วันอังคารที่ 26 มิถุนายน พ.ศ. 2555

OKRSO နှစ်(၂၀)မြောက် အထိမ်းအမှတ် အခမ်းအနားကျင်းပပြီးစီး

OKRSO နှစ် (၂၀)မြောက် ထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဇွန်လ (၂၄)ရက်နေ့ Student Christian Center (SCC) တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ OKRSOနှစ်(၂၀)မြောက် အခမ်းအနားမှူးဖြစ်သော စောလှစိန်နှင့်နန်းဇီဇ၀ါသိန်းတို့ အခမ်းအနားအစီအစဉ်များဖတ်ကြားသည်နှင့် ဦးစွာပထမ ကရင့်အမျိုးသားအလံတော်အလေးပြုခြင်း၊ OKRSO ဥက္ကဌ မန်းလှသိန်းမှ နှစ်(၂၀)မြောက် အခမ်းအနား မိန့်ခွန်းပြော ကြားခြင်း၊ ကရင်အမျိုးသားအစည်းအရုံး ပဒိုစောအာတိုးမှ ဂုဏ်ပြုမိန့် ခွန်းပြောကြားခြင်း၊ TACDB ဆရာဦးမြင့်ဝေမှ ရွေ့ပြောင်း အလုပ်သမားအကြောင်းကိစ္စများ မိန့် ခွန်းပြောကြားခြင်းနုင့် ထိုင်းနိုင်ငံရှိ ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာအဖွဲ့ (MWG)ဆရာစောခူးမှ ဂုဏ်ပြု အမှတ်တရ မိန့်ခွန်းများ ပြောကြားခဲ့သည်။ ထို့နောက် OKRSO နှစ်(၂၀)မြောက်အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံးမှ ပေးပို့ လာသောသ၀ဏ်လွှာကို ပဒိုစောလှထွန်းမှ ဖတ်ကြားပြီး OKRSO နှစ်(၂၀)မြောက်အထိမ်းအမှတ်အခမ်းအနားစာတမ်းက ဆရာမ နန်းဖေါင်အွာမှ ဖတ်ကြားခဲ့သည်။ OKRSO အဖွဲ့လှုပ်ရှားမှုများကို ဦးဖေသန်းနှင့်ဆရာစရှိုင်းတို့မှ ရှင်းလင်းတင်ပြသည်။ နှစ်(၂၀)အတွင်းမှ အဖွဲ့ ၏ ဌနဆိုင်ရာလှုပ်ရှားတက်ကြွသည့်အဖွဲ့ဝင်များအားဆုပေးအပ်ချီးမြှင့်ရာတွင် လူမှုရေးက ဆရာစောလာပုံးအွာ၊ သတင်းနှင့်ပြန်ကြားရေး မန်းမျိုးမြင့်၊ စာပေနှင့်ယဉ်ကျေးမှု စောဘီးဘီ၊ နန်းမူးဟိလာ၊ နန်းမူးနှိုင်း၊ နန်းယှူးခလိန်းဖေါင် ပညာရေး နန်းမြင့်အောင်၊ နန်းအေးအေးသန့် ၊ နန်အေးသန္တာ ကျန်းမာရေးပညာပေး နန်းဖေါင်အွာ၊ နန်းသူဇာလွင် နှင့် ပညာရေးစေတနာ့ဝန်ထမ်းမှ Mr.Richard ၊ ကနေဒါမှ အလှူရှင်စောထွန်းနေရှင်တို့ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီးနောက် OKRSO နာယက မန်းစိပ်ပလောင်မှ OKRSO ၏ နှစ်(၂၀)မြောက်အတွက် ကျေးဇူးတင်စကားပြောကြားပြီး OKRSO ဒုဥက္ကဌ မန်းမျိုးမြင့်မှ မိန့်ခွန်းအမှာစကားပြောကြားသွားပြီးနောက် ဟောပြောပွဲအခမ်းအနားပြီးဆုံးသည်နှင့် တပြိုင်နက် ဖျော်ဖြေရေးအစီအစဉ်ကို စောဘီးဘီမှ ဆက်လက်တင်ပြသည်။ OKRSO Sunday School ကျောင်းသူ၊ကျောင်းသားများဒုံးအဖွဲ့ ၊ စောမူလာဖေါင် ကရင်လူငယ်ဒုံးအဖွဲ့၊ OKCG ကရင်လူငယ်ယဉ်ကျေးမှုအဖွဲ့၊ KUSG မှ ကျောင်းသူမလေး နော်စကီတာဝင်း တကိုယ်တော်သီချင်း၊ စောမူလာဖေါင် ကရင်စောင်းတူရိယာ တီးခတ်သီဆိုမှုနှင့် ကရင်ပြည်မှ လာလည်ပါ တေးသရုပ်ဖော်တင်ဆက်မှုကို ဒုံရင်း ကရင်လူငယ်ယဉ်ကျေးမှုအဖွဲ့ ၊ SNG ကရင်လူငယ်အဖွဲ့နှင့် အသီးသီး တင်ပြသီဆိုကပြပေးခဲ့သည်။ OKRSO နှစ် (၂၀)မြောက်အထိမ်းအမှတ် အခမ်းအနားမှ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များနှင့် မျိုးချစ်ကရင်လူငယ်(၂၀၀)ကျော်အား တက်ရောက်အားပေးပြီး အခမ်းအနားပိတ်ပွဲအနေနှင့် စည်းလုံးခြင်းလို့ အမည်ရတဲ့ သီချင်းဖြင့် အားလုံးသီဆိုရင်း အခမ်းအနားစီအစဉ်ကို နေ့လည် ၄း၃၀ တွင် အောင်မြင်စွာကျင်းပခဲ့သည်။

0 ความคิดเห็น:

แสดงความคิดเห็น