ဃဲဝါးမြို့(တကောင်း)မြို့သည် ထိုအချိန်၌ မြို့ဟုဆိုရာတွင် ယခု မြို့်ကြီးများဖြစ်သည့် ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ အစရှိသည့် မြို့ကြီးများလောက် မကြီးပေ။ မြို့ငယ်များသာ ဖြစ်သည်။ မှော်ဘီ၊ အုတ်တွင်း၊ ထုံးကြီးစသည့် မြို့ငယ်များကဲ့သို့ ဖြစ်ပေသည်။ တနည်းအားဖြင့် ယခင်ရှေးအချိန်က တတိုင်းပြည်နှင့် တတိုင်းပြည် အကြား ခရီးသွားရာတွင် တနေ့ခရီး(သို့မဟုတ်)နေ့ဝက်ခရီးလောက်သာ ရှိသည်။
မစ္စတာ ဟာဘေး ရေးသည့် ဗမာရာဇ၀င်တွင် အခုလို သက်သေခံထားသည်။ ဗမာရာဇ၀င်အဆိုအရ တကောင်းမြို့ကို BC ၈၅၀တွင် အဘိရာဇာနှင့် ၎င်း၏ဖခင် စကြာမျိုး ကုလားများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကျောက်ပန်းတောင်းကိုလည်း BC ၈၂၅တွင် တည်ဆောက်ခဲ့သည်။ BC ၆၀၀တွင် တရုတ်တို့က တကောင်းမြို့ကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ဤကဲ့သို့ ဖြစ်ပျက်ပြီးနောက် တကောင်းမြို့သားများသည် ပုဂံမြို့ဟောင်းကို တည်ဆောက်ကြသည်။ ၎င်းတို့သည် တောင်ဖက်သို့ ရွှေ့ပြောာင်းပြီးနောက် ပြည်မြို့ကို BC ၄၄၃တွင် တည်ဆောက်ပြန်သည်။ ပြည်မြို့သည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော မြို့ဖြစ်သည်။ ဒွတ္ထဘောင်မင်းကြီးက ဤမြို့ကို BC ၄၄၃ - ၃၇၃ ခုနှစ်များတွင် စိုးစံအုပ်ချုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤအချိန်တွင် ပြည်မြို့၌ တရာရုံးတရုံးရှိပြီး သံဃာအပါး ၃၀၀၀ ရှိခဲ့သည်။
သို့ရာတွင် တရုတ်ရာဇ၀င်ကို ကြည့်လျှင် တရုတ်များက တကောင်းမြို့အား BC ၆၀၀တွင် တိုက်ခိုက် အနိုင်ယူခဲ့သည့်အကြောင်းကို ဖေါ်ပြခြင်း မရှိချေ။ တရုတ်ရာဇ၀င်၌ ဖေါ်ပြရာတွင် ထိုအချိန်၌ ယူနန်ပြည်နယ် နန်ချိုမင်း“ကိုလိုဖုန်း”(Kolofeng)က “ပ၀ို”(ကရင်)များအား တိုက်ခိုက် အနိုင်ယူခဲ့သည်ကို တွေ့ရသည်။ ဧရာဝတီမြစ် အထက်ပိုင်းရှိ အခြားလူမျိုးများကိုလည်း BC ၇၅၄ နောက်ပိုင်းတွင် တိုက်ခိုက်အနိုင်ယူခဲ့သည်။ ထို့ကြောင့် ဗမာရာဇ၀င်၌ တကောင်းမြို့အား တရုတ်များက BC ၆၀၀တွင် တိုက်ခိုက် အနိုင်ယူခဲ့သည်ဟု ရေးသား ဖေါ်ပြခြင်း ဖြစ်သည်။ ထိုအချိန်ကို ကာလရှည်တခုထိ ရွှေ့ဆိုင်းဆိုသည့်သဘော့ဖြင့် မှတ်တမ်းအဖြစ် ရေးသားခြင်း ဖြစ်သည်။
တနည်းဆိုသော် ပုဂံမြို့သည် ရှေးပဝေသဏီကတည်းက တည်ဆောက်ခဲ့သည်ဟု ပေါ်လွင်စေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းပင် ဖြစ်သည်။ (မစ္စတာ ဟာဘေး ရေးသည့် ဗမာပြည်ရာဇ၀င် ၁၉၂၅ခု၊ စာမျက်နှာ ၃၀၇-၃၀၈ကို ကြည့်ပါ။ (History of Bunma,Edition 1925 Page 307-308 by Mr GE Harvey.)
ဘုရင်များ နန်းတက်ပြီး စိုးစံသည့်ခုနှစ် သက္ကရာဇ်တို့နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ သမတ္ထစက္ခုဒီပနီကျမ်း အတွဲ၅ စာမျက်နှာ ၃၅၅ကို ကြည့်လျှင် အခုလို ဖေါ်ပြည်ထားသည်။ ရာဇ၀င်စာအုပ်ထဲတွင် ဖေါ်ပြသည့်အချိန်များ ဖြစ်စေ၊ ကဗျာ လင်္ကာများထဲတွင် ရေးမှတ်ထားသည့်အချိန်များ ဖြစ်စေ၊ ကလျာဏီကျောက်စာထဲတွင် ရေးမှတ်ထားသည့် ခုနှစ်သက္ကရာဇ် ဖြစ်စေ ယင်းအချိန်တို့သည် တခုနှင့်တခု မညီညွတ်ကြဘဲ တမျိုးစီ ဖြစ်နေကြသည်။ (သမတ္ထစက္ခုဒီပနီကျမ်း ပထမတွဲ ၁၉၂၅ကို ကြည့်ပါ)
အထက်တွင် သက်သေခံခဲ့ပြီးဖြစ်သည့်အတိုင်း ဗမာဘုရင်အဘိရာဇာသည် တကောင်းမြို့ကို BC ၈၅၀တွင် တည်ဆောက်ပြီး တရုတ်တို့က တကောင်းအား BC ၆၀၀ တွင် တိုက်ခိုက်အနိုင်ယူသည်ဟု ဆိုလျှင် မှန်ကုန်မည် မဟုတ်ပေ။ အကြောင်းမူကား တရုတ်တို့၏သမိုင်းတွင် ဧရာဝတီမြစ်အထက်ပိုင်းတွင် နေထိုင်ခဲ့ကြသည့် “ပ၀ိုး”ကရင်လူမျိုးများနှင့် တခြားလူမျိုးများအားလုံးကို တရုတ်တို့က AD ၇၅၄ခုနှစ် နောက်ပိုင်းမှသာ တိုက်ခိုက်အနိုင်ယူခဲ့ခြင်း ဖြစ်သည်ဟု ရေးသား ဖေါ်ပြထားသည်။
အမှန်မှာ BC ၆၀၀တွင် ကုလားများက ၎င်းတို့၏ နယ်မြေများအားလုံးကို လုယက်ကြသဖြင့် ရှမ်းနှင့်ကရင်တို့သည် ကုလားများကို ၎င်းတို့တိုင်းပြည်မှ မောင်းထုတ်ပစ်သော အချိန်ဖြစ်သည်။ ယခုကဲ့သို့ မောင်းထုတ်ပြီး နောက်တွင် ကုလားများသည် နောက်ထပ်တဖန် ၀င်ရောက်လာပြန်သည်။ ၎င်းတို့သည် ပုဂံမြို့ဟောင်းကို တည်ဆောက်ပြီး ဤမြို့ကို အုပ်ချုပ်စံသည့် ပထမဦးဆုံးမင်း၏အမည်မှာ တဇရာဇာ ဖြစ်သည်။
သမိုင်းဆရာစောအောင်လှ ရေး ကရင်ရာဇ၀င်သမိုင်းစာအုပ်မှ
တကောင်းမြို့အကြောင်း (အပိုင်း ၃)ကို ဆက်လက်ဖေါ်ပြမည်
ဖါးစည်သံ
วันอังคารที่ 17 เมษายน พ.ศ. 2555
ဃဲဝါးမြို့(သို့မဟုတ်)တကောင်းမြို့အကြောင်း (အပိုင်း ၂)
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น