 ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ KIA တပ်မဟာ (၄) တပ်ရင်း (၁၇)မှ တပ်ကြပ်ကြီး ဘလာဘရန်မိုင်အား အစိုးရစစ်တပ်မှ ဖမ်းဆီးရမိကာ လူမဆန်စွာနှိပ်စက် ညှင်းပန်းမှုပြုလုပ်နေကြောင်း ဒေသခံများပြောသည်။
၎င်းအရာရှိအား မေလ ၃၀ ဗုဒ္ဓဟူးနေ့ ည ၆ နာရီခွဲ အချိန်တွင် တပ်အပြင် သို့ သွားလာနေစဉ် အစိုးရတပ် ခလရ (၁၂၃) မှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တပ်မဟာ (၄) အရာရရှိတစ်ဦးအတည်ပြုပြောဆိုသည်။
“အစိုးရတပ်နဲ့ တိုက်ပွဲမဖြစ်သေးခင်မှာဖြစ်တာ။ သူတို့နေတဲ့နေရာကို မြန်မာအစိုးရတပ်တွေက ရောက်လာတယ်။ အဲဒီချိန်မှာ KIA တပ်ကြပ်ကြီးက ခဏလေးအပြင်ထွက်နေတဲ့ချိန် တွေ့ပြီး ဖမ်းသွားတာ သူကလည်း စစ်သားဖြစ်နေတော့လည်း ဖမ်းမိရင်တော့ အဲဒီလိုနှိပ်စက်ခံရတာပေါ့” ဟု ၎င်း အရာရှိပြောသည်။
မြန်မာတပ်များသည် တပ်ကြပ်ကြီးအား ဖမ်းဆီးသွားခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် နမ်ဖတ်ကာကျေးရွာသို့ လူမဆန်စွာ နှိပ်စက်ပြီးခေါ်ဆောင် လှည့်လည်နေကြောင်း ဒေသခံများမှသိရသည်။
၎င်းကိစ္စနှင်ပတ်သက်၍ ဒေသခံမျက်မြင်သက်သေနှင့် ဆက်သွယ်မေးမြန်းခဲ့သူ ရှမ်းပြည်မှဒေသခံတစ်ဦးက “သူ့ကိုနှခေါင်းထိပ်ဖြတ်ပေးတယ်။ ပြီးတော့ နှခေါင်းမှာကြိုးလျှိုပြီး ကြိုးနဲ့ ဆွဲခေါ်လှည့်လည်နေတယ် ပြောတယ်။” ဟုပြောပြသည်။
နှစ်ဖက်တင်းမာမှုရှိနေသည့် KIA တပ်မဟာ (၄) နယ်မြေတွင် မြန်မာအစိုးရတပ် ခလရ (၂၄၂)၊ (၁၂၃)၊ (၅၄)၊ (၁၂၉)၊ (၂၉၀) နှင့် (၆၈) တပ်ဖွဲ့များ အခြေစိုက်လျက်ရှိကြောင်းသိရသည်။
ဇွန်လဆန်းပိုင်းမှစ၍လည်း မြန်မာအစိုးရတပ်များသည် စစ်ကား (၁၅) စီးဖြင့် KIA တပ်မဟာ(၄) နယ်မြေသို့ အင်အားတိုးချဲ့ရောက်ရှိလာကြောင်း မျက်မြင်ဒေသခံများပြောသည်။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း ယနေ့ထိသဘောတူညီမှုမရသေးပဲ နှစ်ဖက်ကြား တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။.

วันพุธที่ 13 มิถุนายน พ.ศ. 2555
အဖမ်းခံရသော KIA တပ်ကြပ်ကြီးကို မြန်မာအစိုးရစစ်သားများ လူမဆန် နှိပ်စက်
สมัครสมาชิก:
ส่งความคิดเห็น (Atom)
 
0 ความคิดเห็น:
แสดงความคิดเห็น