วันจันทร์ที่ 9 มกราคม พ.ศ. 2555
ဗီယက်နမ်အမျိုးသားတစ်ဦး၏ အလေးချိန် ၁၉၈ ပေါင်ရှိ အသားပိုအား အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့
Eleven Media Group — ဗီယက်နမ်အမျိုးသားတစ်ဦး၏ ညာဖက်ခြေထောက်တွင် ဖြစ်ပေါ်နေသော ကျန်ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်ထက် ပိုများနေသည့် ၉၀ ကီလိုဂရမ်(၁၉၈ ပေါင်) အလေးချိန် ရှိ အသားပိုအား ဟိုချီမင်းစီးတီးရှိ ပြင်သစ်-ဗီယက်နမ်ဆေးရုံ၌ ဇန်န၀ါရီလ ၅ ရက်နေ့တွင် အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့သည်။
ဗီယက်နမ်အမျိုးသား ငုယင်ဇွီဟိုင်သည် မျိုးရိုးဗီဇ အစီအစဉ်မကျသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ခံစားခဲ့ ရသောကြောင့် အသက်လေးနှစ်သား အရွယ်ကပင် ယင်းအသားပိုဖြစ်မှုနှင့်အတူ ရှင်သန်ကြီးပြင်းလာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအသားပိုကြောင့် အသက် ၁၇ နှစ်အရွယ်တွင် ခြေထောက်အစိတ်အပိုင်းတချို့ကို ဖယ်ရှားပစ်ခဲ့သော်လည်း အသားပိုမှာ ပျောက်မသွားဘဲ ဆက်လက်ကြီးထွားခဲ့သောကြောင့် ဟိုင်မှာလမ်းလျောက်ခြင်းနှင့် အိပ်စက်ရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရသည်။ ယင်းအသားပိုမှာ ဗီယက်နမ်နိုင်ငံ၏ မှတ်တမ်းများတွင် အကြီးဆုံးဖြစ်ခဲ့ကြောင်း ဗီယက်နမ်မီဒီယာများက ဖော်ပြခဲ့ကြပြီး ကင်ဆာရောဂါဖြစ်ပွားမှုကြောင့် ဖြစ် ရခြင်းမဟုတ်ကြောင်းလည်း သိရသည်။
ယင်းခွဲစိတ်မှုမှာ အောင်မြင်ရန် ၅၀ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဆရာဝန်များက ၁၀ နာရီကြာအချိန်ယူ၍ ခက်ခက်ခဲခဲ ခွဲစိတ်ဖယ်ရှားခဲ့ရခြင်းဖြစ်ကြောင်း ဆေးရုံမှပြောကြားခဲ့သည်။
ယင်းခွဲစိတ်မှုကို ၂၀၀၄ ခုနှစ်က ရိုမေးနီးယား အမျိုးသမီးတစ်ဦး၏ ၈၀ ကီလိုဂရမ်လေးသော အသားပိုကို အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့သည့် အမေရိကန်လူမျိုး ဒေါက်တာမက်ကေးမက်ကင်နွန်က ဦးဆောင်ခွဲ စိတ်ပေးခဲ့ခြင်းဖြစ်ပြီး အခမဲ့ခွဲစိတ်ပေးခဲ့ခြင်းဖြစ်သည်။
Eleven Media Group via Ref: AFP
สมัครสมาชิก:
ส่งความคิดเห็น (Atom)

0 ความคิดเห็น:
แสดงความคิดเห็น