วันอาทิตย์ที่ 22 เมษายน พ.ศ. 2555

စောမောပွယ် တကောင်းမြို့တွင် ဘုရင်ဖြစ်လာပုံ(အပိုင်း ၃)

BC ၆၀၀ နောက်ပိုင်း ရှမ်းနှင့်ကရင်တို့ ပူးပေါင်းပြီး မောင်းထုတ်လိုက်ကြသည့် ကုလားများမှာ ထပ်မံ ၀င်ရောက်လာကြပြီး ရှမ်းများကို တိုက်ခိုက်အနိုင်ယူလေသည်။ ၎င်းကုလားတို့သည် ရှမ်းများအား တဖန် နှင်ထုတ်ပြီး “ပုဂံမြို့ဟောင်း”ဟု ခေါ်သည့်မြို့ကို တည်ထောင်လေသည်။ ဤမြို့သည် တကာင်းအနီးတွင်ရှိပြီး ကုလားတို့သည် ထီးနန်းများ စိုက်ကာ အုပ်ချုပ်လေတော့သည်။ ပဌမဦးဆုံး အုပ်စိုးသည့် ကုလားမင်းမှာ တဇရာဇ ဖြစ်သည်။ ကုလားမင်းများအုပ်ချုပ်ခဲ့ရာတွင် တဇရာဇာမှ သတိုးရွှေမင်းအထိ မင်းဆက် စုစုပေါင်း ၆ဆက် ရှိပြီး သတိုးရွှေမင်းလက်ထက်၌ပင် မင်းဆက် ပြတ်သွားလေတော့သည်။ သတိုးရွှေမင်းစိုးစံနေချိန်တွင် နာဂလူမျိုးတဦးသည် မိဘုရားတဦးနှင့် လာရောက်ရင်းနှီးအောင် ပြုလုပ်ပြီးလျှို့ဝှက်စွာ ပေါင်းသင်း နေထိုင်ခဲ့လေသည်။ မိဘုရား၏အမည်မှာ ကိန္နရဒေ၀ီ ဖြစ်သည်။ ယင်းနောက်တွင် နန်းတက်အုပ်စိုးသည့်မင်းမှန်သမျှကို ညအချိန် အိပ်ပျော်နေစဉ် အသတ်ခံရလေတော့သည်။ ယင်းကြောင့် ကုလားဘုရင်၏ အုပ်စိုးမှုသည် မတည်မငြိမ် ဖြစ်လေသည်။ တကောင်းတွင် အုပ်စိုးသည့် ဘုရင် ၁၇ပါးအနက် ရှေးဦးစွာ အုပ်စိုးခဲ့သည့် ဘုရင်၅ပါးသာ နန်းသက် အတော်အသင့် ကြာခဲ့သည်။ ၆ယောက်မြောက်မှစပြီး ၁၆ယောက်မြောက်အထိ ဤဘုရင်များသည် အချိန်တိုအတွင်းသာ စိုးစံခဲ့ရပြီး ဤနာဂလူမျိုး၏ သတ်ဖြတ်ခြင်းကို ခံကြရသည်။ ၎င်းတို့ညအချိန် အိပ်ပျော်နေစဉ် အသတ်ခံကြရခြင်း ဖြစ်သည်။ ဤကဲ့သို့ အုပ်စိုးသည့်ဘုရင်များ တယောက်ပြီးတယောက် အချိန်တိုအတွင် အသတ်ခံကြရသဖြင့် တကောင်းတွင် နန်းတက်ခါ ဘုရင်အဖြစ် အုပ်စိုးမည့်သူ မရှိသလောက် ဖြစ်လာတော့သည်။ ဤသို့အားဖြင့် တနေ့တွင် ကရင် တယောက်ဖြစ်သည့် စောမောပွယ် (ဗမာလို မောင်ပေါက်ကျိုင်းဟု ခေါ်သည်)သည် ယူနန်ပြည် တာလီဖူ့(Talifu)မြို့တွင် နေထိုင်ခဲ့ရာမှ တကောင်းမြို့သို့ သွားရောက်ခဲ့သည်။ ဤတကောင်းပြည်၌ အုပ်စိုးသူဘုရင်မရှိကြောင်း သူကြားသိရသည်။ ထိုအခါ စောမောပွယ်က တိုင်းသူပြည်သားများအား ဤတိုင်းပြည်တွင် သူဘုရင်လုပ်အုပ်စိုးမည်ဟု ပြောဆိုလေသည်။ တိုင်းသူပြည်သားများကလည်း စောမောပွယ်အား ဘုရင်လုပ်သူတိုင်း နာဂလူမျိုးတဦးက သတ်ဖြတ်ခဲ့သဖြင့် ရှင်ဘုရင်အတော်များများ နတ်ရွာစံပြီးဖြစ်ကြောင်း ပြောဆိုလေသည်။ ထိုကြောင့် တိုင်းသူပြည်သားများက စောမောပွယ်သည် ရဲရင့်သူတယောက်ဖြစ်သဖြင့် နာဂလူမျိုးကို မုချ အနိုင်ယူနိုင်မည်ဟု ယူဆသောကြောင့် ၎င်းအား တကောင်းဘုရင်အဖြစ် စိုးစံရန် ခွင့်ပြုလိုက်သည်။ တာလီဖူ့ မြို့ နှင့် တကောင်းမြို့ တို့ ၏ အကွာအဝေးမှာ မိုင် ၃၃၀ ခန့် ရှိပြီး လမ်းခရီးတွင် ၁၁ ရက် ကြာမြင့်သည်။ စောမောပွယ် ဘုရင်ဖြစ်လာသောအခါ ပထမဦးဆုံးလုပ်ရသည့်အလုပ်မှာ ထိုနာဂလူမျိုးတယောက်ကို စောင့်ပြီး သတ်ဖြတ်ဖို့ ဖြစ်သည်။ စောမောပွယ်သည် လူတယာက်နှင့်အရပ်အမောင်းတူ ငှက်ပျောပင်တပင်ကို ခုတ်လှဲပြီးဘုရင်အိပ်စက်သည့်နေရာတွင် ထားရှိကာ စောင်နှင့် အသေအခြာခြုံထားစေသည်။ တဉ်းတယောက်အိပ်စက်နေသည့် သဏ္ဍန်အလား ပေါ်လွင်စေသည်။ ထို့ နောက် စောမောပွယ်ကမူ အခန်း၏ ဒေါင့်တနေရာတွင် ကွယ်၍ ပုန်းအောင်းနေလေသည်။ နာဂလူမျိုးတဦး၏ အလာကို စောင့်နေလျက်ရှိသည်။ ညသန်းခေါင်အချိန်ရောက်သောအခါ ထိုနာဂူမျိုးသည် ဘုရင်၏နန်းတော်အတွင်းသို့ ဝင်လာပြီး မိဖုရားနှင့်အိပ်စက်ရန် အခန်းတွင်းသို့ ဝင်သွားလေတော့သည်။ အခန်းတွင်းသို့ ရောက်သောအခါ အိပ်ယာပေါ်တွင် အသစ်စက်စက် နန်းတက်လာပြန်သော ဘုရင်တပါး အိပ်စက်လဲလျောင်းနေသည်ကို တွေ့ ရလေသည်။ ထိုအခါ ယင်းနာဂလူမျိုးသည် ၎င်းနှင့်အတူ ပါလာသည့်မှိန်းဖြင့် အိပ်စက်နေသည်ဟု ထင်ရသောဘုရင်အား အရှိန်ပြင်းပြင်းဖြင့် ထိုးသတ်လေသည်။ ထိုအခါ မှိန်းသည် ငှက်ပျော်ပင်တွင် နက်ရှိုင်းစွာ စိုက်ဝင်သွားသဖြင့် နာဂလူမျိုးသည် ချက်ချင်းမှိန်းကို ပြန်နှုတ်ယူ၍မရချေ။ ဤကဲ့သို့ ဖြစ်နေစဉ် ဒေါင့်တနေရာတွင် မှောင်ရိပ်ခိုပြီးစောင့်နေသည့် စောမောပွယ်သည် ထိုနာဂလူမျိုး၏ဦးခေါင်းကို လျင်မြန်စွာ ခုတ်ဖြတ်လိုက်လေတော့သည်။ ထို့ နောက် စောမောပွယ်သည် “သတိုးမဟာရာဇာ”ဘွဲ့ အမည်ကို ရရှိပြီး တကောင်းတွင် ၁၇ ဦးမြောက်ဘုရင်ဖြစ်လာလေတော့သည်။ မှတ်ချက် --- ဗမာရာဇ၀င်ထဲတွင် ထိုနာဂလူမျိုးကို နဂါးအဖြစ် တင်စားထားပြီး နဂါးမင်းက မိဘုရားကြီးနှင့် လာရောက် အိပ်စက်သည်ဟု ဆိုသည်။ ဤကဲ့သို့ အချင်းအရာမျိုးမှာ မဖြစ်နိုင်ပေ။ မဏိပူရပြည်နယ်၏ မြောက်ပိုင်းဒေသတွင် လူမျိုးတမျိုးရှိသည်။ ၎င်းလူမျိုးကို နာဂလူမျိုးဟု ခေါ်ကြသည်။ နာဂလူမျိုးတို့သည် သားရဲတိရိစ္ဆာန်ကဲ့သို့ အလွန် ရဲစွမ်းသတ္တိရှိသူများ ဖြစ်ကြသည်။ လူ၏ ဦးခေါင်းကို အများဆုံးခုတ်ဖြတ်နိုင်သော သူသည် နာဂဘုရင် ဖြစ်လာသေည်။ မိဘုရားကိန္နရာဒေ၀ီ ယင်းနာဂလူမျိုးကို အလွန်ချစ်ခဲ့သည်။ နှစ်ပေါင်းများစွာလည်း အတူအိပ်ခဲ့သဖြင့် ယခုကဲ့သို့ စောမော်ပွယ်က သတ်လိုက်သဖြင့် အလွန် ၀မ်းနည်းပူဆွေးခဲ့ရသည်။ ထိုနာဂလူမျိုးအား စောမောပွယ်ထက် ပိုချစ်သည်။ ယင်းနာဂလူမျိုးအား အလွန်ချစ်သောကြောင့် ယင်းနာဂလူမျိုးအ၀တ်အစားဖြင့် ၎င်းအား ဦးခေါင်းစွပ်ကို ချုပ်လုပ်ပေးရန်အတွက် လျှို့ဝှက်ငွေပေးပြီး လုပ်စေသည်။ ထိုနည်းအတူ ထိုနာဂလူမျိုး၏ လက်ဖျံရိုးဖြင့် ဆံထိုးပြုလုပ်ရန်အတွက်လည်း လျှို့ဝှက်ငွေပေးလေသည်။ မိဘုရားကန္နရီသည် စောမောပွယ်အပေါ် အလွန်စိတ်ဆိုးဒေါသထွက်လျက် စောမောပွယ်အား လုပ်ကြံရန် စဉ်းစားလေသည်။ သို့ဖြင့် လင်္ကာဖွဲ့ကာ စောမောပွယ်အား ထိုလင်္ကာ၏ လျှို့ဝှက်အဓိပ္ပါယ်ကို ဖွင့်ဆိုဖေါ်ထုတ်လေသည်။ စောမောပွယ်သည် ဤလင်္ကာ၏အဓိပ္ပါယ်ကို မှန်ကန်စွာ ဖေါ်ထုတ်နိုင်ပါက မိဘုရားသည် အသေခံသွားမည် ဖြစ်ပြီး စောမောပွယ်ဖေါ်ထုတ်နိုင်ခြင်းမရှိပါက စောမောပွယ်အား သတ်ရန်ဖြစ်သည်။ ယင်းလင်္ကာ၏ အဆိုအရမှာ -- အရေခွံခွာခြင်း၊ အရေခြွုံဖင့် ချုပ်လုပ်ခြင်းနှင့် ချစ်သူ၏ အရိုး --- စသည့် လင်္ကာထဲတွင် ပါရှိသည့်အရာများ၏ အဓိပ္ပါယ်ကို စောမောပွယ်က ဖေါ်ထုတ်ပေးရန် ဖြစ်သည်။ စောမောပွယ်သည် ကိန္နရာဒေ၀ီက ရွတ်ဆိုဖေါ်ထုတ်စေသည့် လင်္ကာ၏အဓိပ္ပါယ်ကို အောက်ပါလင်္ကာဖြင့် အေဖြေပေး ဖေါ်ထုတ်နိုင်ခဲ့လေသည်။ စောမောပွယ် လင်္ကာဖြင့် ဖေါ်ထုတ်လိုက်သည့်အဖြေမှာ အောက်ပါအတိုင်း ဖြစ်သည်။ မိဘုရားကြီးက ၎င်း၏ ချစ်သူ နာဂ၏ အ၀တ်အစားများကို ချုပ်ရန်အတွက် ငွေအသပြာတရာ ပေးခဲ့သည်။ တဖန် ထိုနာဂ အ၀တ်အစားအား ခေါင်းအုံးအဖြစ် ဆက်လက် ချုပ်လုပ်ရန်အတွက် ငွေအသပြာတထောင် ပေးခဲ့သည်။ သင်၏ ချစ်သူ နာဂလူမျိုး၏ လက်ဖျံရိုးကို ခေါင်းပေါ်တွင် ထိုထားရန်အတွက် ဆံထိုး ပြုလုပ်စေသည်။ သင်၏ လင်္ကာအဓိပ္ပါယ်ကို ဖေါ်ထုတ်နိုင်သော်လည်း သင့်အား အကျွန်ုပ်မသတ်ပါ။ သဘာဝအလျောက် အသက်ရှင် သွားနိုင်သည်အထိ မိဘုရားကြီးအဖြစ် နေသွားရန်သာ ဖြစ်သည်။ အကျွန်ုပ်လည်း ဘ၀တသက်တာ သဘာဝ ခွင့်ပြုသည်အထိ အသက်ရှင် နေထိုင်သွားမည် ဖြစ်သည်။ ကရင်သမိုင်းဆရာစောအောင်လှ ရေးသားသော ကရင်ရာဇ၀င်စာအုပ်မှ ဖါးစည်သံ

0 ความคิดเห็น:

แสดงความคิดเห็น