နှစ်သစ်သမိုင်းရဲ့ စည်းလုံးခြင်း
ကရင်လူမျိုးတို့ ၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ကောက်သစ်စားပွဲကို ကရင်နှစ်သစ်ကူးနေ့ အဖြစ် ကျင်းပကြသည်မှာ လွန်ခဲ့ သောနှစ်ပေါင်းများစွာကပင် ဖြစ်သည်။ ထိုစဉ်က ဒေသအလိုက်၊ မျိုးနွယ်စုအလိုက် တကွဲတပြားစီ ကျင်းပခဲ့ကြ ရာမှ အင်္ဂလိပ်ကိုလိုနီခေတ်သို့ ရောက်သောအခါ ဒေသစွဲ၊ မျိုးနွယ်စွဲများကို ပယ်ဖျက်၍ တစ်မျိုးသားလုံးစည်းလုံးညီ ညွတ်မှုကို ဖော်ဆောင်သည့်အနေဖြင့် ပြာသိုလဆန်းတစ်ရက်နေ့ ကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အဖြစ် ညီညွတ် စွာ စုပေါင်းကျင်းပခဲ့ကြသည်။ ထိုနေ့ ကို အင်္ဂလိပ်အစိုးရမှ နိုင်ငံတော်အစိုးရ၏ အထွေထေံရုံးပိတ်ရက်အဖြစ် တရားဝင် အတည်ပြု ပြန်ဌာန်းပေးခဲ့သည်။
ထိုကြောင့် ၁၉၃၈ ခုနှစ် ပြာသိုလဆန်း တစ်ရက်နေ့ တွင် တစ်မျိုးသားလုံးအတိုင်းအတာနှင့် ပထမဆုံးအကြိမ် စုပေါင်း ကျင်းပခဲ့ကြသည်။ ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားသီချင်းကိုလည်း တရားဝင်အတည်ပြု သီဆိုခဲ့ကြ၍ နှစ် သစ်ကူးစိတ်ဓါတ်ဖြစ်သော တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှု အမျိုးသားရေးဝိသေသလက္ခဏကာများကို စတင် ဖော် ဆောင်ခဲ့ကြသည်။ ဒေသပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ကရင်မျိုးနွယ်စုအားလုံး၏ စည်းလုံးညီညွတ်သော အမျိုးသားရေး စိတ်ဓါတ်ကို စတင်အုတ်မြစ်ချပေးခြင်းပင် ဖြစ်သည်။
၁၉၃၈ ခုနှစ်မှ စတင်ကျင်းပခဲ့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သည် ယခုဆိုလျှင် (၆၇)နှစ်ကြိမ်မြောက် ကြရောက် လာခဲ့ပြီး ဖြစ်သည်။ ထို့ (၆၇)နှစ်အတွင်း ကရင်တို့  ၏အမျိုးသားရေးအသိစိတ်ဓါတ်တိုးတက်မှုနှင့်ဆုတ်ယုတ်မှုများကို စာရေးသူနေနှင့် သမိုင်းရှု့ ထောက်မှ နှိုင်းယဉ်တင်ပြလိုပါသည်။
ကိုလိုနီခေတ်နှင့် ဖက်ဆစ်ဂျပန်ခေတ်
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကို ဖော်ဆောင်ပေးခဲ့ကြသော ကရင့်အမျိုးသားခေါင်းဆောင် လွတ်တော်အမတ် (၁၅) ဦးမှ ကရင်တို့ ၏စည်းလုံးမှုနှင့် နိုင်ငံရေးနိုးကြားမှုတို့ ကို မျိုးစေ့ချပေးခဲ့သည်။ ဖက်ဆစ်ဂျပန်ခေတ်သို့  ရောက်သော အခါ ဘီအိုင်အေမှ ကရင်တို့ အား အင်္ဂလိပ်အလိုတော်ရိများအဖြစ် စွပ်စွဲလျက် ကရင်-ဗမာ လူမျိုးရေးအဓိကရုဏ်းကို စတင်ဖန်တီးခဲ့ကြသည်။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကို အဓိကဦးဆောင်၍ အတည်ပြုပေးခဲ့သော ၀န်ကြီးစောပေ သာ မိသားတစ်စုလုံး သတ်ဖြတ်ခံခဲ့ရသည်။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မှ အမျိုးသားရေးစိတ်ဓါတ်မြင့်မားခဲ့သော ကရင်ပြည်သူတို့ သည်လည်း ကရင်-ဗမာ အကြမ်းဖက်မှုများကို အပြနအလှန် ပြုလုပ်ကြသည်မှာ ခြောက်လကြာမြင့်ခဲ့ သည်။ မြန်မာပြည်၏ နှစ်ဆယ်ရာစု ခေတ်သမိုင်းတွင် အကြီးမားဆုံးလူမျိုးအဓိကရုဏ်းကြီးဖြစ်သည်။ ထို့ ပြဿနာ များကို ရင်ဆိုင်ခဲ့ရသော ကရင်အမျိုးသားခေါင်းဆောင်များနှင့် ကရင်ပြည်သူများသည် အနာဂါတ်အတွက် စိုးရိမ်စိတ် များ ဖြစ်ပေါ်လာခဲ့ကြသည်။ ထို့ ကြောင့် သီးခြားလွတ်လပ်သော ကရင်ပြည်ထူထောင်ရေးကို နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းလာခဲ့ကြသည်။ ထို့ သို့ ကြိုးပမ်းကြရာတွင် ကရင်ခေါင်းဆောင်များ၏ နိုင်ငံရေးအမြင်မတူညီမှုတို့ မှတစ်ဆင့် စိတ်ဝမ်းကွဲခဲ့ကြသည်။ ဖဆပလအစိုးရတွင် ရာထူးနေရာများရယူ၍ ကရင်ပြည်တောင်းဆိုထူထောင်လိုသော ကရင် ခေါင်းဆောင်တစ်ချို့ ၏အမျှော်အမြင်နည်းပါးမှုကြောင့် စည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးအမြင်များ ယုတ်လျှော့ခဲ့ရ သည်မှာ ယနေ့ ကာလအထိပင် ဖြစ်သည်။
ဖဆပလခေတ် (သို့ မဟုတ်) ပါတီစုံဒီမိုကရေစီ အာဏာရှင်စနစ်
ဖဆပလခေတ်တွင် ဦးနုအစိုးရသည် ၎င်းကို သစ္စာခံသောကရင်များကို အသုံးချ၍ ကရင်ပြည်သူတို့ အား သွေးခွဲအုပ် ချုပ်ခဲ့သည်။ နိုင်ငံရေးအရ နိုးကြားတက်ကြွမှုနှင့် စည်းလုံးညီညွတ်မှုအရှိဆုံးကာလတွင် ကရင်မျိုးချစ်ခေါင်းဆောင်များ က သီးခြားကရင်ပြည်ကို ဥပဒေနည်းအရ တောင်းဆို၍တော့သဖြင့် စောဘဦးကြီးမှ ကရင့်တော်လှန်ရေးကို ခေါင်း ဆောင်မှုပေးကာ ကရင်ပြည်သူများ၏ အနာဂတ်ကို လမ်းခင်းပေးခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ဖဆပလ ဦးနု၏ တစ်နှစ်အ တွင်း ငြိမ်းချမ်းရေး ရစေရမည်ဟုသော ကြွေးကြော်မှုသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းမဟုတ်ပဲ လက်နက်အားကိုးဖြင့် အနိုင်ယူချေမှုန်းမှုကြောင့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့ရသည်။ ကရင် ပြည်သူတို့ ၏ ကြီးစွာသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရသည်။
မဆလခေတ် (သို့ မဟုတ်)တပါတီအာဏာရှင်စနစ်ခေတ်
ဖဆပလခေတ်တွင် ကရင်တော်လှန်ရေးကို အပြင်းအထန်နှိပ်ကွပ်သကဲ့သို့  ဦးနေ၀င်း၏ မဆလခေတ်တွင်လည်း ရက် စက်ကြမ်းကြုတ်စွာ ဖိနှိပ်ပြန်လေသည်။ ကရင်အသင်းအဖွဲ့ များကို ဖျက်သိမ်းခြင်းနှင့် ကရင်တို့ ပိုင်ဆိုင်သော အမျိုး သားရေးဆိုင်ရာ အဆောက်အဦးမှန်သမျှကို ပြည်သူပိုင်သိမ်းပိုက်လိုက်လေသည်။ ကရင်များ နိုင်ငံရေးနှင့် ကင်းကွာစေ ရန်၊ တော်လှန်ရေးနှင့်အဆက်အသွယ် ပြတ်စေရန် ဖြတ်လေးဖြတ်စနစ် ကျင့်သုံး၍ ကရင်ပြည်သူတရပ်လုံးကို ဒုက္ခပေး ခဲ့ကြသည်။ မဆလခေတ်တွင်လည်း ဖဆပလဦးနုကဲ့သို့ ပင် ဦးနေ၀င်သည် ကရင်ပုဆိန်ရိုးဒေါင့်တိုင်များအား ရာထူးနေ ရာများပေး၍ ကရင်အမျိုးသားရေးလှုပ်ရှားမှုကို ဆန့် ကျင်စေခဲ့သည်။ မဆလ၏အုပ်ချုပ်မှုအောက်တွင်ရှိသော ကရင်လူ ထုအနေဖြင့် ထို ပုဆိန်ရိုးများကို မိမိတို့ ၏ခေါင်းဆောင်များအဖြစ် ထင်မှတ်လာကြရာမှ ခေတ်အဆက်ဆက် အုပ်စိုးသူ များကို အထင်ကြီးလာကာ “ကျွန်”စိတ်ဓါတ်များ နက်ရှိုင်းစွာ ပေါ်ပေါက်လာခဲ့ကြသည်။
န၀တ (သို့ မဟုတ်)စစ်အာဏာရှင်စနစ်
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အဏာသိမ်းယူခဲ့သော န၀တစစ်အစိုးရသည် တိုင်းရင်းသားများ အချင်း ချင်းကို သွေးခွဲအုပ်ချုပ်ခြင်းနှင့် ကရင့်တော်လှန်ရေးအတွင်း ကိုးကွယ်ယုံကြည်မှုများ မတူညီသည်ကို အခွင့်ကောင်းယူ ၍ ကရင်အမျိုးသားထုတရပ်လုံးကို ဘာသာရေးအရ သွေးကွဲအောင် စနစ်တကျ သတ်သျှိုသွေးခွဲခဲ့ကြသည်။ စစ်အစိုး ရအနေဖြင့် ကရင်အမျိုးသားတော်လှန်ရေးကို ချေမှုန်းရာတွင် ကျေးလက်ကရင်ပြည်သူများကို မြေလှန်မီးရှို့ စနစ်ဖြင့် မျိုးဖြုတ်စစ်ပွဲကို ဆင်နွဲခဲ့သည်။ ယခုကာလသည် ကရင်အမျိုးသားတို့ ၏ ကျွန်ဘသတစ်လျှောက်လုံးတွင် အဆိုးဆုံး ကာလ ဖြစ်ပါသည်၊၊ စစ်အစိုးရထံ အညံ့ခံခဲ့  သော ကရင်အမည်ခံ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် စစ်အစိုးရ၏ လက်ဝေခံ ကရင်ပုဆိန်ရိုးများသည် အင်အားကြီးမားစွာဖြင့် အနာဂတ်ကရင်လူငယ်များအား ညီညွတ်မှုမရှိသော “ကျွန်” စိတ်ဓါတ်ကို အမွေပေးလျက်ရှိကြသည်။
အထက်ပါကရင်လူ့ အဖွဲ့ အစည်း ဖြတ်သန်းခဲ့ သော ခေတ်များကို ပြန်လည်သုံးသပ်ပါက တိုင်းရင်းသားများကို အလွန်ချစ်ပါသည်ဟု အမြဲတမ်းကြွေးကြော်ခဲ့ ကြသော“အုပ်စိုးသူ တို့ သည် တိုင်းရင်းသားတို့ ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများကိုတိုးတက်မြင့်မားလာအောင် အားပေးကူ ညီခဲ့  သော သမိုင်းသာဓကများ မရှိခဲ့သည်ကို တွေ့ ရှိရပါ သည်။” စစ်အစိုးရများ၏ တိုင်းရင်းသားများ ဖွံ့  ဖြိုးရေးအစီအစဉ်များဖြစ်သော ကျောင်းဆောက်၊ လမ်းဖောက်သည့်လုပ် ရပ်များသည် အပေါ်ယံအားဖြင့် အကျိုးပြုလုပ်ငန်းများဟု ထင်မှတ်ရသော်လည်း တကယ့်ဖြစ်ရပ်မှန်မှာ လူမျိုးကြီးတို့ ၏ ကျွန်ပညာရေးနှင့်စာပေ၊ ယဉ်ကျေးမှုများကို အလျင်အမြန် သယ်ဆောင်လာကြခြင်းဖြစ်သည်။ ကရင်နယ်မြေရှိ ပြည် သူတို့ ၏လယ်ယာ ခြံမြေများကို သိမ်းပိုက်ခြင်းနှင့် သဘာဝသယံဇာတများကို ပြန်လည်ထုတ်ယူသွားခဲ့ကြသည်၊၊ ထို့  ကြောင့် တိုင်းရင်းသားများ၏လူနေမှုဘ၀ဆင်းရဲမွဲပြာကျခဲ့၍ အမျိုးသားနိုးကြားမှုများ မှေးမှိန်သွားခဲ့ရသည်။ ခေတ်အ ဆက်ဆက်အုပ်စိုးသူ အစိုးရများနှင့် ပူးပေါင်းခဲ့သော ကရင်ခေါင်းဆောင်အမည်ခံ ပုဂ္ဂိုလ်များသည်လည်း ဖိနှိပ်ခံရမှု ကြောင့် တော်လှန်ပုန်ကန် မှုပေါ်ပေါက်လာရသည်ကို သိလျက်နှင့် မသိကျိုးကျွန်ပြု၍ ကရင်ပုန်ကန်တော်လှန်မှုရှိနေ ခြင်း ကြောင့် ကရင်လူထုအနှိမ်ခံရသည်ဟု အုပ်စိုးသူအကြိုက် ၀ါဒဖြန့်  ပေးခဲ့ကြသည်၊၊ အမှန်စစ်စစ် ထိုသူများသည် ပုန်ကန်မှုမရှိသော မြို့ ပြဒေသနှင့် စစ်အစိုးရထိန်းချုပ်ထားသောနယ်မြေဒေသရှိ ကရင်ပြည်သူများ၏လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုများအတွက် မဆောင်ရွက်နိုင်ခဲ့ကြသည်ကို တွေ့ ရှိရပါသည်။ မတရားဖိနှိပ်ခံရလျက်ရှိသော ကရင်ပြည်သူ များကိုလည်း ဥပဒေနည်းလမ်းအရ မည်သို့ မျှ အကာအကွယ်မပေး နိုင်ခဲ့ကြပေ။ ထိုသို့ ဖြစ်ရခြင်းမှာ ၎င်းတို့ ကိုယ်တိုင် တစ်ကွဲတစ်ပြားစီ ညီညွတ်မှုမရှိခြင်းနှင့် ပုဂ္ဂလိက ကိုယ်ကျိုးကောင်းစားရေးကိုသာဦးစားပေးနေကြသောကြောင့်ဖြစ် သည်။ ၎င်းတို့ သာ သားစဉ်မြေးဆက် ကြီးပွားချမ်းသာ၍ အခွင့်ထူးများခံစားနေကြသည်မှာ ယနေ့ အထိပင် ဖြစ်သည်။
ကရင့်အမျိုးသားနှစ်သစ်ကူးမှ စတင်ခဲ့သော အမျိုးသားစည်းလုံးညီညွတ်မှုသည် (၆၇)နှစ်အတွင်း တစ်ဖြေးဖြေး ကျဆင်းခဲ့သော်လည်း ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး လမ်းခင်းပေးခဲ့သော တော်လှန်ရေးခရီးသည် တစ် ဗိုလ်ဆင်းတစ်ဗိုလ်တက်စနစ်ဖြင့် တမျိုးသားလုံးကို ဦးဆောင်မှုပေးလျက်ရှိသည်။ ယခုကာလသည် ကရင်မျိုးချစ်ခေါင်း ဆောင်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများဖြစ်သည့် တော်လှန်ခြင်းနှင့် အညံ့ခံခြင်း၊ ပေးဆပ်ခြင်းနှင့် ရယူခြင်း ဟူ သော ရွေးချယ်စရာလမ်းများကို ကရင်တစ်မျိုးသားလုံးလည်း မလွဲမသွေ ရင်ဆိုင်နေကြရသော ကာလဖြစ်သည်။
ထို့ သို့ သောလမ်းများကို ရွေးချယ်ရာတွင် အနာဂတ်မျိုးဆက်သစ် ကရင်လူငယ်များအတွက် အတိတ်မှ ကရင် ပြည်သူတို့ ရင်ဆိုင်ခဲ့ရသော သမိုင်းအမွေဆိုး(ကျွန်စိတ်ဓါတ်)များကို ပြန်လည်မရွေးချယ်မိစေရန် လွန်စွာအရေးကြီး လှပေသည်။ ယနေ့ ကရင့်လူ့ အဖွဲ့ အစည်းများသည် စည်းလုံးညီညွတ်မှုအားနည်းခြင်းနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ် ကျေးမှုများ ယိုယွင်းလျက်ရှိသဖြင့် ကျွန်ုပ်တို့ လူငယ်များ၏တာဝန် အသိစိတ်ဓါတ်နှင့် တိုးတက်မြင့်မားလာအောင် များ စွာကြိုးစားကြရမည်ဖြစ်သည်။
ထို့ ကြောင့် နှစ်သစ်ကူးနေ့ ၏ အမျိုးသားစည်းလုံးညီညွတ်မှုသမိုင်းအမွေကို ဆက်လက်ထိန်းသိမ်းလျက် တစ်ခု တည်းသောကရင်အမျိုးသားအလံတော်ကို လွင့်ထူကာ ကရင်အမျိုးသားလွတ်မြောက်ရေးပန်းတိုင်သို့  အတူတကွ ချီ တက်ကြရန် အဓိဌာန်ပြုအပ်ပါသည်။
စောထရူးမင်း
0 ความคิดเห็น:
แสดงความคิดเห็น