ဇွန်လ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းမနိုက်အွာ (ကေအိုင်စီ) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လယ့်ဟော်ကျေးရွာတွင် ယနေ့ မနက်၌ စာသင်ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ဒေသ ဆိုင်ရာ မြန်မာအစိုးရ တာဝန်ရှိသူအချို့နှင့် ဒေသခံ ကရင်အမျိုးသား ခေါင်းဆောင်အချို့ တက်ရောက်အားပေးခဲ့သည်ဟု သိရသည်။ ယနေ့မနက် ၉နာရီမှ ၁၀နာရီအထိ ကျင်းပခဲ့သည့် ထိုကျောင်းဖွင့်ပွဲအခမ်းအနားတွင် ဝေါ်လေမြို့နယ်ခွဲရှိ ဝေါ်လေ ကျောင်းအုပ်ကြီး၊ အစိုးရ အုပ်ချုပ်ရေးတာဝန်ရှိသူအချို့၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA (၂၀၁)တပ်ရင်းမှ ဒု-ရင်းမှူး ဗိုလ်မှူးစောကြည်အောင်အပါအဝင် ခေါင်းဆောင်နှစ်ဦးနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)မှ ခေါင်းဆောင် အချို့တက်ရောက်ခဲ့ သည်ဟု လယ့်ဟော်ရွာသူကြီး စောဖာ့တပေါ့က ပြောသည်။ “ခေါင်းဆောင်တွေက ကျနော်တို့ကို လာအားပေးတယ်။ အခုလို ကျောင်းဖွင့်တာ သူတို့အနေနဲ့ ဝမ်းသာ တယ်။ နှစ်ဦးနှစ်ဖက်၊ သုံးဖက်စလုံး လက်တွဲပြီးတော့ အချင်းချင်း နားလည်းမှုတွေ ကြိုးစားနေချိန်မှာ ကလေးတွေရဲ့ ပညာရေးကို အားပေးရမယ်လို့ ကျနော်တို့ကို ပြောတယ်။”ဟု သူက ကေအိုင်စီသို့ ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေး သဘောတူလက်မှတ်ထိုးပြီးနောက်ပိုင်း ထိုလယ့်ဟော်ဒေသအပါအဝင် ဝေါ်လေဒေသတလျှောက် အပစ်အ ခတ်မရှိတော့ပဲ ယခုလို အခမ်းအနားမျိုး နှစ်ဦးနှစ်ဖက် တက်ရောက်နိုင်ခြင်းလည်းဖြစ်သည်။ လယ့်ဟော်စာသင်ကျောင်းသည် ပြီးခဲ့သည့်နှစ်က ၄တန်းအထိသာ သင်ကြားခဲ့သော်လည်း ယခုနှစ်တွင် သူငယ်တန်းကလေးမှ ၆တန်းအထိ သင်ကြားမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားဦးရေ ၅၀ကျော်နှင့် ကျောင်း ဆရာမ ၃ဦးရှိသည်ဟု သိရသည်။ စောဖာ့တပေါ့က “အရင်နှစ်ကဆိုရင် ကျောင်းဖွင့်ပေမယ့် တိုက်ပွဲတွေဖြစ်တာကြောင့် ကလေးတွေ ကောင်းကောင်းမွန်မွန် စာမသင်ရဘူး။ ဟိုပြေးရဒီပြေးရနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီနှစ်တော့ အခြေအနေတွေ ကောင်းလာဖို့ မျှော်လင့်တယ်။”ဟု ပြောသည်
วันเสาร์ที่ 16 มิถุนายน พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น