စမူပါကန်ပြည်နယ် ဘန်ပိုနယ်ရှိ ပန်ကာစက်ရုံအလုပ်ရုံတွင် အလုပ်လုပ်သော မြန်မာအလုပ်သမားများအား ဇန်န၀ါရီလ ၁၆ ရက်နေ့ တွင် အလုပ်ရှင်က အလုပ်သမားများကို ရဲနှင့်ဖမ်းဆီးခိုင်းမှုပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
အလုပ်သမားများက ရဲများ လာရောက်ဖမ်းဆီးမည်ကို သတင်းရရှိသည်နှင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည် ဟု ထွက်ပြေးသော ဖားအံမြို့နယ် ထန်းတပင်ရွာမှ အလုပ်သမားတဦးက ယခုလို ပြောပြသည်။ “အလုပ်ရှင်က အလုပ်သမားများ ရဲနှင့်ဖမ်းဆီးခိုင်းတာ ကျနော်တို့သတင်းရတယ်၊ သတင်းရရခြင်း ကျတော်တို့လင်မယားနှစ်စုံ ထွက်ပြေးတိမ်းရှောင်ရတယ်။ အလုပ်ရုံတွင် ကျနော်တို့မရောက်လာခင် လွန်ခဲ့တဲ့ တလကျော်က အလုပ်လုပ်နေသော အလုပ်သမားများ အလုပ်ရှင်က အခန်းခ၊ မီးခနဲ့  ရေခ လစာနှုတ်ယူတာကို အလုပ်သမားများ မကျေမှုနဲ့ အလုပ်ရှင်ကို ပြောသည်။ အလုပ်သမားရဲ့ ပြောဆိုမှုများအပေါ် အလုပ်ရှင်က အလုပ်သမားများရဲ့ အလုပ်လုပ်ခွင့်မှတ်ပုံတင်နဲ့ယာယီနိုင်ငံကူးလက်မှတ်များ သိမ်းဆည်းပြီး အလုပ်သမားများကို ရဲနှင့်ဖမ်းဆီးခိုင်းသည်”ဟု ပြောဆိုခဲ့သည်။
ပန်ကာအလုပ်ရုံမှ အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၂၄ ဦးအား ရဲများရောက်လာသောအချိန်တွင် ထိန့် လန့် ပြီး ထွက်ပြေးရှောင်ပုန်းခဲ့ရသည် ဟု သိရှိရသည်။
OKRSO သတင်းဌာနမှ
วันจันทร์ที่ 16 มกราคม พ.ศ. 2555
အလုပ်ရှင်က အလုပ်သမားများကို ရဲနှင့်ဖမ်းဆီးခိုင်း
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น