วันจันทร์ที่ 6 กุมภาพันธ์ พ.ศ. 2555

ကျဆုံးခဲ့သော ပဒိုမန်းရှာလားဖန်း၏ (၃)နှစ်မြောက် ဂုဏ်ပြုဆောင်းပါး

အာဇာနည်ဆိုသည်မှာ အကြောင်းဟုတ်သည် မဟုတ်သည် ပြုလုပ်ထိုက်သည် မထိုက်သည်ဟုဆိုကာ တိုင်းပြည်နှင့်လူမျိုးအတွက် တသက်တာ ကိုယ်ကျိုးမငှဲ့ပဲ အရိုးကြေကြေ အရေခန်းခန်း သက်စွန့် ဆံဖျား နှလုံးသားဗဟိုပြု၍ အသက်ကိုအရင်းတည်ကာ ထမ်းဆောင်ပေးဆပ်သူများဖြစ်သည်။

အနာဂတ်ရင်းသွေးလေးများ အေးချမ်းစွာ ရပ်တည်နိုင်ဖို့အတွက် မျိုးချစ်စိတ်ဓါတ်ရှိသူများသာလျှင် ပေးဆပ်နိုင်မည်ဖြစ်သည်။ ပဒိုမန်းရှာလားဖန်းကဲ့သို့သော ရှားပါးခေါင်းဆောင်များသည် မသာမာသူတို့ ၏ အကြမ်းဖက်သော လုပ်ကြံမှုနည်းလမ်းဖြင့် သေးဆုံးခဲ့ရသည်။ A to Z နည်းလမ်းမျိုးစုံဖြင့် တစ်နည်းမဟုတ်တစ်နည်း သပ်သျှိုဖြိုခွဲကာ လုပ်ကြံခြင်း ဖြစ်ခဲ့ရသည်။

ကျဆုံးခဲ့ရသော ခေါင်းဆောင်ကောင်းများနေရာကို အစားထိုး၍မရနိုင်သော ဆုံးရှုံးမှုကြီးဖြစ်သည်။ ကရင်လူမျိုးစုများသာမက တိုင်းရင်းသားအားလုံး ယုံကြည်အားကိုးအားထားခဲ့ရသော ကရင်ခေါင်းဆောင်များအနက် ပဒိုမန်းရှာလားဖန်းသည် ထိပ်တန်းနေရာမှ ပါဝင်ခဲ့သူတဦးဖြစ်သည်။

မိုးသက်မုန်တိုင်းဒဏ်၊ လေပြင်းမုန်တိုင်းဒဏ်၊ ငလျင်ဒဏ်မျိုးစုံကြားမှ တစိုက်မတ်မတ် ရပ်တည်ကာ လုပ်ကြံသတ်ဖြတ်ခံရသည်အထိ ဘ၀တလျောက်လုံးတွင် ပေးဆပ်မှုများစွာ ကြီးမားလှပေသည်။ အာဇာနည်ဟု အသိအမှတ်ပြုခံခဲ့ရသော ပုဂ္ဂိုလ်များ၏ဘ၀လမ်းသည် ရေဆန်လမ်းများသာဖြစ်သည်။ မည်သည့် မည်မျှ မည်ကဲ့သို့ထိုသို့သော ဤ ကဲ့သို့  ခေတ်ရေစီးကြောင်း ပြောင်းလဲစေကာမူ ရေစုန်ကို လိုက်၍ မျောသွားသူများ မဟုတ်ပါ။

အမှန်တရားဘက်မှ ခါးသီးစွာသော စိတ်ဓါတ်စစ်ဆင်ရေး၊ စိတ်ဓါတ်ပြောင်းလဲစေရေး၊ လူမျိုးသိက္ခာကျဆင်းစေရေး၊ ဓနစည်းစိမ်ဥစ္စာများ၊ ရာထူးစည်းစိမ်များ၊ ကာမဂုဏ်ကိလေသာများ မည်ကဲ့သို့  ချောမော့ဖြေသိမ့်စေကာမူ အာဇာနည်တို့ ၏စိတ်ဓါတ်သည် ထာဝရ အမှန်တရားဘက် တွင်သာ ဖြစ်သည်။ နောက်ဆုံးအနေဖြင့် မတရားသော လုပ်ကြံသတ်ဖြတ်ခြင်းသာဖြစ်သည်။
ကရင်ပြည်ပေးရေး၊ ဒီမိုကရစီပေးရေးကိုမဆိုထားလေနှင့်။ ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ လိုလားတောင်းတသော စစ်မှန်သောအမျိုးသားဒီမိုကရေစီ လူမျိုးစုံဖက်ဒရယ်ကိုပင် မပေးလိုသော စစ်အာဏာရှင်တို့ ၏ ပြယုဂ်ကို တိုင်းရင်းသားအားလုံးသိရှိကြပြီးဖြစ်သည်။ ပဒိုမန်းရှာကျဆုံးခဲ့ရသော်လည်း ကရင်တော်လှန်ရေးသည် ပျောက်ဆုံးသွားမည်မဟုတ်ပါ။ ဆက်လက်တည်ဦးနေမည်ဖြစ်သည်။

ကရင်လူမျိုးသည် ဘဒ္ဒလောကကမ္ဘာကြီးတွင် နှစ်ပေါင်း (၂၇၅၁)ခုနှစ်ကတည်းက ဒီကနေ့ ထိ ခေတ်ရေစီးကြောင်းအလိုက် ရပ်တည်လာခဲ့သော လူမျိုးဖြစ်၍ လွယ်လွယ်နှင့် လူမျိုးပျောက်ဆုံးနိုင်မည်မဟုတ်ပါ။

ဒီကနေ့ ဗမာစစ်ဗိုလ်ချုပ်များ ကြွေးကြော်ထားသည့်အချက်များကို ဖော်ပြရမည်ဆိုလျှင် ကရင်ပြည်ကိုလုံးဝမပေးရ၊ အချက်အခြာရှိသည့်နေရာမှာ ကရင်တွေအကြီးအကဲမထားရ၊ အဆောက်အဦးတွေရှိသည့်နေရာမှာ ကရင်တွေ အကြီးအကဲမထားရ၊ ကရင်လူမျိုးတွေကို သွေးနှောစနစ်လုပ်ရမည် ဟူသည့် မဟာလူမျိုးကြီးဝါဒစနစ်ဖြင့် လျှို့ ဝှက်ရေးစွဲ ချတ်မှတ်ကျင့် သုံးခဲ့သည်ကိုတွေ့ ရသည်။

၁၉၄၉ ခုနှစ် ဇန်န၀ါရီလ (၃၁)ရက် နေ့ တွင် တော်လှန်ရေးကြီးစတင်ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၃၁)ရက်နေ့  ကာလအထိဆိုလျှင် တော်လှန်ရေးသက်တမ်းအားဖြင့် နှစ်(၆၃) ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ကရင်အမျိုးသားတော်လှန်ရေး စတင်ရခြင်းအရင်းမှာ ကရင်အမျိုးသားပြည်သူများ အသက်အိုးအိမ်လယ်ယာခြံမြေ တိရိစ္ဆာန်နှင့်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ အကြမ်းဖက်တိုက်ခိုက်ခံရသည်ကို မခံနိုင်တော့သည့်အဆုံး မလွဲသာမရှောင်သာ ကရင်အမျိုးသားတော်လှန်ရေးစတင်ခဲ့ရသည်။ ကရင်တော်လှန်ရေးသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးတော်လှန်ရေးဖြစ်သည်ဟု ကမ္ဘာ့သမိုင်းစာမျက်နှာတွင် မော်ကွန်းမှတ်တမ်းတင်ခဲ့ရသည်။ တော်လှန်ရေးနှစ်(၆၃)ကာလအတွင်း ဗမာစစ်အစိုးရက ကရင်အမျိုသားတော်လှန်ရေးလှုပ်ရှားမှုများအားလုံးကို နည်းလမ်းအမျိုးမျိုးဖြင့် သတ်သျှိုဖြိုခွဲခဲ့သော်လည်း ကရင်တော်လှန်ရေးသည် ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။ ကရင်တော်လှန်ရေးကို ဗမာစစ်အစိုးရက ဘယ်လိုပဲသွေးခွဲပေစေ၊ ဘယ်လိုပဲ သတ်သျှိုဖြိုခွဲပေစေ၊ တလက်မမှနောက်မဆုတ် အမျိုးသားလွတ်မြောက်ရေးရရှိသည့်နေ့ အထိ တော်လှန်တိုက် ခိုက်ကြရမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်များနှင့်မျိုးခစ်ကရင်အမျိုးသားများ သံဓိဌာန်ချမှတ်ထားခဲ့သည်။

၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် ပျော်ပြုံးကြရမည့် ချစ်သူများနေ့ ဖြစ်ခဲ့သော်လည်း ကျနော် တို့ ကရင်အမျိုးသားများက ၀မ်းနည်း ကြေကွဲရသည့်နေ့ များအဖြစ် ပြောင်းလည်းသတ်မှတ်ခဲ့ရသည်။ ဖေဖေါ် ၀ါရီလ(၁၄)ရက် ညနေပိုင်းအချိန်တွင် စစ်အစိုးရ၏ အကြံအစည် စေခိုင်းချက်အရ မသမာလူတစုက ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်းကို လာရောက်လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအများက ကောက်ချက်ချခဲ့သည်။

မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေး၊ ကိုယ်ပြဌာန်းခွင့်ရရှိရေးနှင့် သီးခြားကရင်ပြည်ရရှိရေးအတွက် ကရင်အမျိုးသားအာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ ချမှတ်ထားခဲ့သည့် မူလေးချက်ကို ကိုင်စွဲရင်း တော်လှန်ရေးပန်းတိုင်ရောက်သည့်နေ့ အထိ တိုက်ပွဲဝင်သွားရမည်ဖြစ်သည်။ မိမိလူမျိုးကို ချစ်ခြင်းသည် ကောင်းသောမင်္ဂလာတရပ်ဖြစ်သည် ဟူသော စကားဆိုရိုးအတိုင်း ကရင်လူမျိုး ရှင်သန်ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲရမည်ဖြစ်ပေသည်။

တိုင်းရင်းသားအားလုံးတို့ ၏ တန်းတူရည်တူအခွင့်အရေးများ ရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်သော ကရင်အာဇာနည်သူရဲကောင်း ပဒိုမန်းရှာလားဖန်း၏ ကျဆုံးခဲ့သော(၃)နှစ်ပြည့်မြောက် ဂုဏ်ပြုသော အထိမ်းအမှတ်အနေဖြင့်

ပြည်ပရောက် မျိုးချစ်ကရင်လူငယ်များအဖွဲ့  (ဘန်ကောက်မြို့)

ဖါးစည်သံ

0 ความคิดเห็น:

แสดงความคิดเห็น