ဇန်န၀ါရီ ၁၈၊ ၂၀၁၂
မြ၀တီတံတား ပြန်လည်းဖွင့်လှစ်သော်လည်း အရောင်းအ၀ယ်မကောင်းခြင်း၊ ဘန်ကောက်ရေကြီးသဖြင့် စီးပွားရေးထိခိုက်နေချိန်တွင် မဲဆောက်ဒေသရှိ မြန်မာများမှာ နေစဉ် စားရေးသောက်ရေပင် အဆင်မပြေဘဲ ဖြစ်နေရာ အနိမ့်ဆုံး ဘတ် (၅၀၀၀) ကုန်ကျမည့် ပတ်စပို့ လုပ်ဆောင်နိုင်ခြင်း မရှိဟု ပြောနေကြပါတယ်။ (၂) လပိုင်း အကုန် သက်တမ်းတိုးကြသည့်အခါတွင် လူ နည်းမည် ဖြစ်ကြောင်း မြန်မာပြည်သားအရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
(၅၀၀၀) ဘတ်အကုန်ကျခံ ပတ်စပို့ လုပ်ဆောင်ပြီးသော်လည်း အဆိုပါပတ်စ်ပို့နဲ့ အလုပ်လုပ်ခွင့် ရှိမည် မဟုတ်သေးပါ။ အလုပ်လုပ်ရန်အတွက် အလုပ်သမားလက်မှတ် ဆက်လက်လျှောက်ထားရမည်သာ ဖြစ်ပါတယ်။ အလုပ်သမားလက်မှတ်ရရှိရေး ဆက်လက်ဆောင်ရွက်ရာတွင်လည်း ဆေးရုံသွေးစစ်ခ (၁၉၀၀) ဘတ် နှင့် အလုပ်သမားလက်မှတ် (၁၀၀၀) တို့ကိုလည်း အလုပ်သမားတို့က မိမိဖာသာ စိုက်ထုတ်အကုန်အကျခံရဦးမှာ ဖြစ်ပါတယ်။
အလုပ်သမားလက်မှတ် မပြုလုပ်ဘဲ ပတ်စပို့ဖြင့်လည်း နေထိုင်၍ မရကြောင်းလည်း သိရပါတယ်။
(ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာများရဲ့ ပတ်စပို့၊ နေထိုင်ခွင့်၊ အလုပ်သမားလက်မှတ်၊ ကျန်းမာရေးလက်မှတ် စသည်တို့အကြောင်း အကျယ်တ၀င့် ရေးထားတာကို သည်မှာ ဖတ်နိုင်ပါတယ်။
(JCBA Blog)

0 ความคิดเห็น:
แสดงความคิดเห็น