วันจันทร์ที่ 15 ตุลาคม พ.ศ. 2555

ဒုက္ခသည် (Refugee)

ကမ္ဘာ့ကုလသမဂ္ဂ၏ လက်ရှိ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ဒုက္ခသည်တစ်ဦးဆိုသည်မှာ မိမိတို့၏ နေရာ ဌာန တိုင်းပြည်မှ လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေးကွဲပြားမှုအရေး၊ လူမှုရေးအုပ်စု သို့မဟုတ် နိုင်ငံရေးအယူအဆ အကြောင်းတစုံတရာကြောင့် အမှန်တကယ် ညှင်းပန်းနှိပ်စက်ခံရနိုင်မှု ဖြစ်ပေါ်ခဲ့မှုကြောင့် ထွက်ခွာလာခဲ့ရသော ပုဂ္ဂိုလ်များပင်ဖြစ်သည်။ ထိုကဲ့သို့သော ကြောက်ရွံ့ခြင်းများကြောင့်ပင် ယင်းတို့သည် မိမိတို့၏ နေရင်းတိုင်းပြည်သို့ ပြန်သွားလိုမှုမရှိခြင်း သို့မဟုတ် ပြန်သွားနိုင်ခြင်း မရှိခြင်းများ ဖြစ်ကြသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် မိမိတို့၏ မူရင်းတိုင်းပြည်မှ မထွက်ခွါမှီ ကြီးမားသော ပြစ်မှုကြီးများကျူးလွန်ခဲ့သူများ၊ ဥပမာ- မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်မှု၊ မုဒိန်းမှု၊ လူသတ်မှုစသည်တို့ကို ကျူးလွန်ခဲ့သူများအပေါ် ကာကွယ်မှု လွမ်းမိုးမှု မပြုထားချေ။ တိုင်းပြည်တစ်ပြည်မှ အခြားတိုင်းပြည်သို့ ဒုက္ခသည်များ ထွက်ပြေးရာခြင်းမှာ သမိုင်းအစကပင် ဖြစ်ပေါ်ခဲ့သည်။ အထက်ပါ ဖွင့်ဆိုချက်ကို ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ၏ ဒုက္ခသည်အဆင့်အတန်းနှင့်ပတ်သက်၍ ဖွင့်ဆိုချက် UN Convention Relating to the Status of Refugees တွင် လက်ခံအတည်ပြုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပါဝင်သော အဓိကအချက်အလက်များကို ယခုအခါတွင် နိုင်ငံတကာဥပဒေအဖြစ် လက်ခံကျင့်သုံးနေပြီး ဖြစ်သည်။ ဆိုလိုသည်မှာ ပြဌာန်းချက်ကို လက်မှတ်ရေးထိုးခြင်း မပြုသော နိုင်ငံများသည်ပင်လျှင် ဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်နှင့်ပတ်သက်သော အရေးကြီးသည့်အပိုင်းများကို လိုက်နာကျင့်ရမည် ဖြစ်သည်။ ယခုအခါ ဤအဓိပ္ပါယ်အရ ကမ္ဘာတ၀ှမ်းတွင် ဒုက္ခသည်ပေါင်း (၁၈)သန်းအထိ ရှိနေပြီ ဖြစ်သည်။ သို့သော် ပြည်တွင်းဌာနေစွန့်ခွာသူများအဖြစ် သတ်မှတ်ခံရသည့် ပို၍ များသောလူမျိုးသည်လည်း အထက်ပါ ဖွင့်ဆိုချက်တွင် ပါဝင်သော စိုးရိမ်ထိတ်လန့်နေရမှုများကို ခံစားနေရသူများပင်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ နယ်နမိတ်အတွင်း လှည့်လည်ရွှေ့ပြောင်းနေထိုင်ကြသူများ ဖြစ်သည်။ သို့သော် သူတို့ကို မိမိတို့၏ တိုင်းပြည်ထဲမှာပင် နေထိုင်သူများအဖြစ် သတ်မှတ်ထားခြင်းခံရသည်။ ထို့အပြင် မိမိတို့၏ နေရင်းတိုင်းပြည်တွင် ငွေကြေးအရ၊ ရပ်တည်နိုင်မှုမရှိခြင်းကြောင့် မိမိတို့၏တိုင်းပြည်မှ ထွာခွာလာခဲ့ရသူများလည်း ရှိသေးသည်။ ဤသို့ဖြင့် ကုလသမဂ္ဂမှ ပြဌာန်းထားသော ဒုက္ခသည်ဆိုသူများသည် မိမိတို့နေရင်းတိုင်းပြည်တွင် ဆက်လက်နေထိုင်ရန် ပြဿနာရှိနေကြသူများအားလုံး အကျုံးဝင်ခြင်းနှင့် အကာအကွယ်ပေးနိုင်ခြင်းမရှိသည်ကို တွေ့ရှိရပေသည်။ ဤကဲ့သို့ ပါဝင်ပတ်သက်ခြင်းမရှိသည့် ဖွင့်ဆိုချက်ကြောင့် ဒုက္ခသည်ပြဿနာကို ကိုင်တွယ်ရာတွင် ပြဿနာဖြစ်ပေါ်လာပြီး အချို့သောနိုင်ငံများက သူ့နည်းသူ့ဟန်ဖြင့် မည်သူ့ကို ဒုက္ခသည်အဖြစ်သတ်မှတ်ပြီး မည်သူ့ကိုပယ်ဖျက်မည်ဆိုသည်တို့ကို မိမိတို့ဘာသာ ပြဌာန်းလာကြသည်။
လူတစ်ဦးတစ်ယောက်သည် မိမိ၏တိုင်းပြည်မှ ထွာက်ခွာလာပြီး ဒုက္ခသည်အဖြစ်ခံယူရန် များစွာသောအကြောင်းများ ရှိပေလိမ့်မည်။ လူဦးရေအများစုက လွှမ်းမိုးခံထားသော လူနည်းစုအဖြစ်နှင့်ရှင်သန်နိုင်ရန် ပြဿနာများရှိခြင်း၊ ပြည်တွင်းစစ်၊ အစာရေစာငတ်မွတ်မှု၊ ဘာသာရေးခွဲခြားခံရမှု သို့မဟုတ် နိုင်ငံရေးဖိနှိပ်မှုများ စသည်တို့ပင်ဖြစ်သည်။ အခြားတဖက်တွင်းလည်း နိုင်ငံတနိုင်ငံသည် ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်လာမှုကို လက်ခံရန် ဆုံးဖြတ်ရမည့်ကိစ္စတွင် ပါဝင်သောအကြောင်းများမှာ လူသားချင်းစာနာထောက်ထားမှု၊ ဈေးပေါသည့်အလုပ်သမားများရယူလိုမှု၊ မိမိ၏ဒေသတွင်းရှိ လူမျိုးစုများနှင့် မျိုးနွယ်တူမှုကိစ္စတွင် ပြဿနာပေါ်ပေါက်လာနိုင်သည့်အပေါ် ကြောက်ရွံ့မှု၊ နိုင်ငံတကာလူ့အသိုင်းအ၀ိုင်းမှ ဖိအားပေးခံရမှုများနှင့် နိုင်ငံခြားရေးရာမူဝါဒများတွင် အသာစီးရယူလိုမှုတို့ဖြစ်သည်။ အများအားဖြင့် လူသားချင်းစာနာထောက်ထားမှုမှာ ဒုက္ခသည်များကို လက်ခံရာတွင် အဓိကအကြောင်းပြချက်မဟုတ်ပေ။ ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုမှာ ကမ္ဘာတ၀ှမ်း နိုင်ငံအများအပြားတွင် အလွန်ဆိုးဝါးသော ပြဿများအဖြစ် ဖြစ်လာပေသည်။ လွန်ခဲ့သောရာစုနှစ်က နယ်စပ်ထိန်းချုပ်မှု မရှိသလောက်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်များ၊ ဗီဇာများ မရှိသေးပေ။ ထို့ကြောင်လည်း ဒုက္ခသည်ဆိုင်ရာကိစ္စရပ်များသည် တကယ်ပြဿနာအဖြစ် ဖြစ်မလာခဲ့ပေ။ နိုင်ငံတခုခုတွင် ပြဿနာရင်ဆိုင်နေရသော လူတဦးသီးသည် မိမိ၏နိုင်ငံမှ ထွက်ခွာ၍ နိုင်ငံတနိုင်ငံသို့ ပြဿနာများများစားစား မရင်ဆိုင်ရပဲ၊ ၀င်နိုင်ခွင့်ရှိသည်။ ဤအချိန်တွင် ဒုက္ခသည်များကို စီးပွားရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုပစ္စည်းတခုအဖြစ် သဘောထား မှတ်ယူကြသည့်အတွက် ယင်းတို့ကို ကြိုဆိုမှုပင် ပြုကောင်းပြုခဲ့ပေသည်။ ဒုတိယကမ္ဘာစစ်ကြီးကာလမှစ၍ ဥရောပနိုင်ငံများတွင် နိုင်ငံရေးပြောင်းလဲမှုများနှင့်အမျှ လူမျိုးစုများအတွင်း အချင်းချင်းသံသယရှိနေခဲ့မှုများနယ်စပ်များတွင် နိုင်ငံရေးပြောင်းလဲမှုကြောင့် မူရင်းဒေသနိုင်ငံကို ပြန်နိုင်ခြင်းမရှိသည့် လူသန်းပေါင်းများစွာရှိခဲ့သည့်ကိစ္စမှစ၍ ဒုက္ခသည်ဟူသည့်ကိစ္စကို စဉ်းစားလာခဲ့ကြသည်။ ကွန်မြူနစ်နှင့် ကွန်မြူနစ်မဟုတ်သော အုပ်စုများအကြား စစ်အေးတိုက်ပွဲဖြစ်နေချိန်တွင် ဒုက္ခသည်များသည် နှစ်အုပ်စုလုံးအတွက် ကစားပွဲတွင် အသုံးပြုစရာပစ္စည်းတခုဖြစ်လာသည်။ အမေရိကန်နိုင်ငံ၌ ဒုက္ခသည်ဟုသောစကားလုံးကို ၁၉၈၀ အမေရိကန်တရားဥပဒေ၌ မွန်မြစ်နစ်ဝါဒမှ ထွက်ပြေးလာသူဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ထိုအချိန်က ကွန်မြူနစ်လက်အောက်မှ ထွက်ပြေးလာသူတဦးသည် အမေရိကန်မှ ထောက်ခံထားသော လက်ျာစွန်းအာဏာရှင်တစ်ဦးထံမှ ထွက်ပြေးလာသူထက် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရရန် ပိုမိုများပြားပေသည်။
ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကို ဒုက္ခသည်ဆိုင်ရာကိစ္စရပ်များကို ကြားနေပုံစံဖြင့် ကိုက်တွယ်ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းအစိတ်အပိုင်းတစ်ခုအဖြစ် ထူထောင်ခဲ့သည်။ မည်သို့ဆိုစေကာမူ အချို့နိုင်ငံများမှာ ယခုတိုင်ပင် ဒုက္ခသည်များဆိုင်ရာအခွင့်အရေး ထုတ်ပြန်ချက်ကို ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိကြသေးပေ။ ထို့ကြောင့် ဤကဲ့သို့သောနိုင်ငံများတွင် ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးသည် ဒုက္ခသည်ဆိုင်ရာကိစ္စရပ်များတွင် ဆုံးဖြတ်ချက်ချရန် အခွင့်အာဏာမရှိပေ။ ဤသို့ဖြင့် ထိုင်းနိုင်ငံသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ တာဝန်ယူလိုမှုကို ငြင်းဆိုသည့်အပြင် ဤကိစ္စသည် ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးအဖြစ် ထိုင်းအစိုးရက သတ်မှတ်ဆုံးဖြတ်ကြောင်းကို အခိုင်အမာပြောဆိုလျှက်ရှိသည်။ အစိုးရများသည် ဒုက္ခသည်များ အများအပြားဝင်ရောက်လာခြင်းကို ဆန့်ကျင်ရန်အကြောင်းများစွာရှိသည်။ ဒုက္ခသည်များကြောင့် ဒေသခံလူဦးရေများထဲတွင် ပေါက်ကွဲမှုဖြစ်ပွားစေနိုင်သည်။ အထူးသဖြင့် ဆင်းရဲသားလူ့အဖွဲ့အစည်းများအတွင်း ယင်းတို့မရနိုင်သော အခွင့်အရေးများဖြစ်သည့် အခမဲ့ဆေးကုသခွင့်နှင့် အစားအစာရရှိခွင့်တို့ကို ဒုက္ခသည်များက ရရှိနေကြောင်း စောဒကတက်ပြောဆိုမှုရှိလာသည်။ ဒုက္ခသည်များကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံခြားဆက်ဆံရေးကိစ္စရပ်တွင် ပြဿနာဖြစ်ပေါ်လာစေသည်နှင့်အတူ ယင်းတို့၏ ကိုယ်ပိုင်နိုင်ငံဖွံ့ဖြိုးရေးအတွက် အရင်းအမြစ်များကို အခြားကိစ္စများသို့ လွှဲပြောင်းသွားစေနိုင်သည်။ ထိုင်းနိုင်ငံ၏ဆေးရုံလုပ်ငန်းများသည် ဒုက္ခသည်များအတွက် ဆေးဝါးကုသပေးရာတွင် အထူးသဖြင့် ခွဲစိတ်ကုသမှုပြုလုပ်ရသည့်အပိုင်းတွင် အကုန်အကျများစွာ ကျခံသုံးစွဲနေရသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးသည် ဒုက္ခသည်များအတွက် ဖြေရှင်းဆောင်ရွက်မှု(၃)ခုထားရှိပါသည်။ ယင်းတို့မှာ တတိယနိုင်ငံတခုခုတွင် နိုင်ငံရေးခိုလှုံခွင့်၊ တတိယနိုင်ငံတခုခုတွင် အမြဲတမ်းအခြေချနေထိုင်ခွင့်နှင့် ဒုက္ခသည်၏မူရင်းနိုင်ငံသို့ မိမိဆန္ဒအလျှေက် ပြန်လည်ပို့ဆောင်ခြင်းတို့ ဖြစ်သည်။ ယခု KNUနှင့် ဦးသိန်းစိန်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးခဲ့သည်မှာ တနှစ်နီးပါးလောက်ရှိနေပါပြီ ၎င်းတို့ဆွေးနွေးမှုများအပေါ် သဘောတူ လက်မှတ်ထိုးထားသောအချက်များကိုလည်း ယခုအထိ ဘာအကယ်အထည်မှ မဖေါ်နိုင်သေးပါဘူး၊ ပြည်ပတွင် စားဝတ်နေရေး၊ ဆေးဝါးကုသရေး၊ လူမှုရေး၊ ပညာရေး၊ ဥယဉ်ခြံမြေ လယ်ယာမြေအသိမ်းခံရမှု စသည့် ဒုက္ခရောက်နေသော မိမိတို့၏နိုင်ငံသား ၂ သန်းလောက်ကို ဘယ်လို ဖြေရှင်းပေးမလဲ။ ဦးအောင်မင်းပြောတာ မြန်မာပြည်မှာ အလုပ်ရုံဆောက်မယ်၊ အလုပ်ရုံကြီးတော့မဟုတ်ဘူး၊ အဲဒီအလုပ်ရုံကို ပြည်ပမှာ ဒုက္ခရောက်တဲ့လူများ ပြန်လာပြီး အလုပ်လုပ်ရန်အတွက် ဖြစ်တယ်လို့ ပြောတယ်။ အပြောလွယ်သလောက် အလုပ်ရခဲ့တယ်ဆိုတာကသိထားပေမဲ့ ပြည်သူလူထုအပေါ် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိရင် ပြည်သူတွေလက်ခံမလား။ တိုင်းရင်းသားကရင်အမျိုးသား ဒုက္ခသည်များအရေးကို ဘယ်လိုဖြေရှင်းပေးမလဲ။ ဒုက္ခသည်အရေးကိုတော့ မဆိုထားလင့် KNU တောင်းဆိုထားတာက တပြည်လုံးအပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေးကိုတော့ ဦးသိန်းစိန်အစိုးရက မကြားဟောင်ဆန်လုပ်နေသလား ယခု ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိနေတာ ကြည့်ခြင်းအားဖြင့် ဦးသိန်းအစိုးရလုပ်နေတဲ့အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် အဖြေတခုပါပဲလားလို့ ပြောလိုပါသည်။

0 ความคิดเห็น:

แสดงความคิดเห็น