66
ကရင်မျိုးသားအာဇာနည်နေ့
۩ အာဇာနည် ဆိုသည်မှာ မိမိ၏အမျိုးသား အကျိုးအတွက် ကိုယ်ကျိုးစွန့်  အနစ်နာခံခြင်း၊ အသက်တာတခုလုံး အပ်နှံ တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော ကရင်အမျိုးသားအပေါင်းကို အမျိုးသားအာဇာနည်အဖြစ် သတ်မှတ်သည်။
۩ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့  KNU ခေါင်းဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေ တို့  ကျဆုံးသောရက်ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်သည်။ ကျဆုံးသော နေရာမှာ မော်လမြိုင်ခရိုင်၊ နဘူးမြို့  နယ်၊ ထို့ ကော်ကိုးကျေးရွာအနီး လယ်တဲတွင် ဖြစ်သည်။
۩ ၁၉၅၁ ခုနှစ် ဧပြီလတွင် ကျင်းပသော KGB (Karen Government Body) အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုသည်။
۩ ပထမဦးဆုံး အာဇာနည်များအဖြစ် သတ်မှတ်ခဲ့သော ပုဂ္ဂိုလ်များမှာ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေ၊ စကောမောလေး၊ စောအောင်ဝင်း တို့ ဖြစ်သည်။
۩ စကောမောလေး (စောမောင်မောင်သန်း) စောအောင်ဝင်းတို့ သည် ၁၉၄၉ ခုနှစ် ဇန္န၀ါရီလ (၃၁) စတင်ခဲ့သော ကရင့်လက်နက်ကိုင် တော်လှန်ရေးကာလ အင်းစိန်တိုက်ပွဲအတွင်းမှာပင် ကျဆုံးခဲ့သည်။
۩ ၁၉၄၉ ခုနှစ်နောက်ပိုင်း ကရင်အမျိုးသား လက်နက်ကိုင် တိုက်ပွဲအတွင်း ကျဆုံးသွားသော အမျိုးသားများကို အာဇာနည်များအဖြစ် သတ်မှတ်သည်။
۩ ၁၉၅၁ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့ မှစ၍ အာဇာနည်နေ့  ပထမအကြိမ် ပထမနှစ်အဖြစ် ကျင်းပခဲ့သည်။
۩ ၂၀၁၆ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့ သည် ၆၆ နှစ်မြောက် “အာဇာနည်” နေ့ ဖြစ်သည်။
วันพุธที่ 10 สิงหาคม พ.ศ. 2559
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น