ဟယ်နူးကယေါ့ ၀က်အူချောင်းအလုပ်ရုံမှ အလုပ်ရှင်က အလုပ်သမားများ မတရားခိုင်းစေမှုများအပေါ် ဇူလိုင်လ ၃၀ ရက်နေ့တွင် နန်း ခန်စ၀န်တရားရုံးတွင် အမှုချိန်းရုံးတင်သည်။
ု ဟယ်နူးကယော့ ၀က်အူချောင်းအလုပ်ရုံမှ အလုပ်ရှင်က တရားမ၀င် ရွေ့ပြောင်းကရင်အလုပ်သမားများကို ကာမြင့်စွာခိုင်းစေမှု၊ အလုပ်ရှင်၏ ဆဲဆို ကြိမ်းမောင်းမှုများ ငွေကြေးလစရာဖြတ်တောက်ပတ်မှုနှင့်ပတ်သက်၍ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ ထိုင်းမှုခင်းရဲ နှင့် ထိုင်းရှေူ့နေတရားရုံးအဖွဲ့များပူးပေါင်းပြီး တရားမ၀င် ရွေ့ပြောင်းကရင်အလုပ်သမားများကို နန်းခန်စ၀န်တရားရုံးတွင် အမှုချိန်း ရုံးတင်စစ်ဆေးချက်များအပေါ် ဘန်ကောက်မြို့သို့ အိမ်ဖေါ်လုပ်သွားလုပ်ရမည် လစာ တစ်လ ဘတ်(၆၅၀၀)ရမည် အရှင်ကို ဘတ်ငွေ(၁၀၀၀၀)ပြန်ပေးဆပ်ရမည် လစာကြေအေးသည်အထိအလုပ်လုပ်ရမည် သို့မဟုတ် လစာဖြတ်တောက်မည်ဟု လူကယ်ရီနှင့် အလုပ်ရှင်များ ပြောဆိုသည်ကို ကရင်မိန်းကလေးငယ်(ဖေါ့ဆန်ခလိန်း)က တရားရုံးတွင် ထွက်ဆိုခဲ့သည်။ အလုပ်ရှင်က နံနက် ၄း၀၀နာရီအချိန်တွင် အလုပ်သမားများကို လာနိုးပြီး စတင်အလုပ်လုပ်ရသည်၊ မနက် ၁၀း၀၀အချိန်တွင် ထမင်းစားပြီး အလုပ်ဆင်းရသည် အလုပ်ပြန်ဆင်းပြီး နေ့လယ် ၂း၀၀နာရီတွင် တခါ ထမင်းစားပြီး ည ၉း၀၀နာရီအထိ အလုပ်လုပ်ရသည်ဟု မိန်းကလေးငယ်များ ပြောဆိုသည်။ အလုပ်က အလေးမတ်ရသည်။ ၀က်အူချောင်းခွေများကို သွပ်ကြိုးနှင့် ချီရသည်ကို လက်အရမ်းနာသည်ဟု မိန်းကလေးငယ်တစ်ဦးဖြစ်သူ နောဖေါ့လာထူးက ထွက်ဆိုပြန်သည်။ အလုပ်ရုံတွင် အချို့အလုပ်သမားများ ထွက်ပြေးလွတ်မြောက်သွားပြီး အလုပ်ရုံရှိ ကျန်ရှိနေသည့်အလုပ်သမားများကို မတ်လ ၂၈ ရက်နေ့ တွင် ရဲများ ၀င်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က စကားပြန်လိုအပ်သည်ကို အကူအညီတောင်းဆိုပြီး အမှုချိန်းရုံးတင်သည့်နေ့တွင် OKRSO က သွားရောက်ကူညီပေးခဲ့သည်။ ယခု အလုပ်ရှင်နှင့် အလုပ်ခေါင်းဆောင်(မ်န်နေဂျာ)က တရားရုံးတွင် အမှုရင်ဆိုင်ရပြီး တရားမ၀င် အလုပ်သမားများ ဆက်သွယ်ပို့ဆောင်သည့် လူကယ်ရီကို ဖမ်းဆီးထားသည့်ဟု သိရှိရသည်။ ဖါးစည်သံวันอังคารที่ 31 กรกฎาคม พ.ศ. 2555
လူမျိုးများ မှတ်ပုံတင်ကဒ်ပြားနဲ့ လူလည်လုပ်တဲ့အစိုးရ
မနေ့ တစ်နေ့ က ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်၊ကရင်ပြည်နယ်ထဲက ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီးဒေသတွေမှာ "မှတ်ပုံတင်ထုတ်ပေးတဲ့ အာဏာပိုင်တွေက မှတ်ပုံတင်ထဲမှာ ကရင် အမျိုးသားလို့ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ ကရင်မြန်မာ ဆိုပြီး လုပ်ပြန်တယ်" - ဒီကိစ္စကို တာဝန်ရှိသူ ကေအဲန်ယူမှ စုံစမ်းစစ်ဆေးပြီး ဖြေရှင်းပေးပါလို့ တိုက်တွန်းလိုပါသည်။ ဟိုးအရင်ခေတ်ကတည်းက ဒီလိုအဖြစ်မျိုးဗမာပြည်တွင်းမှာ တစ်ပုံတပင်ကြီးရှိနေတယ်ဆိုတာ ကျနော်တို့ ကိုယ်တွေ့ သိမြင်ခဲ့ရပါသည်။ xxxxxxxxxx
နေ့ သစ်သတင်းစာမျက်နှာမှ မြန်မာနိုင်ငံမှာ အသက်ပြည့်ပြီးသူ နိုင်ငံသားတွေကို မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတဲ့ စနစ်ဟာ ၁၉၅၇ ခုနှစ် ဝန်းကျင် လောက်မှာ စတင်ခဲ့တယ်လို့ လူကြီးတွေပြောတာ ကြားခဲ့ဖူးပါတယ်။ ဒီအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ကို ကိုင် တဲ့စနစ်က နှစ်ပေါင်း ၅၅ နှစ်တောင် ရှိပြီပေါ့။ ဒါပေမယ့် နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်နိုင်ပြီလားဆိုတော့လည်း အဲသလို မဟုတ်ပြန်သေးဖူး။ မြို့ကြီးပြကြီးတွေနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ ဒေသတွေက နိုင်ငံသားတွေအဖို့ မှတ်ပုံ တင်ကဒ်ပြားရရှိဖို့ လွယ်ကူပေမယ့် နယ်စွန်နယ်ဖျား လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသက ပြည်သူတွေနဲ့ စစ်မက် ဖြစ်ပွားနေတဲ့ ဒေသက ပြည်သူတွေအဖို့တော့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ လူဦးရေ သန်းပေါင်း တထောင့်တရာကျော်သွားပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အခုအထိ မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။ ပါလီမန် ဒီမို ကရေစီ ဘိုးအေနိုင်ငံဖြစ်တဲ့ အင်္ဂလန်မှာလည်း အခုအထိ မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။ လိုအပ်ရင် ပတ်စ်ပို့တို့၊ ကား လိုင်စင်တို့၊ ကျောင်းသားကဒ်တို့၊ တခြားဘာကဒ် ညာကဒ်တွေကို ထုတ်ပြကြရတယ်။ ထားပါတော့။ ဒါက သူတို့အ ကြောင်းနဲ့ သူတို့ မှတ်ပုံတင် မရှိကြသေးတာ။ အခုလက်ရှိ အခြေအနေမှာ ကရင်ပြည်နယ် မွန်ပြည်နယ် ရှမ်းပြည်နယ်တွေထဲက မြို့နယ်တချို့မှာ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားတွေ ထုတ်ပေးနေတာတွေ့ရပါတယ်။ တခါမှ နိုင်ငံသားမှတ်ပုံတင်ကဒ်ကို မကိုင်ဖူးခဲ့တဲ့ ဒေသခံတွေအဖို့ ဝမ်းသာ စရာပေါ့။ ဒါပေမယ့် ဒီလို နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားတွေကို ထုတ်ပေးတဲ့ နေရာမှာ ပြဿနာတွေ ရှိနေတာကို တွေ့ရ ပြန်တယ်။ အဲဒီ ပြဿနာကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများရဲ့ လူမျိုးနာမည်နောက်မှာ မြန်မာဆိုတဲ့ လူမျိုး နာမည်ကို တွဲပြီးမှ မှတ်ပုံတင်ကို ထုတ်ပေးနေတာပဲ ဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်တိုင်းမှာ သူတို့ရဲ့ လက္ခဏာ သတ်မှတ်ချက်တွေ ရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ရှမ်းက ရှမ်းလူမျိုး၊ မွန်က မွန်လူမျိုး၊ ရခိုင်က ရခိုင်လူမျိုး၊ ကချင်က ကချင်လူမျိုး စသဖြင့် သက်ဆိုင်ရာမျိုးနွယ်ကို ကိုယ် စားပြုတဲ့ အမည်နာမတွေ ရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ဒီလို လူမျိုးတခုရဲ့ အမည်လက္ခဏာ သတ်မှတ်ချက်ကို ဘယ်သူကမှ ပြောင်းလဲခွင့် မရှိသလို၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အတင်းအကျပ် ပြောင်းလဲခိုင်းတာဟာလည်း မတရားတဲ့ လုပ်ရပ်ပါ။ ဥပမာပြောရမယ်ဆိုရင် မွန်ပြည်နယ်ထဲက တချို့ မြို့နယ်တွေမှာ မှတ်ပုံတင် ထုတ်ပေးတဲ့ အခါမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မိဘနှစ်ပါးစလုံး မွန်လူမျိုးဖြစ်ပေမယ့် သူတို့ရဲ့သားသမီးတွေကို မွန်လူမျိုးလို့ မှတ်ပုံတင်ထဲ မှာ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ မွန်မြန်မာဆိုပြီး သူတို့ဟာသူတို့ လုပ်ချလိုက်တယ်။ ဒါနဲ့ ပတ်သက်လို့ ဒေသ ခံ မွန်အမျိုးသားတွေက မွန်လူမျိုးအဖြစ်သာ ဖော်ပြပေးဖို့ တောင်းဆိုတဲ့အခါမှာ လူဝင်မှုကြီးကြပ်ရေးက အရာရှိများက ပြန်ပြင်မပေးနိုင်ဘူးလို့ ငြင်းတယ်လို့လည်း သိရတယ်။ ဒါ့အပြင် အဲသည့် မှတ်ပုံတင်ကို မယူချင်နေပြန်တော့ ပြင်မပေး နိုင်ဘူးလို့ အနိုင်ကျင့်တာမျိုး ခံရတယ်။ လူမျိုးတမျိုးရဲ့ လက္ခဏာသတ်မှတ်ချက်ကို အစိုးရအာဏာပိုင်တွေက ဇွတ်အ တင်း ပြောင်းလဲတယ်ဆိုတာ လုံးလုံးမဖြစ်သင့်ဖူး။ တချို့ဒေသတွေမှာတော့ အာဏာပိုင်တွေက မွန်မြန်မာလို့ မဖော်ပြပေ မယ့် မွန်ဗုဒ္ဓဘာသာလို့ ဖော်ပြပြန်တယ်။ မွန်လူမျိုး အများစုဟာ ဗုဒ္ဓဘာသာဖြစ်တာမှန်ပေမယ့် ကျန်တဲ့ ဘာသာတွေကို ကိုးကွယ်ယုံကြည်တဲ့ မွန်လူမျိုးများလည်း ရှိနိုင်သေးတဲ့အတွက် ဒီလိုဇွတ်အတင်း သတ်မှတ်ပေးတာဟာ မတရားတဲ့လုပ် ရပ်လို့ ဝေဖန်ရမှာပဲ။ တခါ ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်၊ကရင်ပြည်နယ်ထဲက ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီးဒေသတွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက နော်ဝေဒုက္ခသည်ကောင်စီ (Norwegian Refugee Council) အဖွဲ့နဲ့ ပူးပေါင်းပြီး ကရင် အမျိုးသားများကို မှတ်ပုံတင်တွေ ထုတ်ပေးနေပါတယ်။ တခါမှ မှတ်ပုံတင် မကိုင်ဆောင်ဖူးတဲ့ နယ်စွန်နယ်ဖျားက ကရင် အမျိုးသားတွေအဖို့ ဒါဟာဝမ်းသာစရာပေါ့။ ဒါပေမယ့် မှတ်ပုံတင်ထုတ်ပေးတဲ့ အာဏာပိုင်တွေက မှတ်ပုံတင်ထဲမှာ ကရင် အမျိုးသားလို့ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ ကရင်မြန်မာဆိုပြီး လုပ်ပြန်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေသခံ ကရင် လူမျိုးတချို့က ကရင်မြန်မာအစား ကရင်လူမျိုးသာ ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုပေမယ့် အာဏာပိုင် တွေက လစ်လျူရှု ထားပါတယ်။ အဲဒါအပြင် မှတ်ပုံတင်ထုတ်ပေးရာမှာ ဗုဒ္ဓဘာသာ၊ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူ စသဖြင့် အတိအလင်း ဖော်ပြနေခြင်းဟာ သွယ်ဝှိုက်သောနည်းအားဖြင့် ဘာသာရေးအရ ခွဲခြားတဲ့လုပ်ရပ်လို့ ထောက်ပြလိုတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတဲ့ အချက်ကပဲ မှတ်ပုံတင်ထုတ်ပေးရေးအတွက် အဓိကလို့ မြင်ပါတယ်။ ဒီမိုကရေစီ တိုင်း ပြည်တွေက နိုင်ငံသားတွေရဲ့ မှတ်ပုံတင်တွေမှာ အမည်၊ မွေးနေ့၊ နေရပ်လိပ်စာ၊ စသဖြင့်သာ ယေဘုယျအားဖြင့် ပါဝင်ပါ တယ်။ ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာမျိုးကို ထည့်သွင်းဖော်ပြလေ့ မရှိတာကို တွေ့ရပါတယ်။ မှတ်ပုံတင်ဆိုတာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတခုသာ ဖြစ်တယ်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်ခဲ့တဲ့ ဆိုရှယ်လစ်အစိုးရ လက်ထက်တုန်းက မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ပျံ့နှံ့ နေထိုင် တဲ့ ကူကီးခေါ် အရှိုချင်းအမျိုးသားတွေကို စစ်တပ်အင်အားသုံးပြီး အိန္ဒိယနိုင်ငံဖက်ကို နှင်ထုတ်ခဲ့ဖူးတာ ဖြစ်ခဲ့တယ်။ အချို့သော အရှိုချင်းအမျိုးသားများက သူတို့ကိုသူတို့ ကူကီးချင်းလို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ သူတို့ကို ကူကီးလို့ ခေါ် စေချင်တယ်။ ကူကီးချင်းဆိုတာ အိန္ဒိယဖက်ကသတ်မှတ်တဲ့ လူမျိုးနာမည်သာဖြစ်တယ်လို့ မြန်မာအာဏာပိုင် တွေဖက် က မြင်ထားတယ်။ မြန်မာပြည်ထဲမှာ နေထိုင်မယ်ဆိုရင် အရှိုချင်း ဆိုတဲ့ နာမည်ကိုသာ ခံယူရမယ်လို့ အစိုးရဖက်က ဖိ အားပေးပါတယ်။ နောက်ဆုံးမှာတော့ ကူကီးချင်းလို့ ခံယူတဲ့ အုပ်စုတချို့ဟာ စစ်တပ်ရဲ့ အနိုင်ကျင့်မှု တွေကြောင့် အိန္ဒိယ နယ်စပ်ဖက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ တချို့ကတော့ မပြေးနိုင်တဲ့အတွက် အရှိုချင်းလို့ အခေါ်ခံရပေမယ့် သူတို့စိတ် ထဲမှာတော့ သူတို့ဟာသူတို့ ကူကီးလို့ သတ်မှတ်တာကိုတော့ ဘယ်သူက တားနိုင်မှာလဲ။ ဆိုလိုချင်တာကတော့ ကူကီး ဆိုတဲ့ ဖြစ်တည်မှုဟာ ဆက်ရှိနေတယ်။ အမြစ်ဖြတ်သတ်ပစ်လိုက်လို့ မရနိုင်ဘူးဆိုတာကို ထောက်ပြချင်တာပါ။ လူမျိုးတိုင်းလူမျိုးတိုင်းမှာ သူတို့ရဲ့ လူမျိုးနာမည်များ ရှိပါတယ်။ ဒါဟာ သူတိုရဲ့ နှစ်ပေါင်းများစွာကထဲက ဖြစ်တည်လာ တဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုဖြစ်စဉ်များအရ တည်ရှိလာတဲ့ အမျိုးသားနာမည်များ ဖြစ်ပါတယ်။ လူမျိုးတိုင်းဟာ သူတို့ ရဲ လူမျိုးအမည်နာမကို တန်ဖိုးထား ချစ်မြတ်နိုးတာဖြစ်တဲအတွက် လူမျိုးနာမည်ကို အာဏာသုံးပြီး အတင်းအကျပ် ပြောင်းလဲခြင်းဟာ ဘယ်လိုမှ မဖြစ်ထိုက်တဲ့ လုပ်ရပ်မျိုးလို့ ဆိုပါရစေ။ မြန်မာနိုင်ငံဟာ နောင်လာမယ့် အနာဂတ်အတွက် ရေရှည်တည်တန့် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုတယ်ဆိုရင် လူမျိုးများအကြား တန်းတူညီမျှတဲ့ လုပ်ရပ်မျိုးနဲ့ သက်သေပြဖို့ လိုပါတယ်။ လက်ရှိမှာ လူဦးရေအရ အများစုဖြစ်တဲ့ မြန်မာတွေက နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားပါ တယ်။ ဒီလို အခြေအနေမျိုးမှာ တခြားသော အမျိုးသားတိုင်းရင်းသားများကို မြန်မာလူမျိုးသာ ဖြစ်ရမယ် (သို့မဟုတ်) မြန်မာတပိုင်း တိုင်းရင်းသားတပိုင်း ဖြစ်ရမယ်လို့ သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ဖိအားပေးဆောင်ရွက်တာမျိုးကို ရှောင်ရှားဖို့လိုတယ်။ မရှောင်ရှားနိုင်ရင် တိုင်းရင်းသား အမျိုးသားများဖက်က သူတို့ကို မြန်မာဇာတ်အတင်း သွတ်သွင်း တယ်လို့ မြင်မှာပဲ။ ဒီလိုမျိုးသာ ဆက်တိုက်ဖြစ်နေရင် ရေရှည်အတွက် မကောင်းနိုင်ပါဘူး။ နယ်စွန်နယ်ဖျား ဒေသများမှာ နိုင်ငံသားမှတ်ပုံတင်တွေ ထုတ်ပေးနေတာကတော့ ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုနိုင် ပေမယ့် မှတ်ပုံတင်ထဲမှာ ကာယကံရှင် တိုင်းရင်းသားတွေရဲ့ လူမျိုးနာမည်အစစ်အမှန်ကို ဖော်ပြပေးခြင်းမပြုဘဲ တိုင်းရင်း သားလူမျိုး နာမည်တွေကို မြန်မာလူမျိုးနာမည်နဲ့ ပေါင်းစပ်ပေးတာမျိုးကတော့ သွယ်ဝှိုက်ပြီး လူမျိုးကြီးဝါဒကို ဆောင်ရွက် နေသလိုမျိုး ဖြစ်နေပါတယ်။ မြန်မာတွေဟာ တိဘက်ဒေသကနေ ပြောင်းရွှေ့အခြေချလာတာကြောင့် မနုဿဗေဒ ပညာ ရှင်များက တိဘက်မြန်မာလို့ သတ်မှတ်ပါတယ်။ သို့သော်လည်း သမိုင်းကြောင်းအရ မြန်မာလူမျိုးဟာ တလျှောက်လုံး ကိုယ့်ဟာကို မြန်မာလို့သာ သုံးနှုန်းခဲ့ပါတယ်။ တိဘက်နဲ့ မြန်မာဆိုတဲ့ လူမျိုးနာမည်ကို တွဲပြီးသုံးခဲ့ဖူးတယ်လို့ တခါမှ မကြားဘူးပါဘူး။ တစုံတယောက်က မြန်မာတွေကို တိဘက်မြန်မာလို့ ခေါ်သင့်တယ်လို့ပြောလာရင် မြန်မာတွေလက်ခံ မှာလား။ စစ်ဗိုလ်ချုပ်တွေကော လက်ခံမှာလား။ ကိုယ့်ကိုသူများက အဲသလိုလုပ်လာတာကို လက်မခံဘူးဆိုရင် သူများ ကိုလည်း ကိုယ်ကသွားမလုပ်ဖို့ နားလည်သင့်တယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ နာမည်တွေကိုလည်း သူတို့ရဲ့ လက္ခဏာသတ်မှတ်ချက်အတိုင်း အသိအမှတ်ပြု သုံးစွဲဖို့လိုအပ်ကြောင်း ပြောပါရစေ။ ဇော်မင်း ၂၆ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၂ ခုနှစ် ရွက်မွန်မှ ကူးယူဖေါ်ပြသည်။ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲ သမိုင်းအကျဉ်း
မုဆိုးကော်ကဆာ စောဟန်တာသာမွှေး (KNDO ခေါင်းဆောင်)
ဇူလိုင် ၁၆ရက်နေ့မှာ ကျရောက်တဲ့ ကရင့် အမျိုးသား ကာကွယ်ရေး တပ်မတော် (KNDO)နေ့ကို ကြိုဆို ဂုဏ်ပြုချင်တာကြောင့် KNDOစတင် တည်ထောင်စဉ်က ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ မုဆိုးကော်ကဆာ စောဟန်တာသာမွေးအကြောင်းကို တင်ပြလိုက်ပါတယ်။
KNDOကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ မန်းဘဇန်၊ စောဟန်တာသာမွေးနဲ့ စောစန်းကေပုံ။ KNU ကရင့်အမျိုးသား အစည်းအရုံး၏ လက်နက်ကိုင်တော်လှန်းရေးတပ်ဖွဲ့မှ (KNDO)ဖြစ်သည်။ ယင်းတပ်ဖွဲ့၏ အဓိကခေါင်းဆောင် (၃)ဦးမှာ စောဟန်တာသာမွှေး၊ မန်းဘဇံနှင့် စောစန်းကေတို့ ဖြစ်ကြသည်။ ယင်းတို့သုံးဦးတွင် စောဟန်တာသာမွှေးမှာ ပညာရေး၊ မန်းဘဇံမှာ ကာကွယ်ရေးနှင့် စောစန်းကေမှာ ဝါဒဖြန့်ချီရေး စသဖြင့် ထပ်ဆင့်၍ တာဝန်ခွဲထားကြသည်။ စောဟန်တာသာမွှေး၊ မန်းဘဇန်နှင့် စောစန်းကေတို့ (၃)ဦးစလုံးပင် ဗြိတိသျှတို့ ဆုတ်ခွာခါနီး မေမြို့အရေးပေါ် ဗိုလ်သင်တန်းကျောင်းတွင် တက်ရောက်ခဲ့ဖူးကြသည်။ သို့ရာတွင် စောစန်းကေတစ်ဦးထဲသာ ဗြိတိသျှတို့နှင့်အတူ အိန္ဒိယသို့လိုက်ပါသွားသဖြင့် တပ်ဖွဲ့အမှတ် ၁၃၆(force-136)၏ အရာရှိဖြစ်သည်။ တနည်းအားဖြင့် ထိုစဉ်က စောဘဦးကြီးမှာ နိုင်ငံရေး၊ စည်းရုံးရေးတွင် အားသန်၍ စောဟန်တာသာမွှေး၊ မန်းဘဇန်နှင့် စောစန်းကေတို့သည် စစ်ဘက်ရေးတွင် အားသန်ကြသည်။ သို့ဖြင့် မအူပင်ဘက်နှင့် မအူပင်မြို့ဖေါက်ထွင်းစီးနင်းမူ့နှင့် ပတ်သက်၍ စောဟန်တာ သာမွှေး၊ မန်းဘဇန်နှင့် စောစန်းကေတို့တွင် တာဝန်ရှိသည်ဟု ယူဆကြသည်။ စောဟန်တာသာမွေးမှာ မအူပင်တွင် ပညာအုပ်လုပ်ခဲ့ပြီး မန်းဘဇန်မှာ မအူပင်မြို့ အေ ဘီ အမ် (ABM)ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးဖြစ်သည်။ ယင်းမအူပင်ဘက်နှင့် ဘဏ်ဖေါက်ထွင်းမူ့ စီးနင်းမူ့ရရှိသော ငွေသိန်း(၃၀)ဆယ်ကို တဝက်ခွဲပြီး ရန်ကုန်မြို့ စောစန်း ကေက (KNDO)တပ်သားသစ်များကို စုဆောင်းလေ့ကျင့်ပေးသည်ဟု ယူဆထားကြသည်။ ယင်းအစဉ်လာနှင့် ခေါင်းဆောင်းမူ့အပေါ်တွင် အခြေခံ၍ စောဘဦးကြီးနှင့် စောစန်းကေတို့ကျ ဆုံးသွားပြီးနောက် KNU and KNDO အတွင်းမှာ ခေါင်းဆောင်မူ့ကို အစားထိုးရာတွင် ကျန်ခေါင်းဆောင်းများအား လက်မခံပဲ စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့နှစ်ဦးသာ လက်ခံခဲ့ကြသည်။ ရန်ကုန်သားစစ်စစ် ကရင်အမျိုးသားခေါင်းဆောင်းများအနက် စောဟန်တာသာမွှေးသည် ရန်ကုန်သားစစ် စစ်တစ်ယောက်ဖြစ်သည်။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ကရင်ခရောင်းကုန်းရွာ၌ (၁၉၀၅)ခုဧပြီလ ၁၃ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ဆရာသာမွှေးဖြစ်၍ မိခင်မှာ နော်မိုးလွင်ဖြစ်သည်။ ဖခင်ဆရာသာမွှေးသည် ဗြိတိသျှခေတ်တလျှောက် ဒလမြို့နယ် စမ်းကြီးရွာတွင် ကျောင်းဆရာလုပ်ခဲ့သည်။ စစ်ဖြစ်လာသောအခါတွင် ရွာပြန်လာ၍ လယ်ယာလုပ်ကိုင်သည်။ မွေးချင်း(၃)ယောက်ရှိရာ စောဟန်တာသာမွေးမှာ ပဌမ သားဦးဖြစ်သည်။ စောဟန်တာသာမွှေး (၆)နှစ်သားတွင် ရွာရှိကျောင်း၌ ကျောင်းစ,နေသည်။ စတုတ္ထတန်းရောက်လျှင် အင်းစိန်ပေါက်တောရှိ ဆိုင်မွန်အင်္ဂလိပ် မြန်မာနှစ်ဘာသာသင်ကျောင်းတွင် သတ္တမတန်းအောင်သည်အထိ နေခဲ့သည်။ မိဘများသည် ပညာရေးလောကမှဖြစ်၍ သားဖြစ်သူ၏ပညာရေုးုကို အထူးအားပေးကာ ရန်ကုန်မြို့အလုံ ကူရှင် အထက်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားစေ၏။ စောဟန်တာသာမွှေးသည် ၁၉၂၃ခုနှစ်တွင် ကူရှင်ကျောင်းအထက်တန်းကျောင်းသားဘဝတွင် မောင်ကြည်၊ မောင်စည် ညီအစ်ကိုနှင့် ကျောင်းနေဘက်သူငယ်ချင်းဖြစ်၍ ခင်မင်၏။ နောင်အခါတွင် မောင်ကြည်သည် ဦးကြည်အမည်ဖြင့် စကောက် (ကင်းထောက်)မင်းကြီး ဖြစ်လာသည်။ စောဟန်တာသာမွှေး၏ အထက်တန်း ကျောင်းသားဘဝတွင် ပထမကမ္ဘာစစ်ကိုလည်းကောင်း၊ (၁၉၂၀)ခုနှစ် ပထမကျောင်းသားသပိတ်ကိုလည်းကောင်း ကြုံခဲ့ရသည်။ ယင်းသို့ဖြင့် (၁၉၂၃-၂၄)ခုနှစ်တွင် ဂျင်ဆင်ကောလိပ်သို့ ရောက်လာသည်။ ဂျင်ဆင်ကောလိပ်သည် ပထမတွင် သီးခြားဖြစ်သော်လည်း နောက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်နှင့် ပေါင်းစည်းသွားသည်။ ဂျင်ဆင်ကောလိပ်သည် ခရစ်ယာန်သားသမီးများ ပညာသင်စရိတ်နည်းပါသဖြင့် သင်ကြားနိုင်ရန် ရည်စူးထားသည်ဖြစ်၍ နောင်အခါ ကရင့်အမျိုးသားခေါင်းဆောင်းများ ဖြစ်လာကြသည်။ မန်းဝင်းမောင်၊ မန်းဘဆိုင်၊ မန်းဘဇန်တို့အားလုံး ဂျပ်ဆင်ကောလိပ်တွင် ပညာသင်ခဲ့ဖူးကြသည်။ ယင်းသို့ဖြင့် စောဟန်တာသာမွှေးသည် (၁၉၂၇)ခုနှစ်တွင် အင်္ဂလိပ်စာ သမိုင်း ဒဿနိ ကဘာသာတို့ဖြင့် (ဘီအေ)အောင်ခဲ့သည်။ ဘီအေ အောင်လက်မှတ်ကိုင်၍ အလုပ်ရှာဖွေကြရာ အချို့က အလုပ်မရသဖြင့် (ဘီအေ)ပြန်တက်ရသည်။ စောဟန်တာသာမွှေးသည် အကြောင်းအားလျှော်စွာ စီ အိုင် ဒီ ဌာနတွင် အလုပ်ရ၏။ မနှစ်မြို လှသောလည်း အခြေအနေအရ အလုပ်ထဲဝင်လိုက်သည်။ သူ၏တာဝန်မှာ အနယ်နယ်အရပ်ရပ်က ပေးပို့ရောက်ရှိလာသည့် နိုင်ငံရေးဆိုင်ရာသတင်းပေးပို့ ချက်များကို ဖတ်ရှုစီစစ်ကာ ပြန်လည်ရေးသားပြီး မျက်နှာဖြူမင်းကြီးထံ တင်ပြရသည်။ မျက်နှာဖြူအရာရှိကြီးသည် တရားဝင်စာမထုတ်ထားသောလည်း သူ့အခန်းထဲဝင်လျှင် ဖိနပ်ချွတ်ဝင်မှသာ သဘောကျ၏။ စောဟန်တာသာမွှေးမှာ မျက်နှာဖြူကြီးအကြိုက် ဖိနပ်ချွတ်မဝင်သောကြောင့် အရာရှိကြီး၏ မျက်နှသာပေးခြင်းကို မခံရပေ။ ယင်းသို့ စောဟန်တာသာမွှေးအဖို့ အင်းစိန် စီ အိုင် ဒီတွင် ၂နှစ် ဝင်ရောက်အလုပ်လုပ် ခြင်းအတွက် ထိုစဉ်က ဗြိတိသျှတို့မှ မြန်မာလူမျိုးနှင့် မြန်မာနိုင်ငံရေးသမားများအပေါ် ထားသည့် သဘောထားကိုလည်း သိလိုက်ရသည်။ ယေဘုယျ နိုင်ငံရေးလုပ်ငန်းအပေါ်တွင်လည်း အထိုက်အလျောက်နားလည်ခဲ့သည်။ အထူးသဖြင့် ဗြိတိသျှခေတ် စီအိုင်ဒီတွင် တဘက်၌ နိုင်ငံရေးသမား၏ စာရင်းတခုကို ပြုစုသည်။ ထိုမှ နိင်ငံရေးဝါဒလမ်းစဉ်အရ ဆက်သွယ်လာသော အကြောင်းအရာများကို စာရင်းမှတ်တမ်းတင် ပြုစုထားသည်။ ထိုစဉ်က ဗြိတိသျှခေတ်စီအိုင်ဒီကို မျက်စိလည်၍ ချွေးပန်းစေသော ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးမှာ ဦးပုပင်ဖြစ်သည်။ ဦးပုသည် မကြာခဏ နိုင်ငံရေးတရားဟောပြောပွဲထွက်သည်။ ယင်းသို့ထွက်တိုင်း စီအိုင်အေအတွက် ချွေးပြန်စေရသည်။ အကြောင်းမှာ ဦးပုသည် တောင်ငူသို့ တရားသွားဟောမည်ဆိုပါက ဖြူးတွင် အလျင်ဦးစွာဆင်းလိုက်သည်။ နောက်မှ တောင်ငူသို့ ဆက်သွားသည်။ ဤသို့ဖြင့် တောင်ငူတွင် ဦးပုအားစောင့်နေသော စီအိုင်ဒီအတွက်လည်း မျက်စိလည်၍ ချွေးပြန်ရလေသည်။ ဤသို့ဖြင့် ၁၉၂၉ခု စီအိုင်ဒီလုပ်သက် ၂နှစ်အကြာတွင် စောဟန်တာသာမွှေးမှာ အလုပ်ကထွက်လိုက်သည်။ အဖေကျောင်းဆရာ သားကျောင်းဆရာ ယင်းသို့ ဆိုင်းမပါ ဗုံမပါ စီအိုင်ဒီက အလုပ်ထွက်လိုက်ခြင်းအတွက် စောဟန်တာသာမွှေး ပူပူနွေးနွေးရင်ဆိုင်ရသည့်ပြဿနာမှာ ပုသိမ်သူ့ရည်းစားချောက သူနှင့် လမ်းခွဲသွားခြင်းပင်ဖြစ်သည။် ပုသိမ်သူ၏ တွက်ကိန်းတွင် စီအိုင်ဒီ ဌာနတွင် စောဟန်တာသာမွှေးမှာ အဆင့်ရာထူးတိုးပြီး တစ်နေ့တွင် စုံထောက်မင်းကြီးအထိ ဖြစ်လာနိုင်သည် ထိုအခါ သူမသည်လည် စုံထောက်မင်းကြီး၏ကတော် ဖြစ်လာမည်။ ထိုသို့ တွက်ထားသည့်ကြားက စောဟန်တာသာမွှေးက ရုတ်တရက် အလုပ်ထွက်သွားသဖြင့် သူမ၏ ရည်မှန်းချက်တောင်ကြီး ပြိုလည်းသွားသည့်အပေါ် မခံမရပ်နိုင်ဖြစ်ပြီး ပုသိမ်သူလေးက အဆက်ဖြတ်လိုက်ခြင်းဖြစ်သည်။ စောဟန်တာသာမွှေးမှာ လောလောဆယ် အလုပ်ကလည်းမရှိ ပုသိမ်သူကလေးကလည်း အဆက်ဖြတ်လိုက်သဖြင့် နေမထိထိုင်မသာဖြစ်နေစဉ် ထားဝယ်မြို့ ကရင့်အထက်တန်းကျောင်း မော်ရိုးတွင် ကရင်အထက်တန်းပြဆရာတစ်ဦး လိုအပ်ကြောင်း သတင်းကရောက်ရှိလာသည်။ လောလောဆယ်အားဖြင့် ထားဝယ်မြို့သို့ သွားရောက်ပါက စိတ်သက်သာမူ့လည်းရမည်။ တဘက်တွင် အမျိုးသားရေးအတွက်ကိုလည်း အကျိုးပြုရာကျရောက်မည်ဟု ယူဆမိ၍ စောဟန်တာသာမွှေး ထားဝယ်သို့ ထွက်လာသည်။ ထားဝယ်တွင် စောဟန်တာသာမွှေးအတွက် ကျောင်းဆရာလုပ်ရင်း စာဖတ်ချိန်များစွာရရှိသည်။ အထူ။သဖြင့် ကရင်လူမျိုးများနှင့် ပါတ်သက်သော ဒေါ်နယ်စမီးတန်း(danald smeaton)၏သစ္စာရှိ ကရင်လူမျိုးများ(loyal Karen of burma)စာအုပ် ကရင့်အမျိုးသားခေါင်းဆောင်းတစ်ဦးဖြစ်သော ဒေါက်တာစံစီဖိုး၏ မြန်မာပြည်နှင့်ကရင် (burma and the Karen )စာအုပ်ပြီးလျှင် ဘုန်းတော်ကြီးအိပ်ခ်ျ အိုင်မာရှယ် (H.I Marshall)၏ ဗမာပြည်၏ကရင်လူမျိုးများ (The Karen people of Burma) စာအုပ်တို့ကို စောဟန်တာသာမွေးမှာ အမျိုးသားစိတ်များနိုး ကြားလာလေသည်။ ထားဝယ်မြို့တွင် ကျောင်းဆရာလုပ်နေစဉ် စောဟန်တာသာမွေးသည် (၁၉၃၀)ခုနှစ်တွင် ဆရာမနော်အေးမယ်နှင့် အိမ်ထောင်ကျသည်။ ထိုစဉ်က စောဟန်တာသာမွှေးမှာ အသက်၂၅နှစ်ဖြစ်သည်။ နောက်ပိုင်းတွင် သားမီးကလေးသုံးယောက်ထွန်းကားသည်။ ယင်းသို့ ထားဝယ်မြို့ကျောင်းတွင် အထက်တန်းပြဆရာလုပ်နေစဉ် (၁၉၃၁)ခုနှစ်တွင် ကရင်ကျောင်များဆိုင်ရာ ပညာအုပ်အဖြင့် ခန့်အပ်ခြင်းခံရပြီး တောင်ငူမြို့သို့ပြောင်းရွေ့ လာသည်။ ၁၉၃၃ခုနှစ်ရောက်လျှင် ပညာအုပ်ရာထူးဖြင့်ပင် စောဟန်တာသာမွှေးသည် ညောင်လေးပင်နှင့် ပဲခူးသို့ပြောင်းရွေ့လာခဲ့ရသည်။ ညောင်လေးပင်၊ ပဲခူးတွင် ၁၉၃၈ ခုနှစ်အထိ နေထိုင်ခဲ့သည်။ စစ်အတွင်း ဘဝအခြအနေ (၁၉၄၂)ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် ကမ္ဘာအရှေ့ခြမ်း၌ ဗြိတိသျှတို့၏ အခိုင်အခန့်ဆုံးသော စင်္ကပူခံတပ်ကြီး ဂျပန်တို့၏လက်ဝယ်သို့ ကျရောက်သွားသည်။ စစ်သည် မနက်ဖြန်သဘက် မြန်မာပြည်သို့ ရောက်လာတော့မည်ဖြစ်၍ ဗြတိသျှတို့၏ အုပ်ချုပ်ရေး ယန္တရားသည် မရေမရာဖြစ်လာသည်။ ဤအထဲတွင် စောဟန်တာသာမွှေး၏ ပညာအုပ်အလုပ်မှာပို၍ မရေမရာဖြစ်လာလေသည်။ စစ်ဖြစ်လာရင် ယောက်ျားသားများအဖို့ စစ်ထဲဝင်ကြသည်မှာ ဓမ္မတာဖြစ်လေရာ စောဟန်တာသာမွှေးလည်း ဇနီးနှင့်သားသမီးများအား ဆွေမျိုးများရှိ မော်လမြိုင်ကျွန်းမြို့နယ် ဘုရားတောင်ရွာသို့ ပို့ထားလိုက်ပြီး မေမြို့ရှိ အရေးပေါ်ဗိုလ်သင်တန်းကျောင်းသို့ တက်လိုက်သည်။ ဤတွင် စစ်တောင်းတံတားကြီးကို ချိုး၍ ဗြိတိသျှတို့ မြန်မာနိုင်ငံမှာ အောင်မြင်စွာ ဆုတ်ခွာသွားသောအခါ စောဟန်တာသာမွှေးလည်း ဗိုလ်သင်တန်းကျောင်းအုပ်ကြီး၏ စကားကို ယုံစားပြီး မုံရွာမြို့အထိ လိုက်ပါ၍ အောင်မြင်စွာဆုတ်ခွာကြည့်သည်။ သို့ရာတွင် အစ စအရာအရာ ဘာမျှမသေချာမရေရာသောကြောင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး ဇနီးနှင့်သားသမီးများရှိရာ ဘုရားတောင်ရွာသို့ အရောက်ပြန်လာခဲ့သည်။ ဘုရားတောင်ရွာတွင် မိမိကိုယ်ကိုယ်မိမိစစ်ဗိုလ်လား စစ်ပြေးလား ခွဲးခြားမရစဉ် စောဟန်တာသာမွေးမှာ ဂျပန်း၏ကင်းပေးနှင့် ဂျပန်စကားပြန်ရန်က ဝေးအောင် သတိဖြင့်နေနေရသည်။ ထိုသို့ဖြင့် စားဝတ်နေရေးကိစ္စက ပေါ်လာပြန်သည်။ သမ္ဗာန်တစ်စီးဝယ်၍ စားဝတ်နေရေးအတွက် လပွတ်တာဘက်တွင် ထင်းသွားခုတ်ရသည်။ သို့ရာတွင် ထင်းမရဘဲ ဝယ်ထားသောသမ္ဗာန်ပါ ဆုံးကျန်ခဲ့သည်။ ယင်းသို့ ဂျပန်ခေတ်ကမ်းမမြင်လမ်းမှာ စောဟန်တာမွှေးရန်ကုန်သို့ ပြန်တက်လာသ ည်။ တချိန်ကကျောင်းနေဘက်သူငယ်ချင်းများ ဖြစ်ကြသော ဦးစည်နှင့် ဦးညီတို့ညီအစ်ကို၏ အကူအညီဖြင့် ထမင်းစားဖို့ရာ ဂျပန်ခေတ် ပညာအုပ်အလုပ်ကို ဝင်လုပ်၏ ဂျပန်ခေတ်တွင် စာသင်ကျောင်းများ ပိတ်ထားသော်လည်း ပညာအုပ်လုပ်သူမှာ ကျောင်းများရှိရာသို့ လှည့်ပတ် သွားနေရသည်။ ယင်းသို့ ညောင်လေးပင်နယ်အတွင်း ပညာအုပ်စောဟန်တာသာမွှေး လှည့်လယ်နေစဉ် ဂျပန်ဗြိတိသျှက စစ်တပ်မှ မေဂျာစီးဂရင်းနှင့် ပါတ်သက်ပြီး သံသယရှိလာသည်။ ညောင်လေးပင်၏ ကွင်ကျင်းသည့် ဖါပွန်တောင်တန်းနှင့် ဆက်စပ်နေသည်။ ဂျပန်က မေဂျားစီဂရင်းသည် ဖါပွန်တောင်တန်းပေါ်တွင် ကရင်ပျောက်ကျားဖွဲ့စည်း၍ စစ်သင်တန်းပေးနေသည်ဟု သတင်းရထားသည်။ သို့ဖြင့်၍ စောဟန်တာသာမွှေးမှာ ညောင်လေးပင်နယ်အတွင်း လှည့်လယ်သွားလာနေရာမှ ဂျပန်တို့ရှေ့မှောက်တွင် နေပြရသည့် ဂျပန်အကျယ်ချုပ်အကျဉ်းသားဘဝသို့ ရောက်ရှိသွားလေသည်။ ဤသို့ရှိနေစဉ် တနေ့သ၌ ဂျပန်ကင်းပေတိုင်ရုံးတွင် အမူ့ထမ်းနေသော လူငယ်တစ်ဦးက ဂျပန်တွေအလှစ်တွင် စောဟန်တာသာမွှေးအား ဂျပန်တွေက တစ်စုံတစ်ခုလုပ်ရန် အစီအစဉ်ရှိကြောင်းကို သတင်းပေးလာ၏။ နောက်တနေ့တွင် စောဟန်တာသာမွှေးလည်း ဂျပန်တွေအလှစ်၌ တောင်ငူဘက်သို့ ထွက်ပြေးလေသည်။ ၁၉၄၄ခုနှစ်သို့ရောက်လျှင် ဂျပန်ရန်ကအေးသလောက်ရှိပြီဟု ယူဆရသဖြင့် စောဟန်တာသာမွှေးသည် ဒီဇင်ဘာလထဲ၌ ဟင်္သာတမှ ရန်ကုန်သို တက်လာသည်။ ရန်ကုန်ရောက်လျှင် ညီအစ်ကိုဝမ်းကွဲတော်သူဆရာဝန်အိမ်တွင် ခေတ္တနေသည်။ ညီဝမ်းကွဲဆရာဝန်မှာလည်း ဂျပန်ဆန့်ကျင်ရေးသမားဖြစ်နေ၍ စောဟန်တာသာမွှေးအဖို့ အစစအရာရာ အဆင်ပြေသွားလေသည်။ ထိုအချိန်တွင် အင်းစိန်ထောင်ထဲ၌ မေဂျာစီးဂရင်း၏ ပြောက်ကျားတပ်ဖွဲ့ဝင်များဖြစ်ကြသော စောဖိုးလှ (နောင်ရန်ကုန်ဆိတ်ကမ်းမင်းကြီး)ဆိုင်ရပ်စ် ဆရာမေရှား၊ ဆရာကျော်လေး (grandfather long legs)တို့ရှိနေကြသည်။ စောဟန်တာသာမွှေးသည် ယင်းသတင်ကို သေချာအောင်စုံစမ်းပြီးနောက် ထောင်ဝန်ထမ်းတွေကို လှည့်စားကာထောင်တွင်းသို့ နှစ်ကြိမ်ဝင်ရောက်တွေ့ဆုံခဲ့သည်။ ယင်းကရင်ပျောက်ကျားဝင်များ လိုအပ်တာတွေကို ဖြည့်စည်းပေးသည့်အပြင် ထိုစဉ်က ငွေငါးကျပ်ကိုပင် ထောင်ထဲအရောက်ပို့ပေးနိုင်ခဲ့သည်၊၊ မဟာမိတ်တို့နှင့်တွေ့ဆုံခြင်း ၁၉၄၅ခုနှစ်ဆန်းလျှင် မဟာမိတ်များသည် မြန်မာပြည် စစ်မြေပြင်၌ ထိုးစစ်ကို ပြန်လည်စတင်လာသည်။ ဗမာတပ်မတော်ကလည်း အထက်မြန်မာပြည်တွင် ဂျပန်ကို စတင်တိုက်ခိုက်သည်။ မဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်သည် ပြည်တွင်း ဖက်ဆစ်တော်လှန်ရေးများကြောင့် ပိုမို၍လျှင် မြန်လာသည်။ ယင်းအချိန်တွင် ညီအစ်ကိုဝမ်းကွဲဆရာဝန်ထံတွင် ပုန်းခိုနေသောစောဟန်တာသာမွှေးထံသို့ မဟာမိတ်ဘက်တော်သားတစ်ဦးဖြစ်သော စောဘသန်းရွေ (ပါကွက်ထူး)ရောက်လာသည်။ စောဟန်တာသာမွှေးသည် ဖက်ဆစ်တော်လှန်ရေးတွင် စိတ်ဓါတ်ပြင်းထန်းသော ကရင်ဘုန်းတော်ကြီး ဦးပန္ဒဝံသ (နောက်တွင် BNNA)နှင့် ထပ်မံဆက်သွယ်ပေးသည်။ ကရင်ဘုန်းတော်ကြီးသည် မြန်မာပြည်လွတ်လပ်ရေးနှင့်ပါတ်သက်၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဘိလပ်အတွင်းဝန် လော့ဒ်လစ္စတိုနှင့် ကရင့်အရေးပါဝင်ဆွေးနွေးခဲ့သော ကရင်ဆရာတော်တစ်ပါးလည်းဖြစ်သည်။ စောဟန်တာသာမွှေးသည် မြန်မာနိုင်ငံအတွင်း ထိုးစစ်ဆင်လာသော မဟာမိတ်တပ်ဖွဲ့ နှင့်တွေ့ဆုံရန် ရန်ကုန်မှထွက်လာသည်။ သူသည် ပျော်ဘွယ်မြို့အရောက်တွင် မိတ္ထီလာမှ ပထ မဦးဆုံး ချီတက်လာသော မဟာမိတ်ရှေ့တမ်းတပ်ဖွဲ့ဖြစ်သည့် ဘီအိုင်အေတပ်ဖွဲ့နှင့် တွေ့ရသည်။ ယင်းတပ်ဖွဲ့၏ တပ်မူးများမေဂျာတယ်ရီ ဖြစ်သည် မေဂျာတယ်ရီသည် စောဟန်တာသာမွှေးအား ကောင်းမွန်စွာ ကြိုဆိုသည်။ စောဟန်တာသာမွှေးပြောပြသည့် ဂျပန်၏ အခြေအနေနဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေကိုလည်း ကောင်းစွာပင်လက်ခံ၍ ဆွေးနွေးသည်။ ဤသို့ဖြင့် မေဂျာတယ်ရီ၏မဟာမိတ်ရှေ့ပြေးတပ်ဖွဲ့ဖြစ်သော ဘီအိုင်စီ ပျော်ဘွယ်မြိုမှ ပဲခူးမြို့သို့ ရှေ့ရှုချီတက်လာသောစစ်ကြောင်းတလျှေက်တွင် စောဟန်တာသာမွှေးသည် တပ်ဦးမှ မေဂျာတယ်ရီနှင့်အတူ ပဲခူးအရောက် ချီတက်လိုက်ပါလာခဲ့သည်။ ဤသည် စစ်အတွင်းနှင့် ဖက်ဆစ်တော်လှန်ရေးကာလ စောဟန်တာသာမွှေး ပါဝင်ပါတ်သက်ပုံများဖြစ်သည်။ ကျွန်တော်သည် (၁၉၇၈)ခုနှစ်တွင် ဌာနဆိုင်ရာမှ လျှော့ပေါ့ပင်စင်ယူပြီးနောက် အချိန်ပြည့် စာပေရေးသားထုတ်ဝေရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဖြင့် ဥပဒေတွင် ပြန်လည်ရောက်ရှိလာသော မုဆိုးကော်ကဆာစောဟန်တာသာမွှေး၏ အတ္ထုပ္ပတ္တိကို ရေးသားပြုစုရန် သူ့အိမ်ရှိရာ အင်းစိန်ကြိုးကုန်းသို့ အခေါက်ခေါက်အခါခါပင် ကျတော်ရောက်သွားခဲ့သည် ကျွန်တော်က ကရင်အမျိုးသားခေါင်းဆောင်းများအနက် စောဟန်တာသာမွှေးနှင့် သမ္မတ မန်းဝင်းမောင်တို့၏ အတ္ထုပ္ပတ္တိကို အချိန်ယူလျှက် လုံးချင်းစာအုပ်အဖြစ် ရေးသားပြုစုခဲ့သည်။ သို့ရာတွင် စာပေစီစစ်ရေးသည် စောဟန်တာသာမွှေး၏ အတ္ထုပ္ပတ္တိစာမူကို ပုံနှိပ်ထုတ်ဝေရန် ခွင့်မပြု့ခဲ့ပါ။ ထိုမှ သမ္မတကြီးမန်းဝင်မောင်၏ အတ္ထုပ္ပတ္တိကိုမူ စာပေစီစစ်ရေးသို့ တင်ထားစဉ် ကျွန်တော်သည် ထိုင်းမြန်မာနယ်စပ်သို့ အပြီးထွက်လာခဲ့ပါသည်။ စစ်ပြီးခေတ်အခြေအနေ ၁၉၄၅ခုနှစ် ဇွန်လ(၃၀)ရက်နေ့တွင် အသက်အရွယ်ကြီးရင့်လာပြီးဖြစ်သော ဒေါကလူခေါင်းဆောင်းများမှ ကရင်လူထုအစည်းအဝေကို ခေါ်ပေးခဲ့သည်။ သို့ရာတွင် ယင်းအစည်းအဝေးပွဲတွင် ဆုံးဖြတ်ချက် မယ်မယ်ရရမချနိုင်သော်လည်း နောက်ပိုင်းတွင် ကေစီအိုကို ဖွဲ့စည်းနိုင်ရန် လမ်းဖွင့်ပေးခဲ့နိုင်သည်။ စောဟန်တာသာမွှေးသည် စစ်အတွင်းနှင့် စစ်ပြီးခေတ် မိသားစုပြဿနာရှိနေသဖြင့် ယင်းအခိုက်၌ အလုပ်အကိုင်ဘက်သို့ အာရုံပြုလိုက်ရ၏။ ထိုအချိန်တွင်မိတ်ဆွေဟောင်းများဖြစ်ကြသော ဦးစည်နှင့် ဦးကြည်တို့၏ ဦးလေးတော်သူဦးချိုသည် ပညာဝန်ဖြစ်နေသည် သို့သော်ဦးစည်၏ တိုက်တွန်းကူညီမူ့ဖြင့် မူလလုပ်ခဲ့သည့်အလုပ်ဖြစ်သော ပညာအုပ်အလုပ်ကို မော်လမြိုင်ကျွန်းမြို့ ၌ပြန်ဝင်လိုက်ရပြန်သည်။ မော်လမြိုင်ကျွန်းမြို ပညာအုပ်အလုပ်တွင် သူသည် ကျောင်းများသို့ သွားရောက်စစ်ဆေးလိုက် အချင်းချင်းရယ်စရာ မောစရာလေးတွေပြောလိုက် နှစ်ကုန်လျှင် နှစ်ချုပ်လုပ်လိုက်သဖြင့် တစ်နှစ်ဆိုသည်ကိုပင် ကုန်မှန်းမသိ ကုန်သွားလေတော့သည်။ ထိုသို့ဖြင့် မော်လမြိုင်မှမအူပင်သို့ ပြောင်းရွေ့လာခဲ့ရပြန်သည်။ ဤတွင် မူလကတည်းက စောဟန်တာသာမွှေး၏ ရင်ထဲတွင် စွဲလမ်းနေသော အမျိုးသားရေးလုပ်ငန်းသည် မအူပင်မြို့အရောက်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။ ထိုစဉ်က သူသည်မအူပင်၏ ပညာအုပ်ဖြစ်သည်။ မန်းပေါလ်းအေးငြိမ်းမှာ အေဘီအမ်အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်၍ မန်းဘဇန်မှာ အထက်တန်းပြဆရာဖြစ်နေသည်။ ကေစီအိုဖွဲ့စည်းသောအခါ မန်းဘဇန်သည် စောဘဦးကြီးတိုက်တွန်းမူ့ဖြင့် မအူပင်ခရိုင်ကိုယ်စားပြု အမူ့ဆောင်လူကြီးတစ်ဦး ဖြစ်လာသည်။ နောက်ပိုင်းတွင် စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့သည် ဌာနဆိုင်ရာအလုပ်မှ အသီးသီးနုပ်ထွက်လိုက်ကြပြီး ကေအဲန်ယူ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကေအဲန်ဒီအို၏ အဓိကခေါင်းဆောင်းမျာ ဖြစ်လာကြသည်။ အထူးသဖြင့် မအူပင်ဘဏ်နှင့် မအူပင်မြို့ကိုဖောက်ထွင်းစီးနင်းချိန်တွင် စောဟန်တာသာမွေးသည် မအူပင်ခရိုင်၌ ရှိနေချိန်တွင်ဖြစ်သည်။ အထူးသဖြင့် ကေအဲန်ဒီအို အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးထဲသို့ စီးဆင်းသွားရာတွင် စောဘဦးကြီး၊ မန်းဘဇန၊် စောဟန်တာသာမွှေးတို့ သုံးဦးရှိကြသည့်အနက် စောဟန်တာသာမွှေးသည် အဓိက ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထိုမှစောဘဦးကြီးနှင့် ဖဆပလအစိုးရတို့၏ အင်းစိန်ငြိမ်းချမ်းရေးသဘောတူညီချက်ကို အဓိက လက်မခံခဲ့သည့် ကေအဲန်ဒီအို ခေါင်းဆောင်နှစ်ဦးဖြစ်သော မန်းဘဇန် စောဟန်တာသာမွေးတို့အနက်တွင်လည်း စောဟန်တာသားမွှေးသည်လည်း အဓိကတစ်ဦးပင်ဖြစ်သည်။ စေဘဦးကြီးအကြံပြုချက်အရ မန်းဘဇန်သည် ကေအဲန်ဒီအို ဥက္ကဌအနေဖြင့် ဖဆပလအစိုးရထံ ဒုတိယအကြိမ် ငြိမ်ချမ်းရေးသွားရောက်ဆွေးနွေးရ၏။ ယင်းဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမူ့ကိုလည်း လက်မခံနိုင်သဖြင့် အစည်းအဝေးက ပယ်ချလိုက်ပြန်သည်။ ယင်းဒုတိယအကြိမ် လက်မခံနိုင်၍ ဖဆပလထံ ပြန်လည်အကြောင်းကြားစာကို စောဟန်တာသာမွှေးနှင့် အင်းစိန်စစ်မြေပြင် စစ်ဆင်ရေးမူး အောင်စိန်တို့ကပင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုမှ ကေအဲန်ဒီအိုတို့၏ လက်ဝယ်တွင်ရှိနေသော အင်းစိန်သည် (၁၉၄၉)ခုမေလ ၂၂ရက်နေ့တွင် အစိုးရလက်ထဲ ပြန်ရောက်တော့မည်ဖြစ်၍ လုံခြုံရေးအရ စောဘဦးကြီးနှင့် ခေါင်းဆောင်အသီးသီးတို့သည် ကြိုတင်ရွေ့ပြောင်းသွားကြ၏။ သိုရာတွင် ၁၉၄၉ခု မေလ၂၁ရက်နေ့အထိ အင်းစိန်တွင် တစ်ဦးတည်းရှိနေသေးသော ကေအဲန်ယူ ကေအဲန်ဒီအို ခေါင်းဆောင်မှာ စောဟန်တာသာမွှေးသည် အင်းစိန်မှ အင်းစိန်တဘက်ကမ်းသို့ တစ်ဦးတည်းထွက်ခွာလာသည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်နေသည်။ စောဘဦးကြီး ကျဆုံးပြီးနောက်အခြေအနေ ၁၉၄၉ခုနှစ် သြဂုတ်လ၁၂ရက်နေ့ စောဘဦးကြီးကရင်ပြည်နယ်အတွင်း ကျဆုံးသွားချိန်တွင် စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့နှစ်ဦးသည် မြစ်ဝကျွန်းပေါ်ဒေသ၏ ပူးတွဲခေါင်းဆောင်အဖြစ် ရှိနေကြသည်။ စောဘဦးကြီး၏ ခေါင်းဆောာင်နေရာတွင် အရှေ့ဘက်ဒေသတွင်ရှိသော (KNU_KNDO)ခေါင်းဆောင်များအနက်မှ အထက်တန်းအရာရှိကြီးဖြစ်ခဲ့သော ဂျေဖူးညိုနှင့် မေဂျာစောလုံတို့အား ရွေးချယ်ရန် ယာထားခဲ့သော်လည်း (KNU_KNDO)တပ်တွင်းတပ်ပြင်ကလက်မခံ စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့အနက် တစ်ဦးဦးကိုသာ လက်ခံနိုင်မည်ဟု ပြန်ကြားလိုက်ကြ၏။ ဤတွင် စောဘဦးကြီး၏ နေရာတွင် ခေါင်ဆောင်မူ့ ဆက်ဆံရေးမှာ စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့နှစ်ဦးပေါ်သို့ ကျရောက်လာခဲ့ပြီးဖြစ်သည်။ ဥက္ကဌကြီးစောဘဦးကြီနေရာမှာ ခင်ဗျားတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်တ က်ပြီး တာဝန်ယူဖို့တောင်းဆိုတယ်။ ဒီအခါ ကျွန်တော်တို့က ဟန်တာသာမွှေးကိုပြောမယ် ခင် ဗျားသွားပြီးတော့ စောဘဦးကြီးနေရာမှာ တာဝန်ယူ ကျွန်တော်ကတော့ မြစ်ဝကျွန်းပေါ်မှာနေခဲ့မယ်။ မြစ်ဝကျွန်းပေါ်ကို ဆက်လက်ပြီးထိန်းသိမ်းဖို့ လိုသေးတယ်။ အခြေအနေကလည်း ဒီလိုဖြစ်တယ်။ အခြေအနေဆိုးနေတဲ့အတွက်ကြောင့် ကျွန်တော်ဒီမှာနေခဲ့မယ်။ ခင်းဗျားသွားပါ ဒီလိုသဘောတူညီချက်ရတယ်။ ရတော့ ဟန်တာသာမွှေးကို ကရင့်တော်လှန်းရေးသမားတွေ ဥက္ကဌကြီးနေရာကို တာဝန်ယူဖို့ ရွေးကောက်တင်မြောက်လိုက်တယ်။ ထို့နောက် မန်းဘဇန်ကပင် ဆက်လက်ပြီးဖေါ်ပြထားသည်မှာ ဟန်တာသာမွှေးဟာ တောင်ငူဘက်မသွားခင် မြစ်ဝကျွန်းပေါ်ဒေသမှာ နေသေးတယ်။ အဲဒီအခါမှာ တော်လှန်ရေးအခြေအနေအတွက် ကျွန်တော်တို့နှစ်ယောက် တိုင်ပင်ဆွေးနွေးကြတယ် ။ ဘယ်လိုလုပ်ကြမလဲ။ အခြေနေကလဲမကောင်ဘူး။ တော်လှန်ရေးအခြေအနေကောင်းဖို့ နည်းလမ်းရှာကြဖို့ ပထမ ကျွန်တော်တို့ချမှတ်ထားတဲ့ (CAS (K)Civil affair service (Kaw Thoo lai)အုပ်ချုပ်ရေးမျိုးတော့မဖြစ်ဘူး။ တဗိုလ်တမင်းတွေပေါ် ညီညွတ်မူ့ တွေကွဲပြီးတော့ အခုလို အခြေအနေဆိုးဖြစ်ပေါ်လာရတယ်။ ဒါကြောင့်ကျွန်တော်တို့ တခုခုရှာကြမယ်။ ကရင့်တော်လှန်းရေးအတွက် ထွက်ပေါက်ရှာကြမယ်။ အဲဒီလိုကျွန်တော်တို့နှစ်ယောက် လေ့လာသုံးသပ်လို့ရတယ်။ ယင်းသို့ မန်းဘဇန်က စောဟန်တာသာမွှေးအား တောင်ငူသွား၍ စောဘဦးကြီးနေရာ တွင် ခေါင်းဆောင်မူ့ဆက်ခံရန် တိုက်တွန်းခြင်းမှာ စောဟန်တာသာမွှေးသည် ပညာအုပ်အလုပ်ဖြင့် တောင်ငူနှင့် ညောင်လေးပင်အတွင်း ကျွမ်းကျင်မူ့ရှိသည့် အကြောင်းသည်လည်း ပါဝင်နေသည်။ ဒုတိယလမ်းစဉ်နှင့် စောဟန်တာသာမွှေး ဘဇန်ရေ ကရင့်တော်လှန်ရေးတော့ ကွဲသွားပြီး ဒါပေမဲ့မကွဲအောင်လုပ်ဖို့တော့ အရေးကြီးတယ်။ မင်းနဲ့ငါဒါကို ဝင်ပြီးတော့ ထိန်းသိမ်းပေးရမယ်။ ဒီအကွဲအပြဲတွေကို ခင်ဗျားနှင့် ကျွန်တော်တို့ပြန်ခေါင်းဆောင်ပြီး ဖြေရှင်းရမယ်ဟုပြောကာ ၄င်းမှ သဘောတူ လက်ခံသည်။ (မန်းဘဇန်)နှင့် ကရင့်တော်လှန်းရေးမှ) စောဘဦးကြီးရှိစဉ် မြစ်ဝကျွန်းပေါ်ဒေသ (KNU_KNDO)ကို စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့သည် ပူးတွဲခေါင်းဆောင်ခဲ့ကြသည်။ စောဘဦးကြီးကျဆုံးသည့်နောက်တွင်လည်း (၁၉၅၃)ခုနှစ် စောဟန်တာသာမွှေး (KNU)အရှေ့တိုင်းသို့မသွားမီအထိ KNU တခုလုံး သူတို့နှစ်ဦးပင် ခေါင်းဆောင်ခဲ့ကြသည်။ စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့သည် မအူပင်တွင် ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းနေရမှ အမျိုးသားနိုင်ငံရေးလောကသို့ အတူတကွ ဝင်လာကြသူနှစ်ဦးပင်ဖြစ်သည်။သို့ရာတွင် သူတို့နှစ်ဦးသည် ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေးအရ ခွဲမရအောင် ရှိခဲ့သူနှစ်ဦးလည်းဖြစ်သည်။ သို့ရာတွင် KNU ၏ ဒုတိယလမ်းစဉ် ကြောင့်ခေါင်းဆောင်များသည်လည်း ကွဲခဲ့ကြရသည်။ နောက်ဆုံးတွင် စောဟန်တာသာမွှေးနှင့် သူ၏ နောက်လိုက်များသည် ၁၉၆၃-၆၄ခုနှစ်တွင် ငြိမ်းချမ်းရေးအကြောင်းပြချက်နှင့် ဥမဒေအတွင်းသို့ ပြန်ဝင်ခဲ့ကြလေသည်။ အထူးသဖြင့် ၁၉၅၁ခုနှစ် ဖဆပလ အစိုးရ၏ နိုင်ငံရေး စစ်ရေးထိုးစစ်ကြောင့် KNUမှာ အကြပ်အတည်း အထွတ်အထိပ်သို့ ရောက်ရိုနေစဉ် မူလအမျိုးသားရေးလမ်းစဉ်အဖြစ် သွား နေရာမှ ကေအဲန်ယူသည် ယင်းအကြပ်တည်းများမှ လွတ်မြောက်နိုင်စေရန် နိုင်ငံရေးလမ်းစဉ် တရပ်ကို ရှာဖွေခဲ့ကြလေသည်။ ယင်လမ်းစဉ်သည် ကေအဲန်ယူ၏ ဒုတိယလမ်းစဉ်ဖြစ်သည် ယင်းဒုတိယလမ်းစဉ်ကို ၁၉၅၁ခုနှစ်၌ ဝါးခယ်မမြို့နယ်အရှေ့ခြမ်း မြဂိုချောင်းအတွင်းရှိ ပရိုက်သောင်တန်းရွာတွင် ခေါင်းဆောင်းများ စုံညီချမှတ်ခဲ့သည့် လမ်းစဉ်လည်းဖြစ်သည်။ ယင်းဒုတိယလမ်းစဉ်ချမှတ်သောညီလာခံကို ကရင့်ဘာသာအားဖြင့် ဝန့်ထောင် ကွန်ဖရင့် ရွှေမြို့တော်ကွန်ဖရင့်ဟူ၍လည်းခေါ်သည်။ ကေအဲန်ယူအလှည့်အပြောင်းတခုဖြစ်သော ဒုတိယလမ်းစဉ်ကို အစပျိုးချမှတ်ခဲ့ခြင်းနှင့် ပါတ်သက်၍ မန်းဘဇန်က အောက်ပါအတိုင်းဖော်ပြထားလေသည်။ ဟန်တာသာမွှေးက ကဲစမ်းကြည့်တာပေါ့ မဖြစ်ရင်လည်းမဖြစ်ဘူး ဖြစ်ရင်လည်းဖြစ်သလို ဆက်လုပ်မယ် ဒီလိုဆိုရင်ကောင်းပြီးဆိုပြီးတော့ ဒုတိယလမ်းစဉ်လို့ အမည်ပေးလိုက်တယ်။ ကရင့်တော်လှန်ရေးလမ်းစဉ် (ဒုတိယလမ်းစဉ်)လို့ အမည်ပေးလိုက်တယ် ၁၉၄၉ခုနှစ်က လက်နက်ကိုင်တော်လှန်ရေးစတော့ ကရင်ပြည်နယ်ရရှိရေးနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေးလောက်သာ သိခဲ့ကြသည်။ လမ်းစဉ်လုပ်ငန်းစဉ်တွေ တိတိကျကျချမှတ်ထားခြင်း မရှိခဲ့ဘူး။ ယင်းဒုတိယလမ်းစဉ်ချမှတ်ခြင်းကြောင့် မူလ ကေအဲန်ယူ ၏သီးခြားကရင်ပြည်နယ်ထူထောင်ရေးမှ ပြည်ထောင်စုအတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကရင်ပြည်နယ်ထူထောင်ရေးဆီသို့ ပြောင်းလဲသွားလေသည်။ ဒုတိယလမ်းစဉ်နှင့် အဆင့်ဆင့် စောဟန်တာသာမွှေးနှင့် သူခေါင်းဆောင်သော ကေအာစီခေါ် ကရင့်တော်လှန်းရေးကောင်စီ အဖွဲ့ဝင်များသည် ၁၉၆၃ခုနှစ် ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရသည်ဆိုကာ ဥပဒေအတွင်းပြန်ဝင်လာသည်။ ထိုမှ ငြိမ်းချမ်းရေးအောင်မြင်မှု အခမ်းအနားတရပ်အနေဖြင့် ၁၉၆၄ခုနှစ် မတ်လ၂၂ရက်နေ့ညတွင် စောဟန်တာသာမွှေးသည် မြန်မာ့အသံမှနေ၍ အထက်ပါ ကေအဲန်ယူ၏ ဒုတိယလမ်းစဉ်နှင့်တကွ အဆင့်ဆင့်သောနည်းလမ်းများကို ဝေဖန်ပြောကြားသွားသည်။ ဘုရားလမ်းစဉ် ကရင့်တော်လှန်ရေးမှာ လွန်ခဲ့သည့် ၁၅နှစ်က ပေါ်ပေါက်ခဲ့ရာ ကျော်လွန်ပြီးဆုံးသွားခဲ့သော အချိန်ကာလကို ပြန်လည်သုံးသပ်သည့်အခါ ဘုရားသခင်၏ပို့ဆောင်ခြင်းကို ခံခဲ့ရကြောင်း ကျွန်တော်တွေ့ရပါတယ်။ ကျွန်တော်တို့လက်နက်အင်အားနှင့် အစိုးရ၏လက်နက်အင်အား ကွာခြားစေကာမူ ၁၅နှစ်အတွင်းဖြစ်ပေါ်ခဲ့သော တိုက်ပွဲများ၌ အထိအခိုက်နည်းပါးတာ တွေ့မြင်ရပါတယ်။ တိုက်ပွဲတွင် ကျဆုံးသူစာရင်းမှာ ကျွန်တော်တို့အချင်းချင်း သတ်ဖြတ်ခြင်းနှင့် အနာရောဂါကြောင့် သေဆုံးခြင်းစာရင်းထက်နည်းပါသည်။ ဤကဲ့သို့ ဖြစ်ခြင်းကြောင့် ဘုရားဂုဏ်ကျေးဇူးကို ချီးမွမ်းပါသည်။ လွန်ခဲ့သည့် (၁၅)နှစ်ကာလ တော်လှန်ရေးကို ပြန်လည်သုံးသပ်ကြည့်ပါက အချိန်အခါ အားဖြင့် (၄)ပိုင်းခွဲးခြားနိုင်ပါသည်။ (က) ၁၉၄၉-၁၉၅၂ (အနောက်လက်ျာလိုက်သည့်ကာလ) ( ခ) ၁၉၅၃-၁၉၆၀ (အရှေ့ လက်ဝဲလိုက်သည့်ကာလ) ( ဂ) ၁၉၆၁-၁၉၆၄ (ဓမ္မဟောင်းကျမ်းအရ ဘုရားလမ်းစဉ်နှင့်) (ဃ) ၁၉၆၄-မှ ရှေ့ သို့ ဘုရားလမ်းစဉ်ကို ပြည့်စုံစေသည့် ခရစ်တော်လမ်းစဉ် ဟူ၍ဖြစ်ပါသည်။ စောဟန်တာသာမွှေးသည် ဆက်လက်၍ ပထမလမ်းစဉ်နှင့် ဒုတိယလမ်းစဉ်ကိုလည်း အောက်ပါအတိုင်းသုံးသပ်လေသည်။ ၁၉၄၉-၁၉၅၂ ပထမကာလအတွင်း အနောက်တိုင်းသားများ၏ တိုက်ခိုက်ရေးလမ်းစဉ် လူထုစည်းရုံးရေးများကို အမှီသဟဲပြု၍ အနောက်တိုင်းသားများထံမှ အကူအညီရရှိရန်လမ်းရှာ ခဲ့ပါသည်။ ၄င်းလမ်းစဉ်ပြန်လည်သုံးသပ်သည့်အခါ ဘုရားသခင်၏ အလိုတော်မကျကြောင်းထင်ရှားသဖြင့် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးစောဘဦးကြီးနှင့် စန်းကေတို့ သည် မျက်နှဖြူများနှင့် တွေ့ဆုံရန်အတွက် ခရီးထွက်ခွာသွားရောက်စဉ် လမ်းခရီးတွင် ကျဆုံးခဲ့ရပါသည်။ ၄င်းနောက် တရုပ်ဖြူတို့ကို လက်ခံခဲ့ပါသည်။ ကျွန်တော်အတွက် အကူအညီမရသည်သာမက အစီအစဉ်ကို ရှုပ်ထွေးစေပါသည်။ နောက်ဆုံးအစီအစဉ်အရ ဘန်ကောက်မြို့တွင် ကိုယ်စားလှယ်တစ်ဦး သွားရောက်ထားရှိရာတွင်လည်း ငွေများပိုကုန်ကျပြီး ခေါင်းဆောင်းအချင်းချင်းသ ဘောကွဲလွဲခဲ့ရပြန်ပါသည်။ လက်ဝဲလမ်းစဉ် စောဟန်တာသာမွှေးသည် ပထမလမ်းစဉ်ကို လက်ျာလမ်းစဉ်အဖြစ် အမည်ပေးဝေဖန်ပြီးနောက် ဒုတိယလမ်းစဉ်ကိုမူ လက်ဝဲလမ်းစဉ်အဖြစ်သတ်မှတ်ကာ အောက်ပါအတိုင်း ဆက်လက်ဝေဖန်ထားပြန်လေသည်။ သို့အတွက်ကြောင့် ၄င်းလမ်းစဉ်ကို စွန့်လွတ်ပြီး ဒုတိယကာလတွင် လက်ဝဲအနီလမ်းစဉ်အရ ဆောက်ရွက်ရာ စတင်သည့်နေမှ စ၍ အချိန်ကြာညောင်းလာသည်နှင့် လူထုကိုထိခိုက်လာကြောင်းကို တွေ့ရပါသည်။ အစတွင် အလွန်ကောင်းပါသည်။ လူထုများက အခွင့်အရေးပိုမိုရရှိလာသဖြင့် ကျွန်တော်တို့ အားအကူအညီပိုမိုပေးနိုင်ပါသည်။ အချိန်ကြာမြင့်လာသည့်အခါ ၄င်းဝါဒလမ်းစဉ်သည် လူငယ်တို့ကို လွမ်းမိုးကာ လူထုများကိုလည်း ဝါဒလမ်းစဉ်အတွင်းသို့ အတင်းသွတ်သွင်းခဲ့ပါသည်။ အခြေအနေရှုပ်ထွေးလာ၍ အချောင်သမားများ၏ ပြုမူချက်အရ အနည်းငယ်လုပ်ကိုင်စားသောက်နိုင်သူများ၏ လယ်မြေများသည် အတင်းအားဓ မ္မသိမ်းယူ ခွဲဝေခြင်းခံရသည်သာမက ပစ္စည်းအတော်အသင့်ရှိသူ အမျိုးနွယ်ခေါင်းဆောင်များပင် အထင်အမြင်သေးခံရ၍ ရန်သူအဖြစ် သတ်မှတ်ခြင်းခံရပါသည်။ ကျွန်တော်ကိုယ်တိုင်ပင် ကိုယ်ပိုင်ငွေဆယ်ကျပ် မြေတဧကမျှ မပိုင်ဆိုင်သော်လည်း ယိမ်းယိုင်သေားအမျိုးသား ဓနရှင်တစ်ဦးဟုဆိုပြီး အနားပေးရန် ရည်ရွယ်ကြပါသည်။ လမ်းစဉ်ကို သွေဖီသည်ဟု ပြောဆိုခြင်းကြောင့် ကျွန်တော်တို့အတွင်း သဘောကွဲလွဲမှု ပေါ်ပေါက်လာခဲ့ရပါသည်။ ရွေစာငွေစာ စောဟန်တာသာမွှေးသည် သူနှင့်သူ့အဖွဲ့ဝင် ကေအာစီများ ဥပဒေတွင်း ပြန်ဝင်ရောက်လာခြင်း ကို ဗိုလ်ချုပ်နေဝင်းအစိုရက တော်လှန်ရေးကောင်စီနှင့် သူ၏ ကေအာရ်စီ တို့ငြိမ်းချမ်းရေးရရှိ သည်ဟု ကြေငြာသည်။ ယင်းကိုပင် သူက ဓမ္မတာဟောင်းနှင့် ဓမ္မတာကျမ်းအရ ရွှေစာ၊ ငွေစာ လမ်းစဉ်အဖြစ် မြန်မာ့အသံတွင် ဆက်လက်၍ ထုတ်ဝေသွားခဲ့လေသည်။ သဘောထားကွဲလွဲမြှု ဖစ်ပေါ်ပြီးသည့်နောက် တတိယကာလဖြစ်သော ၁၉၆၀-၁၉၆၄ ခုနှစ်ကာလအတွင်း ကေအာရ်စီ ဓမ္မဟောင်းကျမ်းအရ ဘုရားလမ်းစဉ်ကို ပြန်လိုက်ကြပါသည်။ ဘုရား၏ ရွေးကောက်ခြင်းခံရသော က္ကသရေလ (အစ္စရေး)မျိုးတို့တွင် တိုင်းပြည်နှင့် ပြန်လည် လွတ်လပ်ခွင့် ပြန်လည်ရရှိရန် ၄င်းတို့၏ အားပညတ်တရားများ ချမှတ်ပေးသည်သာမက တရားသူကြီး ပရောဖက်များ သွန်သင်ဆုံမခြင်း ဘုရား၏ ဆုံမခြင်းကို ခံရပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့ သင်ခန်းစာရယူနိုင်ရန်အတွက် အဖိုးတန်တရားတော်များကို ချမှတ်ပေးသည့်အတွက် ဘုရားကို ချီးမွမ်းရန်လိုပါသည်။ ဓမ္မသစ်နှင့် ဓမ္မဟောင်းကျမ်းနှင့် ရှေ့လူကြီးတို့ ရွှေစာနှင့်ငွေစာသည် တစ်ခုတည်းပေါင်းထားသည်အလျောက် ဓမ္မသစ်ကျမ်းကိုပါ လက်ကိုင်ထားရပါသည်။ ၁၉၆၄ခုနှစ်မှ ရှေ့သို့ချီတက်ရာတွင် ရွေစာနှင့်ငွေစာ (ဓမ္မသစ်နှင့်ဓမ္မဟောင်းကျမ်း)ညွန်ပြသည့်အတိုင်း ချီတက်ရမည်။ ဓမ္မဟောင်းကျမ်းတွင် အမျိုးသာတော်လှန်ရေးအတွက် လမ်းညွန်ပြ၍ ဓမ္မသစ်ကျမ်းမှာမူ စားဝတ်နေရေးအတွက် လမ်းညွန်ပေးနေပါသည်။ စသဖြင့် စောဟန်တာသာမွှေးသည် သူ၏လမ်းစဉ်ကို မြန်မာ့အသံမှတဆင့် အကျယ်တဝင့် တင်ပြသွားလေသည်။ ထိုစဉ်က တော်လှန်ရေးကောင်စီ စစ်အစိုးရသည် မုဆိုးကော်ကဆာဟန်တာသာမွှေးနှင့် သူ၏ကေအာရ်စီအား ဆုချသည့်အနေနှင့် စောဟန်တာသာမွှေး တောင်းဆိုသည့်အတိုင်း ကရင်ပြည်နယ်ကိုကော်သူလေးအနေဖြင့် အမည်ပြောင်းပေးခဲ့သည်။ သို့ရာတွင် ၁၉၇၄ခုနှစ်ဖွဲစည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံပွဲကျင်းပသောအခါ အများ၏ဆန္ဒအရ တဖန်ကော်သူလေးမှ ကရင်ပြည်နယ်အမည် ပြန်ဖြစ်သွားလေသည်။ စောဟန်တာသာမွှေး၏ ကေအာရ်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သော ပဒို ဘထွန်းမှာ ကော်သူလေးဦးစီးအဖွဲ့ဖြစ်လာ၍ စောဟန်တာသာမွှေးမှာ ရန်ကုန်ပြည်လမ်းရှိ ပညာရေးသုတေသန ဗျူရို တွင် ပညာရေးအထူးအရာရှိဖြစ်လာသည်။ စောဟန်တာသာမွှေးခေါင်းဆောင်၍ ကေအာရစီအဖွဲ့ဝင်များ ဥပဒေတွင်ပြန်ရောက်လာရာတွင် လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ တပ်မဟာ (၃)နှင့် တပ်မဟာ (၅)တပ်မူးများလည်း ပါဝင်လာကြသည်။ နောက်ပိုင်းတွင် တပ်မဟာ (၅)၏တပ်မူးဖြစ်သူ ဗိုလ်လင်းထင်သည် တောတွင်းသို့ပြန်သွားရန် စီစဉ်နေသည်ဟု စစ်တပ်ကယူဆပြီး လက်ဦးမူရယူကာ ဗိုလ်ထင်လင်းအား အသေဖမ်းဆီးလိုက်သည်။ ဤသို့ဖြင့် ထိုစဉ်ကစောဟန်တာသာမွှေး၏ ကေအာရ်စီနှင့် တော်လှန်ရေးကောင်စီအစိုရတို့၏ သဘောတူညီချက်များ အဆုံးသပ်သွားသည်ဟုလည်း အဆိုရှိသည်။ တပို့တွဲလဆန်းတစ်ရက် ကရင့်နှစ်သစ်ကူး စောဟန်တာသာမွှေးသည် ပညာရေးလောကသားတစ်ဦးဖြစ်၍ သူ၏ ဥပဒေအတွင်းသို့ ပြန်ရောက်လာသောအခါ ၁၉၃၈ခုနှစ်မှ အစပြု၍ တရားဝင်ကျင်းပလာခဲ့သော ပြာသိုလဆန်းတစ်ရက် ကရင့်နေသစ်ကူးနေ့အစား တပို့တွဲလဆန်း တစ်ရက်နေ့တွင် ပြောင်းလဲကျင်းပရန် အပြင်းအထန်လှုံ့ဆော်၍ ကြိုးပမ်းခဲ့လေသည်။ သို့ရာတွင် ဥပဒေအတွင်း၌ ရှိနှင့်နေပြီးဖြစ်သော ကရင်အဖွဲ့အစည်းများ ကရင်ခေါင်းဆောင်းများနှင့် ကရင့်လူထုက အကြောင်းအချက်နှစ်ရပ်ဖြင့် တင်းခံနေခဲ့ကြလေသည်။ ပထမအကြောင်းမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ် ပြာသိုလဆန်းတစ်ရက်နေ့တွင် ကျင်းပလာခဲ့သော ကရင့်နှစ်သစ်ကူးနေ့ကို တပို့တွဲလဆန်းတစ်ရက်နေ့သို့ ပြောင်းရွေ့ကျင်းပ ရာမှ အငြင်းပွားမူ့များဖြစ်လာ၍ ထိုစဉ်က အစိုးရမှ ရပ်ဆိုင်းပစ်မည်ကို အလိုမရှိကြောင်း ဒုတိယအကြောင်းမှာ စောဟန်တာသာမွှေး၏ ကေအာရ်စီနှင့် တော်လှန်ရေးကောင်စီအစိုးရတို့၏ ငြိမ်းချမ်းရေးသဘောတူညီချက်သည် မြန်မာနိုင်ငံအတွက် ပြည့်စုံသော ငြိမ်းချမ်းရေးကို မရနိုင်သည့်အပြင် ကရင့်အမျိုးသားများ၏ အမျိုးသားရေးအလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မယုံကြည်ကြသောကြောင့် ထိုသို့ တင်းခံနေကြခြင်းဖြစ်သည်။ စောဟန်တာသာမွှေးသည် ပညာရေးလုပ်ငန်းတွင် ဝါသနာထက်သန်သူဖြစ်၍ ပထမ နေ့တွင် နေဝင်၊ နေထွက်နှင့် လဝန်း၊ လထွက်ကို အကြောင်းပြု၍သူ၏ သုတေသန ပြုချက်များအပေါ် ၁၃ လပြက္ခဒိန်တခုကို ထုတ်ဝေခဲ့သည်။ ထိုမှ အရှေ့တိုင်းသားများဖြစ်ကြသော တရုတ်ဗီယနမ် လူမျိုးများ၏ တပို့တွဲလတွင် ကျရောက်သော နှစ်သစ်ကူးကျင်းပပုံများကို ထောက်ပြသည် သူသည် ကရင့်နှစ်သစ်ကူးနေ့ကို ကျင်းပသင့်ကြောင်း သုတေသန ပြုချက်အပေါ်တွင် ၁၉၈၀-၈၁ နှစ်သို့ ရောက်သောအခါ မန်းဘဆိုင်က သူ၏ ပြာသိုလဆန်းတရက် ကရင့်နှစ်သစ်ကူးနေ့ သုတေသန ပြုချက်စာတန်းကို ကရင့်ပြက္ခဒိန်တွင် ထည့်သွင် ပြန်လည်ခြေပခဲ့လေသည်။ အတန်ကြာလျှင် စောဟန်တာသာမွှေး၏ တပို့တွဲလဆန်းတစ်ရက် ပြာသို့လဆန်းတစ်ရက် ကရင့်နှစ်သစ်ကူးနေ့သည် ကရင်လူထုလက်မခံသောကြောင့် နောက်သို့ပြန်ဆုတ်သွားရပြီး ပြာသိုလဆန်းတစ်ရက် ကရင့်နေ့သည်သာ ဗိုလ်နေမြဲကျားနေမြဲ ပြန်ဖြစ်သွားသည်။ အသက်၇၀ကျော် ဟန်တာသာမွှေးသည် လူကြီးရောဂါဖြင့် အနောက်ပိုင်းဆေးရုံ၌ ဆေးဝါးကုသခြင်းခံယူခဲ့ရသည်။ သိုရာတွင် မည်သည့်နိုင်ငံတော်၏ ကူညီပံ့ပိုးမူ့ကိုမှမရဘဲ မိမိ၏စရိတ်ဖြင့် မိမိဆေးဝါးကုသခံရခြင်းဖြစ်သည်။ ကျွန်တော်သည် မုဆိုးကော်ကဆာဟန်တာသာမွှေးအား နောက်ဆုံးဂါရဝပြုခြင်းအနေဖြင့် အနောက်ပိုင်းဆေရုံတွင် သူအားသွားတွေ့ခဲ့သည်။ ဤသို့ဖြင့် မုဆိုကော်ကဆာဟန်တာသာမွှေးသည် အင်းစိန် ကြိုးကုန်းနေအိမ်တွင် ကွယ်လွန်သွား၏ ဈာပနအခမ်းအနားကို ပြင်ဆင်ပြသရာတွင် ထိုစဉ်က စာပေစီစစ်ရေးက ခွင့်မပြုခဲ့သော ကျွန်တော်၏ မုဆိုကော်ကဆာဟန်တာသာမွှေး အတ္ထုပတ္တိစာမူကို စေယဟန်တာသာမွှေး၏ ဦးခေါင်းရင်းထိတ်တွင် ပြသထားလေသည်။ မန်းဆိုးကမို ဘလော့မှ ကူးယူသည်စောဘဦးကြီး အတ္ထုပ္ပတ္တိ (သမီးဖြစ်သူ(သဲလ်မာကြီး)ကိုယ်တိုင် ရေးသားပြုစုသည်)
သမီးဖြစ်သူ(သဲလ်မာကြီး)ကိုယ်တိုင် ရေးသားပြုစုသည်။
ပါးပါးကျဆုံးသွားတာနဲ့  သူပိုင်တဲ့ဟိုင်းကြီးနဲ့  လယ်မြေတွေ အကုန်ဆုံးတော့တာပါပဲ ဖူးဖူး(အဘိုး)စောသာမြတ်ကြီးဟာ ပါးပါး (စောဘဦးကြီး)ရဲ့  ဖခင်ဖြစ်ပါတယ်။ အဘိုးဟာလူမှုဝန် ထမ်း စိတ်ဓါတ်ပြင်းထန်သူ တယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ကရင်လူမျိုးတွေရဲ့  ပညာရေးကို မြှင့် တင်လို စိတ်ရှိ သူတဦး ဖြစ်ပါတယ်။ အဲဒီမြှင့်မြတ်တဲ့ မျိုးချစ်စိတ်ကို သူရဲ့ သားသမီး (၄)ယောက်ကို အ မွေအဖြစ်ပေးခဲ့ပါတယ်။ ဖူးဖူးဟာ ချမ်းသာတဲ့ လယ်ရှင်တဦးဖြစ်ပေမဲ့  မြို့ ပြလူနေမှုစနစ်ကို မနှစ် သက် ပါဘူး။ သာမန်လယ်သမားတွေနဲ့  အတူ သူရဲ့  ဇာတိဖြစ်တဲ့ ဘဲကရက်ရွာ(ပုသိမ်မြို့ အနီး)မှာ နေရတာ ကို ပိုနှစ်သက်ပါတယ်။ အန်တီရဲ့  ကလေး ဘ၀ကို မှတ်မိပါသေးတယ်။ အန်တီရဲ့ လက်ကိုဆွဲပြီး ဖူးဖူး ဟာ သူရဲ့ လယ်တဲ ခေါ်သွားတယ်။ ပြီးတော့ တည် ငြိမ်လေသံနဲ့ “ဖိုးမူးလေး (သမီးလေး)မင်းမျက်စိတ ဆုံး မြင်ရတဲ့လယ်တွေဟာ ဒို့ မိသားစုအားလုံးပိုင်တယ်”လို့ ပြောဖူးပါတယ်။ ဖူးဖူးဟာ ပစ္စည်းဥစ္စာနဲ့  ဇိမ်ခံတတ်သူမဟုတ်သလို အိမ်ကိုလည်း တခန်းတနားဆင်ပြင်တတ်သူ မဟုတ်ပါဘူး။ လူကြီးတဦးအနေနဲ့  လယ်သမားအားလုံးကို မျှတကြင်နာတဲ့ စိတ်နဲ့ အမြဲတမ်းဆက်ဆံပါတယ်။ ပုသိမ်မှာ ရှိတဲ့ စကောကရင်အထက်တန်းကျောင်းကို အမြဲကူညီပါတယ်။ ကိုသာဖြူကျောင်း ဟောင်း ဟာ အရင် သစ်သားအဆောက်အဦးကို လူ(၂၀၀၀)ဆန့် တဲ့ ကွန်ကရစ်အဆောက်အဦးဖြစ် လာအောင် ဆောင် ရွက်ပေးခဲ့ပါတယ်။ ပုသိမ်တနယ်လုံးဟာ ဒီကျောင်းကို အားကိုးအားထားပြုရပါ တယ်။ ဒါဟာ ပါးပါး (စောဘဦး ကြီး)မိသားစုရဲ့  နောက်ခံသမိုင်းကြောင်းတခုဖြစ်ပါတယ်။ သူတို့ မိ သားစုအားလုံး တာဝန်သိပြီး စည်းလုံးကြပါ တယ်။ ပါးပါး (စောဘဦးကြီး)ကို ၁၉၀၃ ခုနှစ် အောက်တိုဘာလ (၇)ရက် မှ မွေးပါတယ်။ အထက်တန်း ပညာ ကို မော်လမြိုင်နှစ်ခြင်းခရစ်ယာန်အထက်ကျောင်းမှာ သင်ယူခဲ့ပါတယ်။ (အဲဒီတုန်းက ကျောင်း ဆရာအများစု ဟာ အင်္ဂလိပ်လူမျိုးတွေဖြစ်ပါတယ်။) တိုက်ဆိုင်မှုတခုကို ပြောရရင် ပါးပါးရဲ့  သမိုင်း ဆရာမ မစ္စ(စ်)ဂျုံး Mrs J0n es ဟာ အန်တီကို “ကလောမြို့ ”မှာ စာသင်ပေးခဲ့ပါတယ်။ ဖူးဖူး (စောသာ မြတ်ကြီး)ဟာ ပါးပါး(စောဘဦးကြီး)နဲ့  သူ့ ဝမ်းကွဲညီ(စောဖေသာ)တို့ ကို အင်္ဂလန်လွှတ်ပြီး ဥပဒေပညာ သင်စေခဲ့ပါတယ်။ ပါးပါးဟာ အဲဒီတုန်းက အ သက် (၁၇)နှစ် မပြည့်တတ်သေးပါဘူး။ နာမည်ကြီး အောက်စဖိုဒ့်(OXFORD) နဲ့ ကင်းဘရစ် (CAMGRIDGE) တက္ကသိုလ်တွေမှာ ပညာသင်ဖို့  အတွက် လက်တင် (Latin) လက်တင်ဘာသာတတ်ဖို့  လိုပါတယ်။ ပါးပါးဟာ အိမ်တလုံး ရှာနေတယ်။ ဆရာ တယောက်နဲ့ (Latin)ဘာသာသင်ယူတယ်။ ပြီးတော့ (CAMBRIDGE) တက္က သိုလ်က မက်ဒလင်းကောလိပ် (MAGDALENECOLLEGE)မှာ ဥပဒေပညာ သင်ယူပါတယ်။ (၄)နှစ် ကြာပါတယ်။ ကျောင်းပိတ်တိုင်း သူငှား ထားတဲ့အိမ်ကို ပြန်လာလေ့ရှိတယ်။ အင်္ဂလန်နဲ့ ဗြိတိသျှအင်ပါ ယာတခုလုံးမှာ ရှေ့ နေလိုက်နိုင်ဖို့ နဲ့ အထက် တရားရုံးမှာ (ဗဟိုတရားရုံး) လိုက်နိုင်ဖို့  လန်ဒန်မြို့ က မစ်ဒယ်တင်ပယ် (MiddleTimple) မှာ ဥပဒေ ထပ်သင်ရပါတယ်။ ၁၉၂၉ ခုနှစ်မှာ ပါးပါးဟာ အင်္ဂလန်ရဲ့ အဆင့်မြင့် ဆုံးဥပေးပညာရှင် (BARDISTER AT LAW) ဖြစ် လာတယ်။ အဲဒီနှစ်မှာဘဲ မာမီ (Renee Kemp) နဲ့  အိမ်ထောင်ပြုတယ်။ သားတယောက်နဲ့  သမီး(အန်တီ)တယောက် ထွန်းကားပါတယ်။ တရားရုံးချုပ်ရှေ့ နေဖြစ်တဲ့နှစ် မှာ အန် တီကို မွေးပါတယ်။ အဲဒီနှစ်မှာပဲ အန်တီတို့  မိသားစုအားလုံး မြန်မာနိုင်ငံကို ပြန်လာကြပါ တယ်။ ဦးလေး (စောဖေသာ)လဲ သူ့ ရဲ့ စကော့လူမျိုးဇနီးသည် ဂျင်း(Jean)နဲ့ အတူ ပြန်လာပါတယ်။ ပင်လယ် ခရီးဖြစ်ပါတယ်။ (စောဖေသာ ဟာ ဒုတိယကမ္ဘာစစ်တွင်းက ၀န်ကြီးအဖွဲ့ ဝင်တဦးဖြစ်ပါတယ်။ သူနဲ့ သူ့ ရဲ့  ဇနီးသားသီးတွေဟာ သခင်တချို့ ရဲ့ နောက်လိုက်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာ ခံခဲ့ ရတယ်။ သူရဲ့  သားတဦးဘဲ လွှတ် မြောက်သွားပါတယ်။ ကရင်-ဗမာအဓိဂရုဏ်းရဲ့ အစပိုင်းဖြစ်ပါ တယ်။ အန်တီတို့ နစ်ကောဂေဟာ(Nichol House)မှာ နေကြတယ်။ ကရင်အထက်တန်းကျောင်း တည် ထောင်ခဲ့တဲ့ (DR.Nichol)နေခဲ့တဲ့ အိမ်ဖြစ်ပါတယ်။ အဲဒီ အိမ်မှာ (၈)နှစ် ကြာတယ်။ နောက်တော့ ပု သိမ်မြို့  ပြင်မှာ အိမ်သစ်တဆောင်ဆောက်ပြီး နေပါတယ်။ အဲဒီအိမ်ဟာ ဖူးဖူး(အဖိုး)ရဲ့  လက် ဆောင်ဖြစ် ပါတယ်။ ဖူး ဖူးဟာ သူ့ သားသမီးတိုင်းကို အိမ်တဆောင်ဆီ ဆောက်ပေးပါတယ်။ အိမ်ထဲမှာ ရေချိုးခန်း၊ ရေပိုက်နဲ့  ရေဆွဲ အိမ်သာပါရှိတဲ့ ပုသိမ်မြို့ ရဲ့  ပထမဆုံးအိမ်ပေါ့၊ လာလည်တဲ့မိတ်ဆွေအားလုံးက သ ဘောကျကြတယ်။ ပါးပါးကတော့ ပုသိမ်မြို့ မှာ ရုံးခန်းဖွင့်ပြီး အမှုလိုက်ပါတယ်။ သူ့ ရုံးခန်းဟာ အလွန်ကျော်ကြား တဲ့ ကရင် ခေါင်းဆောင် ဆရာဝန်ကြီး ဆာဒေါက်တာ စံစီဖိုး(Sir DR San C.Po) (Saw Crombe Po) ရဲ့  ဆေးခန်းနဲ့  ကပ် ရက်ဖြစ်ပါတယ်။ သူ့ ရက်ရည်ရွယ်ချက်အတိုင်း ကရင်လူမျိုးတွေအတွက် အဓိက ထား အကျိုးဆောင်ခဲ့ပါတယ်။ နိုင်ငံရေးလုပ်ဖို့ လုံးဝ စိတ်မပါခဲ့ပါဘူး။ အချို့ တွေ ဖေါ်ပြတဲ့ (၁၉၃၇)ခုနှစ် မှာ သူဟာ အစိုးရအဖွဲ့ ဝင်ဖြစ်ခဲ့တယ် ဆိုတဲ့အချက်ဟာ မမှန်ပါဘူး။ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခဲ့ တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ (၁၉၀၅)ခုနှစ် မှာ မွေးတယ်ဆိုတာလဲ မှားပါတယ်။ သူဟာ အားကစား သမားကောင်းတယောက် ဖြစ်ပါတယ်။ မြင်းစီးကျွမ်း ကျင်တယ်။ ရေကူးလည်းကောင်းတယ်။ ဂေါက်သီး ကစားတာကို အလွန်နှစ်သက်ပါတယ်။ ကရင်အမျိုးသား ဘောလုံးအသင်းမှာ ပါဝင်ကစားခဲ့တယ်။ သမီး တယောက်အနေနဲ့  အားကစားဘေးကွင်းကနေ သူ့ ကို အားပေး ခဲ့တာကို မှတ်မိနေတုန်းပါပဲ။ အိမ်ထဲ မှာ အားကစားခန်းလုပ်ပေးထားတယ်။ ကိုယ်ခံပညာတတ်တယ်။ အန်တီ အစ်ကို ကို လက်ဝှေ့ သင်ပေး တယ်။ ကိုယ်ခံပညာနဲ့ ပတ်သက်ပြီး ပါးပါးရဲ့ စိတ်ဓါတ်ကို ပြောပြချင်တယ်။ အဲဒီတုန်းက “ကလော” ကျောင်း ဆောင်ကနေ အိမ်ပြန်လာတဲ့နေ့ ပေါ့။ အစ်ကိုဟာ ကျောင်းသားချင်းရန်ဖြစ်ပြီး ထိုးကြတယ်။ သူ့ မျက်နှာမှာ အညိုအမဲတွေနဲ့ ဖြစ်နေတယ်။ “ဖိုးခွါး ဘယ်လိုဖြစ်လာတာလဲ” လို့  ပါးပါးက မေးတယ်။ “ရန်ဖြစ်လာတယ်”လို့  အစ်ကို (Michkel) က ဖြေတယ်။ ဟိုကောင်တွေရော ဘယ်လိုလို့ လဲ ပါးပါးက မေးပြန်တယ်။ သူတို့  ကျနော့် ထက် ပိုခံရတယ် လို့  အစ်ကို က ပြောတယ်။ ဒါဟာ ပါးပါးရဲ့  စိတ်ဓါတ် ပါ။ “သည်းခံတာကို လေးစားပေမဲ့ စော် ကားတာကိုတော့ လက်မခံဘူး” လူဟာ ကိုယ့်ကိုယ်ကို ခုခံနိုင် ရမယ်လို့  ပြောပါတယ်။ ဖူးဖူးပိုင်တဲ့ ဟိုင်းကြီးကျွန်းကို အန်တီတို့  အပျော်ခရီးထွက်လေ့ရှိတယ်။ ပါးပါးဟာ သူ့ မိတ် ဆွေတွေနဲ့  အမဲပစ်တယ်။ ကျွန်းပေါ်က အိမ်ခြံဝင်းနားကို တောကျွဲတွေကပ်လာရင် လောက်လေးနဲ့  ပစ်ခြောက်လေ့ရှိတယ်။ အန်တီတို့  ပင်လယ်ကမ်းစပ်မှာ နေ့ တိုင်း ရေကူးကြတယ်။ အုန်းနုရေ သောက် ကြတယ်။ငယ်ငယ်တုန်း က ပျောစရာအချိန်တွေကို သတိရနေတုန်းပါပဲ။ ပါးပါးကျဆုံးတာနဲ့  သူပိုင်တဲ့ဟိုင်ကြီးကျွန်းနဲ့ လယ်မြေတွေ အကုန်ဆုံးတော့တာဘဲ။ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဖူးဖူး (အဖိုး) ဆုံးသွားပါတယ်။ ဒါဟာလဲ ကျေးဇူးတော်တာပဲ။ အနိဌာရုံတွေကို မ မြင်သွားရဘူးပေါ့။ ပါးပါးဟာ သူ့ ရဲ့ အသက်တာကို မြတ်နိုးသလို အကောင်းဆုံးလဲ အသက်ရှင်သွားသူ ဖြစ်ပါတယ်။ လူသားအား လုံးကို လေးလေးစားစား ဆက်ဆံသူဖြစ်ပါတယ်။ ဥပဒေပညာရှင်ဖြစ်လို့ လဲ အ ပြစ်ရှိသူရော၊ အပြစ်မဲ့သူတွေ ကိုပါ နားလည်ပေးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ ဥပဒေပညာရှင်အနေနဲ့  လူ တဦးကို စွဲချက်တင်နိုင်စွမ်းရှိသလို ကာကွယ်နိုင်စွမ်းလဲ ရှိပါတယ်။ ထူးခြားတာတခုကတော့ ဘယ်သူ့ ကိုမှ သူအဆုံးအဖြတ်ပေးလေ့မရှိပါဘူး။အမှတ်တရဖေဖေ (စောဘဦးကြီး) သားဖြစ်သူ မိုက်ကယ်ကြီး ရေးသည်။
วันเสาร์ที่ 28 กรกฎาคม พ.ศ. 2555
အပစ်ရပ်တိုင်းရင်းသားဒေသ မူ(၅)ရပ်ဖြစ်နော်ဝေးကူညီနေ - " Ashley South"
ငြိမ်းချမ်းရေးခိုင်မာဖို့ တပ်ရင်း ၂၀ ကျော်မှ ၇ ရင်းဆုတ်ပေးရန်လို ဟုဆို
Written by ကယားထဲ၊ ကူးဒူ
ကရင်နီပြည်ငြိမ်းချမ်းရေးအတွက် ညှိနိုင်းဆွေးနွေးဖို့ ခက်ခဲနေတဲ့ တပ်ကိစ္စမှာ ကရင်နီပြည်တွင်းမှာ ရှိနေတဲ့ တပ်တွေအားလုံးကိုဆုတ်ခိုင်းဖို့ တောင်းဆိုနေတာမဟုတ်ဘူးလို့ ကရင်နီတပ်မတော် ဒု - စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။ ပြည်နယ် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းကလွဲလို့ ကျန်တဲ့ တပ်မ ၅၅ ခြေမြန်တပ်မ တပ်ရင်းတွေကို ကရင်နီပြည်နယ်ထဲကနေ ဆုတ်ပေးဖို့သာဖြစ်တယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ်အောင်မြတ်က “KNPP ကတောင်းဆိုတာက အခုစစ်ဆင်ရေးလုပ်နေတဲ့ တပ်မ ၅၅ ဆုတ်ပေးပါဒီလောက်ပဲ တောင်းဆိုတယ်ပေါ့ အခုလောလောဆယ်ပေါ့။ ဘယ်မှာဆုတ်ပြီလို့လဲ ၃ လကျော်ရှိပြီဘဲ ပိုမိုပြီးတော့ ထပ်တိုးလာပြီ။ မော်ချီးမှာဆို အရင်က ၁ ရင်းဘဲရှိတယ် အခု ၃ ရင်းရှိလာတယ်” လို့ပြောပါတယ်။ ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက “တပ်မ ၅၅ က ၁၀ ရင်းကနေပြီး အလှည့်ကျ လုပ်ရှားနေတယ်။ အမြဲတမ်းက ၇ ရင်းလုပ်ရှားတယ်။ အလှည့်ကျသူတို့လုပ်တယ်။ အဓိကဆုတ်ခိုင်းတာက တပ်မ ၅၅ ကိုဘဲ။ အခုကဘယ်ဆုတ်သေးမလဲ စခန်းတောင်မှ တည်ဆောက်နေတယ်။ မောချီးနဲ့ ဖာဆောင်းကြား ဆယ်မိုင်မှာသူတို့စခန်းဆောက်တယ်ကော” လို့ ပြောပါတယ်။ အစိုးရတပ်ဘက်ကလည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ မြန်မာအစိုးရ ပြည်နယ်အဆင့်ဆွေးနွေးမှု ပြီးတဲ့နောက်မှာ နယ်မြေရှင်းလင်းပြုလုပ်ခြင်းမရှိဘဲ အဓိကအားဖြင့် လောပိတစက်ရုံ ၊ ရွာသစ်ရေအားလျှပ်စစ်စက်ရုံ စသည်ဖြင့် နိုင်ငံတော်ရဲ့ စက်ရုံတွေမှာ လုံခြုံရေးအရ လမ်းကြောင်းတွေပေါ်မှာဘဲသွားတာဘဲ ရှိနေတယ်လို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးထွဏ်က ပြောပါတယ်။ ဗိုလ်မှူးချုပ်စိုးထွဏ်က “ဒီကနေ့ အခုကျနော်တို့တပ်တွေသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တာဖြစ်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေ လုံခြုံရေးလုပ်တာရှိတယ်။ ဒီထဲမှာ အရေးကြီးစက်ရုံ အလုပ်ရုံတွေရှိပါတယ်။ ဒါတွေကို ကျနော်တို့လုံခြုံရေးလုပ်တာရှိတယ်။ အဲဒီတပ်တွေက ဒေသခံတွေအတွက် လုပ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဇွန်လ ၉ ရက်နေ့ လွိုင်ကော်မြို့ တပ်မတော်ခန်းမမှာ ပြုလုပ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အဖွဲ့ခေါင်းဆောင်နဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးတွေ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးစဉ်အချိန်က ပြောသွားတာဖြစ်ပါတယ်။ ပြည်နယ်ဒေသခံတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများနဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဆိုပြီးစစ်တပ်မှ လိုက်လံဆောင်ရွက်နေစရာမလိုဘဲ တခြားသော ဌာနဆိုင်ရာက လုပ်ရမည့်လုပ်ငန်းများသာ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်မြက ပြောပါတယ်။ ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က “အပြောတမျိုး အလုပ်တမျိုး နောက်ဥပမာ မြေသွားတိုင်းမယ်။ စစ်တပ်ဆိုတာ မြေတိုင်းတဲ့အမျိုးမှမဟုတ်ဘဲ မြေတိုင်းဌာနရှိတယ်။ ဘာဖြစ်လို့သွားတိုင်းစရာလိုလဲ။ လမ်းပြင်မယ်ဆိုလည်း စစ်တပ်ကလမ်းပြင်ဖို့မှ မဟုတ်ဘူး။ ပြင်ဖို့အခြေအနေလဲမဖြစ်ဘူး လမ်းပြင်ဖို့ ဆောက်လုပ်ရေးတို့ရှိတာဘဲ ဆောက်လုပ်ရေးဌာနက လုပ်ရမဲ့ကိစ္စ တပ်ကဘာလို့သွားလုပ်မလဲ” လို့ ပြောပါတယ်။ ကရင်နီပြည်နယ်အတွင်းမှာ ဒေသကွပ်ကဲရေးစစ်ဌာနချူပ် ဒကစလက်အောက်ခံတပ်ရင်း ၁၀ ရင်း ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၇ လက်အောက်ခံတပ်ရင်း ၄ ရင်းနဲ့ တပ်မ ၅၅ လက်အောက်ခံ ၁၀ ရင်းကနေပြီး အလှည့်ကျ အမြဲတမ်း ၇ ရင်းကနေပြီး လုပ်ရှားနေပါတယ်။ နယ်ခြားစောင့်တပ်အနေနဲ့ ၁၀၀၄ ၊ ၁၀၀၅ တပ်ဆိုပြီး ၂ ရင်းရှိပါတယ်။ http://www.ktimes.org/index.php/rokstoriesnews/279-burmese-army-need-to-withdraw-to-keep-peaceวันจันทร์ที่ 23 กรกฎาคม พ.ศ. 2555
ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး မြန်မာနဲ့ ထိုင်းခေါင်းဆောင်တွေ ကတိပြု
သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံနဲ့ တည်ဆောက်နေတဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်ဂိတ်အသစ်တွေ ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဒီကနေ့ သဘောတူညီခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
၂၀၁၂ ခုနှစ် ဇုလိုင်လ ၂၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်၌ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Ms. Yingluck Shinawatra တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် နှစ်နိုင်ငံ နားလည်မှု သဝဏ်လွှာ MOU ကို ဒီကနေ့ လက်မှတ်ရေး ထိုးကြပါတယ်။ ဒီသဘောတူညီချက်မှာ ဒေသလုံခြုံရေး၊ အခြေခံ အဆောက်အဦးတွေ တည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲမှု ဆိုင်ရာတွေကို ထိုင်းနိုင်ငံက ကူညီမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက ဆက်လက် တာဝန်ယူမှာတွေကို သူ့အနေနဲ့ ထပ်မံကတိပြု ပြောဆိုခဲ့ပါတယ်လို့ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးတဲ့နောက် သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ အဲဒီစီမံကိန်းမှာ သံမဏိစက်ရုံ၊ ရေနံချက်စက်ရုံ တည်ဆောက်ရေးတွေ ပါဝင်ပြီး စက်မှုဇုန် ဧရိယာအဖြစ် စတုရန်းမိုင် ၁၀၀ သတ်မှတ်ထားပါတယ်။ မနေ့ကတော့ သမ္မတ ဦးသိန်းစိန်ဟာ ထားဝယ်နဲ့ ဆက်သွယ်မယ့် ထိုင်းနိုင်ငံ Laem Chabang (လန်ချဘန်း) ရေနက်ဆိပ်ကမ်းကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာနှစ်နိုင်ငံကြားမှာ လက်ရှိ ရှိနေတဲ့ နယ်စပ်ဂိတ် ၃ ဂိတ်အပြင် ချင်းမိုင်၊ မယ်ဟောင်ဆောင်နဲ့ ကန်ချနဘူရိ ဒေသတွေမှာ နောက်ထပ် နယ်စပ်ဂိတ်သစ်တွေ ဖွင့်လှစ်ဖို့ကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ RFAနိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာအစိုးရ ဖိတ်ခေါ်
စီးပွားရေးဖွံ့ဖြိုးမှု ဖော်ဆောင်တဲ့ ခြေလှမ်းသစ်တစ်ခုအဖြစ် မြန်မာနိုင်ငံက သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း အရင်က မလုပ်ကိုင်ဖူးသေးတဲ့ ဒေသတွေမှာ စူးစမ်းရှာဖွေမှု လုပ်ချင်သူတွေ၊ သတ္တုရိုင်းတွေ ရှိမယ်လို့ သတ်မှတ်ထားပြီးသား ဒေသတွေမှာ သေချာအောင် ထပ်ပြီး ရှာဖွေ အတည်ပြုလိုသူတွေ အနေနဲ့ ရည်ရွယ်ထားတဲ့အတိုင်း လုပ်ငန်းစတင်ဖို့ လျှောက်ထားနိုင်ပါတယ်လို့ သတ္တုတွင်း ၀န်ကြီး ဦးဝင်းထိန်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်အနေနဲ့ မျှော်လင့်သလို ရှာဖွေ ထုတ်လုပ်လို့ရ မရ ဆိုတာကတော့ စွန့်စားကြည့်ကြရမှာပါပဲလို့ ၀န်ကြီးက သတင်းစာ ရှင်းလင်းပွဲ တက်ရောက်လာတဲ့ နိုင်ငံပေါင်း ၂၆ နိုင်ငံက ကိုယ်စားလှယ် ၃၀၀ လောက်ကို ပြောခဲ့ပါတယ်။ သြစတြေးလျ၊ တရုတ်၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ကုမ္ပဏီ ၇ ခုတို့ဟာ သံ၊ သွပ်၊ ရွှေနဲ့ တခြားသတ္တု ရှာဖွေရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကျောက်မျက်ရတနာ တူးဖော်မှုကိုတော့ ခွင့်မပြုပါ။ သတ္တုရိုင်း တင်ပို့မှုကို ခွင့်မပြုတဲ့အတွက် သန့်စင်ပြီးသား သတ္တုတွေကိုသာ နိုင်ငံခြားကို တင်ပို့ရောင်းချဖို့ ၀န်ကြီးက နိုင်ငံခြား လုပ်ငန်းရှင်တွေကို တိုက်တွန်းသွားပါတယ်။
ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးမည်
ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်နေတဲ့ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဦးခွန်မြင့်ထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ တောင်ကြီးမြို့မှာရှိတဲ့ ပအို့ဝ် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသမှာရှိတဲ့ ဟိုပုန်းမြို့နယ်က ပရဟိတကျောင်းကို သွားရောက်ခဲ့တယ်လို့ ဦးခွန်မြင့်ထွန်းက အာအက်ဖ်အေကို အခုလို ပြောပါတယ်။ "ကျွန်တော်တို့ အခုဒီ နာယကကြီး ဦးအောင်ခမ်းထီနဲ့ ဂါရ၀ပြုတွေ့တယ်။ ပြီးရင် ကျွန်တော်တို့ PNO ခေါင်းဆောင်တွေနဲ့လည်း ကျွန်တော်တို့ အမျိုးသားရေး အတွက်ကို ကျွန်တော်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်၊။ အဲသလောက်ပါပဲ။ တခြားတော့ ကျွန်တော်တို့ ဒီမှာ နောင်တောင်၊ ဟိုပုန်းမှာပေါ့၊ ရဟန်းသံဃာ နောင်တောင်ကျောင်းကို ကျွန်တော်တို့ ရောက်ပြီးတော့ ပရဟိတကျောင်းမှာ ကျွန်တော်တို့ အလှူငွေ ထည့်ပါတယ်။ ဘုန်းကြီးကတော့ ပါတယ် ဒါပါပဲ" ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကတော့ အခြေအနေအရ တောင်ကြီးမြို့မှာ မဖြစ်တော့ဘဲ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ တောင်ကြီးမြို့က အမည်မဖော်လိုတဲ့ အာဏာပိုင်နဲ့ နီးစပ်သူထံမှ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်က ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင် ဦးခွန်မြင့်ထွန်းကို မေးမြန်းရာမှာ လောလောဆယ်မှာ ဖြေဆိုလို့ မရသေးကြောင်းသာ အာအက်ဖ်အေကို ပြောပါတယ်။ ဦးခွန်မြင့်ထွန်းနဲ့ အဖွဲ့ဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ရန်ကုန်မြို့ကို ဒီနေ့ လေယာဉ်နဲ့ ခရီးဆက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့အခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံချိန်က သဘောတူထားတာတွေ နှစ်ဖက် လက်မှတ်ထိုးကြဖို့ ရှိပြီး ပြေလည်မှု မရရှိသေးတဲ့ နယ်မြေကိစ္စနဲ့ PNLO တပ်ဖွဲ့ဝင်တွေ အခြေချ နေထိုင်နိုင်ဖို့ ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားဖို့ ရှိကြောင်း သိရပါတယ်။ RFA
ကချင်စစ်ပြေး ဒုက္ခသည် ဖြစ်ရပ်မှန် ဗွီဒီယို မှတ်တမ်း ရုပ်ရှင် ဖြန့်ချိ
အပြစ်မဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ရိုက်ကူးထားတဲ့ ကချင်ပြည်သူတွေအပေါ် မြန်မာစစ်တပ်က ရက်ရက်စက်စက် ဆက်လက် ကျူးလွန်ခြင်းဆိုတဲ့ ဖြစ်ရပ်မှန် ဗွီဒီယို မှတ်တမ်း ရုပ်ရှင်တို တစ်ကားကို ထိုင်း အခြေစိုက် ကချင် အမျိုးသမီးအသင်း KWAT က မနေ့က ဖြန့်ချိလိုက်ပါတယ်။ ခြောက်မိနစ်ခွဲကျော် လောက်သာရှိတဲ့ မှတ်တမ်းရုပ်ရှင်တိုမှာ ကချင်ဘာသာနဲ့ ပြောကြားတာတွေကို အင်္ဂလိပ် စာတမ်းထိုး တင်ပြထားတာများပြီး တစ်နေရာမှာတော့ ကချင်အမျိုးသမီးတဦးက သူ့မြေးမလေး ဗုံးဆန်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတဲ့ အကြောင်း မြန်မာလို ပြောတာကိုလည်း တင်ဆက်ထားပါတယ်။ "အသက်ကကြီးပြီဆိုတော့ သူတို့နောက်ကို ပြေးမလိုက်နိုင်ဘူး။ ကျွန်မက နောက်ပိတ်ဆုံးမှာလေ၊ မပြေးနိုင်ဘူး။ မပြေးနိုင်တော့လို့ ကောက်စိုက်လို့ အပြန်မှာ သူ့ကလေးလေးက တဲမှာသွားကျန်ထားတဲ့ အခါကျတော့ ဟို ကလေးနဲ့ အတူသွားနေမယ်ပေါ့အေး။ ပြီးတာနဲ့ လမ်းမှာ ဒီနားမှာ အိုင်ကလေးမှာ ကျကွဲလိုက်တဲ့အခါကျတော့ အမေရေ ကယ်ပါအုံးနော် လို့ ပြောပြရတာ ရင်နာလိုက်တာ" KIA ကချင် လွတ်မြောက်ရေးတပ်နဲ့ မြန်မာအစိုးရတို့ ၁၇ နှစ်ကြာ လိုက်နာစောင့်ထိန်းခဲ့တဲ့ အပစ်ရပ်ရေး သဘောတူညီချက် မနှစ် ဇွန်လက ပျက်ပြားသွားပြီး တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် မနှစ်ကတင် လက်နက်မဲ့ ပြည်သူ အနည်းဆုံး ၇၅၀၀၀ အိုးအိမ်ရပ်ရွာ စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အခုရိုက်ကူးတဲ့ ရုပ်ရှင်ကားမှာ လူ့အခွင့်အရေး ချိုေးဖာက်ခံရတဲ့ ကချင်ရွာသူ ရွာသားတွေနဲ့ တွေ့ဆုံ မေးမြန်းထားတာတွေ မီးလောင်ခံရတဲ့ ရွာတွေ စစ်ဘေးကလွတ်ရာ ပြေးရလွှားရတဲ့ အဖြစ်သနစ်တွေကို တင်ပြထားပါတယ်။ ဒီပဋိပက္ခအတွက် နိုင်ငံရေးအဖြေ အမြန်ရှာဖို့ အရေးတကြီး လိုအပ်နေပြီး တရုတ် မြန်မာနယ်စပ် တလျှောက်က မြို့တွေ ရွာတွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်နေတာမို့ နေရပ် ရွှေ့ပြောင်းရသူတွေအတွက် လူမှုရေး အကူအညီတွေ ဖြည့်ဆည်းပေးဖို့ လိုအပ်တာကို ရုပ်ရှင်မှာ မီးမောင်းထိုး ရိုက်ကူးထားပါတယ်။ RFA
No NGO လှုပ်ရှားမှုကြောင့် လူထုအခြေပြုအဖွဲ့များကို ရခိုင်လူထုများ လက်မခံသေး
ဇူလိုင်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ) ရခိုင်ပြည်နယ်အတွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် ကန့်ကွက်သည့် “NO NGO” လှုပ်ရှားမှုကြောင့် လူထုအခြေပြုအဖွဲ့များကိုပါ ဒေသခံများက လက်မခံဘဲ ဖြစ်နေသေးကြောင်း ဒေသတွင်း လူထုအခြေပြုအဖွဲ့တစ်ခုမှ ကိုသန့်ဇင်က ကေအိုင်စီကို ပြောသည်။ “ကျနော်တို့က လူထုအခြေပြုအဖွဲ့ပါလို့ သေချာရှင်းပြပေမယ့်လည်း လောလောဆယ် လက်မခံသေးပါဘူး။ အဖွဲ့အစည်းတွေ ကြွဲပား တယ်ဆိုတာကို သိစေချင်လို့ပါ။ လူတစ်စုရဲ့လုပ်ရပ်ကြောင့် NGO တစ်ခုလုံးကိုတော့ မထိခိုက်စေချင်ပါဘူး”ဟု သူက ဆိုသည်။ မြို့နယ်အတွင်းတွင် NO NGO စာတမ်းပါ စတစ်ကာများကို အိမ်များ၊ ဆိုင်ခန်းများ၊ ကားနှင့် ဆိုင်ကယ်များတွင် ကပ်ထားကြကြောင်း သိရ သည်။ “နှစ် ၂၀အတွင်း တိုင်းရင်းသားတွေအတွက် ဘာမှမလုပ်ပေးဘူးလို့ မြင်ကြတယ်လေ။ NGO ကို ခုတုံးလုပ်ပြီး ပဋိပက္ခတွေ ဖန်တီးတာကို အများကြီး တွေ့ခဲ့ကြတယ်လေ။ ဒါကြောင့် ဒီလှုပ်ရှားမှုကို လုပ်ကြတာပါ”ဟု စစ်တွေမြို့ပေါ်ရှိ ထိုလှုပ်ရှားမှုတွင် ပါဝင်သော အမျိုးသား တစ်ဦးက ပြောသည်။ ယခုအချိန်တွင် AZG (MSF_Holland)မှ ၀န်ထမ်းများဖြစ်သော ဒေါက်တာထက်အောင်နှင့် ဒေါက်တာချိုမာလင်း အပါအ၀င် ၁၀ဦးအား ထိန်းသိမ်းထားသည့်အတွက် အခြား AZG ၀န်ထမ်းများ မသွားရောက်နိုင်သဖြင့် HIV ပိုးဖြင့် အသက်ရှင်နေထိုင်ကြသူများအတွက် ဆေးရ ရှိရန် ဒေသခံအချို့က ကူညီဆောင်ရွက်ပေးနေရသည်။ ၎င်းဝေဒနာသည်များ ဆေးရရှိစေရန် ဆောင်ရွက်ပေးနေသော Phoenix လူထုအခြေပြုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ကို လာ ဆက်သွယ်တဲ့လူကိုပဲ လုပ်ပေးနိုင်ပါတယ်။ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ထိုင်ပြီး အလုပ်လုပ်နေရတာပါ။ စာအုပ်လာပေးတဲ့လူတွေကို ရန် ကုန်က AZG မှာ ဆေးထုတ်ပြီး စစ်တွေအထိ ပို့ပေးရတာပါ။ ဆေးပေးရုံပဲ တတ်နိုင်ပါသေးတယ်။ တခြားကုသမှုတွေလည်း လိုအပ်နေတာ ကို တွေ့ရပါတယ်။ မောင်းတောမှာတော့ တနေ့ ၂နာရီ ဆေးခန်းပြန်ဖွင့်ပေးနေပါတယ်”ဟု ဆိုသည်။ ထို့အပြင် ဒေသခံ တိုင်းရင်းသားများသည် အကြောက်တရားနှင့် စိုးရိမ်မှုတို့ ကျန်ရှိနေသေးသဖြင့် လတ်တလော အခြေအနေအရ NGO ကို လက်မခံနိုင်ခြင်းဖြစ်ကြောင်း ရခိုင်လူငယ်အဖွဲ့မှ အမျိုးသားတစ်ဦးကလည်း ပြောဆိုသည်။ “ကျမတို့ဘက်ကတော့ အတတ်နိုင်ဆုံး လူနာတွေဆီ ကုသမှုရရှိအောင် ဆောင်ရွက်ပေးဖို့ ကြိုးစားနေပါတယ်။ လူနာဆိုရင် လူမျိုးဘာသာ မရွေး မခွဲခြားဘဲ ကုသပေးခဲ့တာပါ”ဟု AZG (MSF_HOLLAND) မှ ဆေးကုသရေး တာဝန်ခံဆရာမတစ်ဦးက ပြောသည်။ AZG (MSF-Holland) မှာ ၁၉၉၃ခုနှစ်မှစတင်၍ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖြစ် ချင်းပြည်နယ်မှစတင်ကာ ရခိုင်ပြည်နယ်သို့ ၀င် ရောက်ကာ ဆေးကုသမှုများ လုပ်ဆောင်ပေးခဲ့သော အဖွဲ့ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အကြီးအကဲဖြစ်သူတို့ တွေ့ဆုံရာတွင် ခိုးဝင်လာသော ဘင်္ဂါ လီများအပေါ် လက်ခံရန် မဖြစ်နိုင်ကြောင်း သမ္မတ၏ ပြောစကားအပေါ် ထောက်ခံသောအားဖြင့် ရခိုင်ပြည်သူများက မြို့နယ်အချို့တွင် ယနေ့မှစ၍ ၉ရက်တိုင်တိုင် နိုင်ငံတော်အလံကို နေရာအနှံ့ လွှင့်ထူထားကြကြောင်း သိရသည်။
No NGO လှုပ်ရှားမှုကြောင့် လူထုအခြေပြုအဖွဲ့များကို ရခိုင်လူထုများ လက်မခံသေး
ဇူလိုင်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ) ရခိုင်ပြည်နယ်အတွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် ကန့်ကွက်သည့် “NO NGO” လှုပ်ရှားမှုကြောင့် လူထုအခြေပြုအဖွဲ့များကိုပါ ဒေသခံများက လက်မခံဘဲ ဖြစ်နေသေးကြောင်း ဒေသတွင်း လူထုအခြေပြုအဖွဲ့တစ်ခုမှ ကိုသန့်ဇင်က ကေအိုင်စီကို ပြောသည်။ “ကျနော်တို့က လူထုအခြေပြုအဖွဲ့ပါလို့ သေချာရှင်းပြပေမယ့်လည်း လောလောဆယ် လက်မခံသေးပါဘူး။ အဖွဲ့အစည်းတွေ ကြွဲပား တယ်ဆိုတာကို သိစေချင်လို့ပါ။ လူတစ်စုရဲ့လုပ်ရပ်ကြောင့် NGO တစ်ခုလုံးကိုတော့ မထိခိုက်စေချင်ပါဘူး”ဟု သူက ဆိုသည်။ မြို့နယ်အတွင်းတွင် NO NGO စာတမ်းပါ စတစ်ကာများကို အိမ်များ၊ ဆိုင်ခန်းများ၊ ကားနှင့် ဆိုင်ကယ်များတွင် ကပ်ထားကြကြောင်း သိရ သည်။ “နှစ် ၂၀အတွင်း တိုင်းရင်းသားတွေအတွက် ဘာမှမလုပ်ပေးဘူးလို့ မြင်ကြတယ်လေ။ NGO ကို ခုတုံးလုပ်ပြီး ပဋိပက္ခတွေ ဖန်တီးတာကို အများကြီး တွေ့ခဲ့ကြတယ်လေ။ ဒါကြောင့် ဒီလှုပ်ရှားမှုကို လုပ်ကြတာပါ”ဟု စစ်တွေမြို့ပေါ်ရှိ ထိုလှုပ်ရှားမှုတွင် ပါဝင်သော အမျိုးသား တစ်ဦးက ပြောသည်။ ယခုအချိန်တွင် AZG (MSF_Holland)မှ ၀န်ထမ်းများဖြစ်သော ဒေါက်တာထက်အောင်နှင့် ဒေါက်တာချိုမာလင်း အပါအ၀င် ၁၀ဦးအား ထိန်းသိမ်းထားသည့်အတွက် အခြား AZG ၀န်ထမ်းများ မသွားရောက်နိုင်သဖြင့် HIV ပိုးဖြင့် အသက်ရှင်နေထိုင်ကြသူများအတွက် ဆေးရ ရှိရန် ဒေသခံအချို့က ကူညီဆောင်ရွက်ပေးနေရသည်။ ၎င်းဝေဒနာသည်များ ဆေးရရှိစေရန် ဆောင်ရွက်ပေးနေသော Phoenix လူထုအခြေပြုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ကို လာ ဆက်သွယ်တဲ့လူကိုပဲ လုပ်ပေးနိုင်ပါတယ်။ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ထိုင်ပြီး အလုပ်လုပ်နေရတာပါ။ စာအုပ်လာပေးတဲ့လူတွေကို ရန် ကုန်က AZG မှာ ဆေးထုတ်ပြီး စစ်တွေအထိ ပို့ပေးရတာပါ။ ဆေးပေးရုံပဲ တတ်နိုင်ပါသေးတယ်။ တခြားကုသမှုတွေလည်း လိုအပ်နေတာ ကို တွေ့ရပါတယ်။ မောင်းတောမှာတော့ တနေ့ ၂နာရီ ဆေးခန်းပြန်ဖွင့်ပေးနေပါတယ်”ဟု ဆိုသည်။ ထို့အပြင် ဒေသခံ တိုင်းရင်းသားများသည် အကြောက်တရားနှင့် စိုးရိမ်မှုတို့ ကျန်ရှိနေသေးသဖြင့် လတ်တလော အခြေအနေအရ NGO ကို လက်မခံနိုင်ခြင်းဖြစ်ကြောင်း ရခိုင်လူငယ်အဖွဲ့မှ အမျိုးသားတစ်ဦးကလည်း ပြောဆိုသည်။ “ကျမတို့ဘက်ကတော့ အတတ်နိုင်ဆုံး လူနာတွေဆီ ကုသမှုရရှိအောင် ဆောင်ရွက်ပေးဖို့ ကြိုးစားနေပါတယ်။ လူနာဆိုရင် လူမျိုးဘာသာ မရွေး မခွဲခြားဘဲ ကုသပေးခဲ့တာပါ”ဟု AZG (MSF_HOLLAND) မှ ဆေးကုသရေး တာဝန်ခံဆရာမတစ်ဦးက ပြောသည်။ AZG (MSF-Holland) မှာ ၁၉၉၃ခုနှစ်မှစတင်၍ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖြစ် ချင်းပြည်နယ်မှစတင်ကာ ရခိုင်ပြည်နယ်သို့ ၀င် ရောက်ကာ ဆေးကုသမှုများ လုပ်ဆောင်ပေးခဲ့သော အဖွဲ့ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အကြီးအကဲဖြစ်သူတို့ တွေ့ဆုံရာတွင် ခိုးဝင်လာသော ဘင်္ဂါ လီများအပေါ် လက်ခံရန် မဖြစ်နိုင်ကြောင်း သမ္မတ၏ ပြောစကားအပေါ် ထောက်ခံသောအားဖြင့် ရခိုင်ပြည်သူများက မြို့နယ်အချို့တွင် ယနေ့မှစ၍ ၉ရက်တိုင်တိုင် နိုင်ငံတော်အလံကို နေရာအနှံ့ လွှင့်ထူထားကြကြောင်း သိရသည်။
ရနောင်းစက်ရုံဂက်စ်ပေါက်ကွဲမှု မြန်မာ အလုပ်သမား ၂၇ဦး ထိခိုက်
ဇူလိုင်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ) ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်မြို့ရှိ အန်တမန် ပင်လယ်စာစက်ရုံ (Andaman Seafood Co., Ltd) တွင် ယမန်နေ့က ဂက်စ်ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ဦးနှင့် ထိုင်းလူမျိုး ၂ဦး ထိခိုက်ဒဏ်ရရှိသည်ဟု သိရသည်။ ထိုပေါက်ကွဲမှုကြောင်း ထိခိုက်ဒဏ်ရာရသည့် မြန်မာပြည်သားများအနက် အမျိုးသမီးများကို ရနောင်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသစေ ရာ ဒဏ်ရာများသည့် ၃ဦးသာ ဆေးရုံတွင် ဆေးကုသမှု ဆက်လက် ခံယူလျက်ရှိပြီး အချို့မှာ ပြင်ပဆေးခန်း၌သာ ဆေးကုသမှု ခံယူခဲ့ သည်ဟု ထိုဆေးရုံတွင် ဘာသာပြန်လုပ်နေသူ မြန်မာအမျိုးသမီးတစ်ဦးက ပြောပြသည်။ “ရနောင်းဆေးရုံကို ရောက်လာတာက မြန်မာမိန်းကလေး ၁၄ဦး၊ ဒဏ်ရာနည်းတဲ့လူတွေကို ဆေးထည့် ဆေးပေးပြီးတော့ ပြန်ခိုင်းတယ်၊ ဒဏ်ရာနည်းနည်းများတဲ့ ၃ဦးကိုတော့ ဆေးရုံမှာပဲ ရှိနေတယ်။ ပေါက်ကွဲမှုကြောင့် အသေအပျောက်ရှိတာတော့ ကျမတို့မကြားသေးဘူး” ဟု သူမက ပြောသည်။ Andaman Seafood Co., Ltd တွင် အလုပ်သမား သုံးထောင်ခန့်ရှိပြီး ထိုအထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ထားဝယ်လူမျိုးနှင့် မြန်မာလူမျိုး အများဆုံးရှိကာ မွန်၊ ကရင်လူမျိုးလည်း အနည်းအကျဉ်းရှိကြောင်း သိရသည်။ ယခုပေါက်ကွဲမှုဖြစ်ပွားသည့် Andaman Seafood Co., Ltd တွင် ယခင်ကလည်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း စက်ရုံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ ပြောပြချက်အရ သိရသည်။ “ပေါက်ကွဲမှုဖြစ်တဲ့နေရာက မိန်းကလေးတွေ အလုပ်လုပ်တဲ့နေရာဖြစ်တယ်။ အများစုက ဗမာတွေပဲ ထိတာလေ။ ထိုင်းတွေလည်း ဒဏ်ရာ ရတာ ရှိတယ်။ ဒဏ်ရာရသူတွေက အလုပ်မဆင်းနိုင်ဘူး။ သူတို့ကို ကုမ္ပဏီက ဘာတွေ လုပ်ဆောင်ပေးမလဲဆိုတာတော့ မသိသေးဘူး” ဟု ရနောင်းမြို့ရှိ ဆရာမမိနန္ဒက ပြောသည်။ ရနောင်းမြို့ရှိ Andaman Seafood Co., Ltd အပါအဝင် တခြားစက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများသည် နံနက် ၇နာရီမှ ညနေ ၅နာရီအထိ တနေ့လုပ်အားခ ဘတ် ၂၀၀ရရှိကြပြီး၊ OT(အချိန်ပိုကြေး)အတွက် ဘတ် ၂၀နှင့် ၅၀ ကြား ရရှိနေကြသည်ဟုလည်း သိရသည်။
နေအိမ်အသိမ်းခံရသူများအား စည်ပင်ဝန်ထမ်းလုပ်ခိုင်း
ဇူလိုင်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ကျူးကျော်နေရာဟုဆိုကာ ပြီးခဲ့သည့်လက နေအိမ်များ ဖျက်သိမ်းခံရသူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ (၅၀)ရပ်ကွက်မှ အိမ် ထောင်စုဝင်များအား စည်ပင်ဝန်ထမ်းလုပ်မည်ဆိုပါက မြေနေရာဟောင်း၌ တဲတန်းလျား ပြန်လည်ဆောက်ခွင့်ပေးမည်ဟု ၎င်းမြို့နယ် စည်ပင်အမှိုက်ပုံ အရာရှိ ဦးမောင်မောင်သန့်ဇင်က လာရောက်ပြောဆိုကြောင်း သိရသည်။ နေအိမ်ဖျက်သိမ်းခံရသူ ဦးဝင်းချိုက “အရာရှိက ပြီးခဲ့တဲ့ ၁၇ရက် နေ့လည် ၁၁နာရီလောက်က လာပြောတာပါ။ ပါးစပ်နဲ့ပဲ ပြောတာပါ။ ဘာစာရွက်စာတမ်းမှ မပါပါဘူး။ ၀န်ထမ်းလုပ်တာနဲ့ ချက်ချင်း တန်းလျားဆောက်ပေးပါမယ်တဲ့။ ဒီကလူတွေက အရင်ကတည်းက ကန် စွန်းစိုက်၊ သပြေစိုက်စားလာကြတော့ ၀န်ထမ်း ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ ဒီစိုက်ပျိုးစားတာက ကိုယ်ပိုင်လုပ်ငန်းလို ဖြစ်နေပြီလေ”ဟု ဆိုသည်။ ယင်းသို့ မပြောဆိုမီ အမှိုက်ပုံရှိရာ ၅၀ရပ်ကွက်နှင့် ကပ်လျက်ရှိသော UE (1) ဟုခေါ်သည့် ရပ်ကွက်(၁)ရှိ ပန်းခြံတည်ဆောက်မည့် နေရာ တွင် အိမ်ဆောက်နေနိုင်ကြောင်း စည်ပင်ဝန်ထမ်းများနှင့် SB မှ လာရောက်ပြောဆိုခဲ့သေးသည်ဟု သိရသည်။ “သူတို့ လာပြောတာက ကိုယ့်သဘောနဲ့ကိုယ်သွားနေလို့ ရတယ်တဲ့။ ကျမတို့က ဘယ်နေရဲမလဲ။ အဲဒီရပ်ကွက်သားတွေနဲ့ ရန်တိုက်ပေး သလို ဖြစ်နေမှာပေါ့။ ရပ်ကွက်က လူတွေကလည်း ဘယ်လက်ခံပါ့မလဲ”ဟု အမျိုးသမီးတစ်ဦးက ပြောသည်။ ဒဂုံမြို့သစ်မြောက်ပိုင်း စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူတစ်ဦးမှ ဖယ်ရှားခိုင်းခဲ့သည်ကို သိရှိ သော်လည်း ပြန်လည်နေရာချထားပေးခြင်းကို မသိရှိကြောင်း ဖြေကြားပြောဆိုခဲ့သည်။ အိမ်ယာပြောင်းရွှေ့ပေးခဲ့ရသူ အိမ်ထောင်စု ၁၂စုတွင် ကျောင်းနေအရွယ်ကလေး ၁၃ဦး ပါဝင်ပြီး လက်ရှိအချိန်တွင် (၅၀)ရပ်ကွက်နှင့် UE (1)ကြားရှိ ကျန်စစ်သားပတ်လမ်းဘေးတွင် အိမ်ထောင်စုအားလုံး တဲတန်းလျားထိုး စုပြုံနေထိုင်၍ ဆိုက်ကားနင်းကာ ၀မ်းစာဖြေရှင်းနေရ သည်။ ၎င်းတို့ကို ယခင်လက သက်ဆိုင်ရာ မြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် ၀ိုင်းကြည်မှ ဟင်းများနှင့် အိမ်မိုးရန် တာလပတ်ကို လာရောက်လှူဒါန်းကာ အားပေးစကား ပြောကြားသွားခဲ့သည်ဟုလည်း သိရသည်။ စည်ပင် အမှိုက်ပုံရှိ မြေနေရာအများစုကို ယခင်က လယ်သမားများဖြစ်သော ဦးအောင်ကြီး၊ ဦးမျိုးသိန်း၊ ဦးလှသောင်း၊ ဒေါ်ရီနှင့် ဦးကျော် မြင့်တို့ ပိုင်ဆိုင်သည်။ လယ်သမား ဦးအောင်ကြီးက “၀န်ထမ်းအိမ်၊ မြေကွက်တွေလုပ်မယ်။ သုဿန်မြေအတွက် လုပ်မယ်ဆိုပြီး သိမ်းခဲ့ တာပါ။ ကျနော့်မြေဆို ၄၅ဧက ရှိပါတယ်။ ကျနော့်အစ်ကိုဆို ဧက ၅၀ရှိတယ်။ ၁၉၈၈ခုထိ အခွန်ဆောင်ခဲ့ပါတယ်”ဟု ပြောသည်။ ထိုနေရာကို စည်ပင်ဌာနမှ သုဿန်မြေနေရာဟု ပြောဆိုသော်လည်း ဆက်လက်၍ လယ်ယာလုပ်ကိုင်ခွင့်ပေးခဲ့ပြီး သီးစားခအဖြစ် တစ် ဧကလျှင် ၅တင်းအထိ ပေးဆောင်ခဲ့ရကြောင်း အမှိုက်ပုံနေရာ ပြုလုပ်သည့်အချိန်တွင်မူ လယ်စိုက်ပျိုးခြင်းကို ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ဘုရားသုံးဆူမြို့ အာဏာပိုင်အချို့ ခြိမ်းခြောက်ခံနေရ
ဇူလိုင်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရပ်ကွက်(၃)၌ အာဏာပိုင်အချို့အား အမည်မသိ လူတစ်စုက ခြိမ်းခြောက်ခဲ့ ကြောင်း မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။ ခြိမ်းခြောက်ခံရသူများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးအေးကို၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ခံ ဦးခိုင်ဝင်းနှင့် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဦးချစ်ဝင်းတို့ဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ ၂၁ရက်၊ စနေနေ့ နံနက် ၁နာရီ ၁၅အချိန်တွင် ဦးခိုင်ဝင်း၏ နေအိမ်နောက်ဖေးတံခါးမှ ထွင်းဖောက်ဝင်ရောက်ပြီး အိမ်နံရံ၌ “ခိုင်ဝင်းကို သတ်မယ်။ မင်းတို့ ထမင်းဝအောင်စားထား။ သေမဲ့နေ့ကို စောင့်နေပါ။”ဟု ရေးသားခဲ့သလို ထိုနေ့နံနက် ၃နာရီခွဲ၌ပင် ဘုရား သုံးဆူ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဦးချစ်ဝင်း၏ ဆိုင်ကယ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သူက ဆက်ပြောပြသည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ဘုရားသုံးဆူမြို့ခံ ဘာသာရေးခေါင်းဆောင်တစ်ဦးကလည်း “သူတို့က သူများတွေအပေါ် အာဏာတွေ၊ ပါဝါတွေ သုံးတာများတယ်။ ပြောမရဲကြလို့သာပေါ့။ အဲဒါကြောင့် သူများတွေကြည့်မရတာ ဖြစ်နိုင်တယ်”ဟု ပြောသည်။ သို့သော် အခြားမြို့ခံတစ်ဦးက “ကျနော်တို့ သိတာကတော့ ဒီအခြိမ်းခြောက်ခံရတဲ့သူတွေက မြို့အတွင်းမှာတော့ ပရဟိတလုပ်ငန်းနဲ့ လူမှု ရေးလုပ်ငန်းတွေပဲ လုပ်နေတာ တွေ့တယ်ဗျ။ အထူးသဖြင့် ဦးခိုင်ဝင်းအတွက် ပိုစိတ်မကောင်းဘူး။ ဘာဖြစ်လဲဆိုတော့ သူက ပရာဟိတနဲ့ ပြည်သူလူထုအကျိုးကိုလည်း နေလုပ်တဲ့သူလေ။”ဟု ပြောသည်။ ဘုရားသုံးဆူမြို့သည် ခြိမ်းခြောက်မှု၊ ဓါးပြတိုက်မှု၊ ခိုးဝှက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး အာဏာပိုင်များ၏ လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှု များပြားသော မြို့တစ်မြို့ဖြစ်သည်။နိုင်ငံရေးကို စုပေါင်းလုပ်ဆောင် သွားမည်ဟု UNFC ဆုံးဖြတ်
ဇူလိုင်လ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ) အပစ်ခတ်ရပ်စဲရေးကို တဖွဲ့ချင်းစီ လုပ်ဆောင်နေသော်လည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို စုပေါင်းလုပ်ဆောင်သွားမည်ဟု ညီညွှတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် ဆုံးဖြတ်ထားသည်။
“အပစ်ခတ်ရပ်စဲရေးကိစ္စကို ကျမတို့ တဖွဲ့ချင်းစီ ဆွေးနွေးသွားမယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့အခါကျတော့ ကျမတို့ တိုင်းရင်းသား အဖွဲ့ကိုယ်စားလှယ်ပေါင်းစုံပါတဲ့ UNFC အနေနဲ့ပဲ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်”ဟု UNFC အဖွဲ့ဝင်ဖြစ်သည့် KNU ၏ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောသည်။ UNFC သည် ပထမအဆင့်အနေဖြင့် အပစ်ခတ်ရပ်စဲရေးကို အရင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို တက်လှမ်းသွားမည်ဖြစ်သည်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို တက်လှမ်းနိုင်ရန်အတွက်လည်း အပစ်ခတ်ရပ်စဲရေးအဆင့်မှာပင် တပြေးညီဖြစ်ရန် လိုအပ်သည်ဟု UNFC ၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ ၎င်းက “UNFC တဖွဲ့လုံးအနေနဲ့ အပစ်ခတ်ရပ်စဲရေးအဆင့်ကိုကျော်မယ်။ ပြီးတော့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကို တက်မယ်ဆိုတဲ့နေ ရာမှာ ကျနော်တို့အဖွဲ့ထဲမှ တချို့အဖွဲ့တွေက အခုချိန်ထိ အပစ်ခတ်ရပ်စဲရေးမှာ သဘောမတူသေးတာ တွေ့ရတယ်။ အပစ်ခတ်ရပ်စဲရေး မှာ ဖြစ်နေခါကျတော့ အပစ်ခတ်ရပ်စဲရေးမှာ တပြေးညီဖြစ်သွားပြီးရင်တော့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းဖို့ဖြစ်တယ်”ဟု ဆိုသည်။ ထိုအခြေအနေတွင် ပြည်ထောင်အစိုးရအနေနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမည်ဆိုပါက တိုင်းရင်းသားဒေသရှိ တပ်စခန်းများ ကို ပြန်ရုပ်သိမ်းပေးပြီးမှသာ အပစ်ခတ်ရပ်စဲရေး တပြေးညီဖြစ်နိုင်မည်ဟုလည်း ခွန်ဥက္ကာက ပြောသည်။ UNFC သည် အပစ်ခတ်ရပ်စဲရေး ညီညွှတ်စွာ ချမှတ်ရန်နှင့် အပစ်ခတ်ရပ်စဲထားပြီး အခြေအနေများကို ပြန်လည် သုံးသပ်သည့်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်နှင့် ၁၈ရက်နေ့များက ခြောက်လပတ် အစည်းအဝေး ခေါ်ယူကျင်းပခဲ့ရာ UNFC အဖွဲ့ဝင် ၁၁ဖွဲ့မှ ထိပ်ပိုင်း ခေါင်းဆောင် ၂၀ကျော် တက်ရောက်ခဲ့ကြသည်။ ယခုအစည်းအဝေးမှာ UNFC ၏ ပုံမှန် အစည်းအဝေးသာဖြစ်၍ အပစ်ခတ်ရပ်စဲရေး တပြေးညီ မူဝါဒ ရရှိအောင် ဆွေးနွေးဆုံးဖြတ်နိုင်ခြင်း မရှိသော်လည်း ကချင်ပြည်နယ်မှ တိုက်ပွဲများ ရပ်တန့်စေရန်နှင့် နိုင်ငံရေးခြေလှမ်းများ စတင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။လောင်စာအခက်ခဲဖြေရှင်းရန် ထင်းဥပဒေမူကြမ်းကို PSDP ဥပဒေအကြံပေးပြည်နယ်လွှတ်တော် ထံ တင်ပြထား
ဇူလိုင်လ ၂၀ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ) ကရင်ပြည်နယ်ရှိ ကျေးရွာနေလူထုများ လိုအပ်နေသည့် လောင်စာအခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း တတ်ရန်အတွက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDPမှ ဥပဒေအကြံပေး စောမင်းအောင်လင်းက ထင်းဥပဒေမူကြမ်းကို ပြည်နယ်လွှတ် တော်ထံသို့ တင်ပြထားသည်ဟု သိရသည်။
မြို့နေလူဦးရေထက် ကျေးလက်နေလူဦးရေမှာ များပြားသည့် ကရင်ပြည်နယ်တွင် လျှပ်စစ်မီး ပုံမှန်မရရှိသေးသဖြင့် အများစုမှာ ချက်ပြုတ် စားသောက်ရာတွင် ထင်းကိုသာ ဦးစားပေး သုံးစွဲနေရသည့်အပြင် အိမ်မိုးအဖြစ် အသုံးပြုသည့် အင်ဖက်များလည်း ရှားပါးလာကာ ဒေသ ခံလူထုမှာ အခက်အခဲများ ကြုံတွေ့နေရသဖြင့် ထင်းဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း PSDP ဥပဒေအကြံပေးက ကေအိုင်စီသို့ ယခုလို ပြောသည်။ ၎င်းက “အရင်တုန်းကဆို ထင်းတို့၊ အင်ဖက်နဲ့ ၀ါးတို့ဆိုရင် အလွယ်တကူရတယ်။ နောက်ပိုင်းကျတော့ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ လာပြီး ကျေးရွာမှာရှိတဲ့ မြေလွတ်မြေရိုင်းတွေနေရာမှာ ရာဘာနဲ့ အခြားအစားထိုးသီးနှံတွေ စိုက်လာကြတော့ အခုဆိုရင် ထမင်းချက်ဖို့ ထင်းရှာရတာတောင် တော်တော်ခက်နေပြီ။ ရေရှည်မှာဆိုရင် ဒီထက်ပိုပြီး ခက်ခဲလာတော့မယ်”ဟု ပြောသည်။ ထင်းဥပဒေမူကြမ်းကို ကရင်ပြည်နယ်လွှတ်တော်သို့ ဇူလိုင်လ ၁၇ရက်က စာတင်ခဲ့ပြီး ယခုကျင်းပနေသည့် ပြည်ထောင်စု လွှတ်တော် အပြီး ပြည်နယ်လွှတ်တော်ကျင်းပချိန် ရောက်မှသာလျှင် ဆွေးနွေး၊ ဆုံးဖြတ်နိုင်ရန် ကြိုတင် စာတင်ထားခြင်းဖြစ်သည်ဟုလည်း သူက ပြောသည်။ အဆိုပါ ထင်းဥပဒေမှုကြမ်းကို ရေးဆွဲရာတွင် သက်ဆိုင်ရာ အစိုးရသစ်တောဌာနများ၏ ဥပဒေများကို လေ့လာခြင်း၊ တတ်သိနားလည် သော ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ခြင်း၊ ဒေသခံလူထုများနှင့် ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်ပြီးမှသာလျှင် ဥပဒေမူကြမ်းကို ပြည်နယ် လွှတ်တော်သို့ တင်ခြဲ့ခင်းဖြစ်သော်လည်း မူကြမ်းထဲတွင် ပါဝင်သည့်အချက်အလက် အသေးစိတ်ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးပေ။ စောမင်းအောင်လင်းက “ဒီကိစ္စဖြစ်နေတာ ကျနော်တို့ ကရင်ပြည်နယ် နေရာအနှံ့အပြားပဲလေ။ အခုက စာတင်ထားတာပဲ ရှိသေးတယ်။ လွှတ်တော်ထဲရောက်ပြီး တရားဝင်ဖြစ်တော့မှပဲ အဲဒီအထဲမှာ ဘာတွေပါတယ်ဆိုတာကို ပြောပြလို့ရမယ်”ဟု ဆိုသည်။ လက်ရှိအနေအထားအရ သစ်တောများပြုန်းတီးလာပြီဖြစ်၍ ကျေးရွာနေ ဒေသခံများအနေဖြင့် လောင်စာများကို စနစ်တကျ ထုတ်ယူသုံး စွဲနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကြရန် သက်ဆိုင်ရာ ကျေးရွာလူထုနှင့် သစ်တောရေးရာဝန်ထမ်းများ ပူးပေါင်းလုပ်ဆောင် သင့်သည်ဟုလည်း ဝေဖန်ပြောဆိုသူများလည်း ရှိသည်။ “ဒီထင်းဥပဒေတွေက တင်သင့်တာကြာလှပါပြီ။ ရွာမှာက အဓိက ထင်းကိုပဲ အားကိုးပြီး ချက်ပြုတ်နေရတာလေ။ မိုးတွင်းဆိုရင် ထင်းက ရှာလို့ မကောင်းတော့ဘူး။ နွေကတည်းက ထင်းတွေ စုထားရတာလေ။ အခုဆိုရင်တော့ စုဖို့နေနေသာသာ ထင်းရှာလို့တောင် မလွယ် တော့ဘူး”ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုမှာ လူနေထိုင်ရန်နှင့် စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ ထင်း၊ မီးသွေး အသုံးပြုခြင်း၊ သစ်ကို စီးပွားဖြစ် ထုတ်လုပ်ခြင်း၊ ပုစွန်ကန်များ တိုးချဲ့ခြင်း၊ တောမီးလောင်ခြင်း၊ စားအုန်းဆီထုတ်လုပ်ခြင်း၊ လမ်းဖောက်ခြင်း၊ တိရိစ္ဆာန်စားကျက်ချခြင်းများ ကြောင့်ဖြစ်ပြီး အထူးသဖြင့် နယ်စပ်ဒေသများတွင် သစ်တောပြုန်းတီးမှု ပိုမိုမြင့်တက်နေကြောင်း သစ်တောပညာရှင်များက ဆိုသည်။วันพฤหัสบดีที่ 19 กรกฎาคม พ.ศ. 2555
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦးကို မူးယစ်ဆေးများဖြင့် မဲဆောက်တွင် ဖမ်းမိ
DVB
နိုင်စူရဒေ့စီလာ့နှင့် ကိုနိုင်ဝင်း ဘတ်ငွေ ၈ သန်းကျော် (မြန်မာငွေကျပ် သန်း ၂၀၀ ကျော်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးသယ်ဆောင်လာသူ ရွှေကုက္ကိုလ်ရွာ အြေခစိုက် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးနဲ့ ထိုင်းလူမျိုးတဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့က မဲဆောက် ရဲတပ်ဖွဲ့နဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ယာဘ စိတ်ကြွေဆး ဘတ်ငွေ ၈ သန်းကျော်ဖိုးကို မြန်မာဘက်ကမ်း ရွှေကုက္ကိုရွာကေန လှည့်စားဝယ်ယူပြီး ဖမ်းဆီးခဲ့တာလို့ မဲဆောက်ရဲမှူး အေကရာ့အင်တစစ်က ပြောပါတယ်။ ယာဘ လာပို့သူတွေကေတာ့ မယ့်ကျေရာင်းရွာသား ထိုင်းလူမျိုး နိုင်စူရေဒ့စီလာ့ အသက် ၄၂ နှစ်နဲ့ နိုင်ဝင်း အသက် ၃၃ နှစ်တို့ ဖြစ်တယ်။ နိုင်ဝင်းက ကုက္ကိုရွာက ကရင်နယ်ခြားစောင့်တပ် အမှတ် ၃ တပ်သားဖြစ်ကြောင်း ထိုင်းရဲကို ၀န်ခံချက်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီတပ်နဲ့ အဲဒီနယ်မြေဟာ ဗိုလ်စောချစ်သူ ဦးဆောင် အုပ်ချုပ်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။ သူတို့ ၂ ဦးနဲ့အတူ အဖက်တမင်း စိတ်ကြွေဆး ၂ သောင်းနီးပါး ပါတဲ့ ခဲငွေရာင် ပစ်ကတ်ကား ဘန်ကောက်လိုင်စင် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ယာဘထည့်တဲ့ အြပာရောင် အိတ်တလုံးနဲ့ ဘတ်ငွေ ၈ သန်း ဖမ်းဆီးရမိတယ်လို့ မဲဆောက်ရဲမှူးက ပြောပါတယ်။ “ဒါဟာ ခဏခဏ ဖမ်းမိတဲ့ အမှုမျိုးမဟုတ်ဘူး။ အစိုးရေငွဘတ် ၈၂၅၀၀၀ နဲ့ လိမ်ပြီးဝယ်တော့ ယာဘ ၁၉၈၅၀ ဖမ်းဆီးရမိတယ်။ နယ်စပ်ကေန ယာဘေတွ ၀င်လာတာ တော်တော်များတယ်။ ကျေန်ာတို့ကလည်း အခုလို စစ်ဆေးအေရးယူ ဖမ်းဆီးတာပါပဲ။ ဒီတြကိမ်ကေတာ့ အေတ်ာလေး ကြီးကျယ်တယ်။ ပုံမှန်ဖမ်းမိတာတွေက တော်တော်လေး နည်းပါတယ်။” အဖမ်းခံရသူက ယာဘေတွကို ကုက္ကိုလ်ရွာနေ ကရင်သူဌေး တဦးဆီက ၀ယ်လာကြောင်း၊ ပထမဆုံးအြကိမ် လုပ်တာဖြစ်ကြောင်း ၀န်ခံခဲ့ပြီး အေသးစိတ် အချက်အလက်တွေကိုတော့ ဖြေဆိုခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး မြန်မာအစိုးရနဲ့  ဇူလိုင် ၁၇ ရက်နေ့မှာလုပ်မယ့် ထိုင်း-မြန်မာနယ်စပ် ကော်မတီ အစည်းအေ၀းမှာ တင်သွင်းပြောဆိုမယ်လို့ မဲဆောက် ရဲမှူးက ပြောပါတယ်။ အပြည့်အစုံသို့ ....လယ်မြေနှင့် သင်္ချိုင်းမြေ သိမ်းဆည်းခံရသဖြင့် ကရင်ဒေသခံများ အခက်အခဲတွေ့ကြုံ
၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ် ဘားအံမြို့မြောက်ဘက် စက်မှုဇုံနယ်မြေတ၀ိုက်ရှိ ထီးဖိုးခလုံးကျေးရွာတွင် လယ်ယာမြေများ သိမ်းဆည်းခံထားရသည့်အ ပြင် သင်္ချိုင်းမြေများပါမကျန် အစိုးရဘက်မှ သိမ်းဆည်းထားမှုကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ထိုဒေသမှလာ သည့် သတင်းများအရ သိရသည်။ “သူတို့လုပ်နိုင်တာလည်း မဟုတ်ဘူး။ ရွာသားတွေကိုလည်း မပေးလုပ်ဘူး” ဟု ထီးဖိုးခလုံးဒေသခံများက ပြောသည်။ အစိုးရဘက်မှ နယ်ခြားစောင့်တပ်ရင်း နယ်မြေနေအတွက်ဆိုကာ ထီးဖိုးခလုံးကျေးရွာရှိ လယ်ယာ၊မြေများနှင့် သင်္ချိုင်းမြေများကိုပါ သိမ်း ယူပြီး မြေထိုးစက်ကြီးများဖြင့် လာရောက်တူးဆွနေကြပြီ ဖြစ်ကြောင်းလည်း ဖလုံ-စဝေါ် ဒီမိုကရတ်တစ်ပါတီမှ အမျိုးသမီးရေးရာ တာဝန်ခံ နော်ယုဇန၀ါက ယခုလို ပြောသည်။ သူက “အစိုးရက BGF ကိုချပေးထားတဲ့မြေကွက်တွေက မလွတ်မကင်းမြေဖြစ်ပြီး မြေပိုင်ရှင်တွေ ရှိနေတယ်။ သင်္ချိုင်းမြေပါမကျန် အကုန် ယူလိုက်တော့ အခုသေတဲ့သူတွေကို ဘယ်မှာသွားမြှုပ်ရမလဲတောင် မသိတော့ဘူး ဖြစ်နေကြပြီ”ဟု ပြောသည်။ ထို့အပြင် စက်မှုဇုံ စတင်လုပ်ဆောင်ခဲ့သည့် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး ကော့ကရိတ်မြို့နယ် ကျုံဒိုးကျေးနယ် ကျွန်းကလေးကျေး ရွာတွင် ယခင်စစ်အစိုးရလက်ထပ်က တပ်မြေအဖြစ် သိမ်းဆည်းထားသော လယ်မြေဧကပေါင်း ၈၀၀နီးပါးနှင့် နဘူးရွာကျေးရွာတွင်လည်း အစိုးရ စစ်တပ်နှင့်နီးသည့် လယ်ယာမြေများ သိမ်းဆည်းခံထားရသည့်အပြင် ထိုလယ်မြေများအတွက် သွားရောက်လုပ်ကိုင်ပေးနေရ ကြောင်းလည်း နော်ယုဇန၀ါက ဆက်ပြောသည်။ နော်ယုဇန၀ါက “လယ်မြေတွေကို သိမ်းတာတင် မကသေးဘူး။ နှစ်တိုင်း သွားထွန်ပေးရတယ်။ သွားစိုက်ပေးရတယ်။ မသွားမနေရ သွား လုပ်ပေးရသေးတယ်”ဟု ပြောသည်။ ထိုလယ်ယာမြေအသိမ်းခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်ထံ ဖလုံ-စဝေါ်က တိုင်ကြားထားသကဲ့သို့ ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေအွာတို့အား တိုင်ကြားထားသော်လည်း ထူးခြားမှု တစုံတရာ မရှိသေးကြောင်း သိရသည်။ “အရင်တုန်းက ဒီလိုမျိုး သိမ်းခံရရင် တိုင်ကြားလို့ရတယ်ဆိုတာကို လယ်သမားတွေက မသိခဲ့ကြဘူးလေ။ အခုတော့ လွှတ်တော်ကိုယ်စား လှယ်တွေကလည်း ဒီလိုမျိုးဖြစ်ရင် တိုင်ကြားလို့ ရတယ်ဆိုတာမျိုးတွေ ပြောလာတော့ သူတို့သိမ်းခံထားရတာတွေကို ထုတ်ဖော်လာကြ တာပါ”ဟုလည်း ကရင်အမျိုးသားတစ်ဦးက ပြောသည်။ အစိုးရက ဒေသခံများ၏ လယ်ယာမြေများကို သိမ်းဆည်းနေရုံမကပဲ စက်မှုဇုံနယ်မြေ၏ လမ်းဘေးအနီးတွင်ရှိသော အိမ်မြေများကိုပါ ပြောင်းရွှေ့ခိုင်းရန် ကြိုးပမ်းနေကြကြောင်းလည်း နော်ယုဇန၀ါက ပြောသည်။ လက်ရှိအချိန်တွင် ဘားအံစက်မှုဇုံနယ်မြေများ ဆောက်လုပ်ဆဲဖြစ်ပြီး လျှပ်စစ်မီးမရရှိသေးသဖြင့် စက်မှုလုပ်ငန်းများ စတင်လုပ်ကိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။ အပြည့်အစုံသို့ ....သမ္မတ ဦးသိန်းစိန်နဲ့ ပါတီ ၁ဝ ခု တွေ့ဆုံ
2012-07-18 သမ္မတ ဦးသိန်းစိန်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ (၁၀) ခုက ခေါင်းဆောင် ၁၂ ဦး နေပြည်တော်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံပြီး နိုင်ငံ တည်ဆောက်ရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်ပေါင်း ၃၀ ကျော် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Photo: President Office Website ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၀ ခုမှ ခေါင်းဆောင်များ တွေ့ဆုံစဉ်။ တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင် ဦးခင်မောင်ဆွေက RFA ကို အခုလို ပြောပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတယ် ဆိုတာကိုတော့ သမ္မတကြီး လက်ခံပုံပေါ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကိုတော့ သူပြောပါတယ်။ ဒီနိုင်ငံမှာ ဒေါ်စုနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ ကိစ္စတွေ အများကြီး ကျန်သေးတယ်ဆိုတာလည်း သူသဘောပေါက်တယ်လို့ ကျွန်တော် ယူဆပါတယ်။ သူပြောတဲ့ စကားတွေအရ ဒီသဘော ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီ Mainstreams နိုင်ငံရေးထဲ ပါလာအောင် သူကြိုးပမ်းခဲ့တာ၊ အမျိုးသား ညီညွတ်ရေး ဖြစ်အောင်သူကြိုးပမ်းခဲ့တာ ဟာလည်းပဲ ဒေါ်စုရဲ့ အရေးပါမှုကို သူတန်ဖိုးထားလို့ ဖြစ်တယ်ဆိုတာကို သူပြောနေသလိုပဲ ကျွန်တော် ယူဆပါတယ်" ဒီဆွေးနွေးပွဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးရေး၊ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာအရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဦးသိန်းစိန်အနေနဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အဖွဲ့အပါအ၀င် တခြားအဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့လည်း ဆက်လက်တွေ့ဆုံဖို့ ရှိပြီး များမကြာမီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ထပ်တစ်ကြိမ် တွေ့ဆုံဖို့ စီစဉ်ထားကြောင်း အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲကို ၀န်ကြီး ဦးအောင်မင်းနဲ့ ၀န်ကြီး ဦးစိုးသိမ်းတို့နဲ့အတူ သမ္မတရဲ့ အမျိုးသား လူမှု စီးပွားကောင်စီအဖွဲ့က ဦးတင်မောင်သန်းနဲ့ ဦးလှမောင်ရွှေတို့ တက်ရောက်ခဲ့ပြီး NDF အမျိုးသား ဒီမိုကရေစီအင်အားစု၊ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံစဝေါ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ စတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ (၁၀) ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ မနက် ၉ နာရီကနေ နေ့လည် တစ်နာရီအထိ တွေ့ဆုံချိန် ၄ နာရီ ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း ဆွေးနွေး
2012-07-18 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဒီကနေ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း NLD က ထုတ်ပြန်ပြောဆိုပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ မသိရပါဘူး။
RFA မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့ဖြစ်ပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက် နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကျင်းပမဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို တက်ရောက်ဖို့အတွက် ရန်ကုန်မြို့ကို ထွက်ခွာလာကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မနက် ၉ နာရီမှာ အာဇာနည်ဗိမာန်ကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုမှာ ဖြစ်ပါတယ်။ အဲဒီနောက် NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။အမေရိကန်ကို မြန်မာ့သွင်းကုန် တင်သွင်းခွင့် နောက်ထပ်သုံးနှစ် ပိတ်ပင်
2012-07-18 အမေရိကန် ပြည်ထောင်စုကို မြန်မာ့သွင်းကုန်တွေ တင်သွင်းခွင့်ကို အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက နောက်ထပ်သုံးနှစ် ပိတ်ပင်လိုက်ပါတယ်။
Photo: Wikipedia အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ Max Baucus မြန်မာနိုင်ငံမှာ ဖော်ထုတ်နေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးကို အရှိန်ပိုရအောင် ဆက်လက် ဖိအားပေးတဲ့အနေနဲ့ ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းချက်ကို သက်တမ်းတိုးတဲ့ ဥပဒေကြမ်းကို ခုလို သက်တမ်းသုံးနှစ် ထပ်တိုးတာလို့ အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ Max Baucus က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် အခြေစိုက် BADA မြန်မာ-အမေရိကန် မဟာမိတ် အသင်းက ဦးညွန့်သန်းက ခြေလှမ်းကောင်း တရပ်လို့ ရှုမြင်တဲ့အကြောင်း ပြောပါတယ်။ "ဖြစ်စေချင်တာကတော့ ကျွန်တော်တို့ ဗမာပြည်မှာ sanction လည်း မရှိစေချင်တော့ဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ပြည်သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ သူတို့ရဲ့ ဘဝကောင်းကျိုးအတွက် တည်ဆောက်တာတွေ မြင်ချင် စေချင်တယ်။ ဒါပေမဲ့လည်း ဗမာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုက တချို့နေရာတွေမှာ ဖြစ်လာသင့်သလောက် မဖြစ်လာသေးဘူး။ ဥပမာဆိုရင် အကျဉ်းသားတွေအားလုံး မလွှတ်ပေးတာတွေ ကျွန်တော်တို့ တွေ့ရတယ်။ နောက်ပြီး ပြည်တွင်းကို ဝင်ရောက်ပြီး စီးပွားရေးတွေ လုပ်ကြတဲ့ အခါမျိုးမှာလည်း ရမဲ့ အကျိုးအမြတ်ဟာ ပြည်သူတွေဆီကို တကဲ့တကယ် ထိထိရောက်ရောက် သွားမယ်၊ မသွားဘူးဆိုတာ ကျွန်တော်တို့ မသိဘူး။ နောက် တရားဥပဒေ စိုးမိုးရေးတို့၊ လာမဲ့ ၂၀၁၅ မှာ ဖြစ်မဲ့ ရွေးကောက်ပွဲတို့ မှာလည်း တရားမျှမျှတတ ဖြစ်မယ်ဆိုတာလည်း မသိသေးဘူးပေါ့နော်၊ အဲဒီလို အခြေအနေမှာ အမေရိကန်ကလည်း ပြည်တွင်းကို သွားမဲ့ မြှုပ်နှံမှုတွေကိုလည်း ဖယ်ရှားပြီးပြီဆိုတော့ အခုလို သွင်းကုန် ဆက်လက် ပိတ်ဆို့ထားဖို့ သက်တမ်းတိုး လိုက်တာကို ကျွန်တော့် အနေနဲ့တော့ ကောင်းတဲ့ ခြေလှမ်းတရပ်လို့ပဲ ပြောလိုပါတယ်" ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံက သွင်းကုန် ပိတ်ပင်ချက်ဟာ ဒီလကုန်ပိုင်းမှာ သက်တမ်း ကုန်ဆုံးပါတော့မယ်။ ဒီမူကြမ်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုလိမ့်မယ်လို့ ဥပဒေ မူကြမ်းကို ထောက်ခံသူတွေက မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားတာကို အမေရိကန်က ရုပ်သိမ်းလိုက်တာနဲ့ ဒီ ဥပဒေ မူကြမ်းဟာ အကျုံးမ၀င်ပါဘူး။ အမေရိကန်က မြန်မာ့ သွင်းကုန်တွေ မပိတ်ပင်ခင် ၂၀၀၂ ခုနှစ် တနှစ်လုံး အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံက အ၀တ်အထည်နဲ့ တခြားကုန်စည် ဒေါ်လာ သန်း ၃၅၀ ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ မြန်မာ့ သွင်းကုန်ပမာဏဟာ ၂၀၀၃ ခုနှစ်မှာ ဒေါ်လာ သန်း ၂၇၀ ကျော်ထိ ကျဆင်းသွားပြီး အဲဒီအချိန်ကစလို့ နောက်ပိုင်းမှာ မြန်မာနိုင်ငံက ဘာကုန်ပစ္စည်းမှ မတင်သွင်းတော့ပါဘူး၊