အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့များနဲ့ အစိုးရတပ်များဟာ ရှမ်းပြည်နယ် မိုင်းရှူးမြို့ မြောက်ဘက်မှာ ဒီကနေ့ မွန်းလွဲပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ခိုလမ် အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ(၅၁၆) စစ်ကြောင်းတစ်ခုဟာ မိုင်းရှူးမြို့ မြောက်ဘက်ရှိ မိုင်းအွတ်၊ ဟွေ့လွတ် ဘက်ကို လက်နက်ကိုင်များ လှုပ်ရှားသွားလာနေကြောင်း သတင်းရလို့ ဝင် ရောက်ရှင်းလင်းရာ ရှမ်းပြည် တပ်မ တော်ဘက်ကို ကြိုတင် အကြောင်းကြား ထားခြင်း မရှိလို့ ရှမ်းပြည်တပ်မတော် တပ်ရင်း(၁၈ရ) ၊ (၁၉၂) တို့နဲ့ မနေ့ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရ ပါတယ်။ ရှမ်းပြည်တပ်မတော် တာဝန်ရှိသူ တစ်ဦးက အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာ နချုပ် စစ်ဦးစီးမှူး (ပထမတန်း) ထံ ခလရ (၅၁၆) စစ် ကြောင်း မိုင်းအွတ်ဒေသဘက်ကို ဝင်လာရတဲ့ အကြောင်းရင်းကို ဆက်သွယ်မေးမြန်း ရာ အဆိုပါ စစ်ဦးစီးမှူး (ပထမတန်း) က အခု တိုက်ပွဲဖြစ်ရာ ဒေသမှာ SSA တပ်ဖွဲ့များက လက်နက်များ ကိုင်ဆောင်ပြီး လမ်းတွေပေါ်မှာ သွားလာ နေလို့ အစိုးရ စစ်ကြောင်းက သွားရောက် ရှင်းလင်းတာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြားကြောင်း သိရ ပါတယ်။ အဆိုပါ ရှမ်းပြည်တပ်မတော် တာဝန်ရှိသူကပင် မိုင်းအွတ်၊ ဟွေ့လွတ် ဒေသဟာ မိမိတို့ SSA တစ်ဖွဲ့တည်းက အခြေစိုက် လှုပ်ရှားရာ ဒေသ ဖြစ်တဲ့ အတွက်ကြောင့် မိမိတို့တပ်ဖွဲ့တွေ လက်နက်ကိုင် သွားလာနေကြတာဟာ မထူးဆန်းတဲ့ ကိစ္စဖြစ်တဲ့အပြင်၊ နှစ်ဖက် ကြို တင် သဘော တူညီထားတဲ့အတိုင်း လက်နက်ဖြင့် ဝင်ရောက်လာမယ်ဆိုရင် ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပေမယ့် အခု အစိုးရ စစ် ကြောင်းဟာ ကြို တင်အကြောင်းမကြားခဲ့လို့ မိမိတို့ SSA တပ်ဖွဲ့များက အခုလို ပြန်လည် ခုခံတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကော့လီ ကို ပြောပြ ပါတယ်။ မွန်းလွဲပိုင်း ၃ နာရီက စဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ညဦးပိုင်း ၇ နာရီလောက်အထိ ပြီးဆုံးခြင်း မရှိသေးဘဲ အစိုးရတပ်ဘက်က အရှေ့အလယ် ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၅၁၇) ကို စစ်ကူအဖြစ် အဆိုပါ မိုင်းအွတ်ဒေသကို စေလွှတ်ဖြည့်တင်းထားပြီး ရှမ်းပြည် တပ်မတော် ဘက်က လည်း စစ်ကူများ ထပ်မံ ပို့လွှတ်ထားကြောင်း သိရပါတယ်။ တိုက်ပွဲကနဦးမှာ အစိုးရတပ်သား နှစ်ယောက် မိုင်းထိလို့ ကျဆုံးသွားတယ်လို့ သိရပြီး နောက်ဆုံး ထိခိုက်မှုစာရင်းကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ ဦးသိန်းဇော် ဟာ ရှမ်း ပြည်တိုးတက်ရေးပါတီ ဆီကို ဇွန်လ ၂၀ ရက်နောက်ပိုင်းမှာ ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးရန် ဖိတ်ခေါ်စာပေးပို့ခဲ့တယ်လို့ သျှမ်းသံ တော်ဆင့် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ http://abbsoluteright.blogspot.com
วันจันทร์ที่ 18 มิถุนายน พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น