วันพฤหัสบดีที่ 12 เมษายน พ.ศ. 2555

ကရင့်ယဉ်ကျေးမှုဖော်ထုတ်ရေးကော်မတီ

၁၉၆၀ – ခုနှစ် ကရင်ပြည်နယ် ဖါးအံမြို့ တွင် ကျင်းပသော ကရင်ယဉ်ကျေးမှုညီလာခံကို အကြောင်းပြု၍ ဆရာကြီးစောပေါ(လ်)ဖေါကို ကျနော် ပထမဆုံးမြင်ဖူးသည်။ ထိုစည်က ဆရာကြီးသည် ကရင်ပြည်နယ် သံတောင်မြို့ ၏ လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်)အမတ်ဖြစ်သည်။ ယင်း ကရင့်ယဉ်ကျေးမှုဖော်ထုတ်ရေးညီလာခံတွင် ယဉ်ကျေးမှုနှင့်ပတ်သက်၍ ဦးဆောင်ထိန်းသိမ်းဆွေးနွေးသူနှစ်ဦးမှာ ထိုစဉ်က ဦးစောလုံ(၀န်ကြီး)နှင့် ဆရာကြီးစောပေါ(လ်)ဖေါ ပင်ဖြစ်သည်။ ဦးစောလုံက ကရင့်ယဉ်ကျေးမှုရေးရာအဖြာဖြာကို တင်ပြရာတွင် တပြည်နယ်စလုံးလွှမ်းခြုံတင်ပြ၍ ဆရာကြီးစောပေါ(လ်)ဖေါက သံတောင်နယ်ကို အခြေစိုက်ကာ အနုစိတ်တင်ပြပြီး ဦးစောလုံနှင့် စောပေါ(လ်)ဖေါတို့ နှစ်ဦးစလုံး သံတောင်ဇာတိသားများလည်းဖြစ်ကြပေသည်။

တောင်ငူနှင့်သံတောင် ဆက်စပ်သည့်ဒေသကို ရှေးခေတ်သာသနာပြုဆရာများက ကရင်နှလုံးသားတည်ရာ ဗဟိုဒေသ (Karen ‘ s Heart of Land) အဖြစ် တင်စားကာ ခေါ်ဆိုခဲ့ကြ၏။ ကရင့်ဒဏ္ဍာရီပုံပြအရ ကရင်လူမျိုးများသည် “သောသီ”အမည်ရှိသော တောင်ပေါ်က ဆင်းသက်လာခဲ့ကြ၏။ ယင်း “သောသီ”တောင်သည် သံတောင်နယ်အတွင်း၌ ရှိလေသည်။ ဗြိတိသျှခေတ် (၁၉၁၁) ခုနှစ် နှင့် (၁၉၃၀)ခုနှစ် ကောက်ယူသောသန်းခေါင်စာရင်းများအရ ကရင်လူမျိုးအုပ်စုခွဲတစ်ဒါဇင်ကျော်ကို ဖော်ပြရာတွင် တောင်ငူနှင့်သံတောင်နယ်အတွင်းရှိ ကရင်လူမျိုးအုပ်စုခွဲကိုပင် ဖော်ပြခြင်းဖြစ်၏။ အခြားဒေသများတွင် အဓိကဖြစ်သော စကောနှင့်ပိုးကရင်များကိုသာ မြင်တွေ့ နိုင်သော်လည်း သံတောင်နှင့်တောင်ငူဒေသတွင်း၌ ပကူးကရင်၊ ဘွဲကရင်၊ ကဲဘားကရင်၊ မော်နေဘွားကရင်၊ အစရှိသောကရင်တို့  ကိုလည်း မြင်တွေ့ နိုင်ကြ၏။ အထူးသဖြင့် နမူနာအဖြစ် အထက်တွင်ဖော်ပြသော ကရင်အုပ်စုခွဲအားလုံးသည် အဓိက စကောနှင့်ပိုးကရင်အုပ်စုကြီးနှစ်ခုကပင် ဆင်းသက်လာကြခြင်းဖြစ်၏။ ဤနေရာတွင် အံ့သြဖွယ်ရာကောင်းသည်မှာ ကရင်အမျိုးသားခေါင်းဆောင် ဆရာကြီးစောပေါ(လ်)ဖေါသည် “ကဲဘားကရင်”အမျိုးသားတဦးဖြစ်ခြင်းပင်ဖြစ်လေသည်။

သို့ ဖြစ်၍ ဆရာကြီးသည် မည်သည့်ဒေသတွင်မျှ မရှိသော ကရင်လူမျိုးအုပ်စုခွဲများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ကရင့်ယဉ်ကျေးမှုဖော်ထုတ်ရေးညီလာခံတွင် စိတ်ဝင်စားဖွယ် ရွှန်းရွှန်းဝေအောင် တင်ပြနိုင်ခြင်းပင်ဖြစ်၏။ ထိုစဉ်က ကျင်းပခဲ့သော ကရင့်ယဉ်ကျေးမှုဖော်ထုတ်ရေးညီလာခံကြီး၏အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်လေသည် –

ပထမနေ့  (၈ – ၁၁ – ၁၉၆၀) အစီအစဉ်

(၁) ကရင်ပြည်နယ်အစိုးရအဖွဲ့ ဥက္ကဌ၊ ၀န်ကြီး ဒေါက်တာစောလှထွန်း၏ သဘာပတိမိန့် ခွန်း၊

(၂) ကရင်ပြည်နယ်ဖြစ်ဖေါ်လာပုံသမိုင်းအကျဉ်းချုပ် (ကရင်ပြည်နယ်ကောင်စီ သဘာပတိ ဦးစောလုံ၊

(၃) ကရင့်ယဉ်ကျေးမှုဖော်ထုတ်ရေးညီလာခံဖြစ်ပေါ်လာပုံ၊ ကရင့်ရေးရာအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး မန်းသိန်းဟန်၊

(၄) ကရင်အမျိုးသားသီချင်း ဆရာကြီး ဂျွန်ဆင်ကံကြီး၊

(၅) ကရင်အမျိုးသားအလံတော်အကြောင်း ဆရာကြီး စောဂျိန်းတာပ၊ (ပါဝင် ဆွေးနွေးသူများမှာ ဒေါက်တာစံအောင်၊ မန်းညွန့် အောင်၊ မန်းစိန်အောင်)

(၆) ကရင်အမျိုးသားများ၏ အနုသုခုမပညာနှင့် ဓလေ့ထုံးစံများတင်ပြခြင်း ဦးစောလုံ၊

(က) ပဏာမ ယိမ်းအက၊

(ခ) အ၀တ်အထည်၊ လက်ဝတ်ရတနာများ ၀တ်စားဆင်ယင်တင်ပြခြင်း၊

(ဂ) အဆောင်များ (လက်ဖွဲ့ ၊ ပုတီး၊ အင်း)တင်ပြခြင်း၊

(ဃ) လက်နက်၊ သိုင်း၊ ဒိုင်းအက၊ (တလကူသိုင်း၊ တတ်စောဒုန်း၊ စောမူနော်ဒုန်း)

(၇) နေအိမ်ဆောက်ခြင်း၊ ဓလေ့ထုံးစံများ၊ (ဆရာကြီး စောပေါ(လ်)ဖေါ)

(က) မြေယာနှင့် နေ့ ကောင်း ရက်ကောင်း ရွေးချယ်ခြင်း၊

(ခ) သစ်ဝါးများ ရွေးချယ်ခြင်း၊

(ဂ) အိမ်ပုံစံအနေအထားများ ဒေသအလိုက်ရွေးချယ်ခြင်း၊

(ဃ) အိမ်တွင်းအသုံးအဆောင်ပစ္စည်းများ၊

(င) “ဟာရှီ” စုံတွဲအကဖြင့် ဖျော်ဖြေခြင်း၊

(၈) ရပ်ရွာအုပ်ချုပ်ခြင်းဓလေ့ (ဦးစောလုံ)

(က) အစိုးရအုပ်ချုပ်ခြင်း၊

(ခ) ဓလေ့ထုံးစံအရ အုပ်ချုပ်ခြင်း၊

(ဂ) ကမာပါချစ်ကြည်ရေးသီချင်းဖြင့် ဖျော်ဖြေခြင်း၊

(၉) အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ (ဆရာစေပေါ(လ်)ဖေါ)

(က) တောင်ယာ၊ လယ်ယာ၊ ကိုင်း လုပ်ကိုင်ခြင်း၊

(ခ) သား၊ ငါး ရှာဖွေခြင်း၊

(ဂ) ပျားဖွတ်၊ ပဒတ်နှိုက်၊ ပွေးလိုက်ခြင်း၊

(ဃ) လယ်တောစိန်ယိမ်းဖြင့် ဧည့်ခံခြင်း၊

(၁၀) ရိုးရာဓလေ့ထုံးစံများ (သရာ ပန်းပြေ၊ စောဂျင်မီကျော်အေး၊ မန်းသာထူး၊ မန်းစိန်မောင်)

(က) လူပျိုလှည့်ခြင်း၊ ထိမ်းမြားမင်္ဂလာပြူခြင်း၊

(ခ) မင်္ဂလာဆောင်တေးသံ “ထား”

(ဂ) အရှောင်ပေးခြင်း၊ လိပ်ပြာခေါ်ခြင်း၊

(ဃ) ဇွဲကပင်စွန်း၊ လွမ်းတေးသံ၊

(င) အရိုးကောက်ပွဲတော်၊

(စ) တလကူစောင်း၊ ကမ္ဘာတည်ဦးစ တေးသံသာ၊

(ဆ) လူမှုဆက်ဆံရေး၊

(ဇ) တူရိယာငါးပါး နန်းဝင်ခန်း၊



ဒုတိယနေ့ (၉ – ၂၂ – ၁၉၆၀) အစီအစဉ်

(၁) ကရင်အမျိုးသားစာပေရေးရာ (စောမူဒီခိုင်)

(၂) ကရင်ရာဇ၀င်အကြောင်း (ပဒို ဦးစောဘီ)

အဆိုတင်သွင်းခြင်း (ဦးစောလုံ)

ညီလာခံ ဒုတိယနေ့ တွင် စောလုံသည် အရေးကြီးသောအဆိုတရပ်ကို တင်သွင်းသည်။ ယင်းအဆိုနှင့်ပတ်သက်၍ ကန့် ကွက်သူမရှိ တညီတညွတ်တည်း ထောက်ခံသည်။ အဆိုတွင် အောက်ပါအချက်များ ပါ ၀င်သည်။

(၁) ကရင်စာပ တခုတည်းဖြစ်ရေး၊

(၂) ကရင်ရာဇ၀င်တစောင်ပြုစုရေး၊

(၃) ကရင့်ယဉ်ကျေးမှုကို ခေတ်နှင့်အညီ ဖော်ထုတ်ရေး၊

(၄) ရှေ့ နှစ်အတွက် ယဉ်ကျေးမှုညီလာခံကျင်းပရန် နေ့ ရက်နှင့်နေရာ ရွေးချယ်သတ်မှတ်ရေး၊

(၅) လက်ရှိကရင်အလံကို အမျိုးသားအလံတော်အဖြစ် သတ်မှတ်ရေး၊

(၆) ပြာသိုလဆန်းတရက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကို ဆက်လက်အတည်ပြုရေး၊

(၇) လက်ရှိကရင်အမျိုးသားသီချင်းအား အားလုံးလက်ခံနိုင်ရန် ညှိနှိုင်းဆောင်ရွက်ရေး၊

(၈) ကရင့်ယဉ်ကျေးမှု ထိန်းသိမ်းဖော်ထုတ်ဆောင်ရွက်နိုင်ရန် ဗဟိုကော်မတီတရပ် ဖွဲ့ စည်းရေး စသည်ဖြင့် ပါဝင်သည်၊

ညီလာခံ၏ သဘောတူဆုံးဖြတ်ချက်အရ အောက်ပါအဖွဲ့ ဝင် (၂၈)ဦး ပါဝင်သော ကရင့်ယဉ်ကျေးမှုဖော်ထုတ်ရေးဗဟိုကော်မတီတရပ်ကို ဖွဲ့ စည်းခဲ့သည်၊

ကရင့်ယဉ်ကျေးမှုဖော်ထုတ်ထိန်းသိမ်းရေးကော်မတီ

(၁) ၀န်းကြီး ဒေါက်တာစောလှထွန်း ဥက္ကဌ

(၂) ဗိုလ်ချုပ် စောကြာဒိုး (အငြိမ်းစား) ဒုတိယ ဥက္ကဌ

(၃) မန်းသိန်းဟန် (က – ဆ) အတွင်းရေးမှူး

(၄) စောပေါ(လ်)ဖေါ တွဲဘက် အတွင်းရေးမှူး(၁)

(၅) မန်းညွန့် မောင် (မောင်စင်ကြယ်) ပကဖ တွဲဘက်အတွင်းရေးမှူး (၂)

(၆) စောမြစိန် တွဲဘက်အတွင်းရေးမှူး (၃)

(၇) မန်းစိန်မောင် ဘဏ္ဍာရေးမှူး၊

(၈) စောဂျင်မီကျော်အေး စာရင်းစစ်၊

(၉) စောမက္ကဆီဘိုးသိန်း (က – ဆ ဥက္ကဌ) အဖွဲ့ ဝင်

(၁၀) စောဂန္ဓီ (အေဘီကေအို) အဖွဲ့ ဝင်

(၁၁) မန်းမြသီး (အေဘီကေအို) အဖွဲ့ ဝင်

(၁၂) မန်းစအေး အဖွဲ့ ဝင်

(၁၃) မန်းမြဖုန်း အဖွဲ့ ဝင်

(၁၄) မန်းဘရင် အဖွဲ့ ဝင်

(၁၅) ပဒိုစောဘီ အဖွဲ့ ဝင်

(၁၆) ဆရာပန်းပြေ အဖွဲ့ ဝင်

(၁၇) ဆရာဂျွန်ဆင်ကံကြီး အဖွဲ့ ဝင်

(၁၈) စောမူဒီခိုင် အဖွဲ့ ဝင်

(၁၉) စောဂျိန်းတာပ အဖွဲ့ ဝင်

(၂၀) ဗိုလ်ကြီးဂျွန် အဖွဲ့ ဝင်

(၂၁) စောအောင်ထွန်းဝင်း အဖွဲ့ ဝင်

(၂၂) စောအဲရစ်ဖူးချို အဖွဲ့ ဝင်

(၂၃) စောသန်းလွင် (ကရင့်ရှေ့ ဆောင်ဂျာနယ်) အဖွဲ့ ဝင်

(၂၄) ဦးအေစိုးမြင့် (ပါလီမန်အတွင်းဝန်) အဖွဲ့ ဝင်

(၂၅) နော်လီလီသိန်း အဖွဲ့ ဝင်

(၂၆) ဆရာလှစိန် အဖွဲ့ ဝင်

(၂၇) ဆရာ မန်းသာထွန်း အဖွဲ့ ဝင်

(၂၈) ဦးမောင်နု အဖွဲ့ ဝင် တို့  အသီးသီး ပါဝင်ကြသည်။

မောင်စင်ကြယ် ရေး မြန်မာပြည်ချစ်ကရင်အမျိုးသားခေါင်းဆောင်များ စာအုပ်မှ

0 ความคิดเห็น:

แสดงความคิดเห็น