วันพุธที่ 4 มกราคม พ.ศ. 2555

တရုတ် လေယာဉ်တင် သင်္ဘောအား ဂြိုဟ်တုမှ ဓါတ်ပုံရိုက်ယူခဲ့ခြင်း

ဒစ်ဂျစ်တယ်ဂလုဘ်” ကုမ္ပဏီမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ဂြိုဟ်တုဓာတ်ပုံ
အမေရိကန်ပြည်ထောင်စုမှစီးပွားရေးလုပ်ငန်းအရ ဂြိုဟ်တုလွှတ်တင်ထားသောကုမ္ပဏီ(commercial U.S. satellite company)တစ်ခု မှမိမိတို့သည် တရုတ်နိုင်ငံကမ်းလွန်ပင်လယ်ဝါအတွင်း ခုတ်မောင်းနေသော တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘော၏ပုံအား ရရှိထားသည်ဟု ပြောသည်။

“ဒစ်ဂျစ်တယ်ဂလုဘ် အင်ကော်ပိုရိတ်တက်” (DigitalGlobe Inc.) မှ ပြောရာတွင် ဗုဒ္ဓဟူးနေ့ (၇.၁၂.၂၀၁၁) တွင် မိမိတို့ ဂြိုဟ်တုများ အနက် တစ်လုံးသည် လေယာဉ်တင် သင်္ဘောအား ဓါတ်ပုံရိုက်ခဲ့သည်။ ကြာသပတေးနေ့ (၈.၁၂.၂၀၁၁) တွင် ကုမ္ပဏီမှ သတင်းအချက်အလက်များစိစစ်သောဝန်ထမ်း (Analyst) သည် ဓာတ်ပုံများအား ကြည့်ရှုစစ်ဆေး နေစဉ် ထိုပုံအားတွေ့ရှိခဲ့သည်။
“ဒစ်ဂျစ်တယ်ဂလုဘ်” ကုမ္ပဏီ၏ သတင်းအချက်အလက်များ စိစစ်သောဌာန (DigitalGlobe's analysis center) ၏ ညွှန်ကြားရေးမှူး စတီဖင် ဝု (Stephen Wood) က ပုံထဲမှ သင်္ဘောအား ဓါတ်ပုံရိုက်ယူလိုက်သော နေ့ရက်နှင့် နေရာတို့ကြောင့် တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောဖြစ်မည်ဟု မိမိ ယုံကြည်ကြောင်း ပြောသည်။ ထိုနေ့ရက်မှာ တရုတ် လေယာဉ်တင်သင်္ဘော ပင်လယ်တွင် စမ်းသပ်ခုတ်မောင်းသောနေသောအချိန် ဖြစ်သည်။
ကိုလိုရာဒို ပြည်နယ်၊ လောင်းမော်ထ် (Longmont, Colorado) တွင် အခြေစိုက်သော “ဒစ်ဂျစ်တယ်ဂလုဘ်” ကုမ္ပဏီသည် ဂြိုဟ်တုဓာတ်ပုံများ နှင့် ရရှိသော သတင်းအချက်အလက်များ စိစစ်ထားချက်များအား ရောင်းချရာ ကုမ္ပဏီ၏ ဖောက်သည်များမှာ အမေရိကန်ပြည်ထောင်စု စစ်ဘက်၊ အရေးပေါ် အခြေအနေများအား တုံ့ပြန် ဆောင်ရွက်ရသော ဌာနများ (emergency response agencies) နှင့် ပုဂ္ဂလိက ကုမ္ပဏီများ ဖြစ်ကြသည်။
မှတ်တမ်းဓာတ်ပုံများမှ တရုတ်နိုင်ငံ၏ ပထမဦးဆုံး လေယာဉ်တင်သင်္ဘော၏ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၇ ရက် ဓာတ်ပုံ
တရုတ်၏ စစ်အင်အားကြီးနိုင်ငံဖြစ်ရန် ရည်ရွယ်ချက်နှင့် ဆက်စပ်နေသည်ဟု ယူဆမှုများရှိနေသဖြင့် လေယာဉ်တင် သင်္ဘောအား အပြည်ပြည်ဆိုင်ရာမှ အလွန်ပင် စိတ်ဝင်စားနေကြသည်။
“ဗာရီယာ့ဂ်” (Varyag) ဟု အမည်ပေးထားသော လေယာဉ်တင် သင်္ဘောအား ယခင် ဆိုဗီယက် ယူနီယံ မှ တည်ဆောက်ခဲ့ရာ မပြီးဆုံးမီတွင် ဆိုဗီယက် ယူနီယံ ပြိုကွဲခဲ့ရာ ယခင် ဆိုဗီယက် ယူနီယံတွင် ပါဝင်ခဲ့သော ယူကရိန်းနိုင်ငံ၏ လက်ထဲတွင် ကျန်ရစ်ခဲ့သည်။
တစ်ပိုင်းတစ်စသာ ပြီးသေးသော လေယာဉ်တင် သင်္ဘောအား ၁၉၉၈ ခုနှစ်တွင် ယူကရိန်းလက်မှ တရုတ်နိုင်ငံက ဝယ်ယူခဲ့ပြီးနောက် နှစ်အတန်ကြာ ပြန်လည်မွမ်းမံခဲ့သည်။ ဝယ်ယူစဉ်က သင်္ဘောတွင် အင်ဂျင်စက်များ၊ တပ်ဆင်ထားသော လက်နက်များ၊ ရေကြောင်း လမ်းညွှန်သောစနစ်များ (navigation systems) မရှိပါ။
တရုတ်နိုင်ငံက လေယာဉ်တင် သင်္ဘောအား သုတေသနနှင့် လေ့ကျင့်ရေးအတွက် ရည်ရွယ်သည်ဟု ပြောရာ အလားတူ လေယာဉ်တင် သင်္ဘောများ ထပ်မံတည်ဆောက်ရန် ရည်ရွယ်ချက်ရှိသည်ဟု ခန့်မှန်းပြောဆိုချက်များ ဖြစ်ပေါ်စေသည်။
တရုတ်နိုင်ငံသည် ယခင်က လေယာဉ်တင် သင်္ဘောနှင့် ပတ်သက်၍ ထုတ်ဖေါ်ပြောကြားမှု များစွာမရှိသော်လည်း မကြာမီနှစ်များတွင် ပို၍ပွင့်လင်းလာခဲ့သည်ဟု ဘော်နီ အက်စ် ဂလေစာ (Bonnie S. Glaser) က ပြောသည်။ သူမသည် မဟာဗျူဟာနှင့် နိုင်ငံတကာရေး လေ့လာရေးဌာန (Center for Strategic and International Studies) ၏ တရုတ်နိုင်ငံအရေး ကျွမ်းကျင်သူ ဖြစ်သည်။
တရုတ်နိုင်ငံမှ ယခုနှစ်အတွင်း လေယာဉ်တင်သင်္ဘောအား ပင်လယ်တွင်း စမ်းသပ်ခုတ်မောင်းခြင်း နှစ်ခါပြုလုပ်ခဲ့ကြောင်း ကြေညာသည်ဟု သူမက ပြောသည်။
တရုတ်လေယာဉ်တင် သင်္ဘော၏ တိုးတက်ပြောင်းလဲလာမှုသည် အမေရိကန်ပြည်ထောင်စု စစ်ဘက်မှ မှန်းဆထားခဲ့သကဲ့သို့ ဖြစ်လာသည်ဟု ကာကွယ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ရေတပ်ဒုဗိုလ်မှူးကြီး လက်စ်လီ ဟားလ်-ရိုက်ဒ် (Cmdr. Leslie Hull-Ryde) က ပြောသည်။
တရုတ်လေယာဉ်တင် သင်္ဘောသည် လာမည့်နှစ်ကုန်တွင် ရေတပ်တာဝန်များ ထမ်းဆောင်နိုင်တော့မည်ဟု ယခုနှစ် ကွန်ဂရက်လွှတ်တော်သို့ ကာကွယ်ရေးဌာနမှ တင်သွင်းသော အစီရင်ခံစာတွင် ပါရှိသည်။
ထိုအချိန်မှစ၍ နောက်ထပ်နှစ်အတန်ကြာမှ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်မည့် လေယာဉ်အုပ်စု ရှိလာနိုင်သည်ဟု ရေတပ်ဒုဗိုလ်မှူးကြီး ဟားလ်-ရိုက်ဒ် (Cmdr. Hull-Ryde) က အီးမေးလ်တွင် ရေးသည်။
“ဒစ်ဂျစ်တယ်ဂလုဘ်” ကုမ္ပဏီ၏ ဂြိုဟ်တုဓါတ်ပုံနှင့် ပတ်သက်၍ မေးမြန်းသောအခါ ထောက်လှမ်းရေး ကိစ္စဖြစ်သောကြောင့် သူမက ပြောဆိုခြင်း မပြုနိုင်ဟု အဖြေပေးသည်။

0 ความคิดเห็น:

แสดงความคิดเห็น