ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သို့ ရိုးသေလးစားစွာဖြင့် မျိုးချစ်ကရင်လူငယ်များ စာရေးသားပေးပို့လိုက်ပါတယ်။
ငြိမ်းချမ်းရေးကိုယ်စားလှယ်လူကြီးမင်းများခင်ဗျာ။
ကရင်အမျိုးသားခေါင်ဆောင်းများနှင့် ဗမာအစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာ ဟိုအရင် ၁၉၄၉ ခုနှစ်ကတည်း ကစပြီး ယခု ဒီကနေ့အထိ မျှတရားတဲ့ စစ်မှန်သောငြိမ်းချမ်းရေး တခါတချိန်မှ မရရှိခဲ့ပါဘူး။ အထောက်အထားသာဓက များပြန် လှန်ကြည့်လျှင် ၁၉၄၉ ခုနှစ် တကြိမ်၊ ၁၉၆၀ တကြိမ်၊ ၁၉၆၃ တကြိမ်၊ ၁၉၉၅၊ ၁၉၉၆ တကြိမ်၊ ၂၀၀၄ တကြိမ်နှင့် ယခု ၂၀၁၂ တကြိမ်ဆိုရင် ကရင်အမျိုးသားနှင့်ဗမာအစိုးရငြိမ်းချမ်းရေးဆွေးနွေးခဲ့တာ အားလုံးပေါင်း ၆ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။
ဗမာအစိုးရအဆက်ဆက်သည် တိုင်းရင်းသားကရင်အမျိုးသားအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုများပေါ် ဘယ်အခါမှ ဂတိမတည်ခဲ့တာကို အထင်အရှားတွေ့နေရပါတယ်။
ကြံ့ဖွံ့စစ်အစိုးရသစ်က တဖက်သတ် ရေးဆွဲပြဌာန်းတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားနှင့် နိုင်ငံရေးသမားများ လက်ခံလာနိုင်အောင် အခွင့်အရေးများမှည့်လုံးပေးသလို၊ တိုင်းရင်းသားများတောင်းဆိုတဲ့အချက်တွေလည်း အပေါ်ယံကျောဖြင့် မျက်စိမှိတ်ပြီး လိုက်လျောလက်ခံခဲ့တာဟာ အတော့်ပင် ဗျူဟာသားပါနေပါတယ် ထင်ပါတယ်။
အရင် ဗမာစစ်အစိုးရနှင့်လက်မှတ်ထိုးပြီး ပူးပေါင်းသွားသော ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ နောက်ဆုံး သူတို့ဘ၀ ရေထဲ မျောပါသွားခဲ့တာမကပဲ တမျိုးသားလုံး သမိုင်းအမည်းစက်တွေသာ ကျန်ရစ်ခဲ့တာကို ၀မ်းနည်းစရာပါပဲ။
စစ်အစိုးရသည် ဘယ်အချိန်၊ ဘယ်အခါမှ ကတိမတည်ခဲ့တာကို တိုင်းရင်းသားငြိမ်းအဖွဲ့တွေ သဘောပေါက်သင့်ပါတယ်။
ကျနော်တို့ကရင်တွေ စည်းလုံးညီညွတ်မှုမပျက်ပြားအောင် စီးပွားရေးလုပ်ကွက် ဘမ်းပြတဲ့နည်းဗျူဟာနှင့် သတ်သျှိုဖြိုခွင်းမှု မခံရလေအောင် သတိကြီးစွာထားရတော့မှာဖြစ်ပါတယ်။
ကျနော်တို့ကရင်များ လိုလားတဲ့ အဖကရင်ပြည်ရရှိရေး မျှတရားတဲ့တော်လှန်ရေးကို ဆင်နွှဲခဲ့တာ နှစ်ပေါင်း ၆၃ နှစ်ရှိခဲ့လေပြီ
ကရင်အမျိုးသား တောင်းဆိုတဲ့ ကရင်ပြည်ချက်ချင်းပေး၊ ကရင်တကျပ်ဗမာတကျပ် ချက်ချင်းပြ၊ လူမျိုးအဓိဂရုဏ်းအလိုမရှိ၊ ပြည်တွင်းရှိအလိုမရှိ တောင်းဆိုချက်များသည် လူသားတို့၏ မွေးရာပါအခွင့်အရေးဖြစ်သည်၊
တန်းတူးရေးနှင့် အမျိုးသားမလွတ်မြောက်နေသ၍ ကရင်ပြည်နယ်အတွင်းမှာ ဗမာစစ်တပ်ရှိနေ၍တော့ ငြိမ်းချမ်း ရေးမရရှိနိုင်သေးကြောင်း ရေးသားတင်ပြလိုက်ပါတယ်။
မျိုးချစ်ကရင်လူငယ်များ
วันพฤหัสบดีที่ 19 มกราคม พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)

0 ความคิดเห็น:
แสดงความคิดเห็น