วันจันทร์ที่ 30 มกราคม พ.ศ. 2555

ဈေးအတွင်း အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားများ ၀င်ရောက်ဖမ်းဆီး

ယမန်နေ့ ဇန်န၀ါရီ ၂၈ ရက်နေ့တွင် စမွန်ပါကန်ပြည်နယ် စန်မလွန်ဈေးတွင်း အလုပ်လုပ်သော ရွှေ့ပြောင်းမြန်မာအလုပ်သမားများ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဘန်ကောက်မြို့နှင့်နီးစပ်သော စမွန်ပါကန်ပြည်နယ် စန်မလွန်ဈေးတွင် အလုပ်လုပ်သော ဖားအံမြို့နယ် ဒုံရင်းရွာသားတဦးက ယခုလို ပြောပြသည်။ “စန်မလွန်ဈေးအတွင်း များသောအားဖြင့် အလုပ်ကြမ်း ဈေးအလုပ်သမားများက ရွှေ့ပြောင်းမြန်မာအလုပ်သမားများဖြစ်တယ်၊ အလုပ်သမားများ အလုပ်လုပ်ချိန်ကြားမှာ တချို့က ထမင်းဆိုင်တွင် ထမင်းသွားစားကြတယ်၊ လူဝင်မှုကြီးကြပ်ရေး(တောမောင်း)က အလုပ်သမားထမင်းစားချိန်အတွင်း ၀င်ရောက်ဖမ်းဆီးခဲ့တယ်”ဟု ပြောသည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ “အလုပ်သမားများ ထမင်းစားသောထမင်းဆိုင်က အလုပ်လုပ်သည့်နေရာနဲ့နီးတော့ အလုပ်သမားကဒ်ယာယီနိုင်ငံကူးလက်မှတ် မယူဆောင်သွားဖြစ်ဘူး၊ လူဝင်မှုကြီးကြပ်ရေးက အလုပ်သမားကဒ်နဲ့ယာယီနိုင်ငံကူးလက်မှတ်များ ကိုယ်နှင့် တပါးတည်း မကိုင်ဆောင်တာ အပြစ်ရှိတယ်လို့ ပြောတယ်၊ အလုပ်သမားရဲ့စည်းကမ်းဥပဒေအတိုင်းမလိုက်နာတာကို ဖမ်းဆီးခံရသော အလုပ်သမားများအားလုံး စန်မလွန်ရဲစခန်းသို့ ခေါ်ဆောင်သွားတယ်၊ ညနေပိုင်းအချိန်တွင် ဘန်ကောက် လူဝင်မှုကြီးကြပ်ရေးဗဟိုဌာနချုပ်(IDC)သို့ ပို့ဆောင်လိုက်တယ် ဟု ပြောပြခဲ့သည်ကို သိရသည်။

ဖမ်းဆီးခံရသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအလုံး ၈ ယောက်ရှိပြီး အလုပ်သမားများက ကရင်လူမျိုးနှင့်ထားဝယ်လူမျိုးဖြစ်သည်။ IDC သို့ အပို့ခံရသော အလုပ်သမားများကို အလုပ်ရှင်းက လူဝင်မှုကြီးကြပ်ရေးနှင့်သွားတွေ့ပြီး ဒီကနေ့ ဇန်န၀ါရီ ၃၀ ရက် ညနေပိုင်းအချိန်အတွင် ပြန်လွှတ်ပေးမည်ဟု သိရှိရသည်။

OKRSO သတင်းဌာန

1 ความคิดเห็น:

Unknown กล่าวว่า...

မိုက်ရှိုင်းသည့်ထိုင်းပလိပ်တွေ

แสดงความคิดเห็น