วันเสาร์ที่ 4 กุมภาพันธ์ พ.ศ. 2555

အပစ်ရပ် ကာလအတွင်း ကရင်နယ်မြေတွင် တိုက်ပွဲ ဖြစ်ပွား၊ မြန်မာ စစ်တပ်မှ အရာရှိတဦး ကျဆုံး

မြန်မာအစိုးရနှင့် ကေအဲန်ယူတို့ နှစ်ဖက် အပစ်အခတ် ပမာဏာ လက်မှတ်ရေး ထိုးအပြီး ဇန်န၀ါရီလ ၃၁ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ မြန်မာစစ်တပ်မှ တပ်ရင်းမှူးတဦး ကျဆုံး ခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာကတော့ ကရင်ပြည်နယ် သံတောင်မြို့နယ်ရှိ ဘောဂရိဒေသဘက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကေအဲန်အယ်လ်အေ တပ်မဟာ ၂ တပ်ဖွဲ့ဝင်များ လှုပ်ရှားသည့် နေရာဖြစ်သည်။

မြန်မာအစိုးရနှင့် ကေအဲန်ယူတို့သည် လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က ဖားအံမြို့တွင် အပစ်အခတ် ရပ်စဲရေး ပမာဏအဆင့် လက်မှတ် ရေးထိုးအပြီး တိုက်ပွဲများ လျော့နည်းလာသော်လည်း တချို့ဒေသများတွင် တိုက်ပွဲ ကြိုကြား ကြိုကြား ဖြစ်ပွားနေသော်လည်း ယခုတိုက်ပွဲသည် မြန်မာစစ်တပ်အတွက် အကြီးမားဆုံး ထိခိုက်မှုဟု ဆိုနိုင်ပါသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားသည့် နေ့သည် ကရင့်တော်လှန်ရေး၏ အနှစ် ၆၃နှစ် ပြည့်မြောက်သည့် နေ့လည်း ဖြစ်သည်။

ပမာဏ လက်မှတ်ရေးထိုးပြီး ဖြစ်သော်လည်း မြန်မာစစ်တပ်မှ ရိက္ခာနှင့် တပ်အင်အား ပိုမို တိုးချဲ့လာတာကြောင့် ယခုလို တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်တယ်လို့ လည်း စစ်ရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။

ကိုးကား-ကေတီ

အဲခေါင်သင့်မှ ကိုးကားဖေါ်ပြသည်။

0 ความคิดเห็น:

แสดงความคิดเห็น