วันจันทร์ที่ 2 มกราคม พ.ศ. 2555

ဘန်ကောက်မြို့ ကရင်နှစ်သစ်ကူးပွဲ ကျင်းပပြီးစီး

ကရင့်သက္ကရာဇ် ၂၇၅၁ ခုနှစ် ဘန်ကောက် ကရင်နှစ်သစ်ကူးနေ့ကို ၂၀၁၂ ခုနှစ် ဇနန်န၀ါရီလ ၁ ရက်နေ့  တွင် ကျင်းပခဲ့သည်။

ထိုနှစ်သစ်ကူးပွဲကို ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)မှ ဦးဆောင်ကျင်းပခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားမှာ ကရင်အမျိုးသားအလံတော်နှင့်အမျိုးသားသီချင်း သီဆိုအလေးပြုခြင်း၊ OKRSO နာယက မန်းစိပ်ပလောင် အဖွင့်မိန့်ပြောကြားခြင်း၊ KNU ဥက္ကဌ ၏ နှစ်သစ်နှုတ်ခွန်းဆက်သစာတမ်း၊ OKRSO နှစ်သစ်သ၀ဏ်လွှာ၊ ကောက်သစ်စားပွဲ၊ နှစ်သစ်ကူးဖြစ်ပေါ်လာပုံစာတမ်း၊ ဥက္ကဌ မန်းလှသိန်း နှစ်သစ်အမှာစကားနှင့် OKRSO ၏ လူမှုရေးဌာနမှ ယဉ်ကျေးမှုဆိုင်ရာဖြစ်သည့် ပြည်ပရောက်ကရင်ယဉ်ကျေမှုအဖွဲ့(OKCG)ဒုံးအကများဖြင့် ဖျော်ဖြေရေးအစီအစဉ်များကို မနက် ၉း၃၀ မှ နေ့လယ် ၂း၀၀ အထိ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။


ထို့အပြင် အမေရိကန်ပြည်ထောင်စု၊ သြစတြေးယား၊ နော်ဝေ၊ စင်္ကပူ၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် မလေးရှားနိုင်ငံသို့ သွားရောက်နေထိုင်လျက်ရှိသည့်ကရင်များအား မိမိတို့၏ နှစ်သစ်ကူးနေ့ကို အသီးသီး ကျင့်ပခဲ့ပြီး။ ထိုင်းနိုင်ငံနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းနှင့် ဖုန်းဖျန်ဒုက္ခသည်စခန်းရှိကရင်ဒုက္ခသည်များသည် နှစ်သစ်ကူးနေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့သည့်အပြင် ရန်ကုန်မြို့ကရင်နှစ်သစ်ကူးနေ့ကို အကန့်အသတ်ဖြင့် ကျင်းပခဲ့ရသည်ဟု သတင်းရရှီသည်။
ယခုနှစ် ၂၇၅၁ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ကျရောက်ခဲ့သဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၁၊ ၁၊ ၂၀၁၂ ခုနှစ် ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO) မှ ကျင်းပသော ကရင်နှစ်သစ်ကူးနေ့ကို့ ၁၉ ကြိမ်ရှိခဲ့ပြီဟု သိရှိရပါသည်။

OKRSO သတင်းနှင့်ပြန်ကြားရေးဌာန

0 ความคิดเห็น:

แสดงความคิดเห็น