วันอังคารที่ 31 กรกฎาคม พ.ศ. 2555

အလုပ်ရှင်က အလုပ်သမားများ မတရားခိုင်းစေမှုများကို ရုံးတင်စစ်ဆေး

ဟယ်နူးကယေါ့ ၀က်အူချောင်းအလုပ်ရုံမှ အလုပ်ရှင်က အလုပ်သမားများ မတရားခိုင်းစေမှုများအပေါ် ဇူလိုင်လ ၃၀ ရက်နေ့တွင် နန်း ခန်စ၀န်တရားရုံးတွင် အမှုချိန်းရုံးတင်သည်။

ု ဟယ်နူးကယော့ ၀က်အူချောင်းအလုပ်ရုံမှ အလုပ်ရှင်က တရားမ၀င် ရွေ့ပြောင်းကရင်အလုပ်သမားများကို ကာမြင့်စွာခိုင်းစေမှု၊ အလုပ်ရှင်၏ ဆဲဆို ကြိမ်းမောင်းမှုများ ငွေကြေးလစရာဖြတ်တောက်ပတ်မှုနှင့်ပတ်သက်၍ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ ထိုင်းမှုခင်းရဲ နှင့် ထိုင်းရှေူ့နေတရားရုံးအဖွဲ့များပူးပေါင်းပြီး တရားမ၀င် ရွေ့ပြောင်းကရင်အလုပ်သမားများကို နန်းခန်စ၀န်တရားရုံးတွင် အမှုချိန်း ရုံးတင်စစ်ဆေးချက်များအပေါ် ဘန်ကောက်မြို့သို့ အိမ်ဖေါ်လုပ်သွားလုပ်ရမည် လစာ တစ်လ ဘတ်(၆၅၀၀)ရမည် အရှင်ကို ဘတ်ငွေ(၁၀၀၀၀)ပြန်ပေးဆပ်ရမည် လစာကြေအေးသည်အထိအလုပ်လုပ်ရမည် သို့မဟုတ် လစာဖြတ်တောက်မည်ဟု လူကယ်ရီနှင့် အလုပ်ရှင်များ ပြောဆိုသည်ကို ကရင်မိန်းကလေးငယ်(ဖေါ့ဆန်ခလိန်း)က တရားရုံးတွင် ထွက်ဆိုခဲ့သည်။ အလုပ်ရှင်က နံနက် ၄း၀၀နာရီအချိန်တွင် အလုပ်သမားများကို လာနိုးပြီး စတင်အလုပ်လုပ်ရသည်၊ မနက် ၁၀း၀၀အချိန်တွင် ထမင်းစားပြီး အလုပ်ဆင်းရသည် အလုပ်ပြန်ဆင်းပြီး နေ့လယ် ၂း၀၀နာရီတွင် တခါ ထမင်းစားပြီး ည ၉း၀၀နာရီအထိ အလုပ်လုပ်ရသည်ဟု မိန်းကလေးငယ်များ ပြောဆိုသည်။ အလုပ်က အလေးမတ်ရသည်။ ၀က်အူချောင်းခွေများကို သွပ်ကြိုးနှင့် ချီရသည်ကို လက်အရမ်းနာသည်ဟု မိန်းကလေးငယ်တစ်ဦးဖြစ်သူ နောဖေါ့လာထူးက ထွက်ဆိုပြန်သည်။ အလုပ်ရုံတွင် အချို့အလုပ်သမားများ ထွက်ပြေးလွတ်မြောက်သွားပြီး အလုပ်ရုံရှိ ကျန်ရှိနေသည့်အလုပ်သမားများကို မတ်လ ၂၈ ရက်နေ့ တွင် ရဲများ ၀င်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က စကားပြန်လိုအပ်သည်ကို အကူအညီတောင်းဆိုပြီး အမှုချိန်းရုံးတင်သည့်နေ့တွင် OKRSO က သွားရောက်ကူညီပေးခဲ့သည်။ ယခု အလုပ်ရှင်နှင့် အလုပ်ခေါင်းဆောင်(မ်န်နေဂျာ)က တရားရုံးတွင် အမှုရင်ဆိုင်ရပြီး တရားမ၀င် အလုပ်သမားများ ဆက်သွယ်ပို့ဆောင်သည့် လူကယ်ရီကို ဖမ်းဆီးထားသည့်ဟု သိရှိရသည်။ ဖါးစည်သံ

0 ความคิดเห็น:

แสดงความคิดเห็น