(မင်းစိုးစံ)
ဗမာဆိုတာဘာလည်း လူဗျလူ။ လူလူချင်းမုန်းတီးကတည်းကိုက အဲဒါလူမဟုတ်ဘူး။
လူ့ဘ၀ရောက်လာပြီး လူ့တန် ဘိုးကိုနားမလည်တဲ့လူတွေပဲ လူအချင်းချင်းကိုမုန်းကြတာ။
ကျုပ်အနေနဲ့ ဦးသိန်းစိန်ဗမာအစိုးရလို့ရေးရတာက ဗမာစစ်အစိုးရကို နာကျည်းလွန်းလို့ရေးတာပါ။
လွှတ်တော်မှာ စစ်တပ်က၂၅%နေရာယူထားတယ်၊ကျန်တဲ့၇၅% ထဲက စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ်
ပြောင်းလိုက်တဲ့ ပြည်ခိုင်ဖြိုး ဆိုလား ကြံ့ခိုင်ဖွံ့ဖြိုးရေးဆိုလား အဲဒီ အဖွဲ့က ၅၀%လောက်နေရာယူထားလေတော့ ကျုပ်
အနေနဲ့ ဗမာစစ်အစိုးရ လို့ခေါ်ရတာပါ။
စစ်အစိုးရဆိုကတည်းက ဗမာဖြစ်ချင်ဖြစ်မယ်၊ ကရင်ဖြစ်ချင်ဖြစ်မယ်၊ ကချင်ဖြစ်ချင်ဖြစ်မယ်၊ မွန်ဖြစ်ချင်ဖြစ်မယ် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် လက်နက်အားကိုးနဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးကို နည်းမျိုးစုံတွေအထဲက တနည်း နည်းနဲ့ ပိတ်ဆို့တားဆီးတဲ့ အုပ်ချုပ်ရေးယန္တယားမှန်သမျှ အဲဒါ စစ်အစိုးရပဲ။
နာမ၀ိသေသအနေနဲ့ မိုးလုံးပြည့်လိန်ညာနေသည့်ဆိုတာကို ထည့်ရတာကလည်း ဗမာစစ်အစိုးရသက်တန်းတ
လျှောက်လုံး သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်ဘို့မစဉ်းစားပဲ၊ အဆင့်မရှိတဲ့ ကလိန်ကကျစ်နည်းတွေ နဲ့ နေထိုင်ကျင့်ကြံစားသောက်လာခဲ့ကြလေတော့ ခုလိုအချိန်မျိုးမှာ တိုင်းပြည်သယံဇာတတွေကို ခိုးယူစားသောက်
ခဲ့လို့ အလွန်တရာကြီးပွါးချမ်းသာနေပေမယ့် ကောင်းရောင်းကောင်းဝယ် မလုပ်စားတတ်လေတော့ အလိန်အညာ
တွေနဲ့ ညစ်ပတ်ပေရေနေတာမို့ ၀ိသေသပြုရေးလိုက်တာပါ။
အစိုးရကို အကြည်အညိုပျက်အောင်ရေးသားမှုနဲ့ တရားစွဲမလို့လား၊ ဟုတ်ပြီ အထောက်အထားအများအပြားထဲ က ကမ္ဘာသိ နိုင်ငံသိ အထောက်အထားတခုကို ရေးပြပါ့မယ်။ အခုအချိန်က ငြိမ်းချမ်းရေးကို အရယူဘို့အတွက် လူမျိုးစုတစုနဲ့တစု တဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလမျိုးမှာ အရေးအသားအပြောအဆိုကအစ ဆင်ခြင်နိုင်မှ တော်ကာကျတာမဟုတ်လား။
ဒါပေမယ့် ဗမာစစ်အစိုးရက ဘာမျှဆင်ခြင်တာမဟုတ်ဘူး၊ အဲဒါကိုကြည့်ခြင်းအားဖြင့် ကျုပ်တို့တိုင်းရင်းသားတွေ ကိုမထေမဲ့မြင်ပြုနေတယ်ဆိုတာ သိသာနေတာပေါ့ဗျာ။ သေခြာတာက တိုင်းရင်းသားတွေကို ဘယ်တော့မျှ လူ ရာမသွင်းချင်တဲ့အတွက် ဝေ့လည်ကြောင်ပတ်လုပ်နေတာ နှစ်ကာလတွေလည်းကြာလှပြီဆိုတာ အများစုကသိ ကြမှာပါ။
သမ္မတကြီးဦးသိန်းစိန်ကို အကြံပေးတဲ့ အကြံပေးအဖွဲ့ဝင်တယောက်က ပြောသားပဲ အကျင့်တွေက ကြာနေပြီဆို တော့ ချက်ခြင်းကြီးပြင်ဘို့က မလွယ်ဘူးတဲ့၊ အချိန်ပေးရမယ်တဲ့။
အကျဉ်းထောင်ကမနေ့တနေ့ကမှ လွတ်လာတဲ့ ဗိုလ်ကြီးဟောင်းတယောက်ကလည်း ပြောပါတယ် ပွက်ပွက်ဆူ နေ
တဲ့ရေပူကို အခုချက်ခြင်းအေးအောင်လုပ်လို့မရနိုင်ပါဘူးတဲ့ အေးတဲ့အဆင့်ရောက်အောင် နွေးတဲ့ကာလတခုကို
ဖြတ်သန်းရမှာပါတဲ့။ သွေးထွက်အောင်မှန်တာပေါ့ ဗိုလ်ကြီးဟောင်းရယ်။
အခု ခင်ဗျားလည်း နောက်ထပ် အမှုတခုနဲ့ တရားအစွဲခံနေရပြီမဟုတ်လား။ အကျဉ်းကျစဉ်ကာလ ထောင်စည်းကမ်းဖေါက်ဖျက်တဲ့အတွက် ဆိုလား၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ သော့ချိတ်
ကို ထောင်ထဲယူခဲ့လို့ဆို ဗျ။
အင်းပေါ့လေ ခင်ဗျားလည်း ရေအေးအဆင့်ရောက်အောင် ရေနွေးကာလတခုကိုဖြတ်ပေဦးပေါ့ဗျာ၊ တခုတော့ရှိ ပါရဲ့၊
ရေပူကို မီးထပ်ထိုးလို့ကတော့ ရေနွေးကာလရောက်ဘို့ဆိုတာ နည်းနည်းတော့ကြာမလားမသိဘူး။
ကဲထားလိုက်ပါတော့။
အခု သမ္မတဦးသိမ်းလိန် အဲလေ ဦးသိန်းစိန်ဗမာစစ်အစိုးရရဲ့ မျက်နှာပြောင်တိုက်လိန်ညာ ပုံလေးကျုပ်ရေးပြပါ့ မယ်။ ရေးပြတာထက် ထောက်ပြတာ ဆိုလျင် ပိုသင့်တော်ပါလိမ့်မယ်။
ကျုပ်က သူများရေး သားထားတွေကို ပြန်ပြီးဖေါ်ပြထားတာမို့ပါ။
http://www.news-eleven.com မှာရေးသားထားတဲ့ သတင်းခေါင်းစဉ်ထဲက အဓိက အကျဆုံးအချက်လေး တချက်ကို ကောက်နုတ်ထားတာပါ။
လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်
နိုင်ငံတော်သမ္မတက နိုင်ငံ့တာဝန်ယူခဲ့သည့် ဆယ်လတာကာလအတွင်း အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားသော ကိုယ်ချင်းစာစိတ်များ အကျဉ်းသားတို့၏ မိသားစုများကို ငဲ့ညာသောစေတနာများဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး မည်သည့် အဖွဲ့အစည်း မည်သည့်လူပုဂ္ဂိုလ်တို့ ၏ ပယောဂများတိုက်တွန်းချက်များကြောင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ လွတ်ပေးသင့်လွတ်ပေးထိုက်သူများကို စိစစ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ပြီးတော့ အောက်က အသံဖိုင်လေးတွေကို ကလစ်ပြီး စိတ်ရှည်လက်ရှည်နားသောတဆင်တော်မူကြည့်ပါ။

0 ความคิดเห็น:
แสดงความคิดเห็น