วันศุกร์ที่ 13 มกราคม พ.ศ. 2555

ကရင့်ရိုးရာဆုတောင်းပွဲကျင်းပ

မြန်မာကြံ့ဖွံ့အစိုးရသစ်နဲ့KNU ကရင်အမျိုးသားအစည်းအရုံးတို့၏ ဇန်န၀ါရီ ၁၂ ရက်နေ့ ဖားအံမြို့ဇွဲကပင်ဟိုတယ်တွင် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများအပေါ် ထိုင်းနိုင်ငံအခြေစိုက် OKRSO အဖွဲ့က ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပခဲ့သည်။
ငြိမ်းချမ်းရေးဆုတောင်းပွဲတွင် KNU ကရင်အမျိုးသားအစည်းအရုံး၏ ဗမာအစိုးရအဆက်ဆက်နဲ့ငြိမ်းချမ်းရေးဆွေးနွေးခဲ့သောသမိုင်းများ ရှင်းလင်းပြောကြားခြင်း၊ စစ်မှန်သောငြိမ်းချမ်းရေးရရှိရေး၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် လူငယ်တို့၏ဆန္ဒများ ထုတ်ဖေါ်ခဲ့သည်။ အဆိုပါ ကရင်ရိုးရာဆုတောင်းပွဲတွင် တက်ရောက်လာကြသော ကရင်အမျိုးသားများ ကရင်အမျိုးသားလွတ်မြောက်ရေးကို သုံးကြိမ်တိုင်တိုင် ကြွေးကြော်ပြီး ရေကြည်အေးသောက် ဆုမွန်ကောင်းတောင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

0 ความคิดเห็น:

แสดงความคิดเห็น