วันอังคารที่ 8 พฤษภาคม พ.ศ. 2555
ထိုင်းနိုင်ငံ မတ္တဖုဓာတုစက်ရုံ ပေါက်ကွဲမှု လူ ၁၂ ဦးသေ
ထိုင်းနိုင်ငံ ရရောင်းပင်လယ်ကမ်းနား မတ္တဖုရေနံစက်မှုဇုံပေါက်ခွဲမှုကြောင့် ဓာတုအဆိပ်သင့်မှုတွေ ရှိနိုင်တဲ့ အတွက် ကျွမ်းကျင်သူတွေက စောင့်ကြည့်လေ့လာနေပါတယ်။
လွန်ခဲ့သော ၆- ၅- ၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံ ရရောင်းပင်လယ်ကမ်းနား မတ္တဖုရေနံစက်မှုဇုံနှင့်ဓာတုစက်ရုံတခုဝန်းထဲမှာ စနေနေ့က ပေါက်ကွဲမှုတွေဖြစ်ပွားပြီး မီးလောင်ခဲ့တာကြောင့် လူ ၁၂ ဦး သေဆုံးသွားပြီး တခြား လူ ၁၀၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။
ဘန်ကောက်မြို့ အရှေ့တောင်ဘက် ရာရောင်း ပြည်နယ်မှာ ရှိတဲ့ မတ်တာဖူ့တ် လို့ခေါ်တဲ့ ဒီစက်ရုံကြီးဟာ ကမ္ဘာ့ပေါ်မှာ အကြီးဆုံးသော ရေနံနဲ့ဓာတုစက်ရုံတွေ ထဲက တခု ဖြစ်ပါတယ်။
အဲဒီစက်ရုံအနီးမှာ ရှိတဲ့ နေထိုင်သူတွေကို ဘေးလွတ်ရာကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ပြီ ဖြစ်ပြီး ၊ ဓာတုအဆိပ်သင့်မှုတွေ ရှိနိုင်တဲ့အတွက် ကျွမ်းကျင်သူတွေက အဲဒီနယ်မြေမှာ စောင့်ကြည့်လေ့လာမှုတွေ လုပ်နေပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လူအချို့က ဓာတုအဆိပ်သင့်မှုတွေ ရှိပြီး အသက်ရှူလမ်းကြောင်းမှာ နာကျင်နေတယ်ကို ပြောပါတယ်။
စက်ရုံပေါက်ကွဲမှုက ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ မသိရသေးပါ။ စက်ရုံကုမ္မဏီက စက်ရုံးပေါက်ကွဲမှုကို သူတို့က တာဝန်မရှိကြောင်း ငြင်းဆန်ခဲ့တာကြောင့် စက်ရုံအနီးနားရှိလူများကို ထိပ်လှန့်ပြီး နောက်ထပ် ပေါက်ကွဲမှာကို စိုးရိမ်ရတာထက် ဓာတုအဆိပ်သင့်မှုက ပိုပြီးကျောက်ရတယ်လို့ ပြောနေပါတယ်။
ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေဟာ ဒီစက်ရုံကို အဓိက အကြောင်းပြပြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လှုပ်ရှားနေကြတာ ကာလကြာရှည်ခဲ့ပြီ ပြောဆိုပါတယ်။
ဖါးစည်သံ
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น