วันพฤหัสบดีที่ 12 เมษายน พ.ศ. 2555

(ပ၀ို)မြို့  သရေခေတ္တရာ

အချိန်ကြာမြင့်လာပြီး နောက်ပိုင်း ဧရာဝတီမြစ်ဝ ကျွန်းပေါ်တလျှောက် အရှေ့ ဖက်ကမ်း အနောက်ဖက်ကမ်းအပါအ၀င် ကရင်ရွာများ တန်းစီရှိလာတော့သည်။

ကျေးရွာတိုင်းတွင် ကျေးရွာအုပ်ချုပ်ရေး စနစ်တကျရှိသည်။ ရွာသူကြီး ကျေးရွာလက်ထောက် အဆင့်ဆင့် စသည်များ ထားရှိလေသည်။ အချိန်ကာလ ရွေ့ လျားသွားသည်နှင့်အမျှ ကရင်လူမျိုးတို့ သည် ဖွံ့ ဖြိုးတိုးတက်များလာလေသည်။ နောက်ဆုံး ဧရာဝတီမြစ်ဝတွင် “ပ၀ို”ဟုခေါ်သော ကရင်ရွာကြီးတရွာဖြစ်ပေါ်လာလေသည်။ ဤရွာကြီးကို ၎င်းတို့ က “ပ၀ိုဒုံ”(ကရင်မြို့ )ဟု ခေါ်ဝေါ်ကြလေသည်။ ဤ“ပ၀ိုဝေ”ပ၀ိုဒုံတွင် ရွာသူကြီးအဖြစ် အုပ်ချုပ်သည့် “ဖူ့ ပလီး”မှာ နောက်ဆုံး ဤမြို့ ၌ပင် ဘုရင်တပါး ဖြစ်လာသည်။ အခြားကျေးရွာအားလုံးရှိ ရွာသူကြီးအားလုံးတို့ သည် “ဖူ့  ပလီး”ဘုရင်၏အောက်တွင် ရှိလေသည်။
မှတ်ချက်။ “စဝှော်ဖူ့ ပလီး”(ဘုရင်ဖြစ်လာသည့်ရွာသူကြီး)သည် ပထမဦးဆုံး“ပ၀ိုဖူ့  လပီး”(သူလည်းရွာသူကြီး)၏မြေးပင်ဖြစ်သည်။ မိဘများက ၎င်းအဖိုးနာမည်ကို ယူပြီး ၎င်းအား ဖူ့ ပလီး ဟူ၍ ပြန်လည်မှည့်ခေါ်ထားခြင်းဖြစ်သည်။
“ဖူ့ ပလီး”သည် “ပ၀ိုမြို့ ”(ပိုးကရင်မြို့ )ကို အုပ်ချုပ်ခဲ့သည့် ပထမဦးဆုံး ကရင်ရှင်ဘုရင်တပါးဖြစ်သည်။ ဖူ့  ပလီး၏ နောက်ပိုင်းတွင် ဤပ၀ိုမြို့ ကို အုပ်စိုးခဲ့သည့် ဘုရင်များစွာရှိခဲ့သည်။ ပ၀ိုမြို့ ကို နောက်ဆုံး အုပ်စိုးသည့်ဘုရင်မှာ “ဘုရင်သာဘူးလား”ဖြစ်သည်။ ဘုရင်သာဘူလား “ပ၀ို”မြို့ အုပ်စိုးနေစဉ် ရခိုင်ပြည်တွင် နေထိုင်ကြသည့်ကုလားလူမျိုးများသည် ဘုရင်သာဘူးလားအား လာရောက်တိုက်ခိုက်ကာ “ပ၀ို”မြို့ ကို သိမ်းပိုက်လေတော့သည်။ “ဘုရင်သာဘူးလား”ကိုလည်း ယင်းကုလားလူမျိုးတို့ က ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ထိုနောက် ယင်း “ပ၀ို”မြို့ ကို သာဘူးလားဘုရင်၏ မိဖုရားနန်းခမ်းက ဆက်လက်အုပ်စိုးလေသည်။ နန်းခမ်းက “ပ၀ို”မြို့ အား နှစ်အနည်းငယ် အုပ်စိုးပြီးနောက်တွင် အထက်အညာ“တောကာင်း”ပြည်က တကောင်းမင်း “မဟာသမ္ဘ၀”သည် ဤပ၀ိုမြို့ ကို ၀င်ရောက်အုပ်စိုးလေသည်။ “မဟာသမ္ဘ၀”သည် သတိုးမဟာရာဇာ၏ သားတော်ဖြစ်သည်။ ၎င်း၏ ကရင်နာမည်မှာ “ဆာဖါးဝါး”ဖြစ်သည်။ မိဖုရားနန်းခမ်း၏ သဘောတူညီချက်ဖြင့် “မဟာသမ္ဘ၀”သည် ဤ “ပ၀ို”မြို့ ကို ၀င်ရောက်အုပ်စိုးခဲ့ခြင်းဖြစ်သည်။ မိဖုရားနန်းခမ်းကိုလည်း ၎င်း၏မိဖုရားအဖြစ် ဆက်လက်ထားရှိကာ ဤပ၀ိုမြို့ ကို ၆ နှစ်တိတိ စိုးစံပြီးနောက် နတ်ရွာစံလေသည်။ ဘုရင်“မဟာသမ္ဘ၀”နတ်ရွာစံစဉ် အသက် ၂၆ နှစ်သာ ရှိသေးသည်။
“မဟာသမ္ဘ၀” နတ်ရွာစံပြီးနောက် ၎င်း၏ညီတော် စူဠသမ္ဘ၀ (ကရင်နာမည် ဖေါ့ဖါးဝါး)က ၎င်း၏နေရာတွင် ဆက်လက်စိုးစံလေသည်။ စူဠသမ္ဘ၀သည် ပ၀ိုမြို့ အား ၃၅ နှစ်ကြာ အုပ်စိုးပြီး အသက်၆၁ နှစ်တွင် နတ်ရွာစံလေသည်။ ဘုရင်စူဠသမ္ဘ၀ နတ်ရွာစံပြီးနောက် တူတော်သူ (ဆားဖါးဝါး၏သား)ဒွတ္တဘောင်(ကရင်နာမည် ထူးထူးဘော)ဘုရင်ဖြစ်လာပြီး ဤပ၀ိုမြို့ အား တိုးချဲ့  တည်ဆောက်လေသည်။ ပြီးနောက် ဤပ၀ိုမြို့ ကို သရေခေတ္တရာမြို့ ဟု ခေါ်လေသည်။ (သရေခေတ္တရာမြို့  သည် ဆားဖါးဝါး (ခေါ်) မဟာသမ္ဘ၀၏ဘကြီးတော်ခေပဒူတ တောင်ယာခုတ်စားသည့် နေရာဖြစ်သည်ဟုဆိုသည်)
သရေခေတ္တရာကို တည်ဆောက်သည့် အထိန်မှာအရှင်ဂေါတမပရိနိဗ္ဗာန်ပျံလွန်တော်မူပြီးနောက်နှစ်ပေါင်း ၁၀၁နှစ်အကြာ ဃြ ၄၄၃ ခုနှစ်တွင်ဖြစ်ပါသည်။ ထူးထူးဘော (ခေါ်) ဒွတ္တဘောင်မင်းသည် မြို့ တွင်း၌ ရှိသူများကိုသာ အုပ်ချုပ်ခဲ့သူဖြစ်သည်။ သူသည် အနှစ်(၇၀)တိုင် စိုးစံခဲ့ပြီး အသက် ၁၀၅ နှစ်တွင် နတ်ရွာစံလေသည်။

စောအောင်လှရေး ကရင်သမိုင်းစာအုပ်မှ

0 ความคิดเห็น:

แสดงความคิดเห็น