဒီခေါင်းဆောင်တွေကို ကွန်မြူနစ်လို့ စွပ်စွဲတယ်။ ဒီခေါင်းဆောင်တွေက ဘယ်လိုကွန်မြူနစ်ဖြစ်မလဲ။ ကွန်မြူနစ်ဆိုရင် အရှေ့မြောက်ပိုင်းသွားပြီပေါ့။ သူတို့က မျိုးချစ် ကရင်ပဲ။ အမျိုးသားရေး စိတ်ဓာတ်ပဲရှိတာ။ ဒါနဲ့ တို့အထဲမှာ ညှိကြ၊ နှိုင်းကြ၊ လုပ်ကြရတာပေါ့။ စောဘဦးကြီး ချမှတ်သွား တဲ့ လမ်းစဉ်ရှိတာပဲ။ ၁၉၇၄ ခုနှစ်မှာ မန်းဘဇန်ရောက်သွားတော့ ညီလာခံ ထိုင်ကြတယ်။ အရှေ့တိုင်းမှာပဲ။ ညီလာခံဆုံး ဖြတ်ချက်ကို ဗိုလ်ချုပ်မြမောင်ဆီ ပို့လိုက်တယ်။ အဲဒီအချိန်က အဖိုးက ရှေ့တန်းမှာ။ ဗိုလ်ချုပ်မြမောင်က အဖိုးကို ကြေး နန်းနဲ့ ပြန်လာဦးလို့ လှမ်းမှာတယ်။ အခြေအနေအားလုံးကိုတော့ အဖိုးက ဗိုလ်ချုပ်မြမောင်ဆီကတဆင့် သိရတာပေါ့။ ဗိုလ်ချုပ်မြမောင်က အဖိုးကို ပြောတယ်။ “မင်းတို့တွေ တခါတခါ ငါ အတော်အသဲယားတယ်ကွ” “ဘာဖြစ်လို့လဲ။ ကျနော် ဘာလုပ်လို့လဲ။ ဘာအမှားရှိလို့လဲ” “မင်းကတော့ မမှားဘူး။ မင်း လုပ်ပုံကိုင်ပုံတွေက ငါ တခါတခါ အတော်အသဲယားတယ်။ ပြောရမယ်ဆို စားရမှာလည်း သဲတရှပ်ရှပ်နဲ့၊ ပစ်ရမှာလည်း ဆီတဝင်းဝင်းနဲ့ကွ။ မင်းကို ငါ ဘယ်လိုမှ မလုပ်တတ်ဘူး။ အရှေ့တိုင်းကိုရောက်တော့ ငါ့ လူထဲမှာ မင်းတယောက်တည်းပဲကျန်တာ။ တယောက်မှ အသုံးမကျဘူး။ တော်ကြာ လက်နက်ချလိုက်၊ တော်ကြာ တိုက် ပွဲမှာ ကျသွားလိုက်နဲ့။ တို့မှာ အလုပ်တွေ အများကြီးလုပ်ရဦးမှာ။ မင်း ဆက်လုပ်” လို့ သူက အဖိုးကို ဒီလိုပြောတာ။
၁၉၇၅ ခုနှစ်မှာ အဖိုး အရှေ့တိုင်းကို ရောက်လာခဲ့တယ်။ မာနယ်ပလောပေါ့။ ဗိုလ်ချုပ်မြမောင်နဲ့ မန်းဘဇန် သူတို့တပည့် တွေက ရုံးအောက်ကိုဆင်းပြီး လာကြိုကြတာပေါ့။ အဖိုးက သာယာဝတီ ပုလိပ်ရုံးကို သွားတိုက်တုန်းက ရထားတဲ့ ကာ ကီရောင်ဘောင်းဘီကြီးကို ဝတ်လို့။ ဒါပဲ ရှိတာကိုး။ မန်းဘဇန်က ထွက်လာပြီးတော့ ဗိုလ်ကျော်သောင်း ဆိုပြီးတော့ မျက် ရည်တွေကျတာ သူများတွေ ဝိုင်းကြည့်ကြတယ်။ အဖိုးလည်း မျက်ရည်ကျတာပေါ့။ ကိုယ့်ဆရာသမား၊ ကိုယ့်မိဘလိုနေတာကိုး။ ဒီခေါင်းဆောင်ကြီးနှစ်ယောက်ကိုတော့ အဖိုး အထူးလေးစားတယ်။ အသိအမှတ်ပြုတယ်။ သူတို့ရဲ့ စွန့်လွှတ်မှု၊ ပေးဆပ်မှုနဲ့ သူတို့ဘဝ ဖြတ်သန်းမှုတွေကို ဂုဏ် လည်းယူတယ်။ ဒီကနေ့ ကရင်လူငယ်တွေကိုလည်း ဒီလို မျိုးချစ်ခေါင်းဆောင်ကြီးတွေရဲ့ စွန့်လွှတ်ပေးဆပ်မှု၊ အနစ်နာခံ မှုတွေကို ဂုဏ်ယူစေချင်တယ်။ http://oothandar.blogspot.com မှ ကူးယူတင်ဆက်သည်

အပြည့်အစုံသို့...

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံရောက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လွှတ်တော် ၂ ရပ်ပေါင်းရှေ့မှောက်မှာ မိန့်ခွန်း ပြောကြားမယ့်အပြင် သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရက အကောင်အထည်ဖော် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ထောက်ခံ အားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ သူ့ရဲ့၃ ရက်ကြာခရီးစဉ်ကို ဒီကနေ့ စတင်ပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ ခရီးရောက်မဆိုက် ဆိုသလိုပဲ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်ရဲ့ အုတ်ဂူကိုသွားပြီး ဂါရ၀ပြုခဲ့တာပါ။ "ဒီကနေ့ ၁၂ နာရီ ၄၅ မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်တယ်။ ၁ နာရီ ၁၅ မှာ ဆီဒိုနား ဟိုတယ်ကို ရောက်တယ်။ ၂ နာရီ မိနစ်မှာ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂရုံးက ၀န်ထမ်းတွေနဲ့ နေ့လည်စာ စားမယ်။ ၄ နာရီ ၁၀ မိနစ်မှာတော့ ဦးသန့်ဂူဗိမ္မာန်ကိုသွားပြီး ဂါရ၀ပြုတယ်။ ဦးသန့် ဂူဗိမ္မာန်က ရန်ကုန် လေဆိပ်ကို သွားပြီး ကုလသမဂ္ဂ အထူးလေယာဉ်နဲ့ နေပြည်တော်ကို သွားမယ်။ နေပြည်က မြတော်ဝင် ဟိုတယ်မှာ သူနဲ့အတူလိုက်လာတဲ့ နိုင်ငံခြားသတင်းထောက်တွေနဲ့ ညစာ စားမယ်။" အတွင်းရေးမှူးချုပ် ဒီကနေ့ ဘန်ကီမွန်း ရောက်လာတဲ့အခြေအနေကို ရန်ကုန်မြို့မှာရှိတဲ့ သတင်းထောက် တဦးက ဗွီအိုအေကို ပြောပြခဲ့တာပါ။ ဒါဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခြင်းလည်း ဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ ညနေမှာပဲ နေပြည်တော်ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Catherine Ashton နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ "ည ၈ နာရီ ၁၅ မှာ ဥရောပသမဂ္ဂ လုံခြုံရေးနဲ့ နိုင်ငံခြားရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Catherine Ashton နဲ့ တွေ့မယ်။" မနက်ဖြန်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရော၊ အီးယူနိုင်ငံခြားရေး မူဝဒါဆိုင်ရာအကြီးအကဲ Catherine Ashton ပါ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံကြဖို့ရှိနေပေမယ့် သူတို့ ၂ ဦးစလုံး အပြိုင်ထဲ အတူတူ တွေ့ကြမလားဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ တနင်္လာနေ့မနက်ပိုင်းမှာပဲ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးတော့ လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ "မနက်ဖြန်ကျရင်တော့ မနက် ၉ နာရီမှာ သမ္မတကြီးနဲ့ တွေ့မယ်။ ၁၀ နာရီမှာ ပြည်သူ့လွှတ်တော်ဥက္က သူရ ဦးရွှေမန်းနဲ့ တွေ့မယ်။ ၁၀ နာရီ ၄၀ မှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ တွေ့မယ်။ ၁၁ နာရီ ၂၀ မှာ ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောမယ်။" အတွင်းရေးမှူး ဘန်ကီမွန်းဟာ မြန်မာနိုင်ငံလွှတ်တော်အတွင်း မိန့်ခွန်းပြောကြားမယ့် ပထမဆုံးသော နိုင်ငံတကာ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားပြီး နေ့လည် ၁ နာရီခွဲလောက်မှာတော့ နေပြည်တော်ကနေ ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့နဲ့ UNODC ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံးက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေတဲ့ ဟိုပုန်းမြို့တို့ကို သွားရောက် လေ့လာပြီး ညနေပိုင်းမှာ နေပြည်တော်ကို ပြန်လာမှာ ဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အင်္ဂါနေ့ မေလ ၁ ရက်နေ့မှာတော့ ရန်ကုန်မြို့ကို ပြန်လာမှာပြီး အဲဒီမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်နေရာမှာ တွေ့ကြမယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ကုလသမဂ္ဂဖက်ကရော NLD ဖက်ကပါ အတည်ပြုချက် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ "ဒေါ်စုနဲ့တွေ့မယ့်အချိန်ကျတော့ ရေးမထားတော့ သူတို့ UN ကနေ ဘယ်အချိန်ပေးမလဲ မသိဘူး။ မေလ ၁ ရက်နေ့တော့ တွေ့မယ်ထင်တယ်။ ၁ ရက်နေ့မှာတော့ သူတို့ UN အဖွဲ့တွေနဲ့တွေ့ပြီး ဒေါ်စုနဲ့ တွေ့မှာပါ။ ဒီကနေ့ကတော့ မတွေ့ဘူး။" ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ ရန်ကုန်မြို့ကိုရောက်မလာခင် အိန္ဒိယနိုင်ငံမှာ ခရီးတထောက် ၀င်ရောက်ခဲ့စဉ်အတွင်း မြန်မာ့ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဘယ်လို ၀ိုင်းဝန်း ကူညီသွားကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဂ်နဲ့ ဆွေးနွေး တိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။ voa

အပြည့်အစုံသို့...

วันเสาร์ที่ 28 เมษายน พ.ศ. 2555

အစိုးရတပ်က ကေအိုင်အို ဗဟိုကို လက်နက်ကြီးနဲ့ တိုက်

2012-04-28 အစိုးရတပ်က ကေအိုင်အို ဗဟိုဌာနချုပ်ကို အခုရက်ပိုင်း အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် တိုက်ပွဲတွေလည်း အဆက်မပြတ် ဖြစ်ပွါးနေတာကြောင့် ဗဟိုဌာနချုပ်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကေအိုင်အို အရာရှိတွေ က ပြောပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် သင်တန်းကျောင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ (Photo: RFA) ဒီနေ့ဆိုရင် လက်နက်ကြီးတွေနဲ့ မနက်စောစော ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပြပါတယ်။ "ဒီနေ့မနက် အစောကြီး တနာရီပတ်ဝန်းကျင်မှာ ၁၀၅ မမ ဟောင်ဝင်ဇာအမြောက်နဲ့ ပစ်တုံးပဲ။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ရဲ့ နယ်မြေအတွင်း ကျရောက်တာတွေရှိတယ်။ ၂၇ ရက်နေ့ မနက်အစောကြီး ၃နာရီလောက်မှာလည်း ပစ်တယ။် ဗဟိုဌာနချုပ်ရဲ့ တပ်နယ်မြေလို့ ပြောလို့ရတယ်။ ဗဟိုဌာနချုပ်ရဲ့ အထက်ဖက် တောင်ကုန်းပေါ်မှာ ကျတယ်။ ဒါပေမဲ့ ၂၆ ရက်နေ့တုံးက ဂန်ဒေါ်ယန်ဘက်ကနေ ၁၀၅ မမ ဟောင်ဝစ်ဇာနဲ့ ပစ်တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ဒေသဖွံ့ဖြိုးရေးမိုင်ဆတ်ပါ ကျေးရွာမှာကျတယ်။" ကေအိုင်အို လိုင်ဇာဌာနချုပ် အနီးဝန်းကျင် တစ်ဝိုက်မှာလည်း တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွါးနေပြီး အစိုးရတပ်က စစ်အင်အားတွေ တိုးချဲ့နေတာကြောင့် ဗဟို လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ "နေ့တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ညအချိန်ပုံစံ လုပ်လာတဲ့အခါကျတော့ ဗဟိုလုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်လာတာပေါ့။ ကေအိုင်အို တပ်တွေကလည်း နယ်မြေအနှံ့ လှုပ်ရှားမှုတော့ လုပ်ရတော့မှာပဲ။ ဒါကြောင့် တိုက်ပွဲတွေကလည်း နယ်မြေအနှံ့မှာ ဖြစ်လာတဲ့သဘောလို့ ပြောလို့ရတယ်ခင်ဗျ။ မျက်နှာစာအားလုံးမှာ သူတို့တပ်တွေက အင်နဲ့အားနဲ့ ချထားတာမျိုး ရှိတယ်။" လိုင်ဇာဌာနချုပ် ကားလမ်းအနောက်ဖက်ခြမ်းရှိ တာလောကြီးဒေသ၊ ဂန်ဒေါ်ယန် ဒေသနဲ့ လိုင်စင် ဗဟိုဌာနချုပ် အဟောင်းနဲ့ လိုင်ဇာ အကြားရှိ နားဖော့စခန်းမှာ အစိုးရတပ်အင်အား ဖြည့်ထားတာ အားလုံး ထောင်ဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။ ကေအိုင်အို နဲ့ အစိုးရကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ သုံးကြိမ်ဖြစ်ခဲ့ပါတယ်။ နောက်ထပ်တွေ့ဆုံ ဆွေးနွေးဖို့ အတွက် အစိုးရက မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလ ၁၇ ရက်နေ့က ကမ်းလှမ်းထားတာကို ကေအိုင်အိုက စစ်ရေးအရ တိုက်ခိုက်နေတဲ့ အခုလို အချိန်မျိုးမှာ အဲဒီမှာ တွေ့ဆုံဖို့ မဖြစ်နိုင်တဲ့အကြောင်း ဧပြီ ၂၀ ရက်နေ့က အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။ Copyright © 1998-2011 Radio Free Asia. All rights reserved.

အပြည့်အစုံသို့...

နို့ဖိုးဒုက္ခသည် စခန်း ဆန္ဒပြမှု ထိုင်းအာဏာပိုင်တွေက ခေါ်ယူ သတိပေး

2012-04-28

ထိုင်းမြန်မာနယ်စပ်၊ နို့ဖိုးဒုက္ခသည်စခန်းမှာ ဧပြီလ (၂၅) ရက်နေ့က ဒုက္ခသည်တွေ အတွက် တောင်းဆိုဆန္ဒပြမှုမှာ ဦးဆောင်ခဲ့သူတွေကို တပ်ခ်ခရိုင် ထိုင်းအာဏာပိုင်တွေက ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်၊ နို့ဖိုးဒုက္ခသည် စခန်းတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒုက္ခသည် (၂၀၀) ကျော်က အချက် (၄) ချက်ပါ တောင်းဆိုချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ စခန်း ဒုက္ခသည်တွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ သံဃာတော် အရှင်ဦးဝေမန္တ၊ ကိုမျိုးမင်းအောင်နဲ့ ကိုတင်ကိုကိုဦးတို့ (၃) ဦးကို ဧပြီလ(၂၆) ရက်နေ့က တပ်ခ်ခရိုင် ထိုင်းစစ်တပ်က ဗိုလ်မှူးကြီး လုံချိုင်းက စခန်းအုပ်ချုပ်ရေးမှူး ရုံးခန်းမှာ မွန်းလွဲ (၁) နာရီခန့်က ခေါ်ယူ သတိပေးခဲ့တာလို့ ကိုမျိုးမင်းအောင် က အခုလို ပြောပါတယ်။ “ကျနော်တို့ကို လာမေးမြန်းတယ်။ ကျနော်တို့က ဒီဆန္ဒပြတဲ့အချက်အလက်တွေ ပြောပြတယ်။ သူက အခုနယ်စပ်တောက်လျှောက်မှာ စခန်းတွေထဲမှာ အခုလိုဆူဆူပူပူ ဖြစ်လာတာကို သူ့အနေနဲ့ မလိုချင်ဘူး။ ဆူဆူပူပူဖြစ်ရင် ဝင်ရောက် ထိန်းသိမ်းရမယ် ဆိုပြီးတော့ ပြောတာ ကျနော်တို့က ဆန္ဒပြတယ်ဆိုတာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြတာ။ တကယ်လို့ ဆူဆူပူပူ ဖြစ်လာပြီဆိုရင် သူတို့အပြင်ဘက်ကနေပြီးတော့ ဝင်ရောက်ထိန်းသိမ်းရရင် တယောက်နဲ့တယောက် ဂုဏ်သိက္ခာတွေ ထိခိုက်လာမယ်ဆိုပြီးတော့ သူကနေပြီးတော့ ပြောတယ်။” ဧပြီလ (၂၅) ရက်နေ့ မနက်ပိုင်းက (၂) နာရီကြာ ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်ပါတယ်၊ ဒီအချက်တွေကတော့ MPO လို့ခေါ်တဲ့ ဒုက္ခသည် အဖြစ် အသိအမှတ်ပြု ခံထားရသူတွေ တတိယနိုင်ငံ ထွက်ခွင့် ဆိုင်းငံ့ ခံထားရမှု၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရဖို့အတွက် လျှောက်ထားဆဲ ဒုက္ခသည် PRE တွေကို ထိုင်းအစိုးရက အချိန်အကန့်အသတ်မရှိ ဆိုင်းငံ့ထားခြင်းကို တိကျတဲ့ အဖြေပေးရန်၊ စခန်းပြင်ပမှာ စာရင်းသွင်းခဲ့ကြပြီး ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရဖို့ လျှောက်ထားတဲ့ NI အမျိုးအစား ဒုက္ခသည်တွေကို အသိအမှတ်ပြုရန်၊ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို အသိအမှတ်ပြု ခံရဖို့ လျှောက်ထားခွင့်ပြုရန် စတာတွေ ပါဝင်ပါတယ်။ စခန်းက UNHCR ရုံးတာဝန်ခံ Ms. Oliver က တောင်းဆိုချက်တွေကို လက်ခံပြီး မဲဆောက်ရုံးကို တင်ပြခဲ့ကြောင်း၊ မဲဆောက်ရုံးက မစ္စတာခွန်က လာမယ့် ကြာသာပတေးနေ့မှာ အဖြေပေးမယ်လို့ ပြောဆိုကြောင်းလည်း ကိုမျိုးမင်းအောင်က ပြောပါတယ်။ သူတို့အနေနဲ့ ဆက်လက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်တောင်းဆိုမယ်လို့လည်း ကိုမျိုးမင်းအောင်က ပြောပါတယ်။ ဒီလိုသူတို့ကို ခေါ်ယူသတိမပေးခင်မှာ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက အရာရှိတဦးနဲ့ အလွတ်သဘော ပြောဆိုရာမှာ နို့ဖိုးဒုက္ခသည် စခန်းကို အုန်းဖြန်မြို့နယ်ကနေ ဆုကလိမြို့နယ်ခွဲကို ပြောင်းရွှေ့ဖို့ လျာထားတယ်လို့ သိရကြောင်းလည်း သူကပြောပါတယ်။ Copyright © 1998-2011 Radio Free Asia. All rights reserved.

အပြည့်အစုံသို့...

မလေးရှားဆန္ဒပြပွဲ ရဲတပ်ဖွဲ့နှိမ်နင်း

By ဗွီအိုအေ(မြန်မာဌာန)

ရွေးကောက်ပွဲဥပဒေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးဖို့ မြို့တော် ကွာလာလမ်ပူမှာ တောင်းဆို ဆန္ဒပြ နေကြတဲ့ ထောင် သောင်းချီတဲ့ လူအုပ်ကြီးကို မလေးရှားရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။ မြို့လယ်ခေါင်မှာရှိတဲ့ လွတ်လပ်ရေး ရင်ပြင်မှာ ဆန္ဒမပြရဘူးလို့ အစိုးရက ကန့်သတ် ထားတဲ့ အမိန့်ကို အာခံပြီး ကာထားတဲ့ သံဆူးကြိုးတွေကို ကျော်လွားပြီး အနည်းဆုံး ဆန္ဒပြသူ ၂ သောင်းခွဲလောက် ၀င်ရောက် ဆန္ဒပြခဲ့ကြ တာပါ။ ကွာလာလမ်ပူမြို့အတွင်းက တခြား နေရာအတော်များများကိုလည်း ၀င်လို့မရအောင် ရဲတွေက ပိတ်ထားပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေဟာ အဲဒီ လွတ်လပ်ရေးရင်ပြင်ကို သွားပြီး ဆန္ဒပြကြဖို့ စီစဉ်ထားတယ်လို့ အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim က အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဘက်လိုက် လုပ်ဆောင်ပေးမှုတွေ ရှိနေတာကြောင့် အစောဆုံး ဇွန်လလောက်မှာ ကျင်းပနိုင်တဲ့ ရွေးကောက်ပွဲအတွင်း တိုင်းပြည်အာဏာကို နှစ်ပေါင်း ၅၀ လောက် ရယူလာခဲ့တဲ့ လက်ရှိ ၀န်ကြီးချုပ် Najib Razak ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အပြည့်အစုံသို့...

ငွေတောင်းခံသည့်ဂိတ်များကိုမြန်မာ စစ်တပ် ရုပ်သိမ်း

ဧပြီ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင် ကျေးနယ်အုပ်စုအတွင်း သွားလာနေသည့် ဒေသခံများကို ငွေတောင်းခံရန် ဖွင့်ထားသည့် ဘောတီ၊ အိုင်ဝိုင်၊ ၀ါးတော၊ ဆိုင်ဖြူတိုင် ဂိတ်သစ်များကို မြန်မာစစ်တပ်မှ ပြီးခဲ့သည့်အပတ်က ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ အမည်မဖော်လိုသူ ဒေသခံတဦးက “သူတို့(မြန်မာအစိုးရ)က ဂိတ်တွေ ဖြုတ်လိုက်ပြီ။ သတင်းထွက်ပေါ်ပြီး ၃ရက်၊ ၄ရက်မှာပဲ မြန်မာစစ် တပ်ရဲ့ အထက်လူကြီးတွေက ပုလိပ်(ရဲ)တွေကို လွှတ်လိုက်ပြီး အဲဒီဂိတ်တွေကို လာစစ်ပြီး ချက်ချင်းဖြုတ်ခိုင်းတယ်။ ဒါကြောင့် အဲဒီဂိတ် တွေ မရှိတော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။ အသစ်တည်ဆောက်ပြီး ငွေတောင်းခံခဲ့သည့် ထိုဂိတ်ရှိ အချို့တဲများကိုလည်း မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သူက ဆက်ပြော သည်။ ဧပြီလ ၁ရက်နေ့မှစ၍ မြန်မာစစ်တပ် ရှေ့တန်း စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်(၈) လက်အောက်ခံ နည်းဗျူဟာ (၁)မှူး ဗိုလ်မှူးကြီးကြည် စိုး ဦးဆောင်သည့် ခမရ(၄၁၀)သည် သွားလာနေသည့် ဒေသခံလူထုထံမှ ငွေကြေးများ ကောက်ခံပြီး ကေအဲန်ယူ၊ တပ်မဟာ(၄) တပ်ဖွဲ့ ကို မျှဝေပေးလျှက်ရှိသည်ဟု သတင်းထွက်ပေါ်ပြီးနောက် ယခုလို ဂိတ်ရုပ်သိမ်းမှု လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ၎င်းလမ်းကြောတွင် ပုံမှန်သွားလာသူ ကုန်သည်တစ်ဦးက “အခုတော့ သွားလာရတာ လွတ်လပ်သွားတယ်။ စစ်ဆေးမေးမြန်းတာတွေ လည်း မရှိတော့ဘူး။ ဒီလို ဂိတ်တွေကို ပြန်ရုပ်သိမ်းလိုက်တော့ ၀မ်းသာတယ်။”ဟု ပြောဆိုသည်။ မြန်မာစစ်တပ်ဘက်မှ ရုပ်သိမ်းလိုက်သည့် အဆိုပါဂိတ်များ ဖွင့်ထားစဉ်က ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင်၊ ဆာယို့မြို့နယ် ဘောတီ ကျေးရွာနှင့် မြန်မာပြည်ဘက်ခြမ်းရှိ ဖြတ်သန်းသွားလာနေသည့် ဒေသခံနှင့် လူထုများကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀နှုန်းဖြင့် ငွေ ကြေးကောက်ခံခဲ့သည်။ ဘောတီရွာသည် ထိုင်းဘက်နှင့် မြန်မာဘက်ဟူ၍ နှစ်ခြမ်းတည်ရှိသည်။

အပြည့်အစုံသို့...