နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးသော ကရင်အမျိုးသား
ပညာသင်ကြားရာတွင် စစ်ထောက်လှမ်းရေးများ၏ရန်ကို အထူး သတိထားခဲ့ရကြောင်း၊ နောက်ဆုံးတွင် သမီးဖြစ်သူက မဟာသိပ္ပံဘွဲ့ကို ရယူနိုင်ခဲ့ကြောင်း၊ အလားတူ ကရင်အမျိုးသားများကို အဆင့်မြင့်ပညာများ တတ်စေချင်သည့်အတွက် ဤကျောင်း ဖွင့်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဖွင့်ပွဲ အခမ်းအနားတွင် ပြောလိုက်သည်။ “ဒီကျောင်းမှာ ကရင်စာကို သင်ကြားပေးမှာဖြစ်တယ်။ ကရင်တွေ ကရင်စာကိုသင်ကြားနိုင်ဘို့ဖြစ်တယ်။ လက်ရှိအစိုးရကျောင်းတွေမှာ ကရင်စာကို သင်ကြားခွင့်မရသေးပါဘူး။ ကရင်စာအပြင် အစိုးရသင်ရိုးညွန်းတမ်းတွေကိုပါ သင်ကြားပေးသွားမှာဖြစ်တယ်။ ဒီကျောင်းဖွင့်တာ အစိုးရကျောင်းတွေကို ယှဉ်ပြိုင်တာမဟုတ်ဘူး” ဟု KNU ဥက္ကဋ္ဌက ပြောသည်။ ကပေါ်ထော (လင်းအာရုံ)ကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူမည့် ဆရာမ နော်ဆာလော်အဲ့ထူးမူတူးစေးဖိုးက ... ” ရန်ကုန်တက္ကသိုလ်ကနေ မဟာသိပ္ပံဘွဲ့ရပြီး ကတည်းက ကျမစိတ်ထဲမှာ ကိုယ့်အမျိုးသားတွေရဲ့ပညာရေးကို မြင့်တင်ပေးဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပညာရေးအလုပ်ကိုပဲ ဦးစားပေးလုပ်ဆောင်ခဲ့တာ” ဟု ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ ယနေ့ကျောင်းဖွင့်ပွဲသို့တက်ရောက်သည့် မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ မြ၀တီမြို့နယ်အုပ်ချုပ်ရေး ဦးသိန်းဇော်ကံ တို့က ကျောင်းနှင့် ကလေးငယ်များ၏ ပညာရေးအတွက် လိုအပ်သည့်အကူအညီများပေးသွားမည်ဟု ပြောဆိုခဲ့ကြသည်။ ယခင်ကမြန်မာနိုင်ငံတွင် ကရင်အမျိုးသားကျောင်းများ ဖွင့်လှစ်ခဲ့ဖူးသည်။ သို့သော်လည်း ၁၉၄၉ ခုနှစ်မှစတင်ကာ KNU ပါတီကို မတရားအသင်းအဖြစ်ကြေညာခဲ့သည့်နောက်ပိုင်းတွင် ကရင်အမျိုးသားကျောင်းများလည်း နိဂုံးချုပ်ခဲ့ရသည်ဟု မဲဆောက်တွင်နေထိုင်သည့် အငြိမ်းစား ကရင်ကျောင်းဆရာတဦးကပြောသည်။ အစိုးရနှင့် KNU တို့ ၆၄ နှစ်နီးပါးကြာဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကို ယမန်နှစ်က ယာယီအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပထမဆုံးဖွင့်လှစ်သည့် (ကပေါ်ထော)ကျောင်းသို့ မြ၀တီမြို့နယ်ရှိ နို့ဖိုး၊ မဲ့ကနယ်နှင့် ထီးမူးထာ့ကျေးရွာများမှ ကလေးငယ် ၈၆ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
0 ความคิดเห็น:
แสดงความคิดเห็น