วันพุธที่ 18 มกราคม พ.ศ. 2555

ရွှေ့ပြောင်းအလုပ်သားတဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံ လန်စီ ပထွန်ဌာနီအရပ်တွင် အလုပ်လုပ်နေသောရွှေ့ပြောင်းအလုပ်သားတဦး ရေနစ်သေဆုံးသည်ဟု သိရှိရသည်။

ယမန်နေ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက် နေ့လယ် ၃ နာရီကျော်အချိန်တွင် လန်စီ ပထွန်ဌာနီဒေသ ရေမြောင်းတခုအတွင်းမှ ရေများ အပြင်ရှုတ်ထုတ်ရန်အတွက် ပိုက်လိုင်းမြောင်းထဲ ရေငုတ်ပြီး မော်တာပန်ကာတပ်ဆင်နေသောအလုပ်သမားတဦးကို ရေနှစ်သေဆုံးခဲ့ရသည်။

၎င်း အလုပ်မန်နေဂျာပြောပြချက်အရ “သူက နောက်ဆုံး ရေမြောင်းထဲဆင်းတယ်၊ အချိန်တော်ကြာ ပြန်မထွက်လာတော့ အလုပ်သမားအချို့ ရေထဲဆင်းပြီး ရှာခိုင်းတယ်။ အလုပ်သမားလည်း ရှာမတွေ့ဘူး။ ကယ်ဆယ်ရေးရေငုတ်သမားလာမှ တွေ့တယ်”ဟု ပြောသည်။

သေဆုံးသူ ရွှေ့ပြောင်းမြန်မာအလုပ်သမားရဲ့အလောင်းကို လန်စီ ဓမ္မသတ်တက္ကသိုလ်ဆေးရုံ သေတိုက်တွင် ထားရှိပြီး ရဲက ရေနှစ်သေဆုံးသူနဲ့ပတ်သက်၍ စစ်ဆေးခဲ့သည်။ စစ်ဆေးချက်မှာ ဘာမှ ဒဏ်ရာဒဏ်ချက်များမရှိကြောင်း သူ အသက်ရှူချောင်ပိတ်ပြီး သေဆုံးခဲ့ရသည်”ဟု ရှင်းပြသည်။

ရေနှစ်သေဆုံးသူ ရွှေ့ပြောင်းအလုပ်သမားသည် ကရင်လူမျိုးဖြစ်ပြီး နာမည် စောအကျော်၊ အသက် (၃၇)နှစ် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကိုညာရွာတွင် နေထိုင်သည်။

သေဆုံးသူ အလုပ်ရှင်ရဲ့ အလုပ်ရုံတွင် စမူပါကန်ပြည်နယ်၊ ထေ့ဖါလပ်ဘက်မှာဖြစ်ပြီး ကျန်ရှိနေတဲ့ သေဆုံးသူရဲ့ သားသမီး မယားတွေအတွက် အလုပ်ရှင်ထံ နစ်နာကြေးတောင်းမည်ဟု သေဆုံးသူ ဆွေမျိုးများက ပြောသည်။

သေဆုံးသူရုပ်အလောင်းကို စမွန်ပါကန် ဘန်ပိဘုန်းကြီးကျောင်းတွင် ၃ ရက်ထားပြီး မီးသင်္ဂြိုလ်မည်ဟု သိရှိရသည်။

0 ความคิดเห็น:

แสดงความคิดเห็น