အောက်တိုဘာ ၂၂၊ ၂၀၁၂
မြန်မာနိုင်ငံသားများကို ပတ်စ်ပို့လုပ်ရန်နှင့် အလုပ်လုပ်ခွင့် (Work Permit) လုပ်ရန်အတွက် မဲဆောက်မြို့ အလုပ်သမားရုံးရှေ့တွင် ဆိုင်း ဘုတ်ကြီး ထောင်ကာ အရေးပေါ်သတိပေးချက်အဖြစ်ထုတ်ပြန်ထားပြီဖြစ်သည်။ သြဂုတ်လ (၁၀) ရက်နေ့ လျှောက်လွှာအပြီးတင်ပြရမည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၄) ရက်နေ့တွင် Work Permit လုပ်ငန်းများအပြီးပြုလုပ်ရမည် ဖြစ်ကြောင်း ပါရှိသည်။ အကယ်၍မပြုလုပ်ပါက ထိုင်းဥပဒေ BE 2522 အရ ထောင်ဒဏ် (၅) နှစ် ငွေဒဏ် (၅၀၀၀) ဖြစ်ကြောင်းလည်း ကြေငြာတွင် ပါရှိသည်။ ထိုင်းအလုပ်သမားဌာနမှ ၀န်ထမ်းတစ်ဦး၏ပြောကြားချက်အရ သူတို့ဆီမှာ လာပြီး (Work Permit) လာလုပ်တဲ့ သူက ပတ်စ်ပို့လုပ်တဲ့ သူရဲ့ ၈၀ % ကျော်လောက်ဘဲရှိနေပြီး ကျန်လူများ လာရောက်လျှောက်ထားခြင်းမရှိဘူးလို့ ပြောပြပါတယ်။ ဒီဇင်ဘာလကုန်တာနဲ့ ထိုင်းလုံခြုံရေး တာဝန်ရှိသူတွေစစ်ဆေးတဲ့အခါ (Work Permit) မပါရှိဘူးဆိုရင် ကိုင်ဆောင်ထားတဲ့ပတ်စ်ပို့ကို သိမ်းတာမျိုး ဒါမှမဟုတ် အရေးယူတာမျိုး တွေရှိနိုင်တယ်။ နောက်တစ်ခုက အခု ယာယီနိုင်ငံကူးလက်မှတ်က အလုပ်လုပ်မယ့်အလုပ်သမားကို ထုတ်ပေးတဲ့စာအုပ်ဖြစ်တဲ့အတွက် ထိုင်းအလုပ်သမားရုံးကပေးတဲ့ ထိုင်း (Work Permit) လက်မှတ်ဘဲဖြစ်ဖြစ်၊ စာအုပ်အပြာရောင်ဘဲဖြစ်ဖြစ်၊ ပတ်စ်ပို့နဲ့တွဲပြီးကိုင်ဆောင်မှ တရားဝင်တာပါလို့ ပြောပြပါတယ်။ အလုပ်သမားပတ်စ်ပို့ကိုင်ဆောင်သူအနေနဲ့ work permit ရှိရင်တောင်မှ ရက် (၉၀) စာရွက်သက်တမ်းမတိုးမီရင်တော့ လုံခြုံရေးမှူးတွေက အရေးယူနိုင်တဲ့ အခွင့်အရေးရှိပါတယ်။วันอังคารที่ 23 ตุลาคม พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)

0 ความคิดเห็น:
แสดงความคิดเห็น