(၁၄)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကို (၂၉-၁-၂၀၁၂) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မျြို့အနီး နွန်ထဘူရီပြည်နယ် မူမြို့နယ် ၀တ်နခွန်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပခဲ့ဟု သိရသည်။
အစည်းအဝေးအလှူပွဲတွင် နမောတဿသုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ခဲ့သည်။ တက်ရောက်လာကြသော ဒကာဒကာမများအားလုံး ငါးပါးသီးလခံယူအပြီးနောက် ဇွဲကပင်ပညာဒါနအသင်း၏ နာယကကြီးက ဆုံးမသြ၀ါဒပေးခဲ့သည်။
ဇွဲကပင်ပညာဒါနအသင်းရည်ရွယ်ချက်ကို အသင်း၏ ဥက္ကဌ မာန်နဲာ ဣိန္ဒာစာရ မိန့်ကြားသည်က“ပညာထူးချွန်ထက်မြက်သော ကရင်အမျိုးသားရဟန်းတော်များ ပေါ်ထွန်းလာစေရန် လိုအပ်သည့် အကူအညီများ တတ်နိုင်သည့်ဖက်မှ ထောက်ပံ့ကူညီလှူဒါန်းရန်၊ နိုင်ငံခြားတက္ကသိုလ်/ကောလိပ်တစ်ခုခုတွင် တက်ရောက် ပညာသင်ယူ/သင်ကြားနေသော ကရင်အမျိုးသားရဟန်းတော်များ ပညာဒါနအလှူငွေများထောက်ပံ့လှူဒါန်းသော ပညာဒါနအသင်းတခုဖြစ်တယ်”ဟု သိရသည်။
ဇွဲပညာဒါနအသင်းသည် တစ်နှစ်လျှင်(၂)ကြိမ်ဖြင့် အစည်းအဝေးအလှူပွဲများ ကျင်းပပြီး။ ယခု (၂၉-၁-၂၀၁၂)နေ့ ကျင်းပသည့် အစည်းအဝေးအလှူပွဲသည် (၁၄) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။ ထိုအစည်းအဝေးအလှူပွဲတွင် ဘန်ကောက်မြို့အနီးတ၀ိုက်ရှိ ရွှေ့ပြောင်ကရင်အလုပ်သမား ဒကာ၊ ဒကာမများ အများအပြားတက်ရောက်လာကာ တချို့သော စေတာနာရှင်များက မုန့်တီနှင့် ရှမ်းခေါက်ဆွဲများကျွေးမွေးလှူဒါန်းခဲ့သည်။
ဇွဲကပင်ပညာဒါနအသင်းသည် လွန်ခဲ့သည့် (၂၃-၁-၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ အသင်း၏သက်တမ်းအားဖြင့် ၇-နှစ်ရှိခဲ့ပြီဟု သိရှိရသည်။
ဖါးစည်သံ
วันพฤหัสบดีที่ 2 กุมภาพันธ์ พ.ศ. 2555
(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကျင်းပ
สมัครสมาชิก:
ส่งความคิดเห็น (Atom)


0 ความคิดเห็น:
แสดงความคิดเห็น