วันอาทิตย์ที่ 13 มีนาคม พ.ศ. 2554

ကရင်တို့ ၏စာပေ

ကရင်သမိုင်းဆရာ စောအောင်လှ







ကမ္ဘာသူ ကမ္ဘာသားထဲတွင် လူမျိုးအများအပြားရှိသည်။ လူမျိုးတိုင်းတွင် ၎င်းတို့ ၏ သီးခြားဘာသာစကား
ရှိကြသည်။ လူမျိုးတမျိုးနှင့်တမျိုး မိမိတို့ ၏ဘာသာစကားကိုသာ ပြောကြလျှင် တဦးနှင့်တဦး နားလည်
နိုင်ကြမည် မဟုတ်ချေ။ ထိုနည်းတူစွာ လူမျိုးတမျိုးနှင့်တမျိုးတွင် သီးခြားဘာသာစကားရှိကြောင်း အပြန်
အလှန် လေးစားအသိ အမှတ်ပြုကြကြောင်းလည်း တွေ့ ရသည်။
ရှေးအခါက မည်သည့်လူမျိုးမဆို မိမိ၏ဘာသာစကားကိုသာ ပြောတတ်ကြသည်။ ၎င်းတို့ ၏
ဘာသာစကားကို ရေးမှတ်နိုင်ရန်စာလုံးအက္ခရာများကို တီထွင်ကြံဆလာကြသည်။ လူမျိုးများ ကွဲပြားခြား
နားနေကြသကဲ့သို့ ၎င်းတို့ ၏စာပေအက္ခရာများလည်း မတူကြဘဲ ခြားနားလျှက်ရှိသည်။ မိမိလူမျိုးစာလုံး
အက္ခရာမှလွဲ၍ အထူးသင်ကြားခြင်းမရှိပါက အခြားလူမျိုး၏အက္ခရာစာပေများကို တတ်မြောက်ရန်မလွယ်ပါ။
ကရင်လူမျိုးတွင် ၎င်း၏စာလုံးအက္ခရာနှင့် စာပေများ အစပထမ မည်ကဲ့သို့  ဖြစ်ပေါ်လာသည်
ကို ကျွန်ုပ်တို့  ပြန်၍လေ့လာသောအခါ ကျွန်ုပ်တို့ ၏ဖိုးဖွားများသည် တရုတ်ပြည်မှ ဆင်းသက်လာကြသူ
များဖြစ်သည်။ ထို့ ကြောင့် တရုတ်ပြညတွင်ရှိသည့် နှစ်လိုဖွယ်ရာကောင်းသည့် ဓလေ့များကိုပါ ယူဆောင်
လာကြသည်။ ဤကောင်းသည့် အရာများထဲတွင်ကျွန်ုပ်တို့  စာဖတ်နိုင်ရန်အတွက် စာပေလည်း ပါဝင်ပေသည်။
တရုတ်၏သမိုင်းတွင်ဖေါ်ပြရာ၌ “တရုတ်ပြည်တွင် ၎င်းတို့ ဘာသာဖြင့် စာရေးရန် ၎င်းတို့ အက္ခရာ
များကို တီတွင်ခြင်းမရှိပါ။ တိဗက်လူမျိုး၊ မွန်ဂိုလီယားလူမျိုး၊ မန်ချူးလီးယားလူမျိုး ဤလူမျိုးများသည် တရုတ်ပြည် သူပြည်သားများဖြစ်ကြသည်။ ဤလူမျိုးများသည် နောက်ဆုံးတွင် စံစကရစ်စာပေ (Sanscrit)သို့ မဟုတ်
(Syriac)တို့ ကို အတုယူပြီး ၎င်းတို့ ဘာသာအတွက် အက္ခရာစာလုံးများကို တည်ထွင်ကြသည်။ တရုတ်စာကို
အတုယူပြီး ၎င်းတို့  စာပေကို တီထွင်ခြင်းမပြုကြပါ။ (W.E.soothill ရေးသည့် The history of
China,1929 စာမျက်နှာ ၁၆ ကို ကြည့်ပါ)
ဗမာလူမျိုးတို့ ၏မှတ်တမ်းစာအုပ်တအုပ်တွင် ယခုကဲ့သို့ ရေးသားထားသည်ကို တွေ့ ရသည်။ “ကျွန်ုပ်တို့ 
ဗမာ လူမျိုးတို့ သည် ရှေးယခင် ဘုရင်ဇမ္ဗူတဇခေတ်ကစပြီး အနော်ရထာမင်းအုပ်စိုးသည့် ခေတ်အထိ အရည်းကြီး
အရည်းလေးများက ဒူးကဏန်းစာပေကို ရေးတတ်ဖတ်တတ်ရန်သင်ကြားပေးခဲ့သည်” (ဆရာမောင်စံထွန်းစီရင်သော တိပိဋိကတ်ဝိနိစ္ဆယကျမ်း ဒုတိယတွဲ စာမျက်နှာ ၆၀ ကို ကြည့်ပါ။ ဆရာ ဦးစော၏ ကရင်ရာဇ၀င်စာအုပ် အတွဲ ၁
စာမျက်နှာ ၇၀ ကိုလည်းကြည့်ပါ)
တဖန် ကျွန်ုပ်တို့ သည် အိန္ဒိယပြည်၏သမိုင်းကို လေ့လာဖတ်ရှုကြည့်သောအခါ အာရီယာန်လူမျိုး
(Aryan)တို့  သည် ကမ္ဘာပေါ်တွင် လူသားအားလုံး ဆင်းသက်ရာ အဓိကလူမျိုးတမျိုးဖြစ်သည်။ ဤလူမျိုး
တို့ ၏ ပထမ ဦးဆုံးနေထိုင်ခဲ့သည့်အရပ်ဒေသမှာ အလယ်ပိုင်းအာရှတိုက်တွင်ဖြစ်သည်။ ဤလူမျိုးတို့ သည်
အရှေ့ ၊ အနောက်၊ တောင်၊ မြောက် နေရာအနှံ့ ရောက်ရှိသွားကြသည်။ ၎င်းတို့ ယခုကဲ့သို့ တကွဲတပြားစီ
နေကြသောအခါ ၎င်းတို့  ပြောသည့် ဘာသာစကားလည်း ကွာလာကြပြီး အလွန်တရာ ကြာသောအချိန်၌
၎င်းတို့ သည် ကမ္ဘာပေါ်တွင် လူမျိုးများစွာဖြစ်လာတော့သည်။ ဤလူများသည် အရှေ့ ဖက်ရှိ တရုတ်ပြည်ထဲ
သို့ ရောက်ကြသောအခါဖြစ်စေ၊ တောင် ဖက်ရှိ အိန္ဒိယပြည်ထဲသို့  ၀င်ရောက်သွားသည်ဖြစ်စေ၊ ၎င်းတို့ ၏
ဘာသာကို စံစကရစ် (Sanscrit) ဟု ခေါ် ကြသည်။ ထိုနည်းတူစွာ ကမ္ဘာပေါ်တွင်ရှိနေကြသည့် စာပေနှင့်အက္ခရာစာလုံးများမှ များသောအားဖြင့် စံစကရစ်ကနေ ဆင်းသက်လာကြသော စာလုံးများဖြစ်ကြသည်။
တရုတ်ပြည်ရှိ လူမျိုးစုအမျာားအပြားသည် တရုတ်၏စာလုံးကို အတုယူကြခြင်းမရှိပါ။ တရုတ်စာလုံးကို အတုယူ
လေ့လာသူမှာ ဂျပန်လူမျိုးဖြစ်သည်။ အခြားလူမျိုးများသည် စံစကရစ် အက္ခရာစာလုံးများကိုသာ လေ့လာအတုယူ
ကြသည်။ ထို့ နောက် ၎င်းတို့ အက္ခရာစာလုံးများကို တီထွင်ကြ လေသည်။ (W.W. Hunter ရေး၊ အိန္ဒိယ
ပြည်သူတို့ ၏သမိုင်း ဗမာလို ၁၈၉၀ စာမျက်နှာ ၆၇- ၇၀ နှင့် ၉၂- ၉၄ တို့ ကိုကြည့်ပါ။ BriefHistory
of the Indian people by W.W. Hunter,C.I.E,LLD. Edition1890.Pages
67-71 and 92-94.)




ရှေးယခင်အချိန်တွင် အိန္ဒိယပြည်တွင် နေထိုင်ကြသူများဖြစ်စေ၊ တရုတ်ပြည်တွင် နေထိုင်ကြသည့်
လူမျိုးများဖြစ်စေ၊ ၎င်းတို့ ၏ဓလေ့တခုမှာ ၎င်းတို့ စာပေများကို ကဗျာလင်္ကာပုံစံဖြင့် ရေးသားခြင်းဖြစ်သည်။
ဤကဗျာ လင်္ကာများဖြင့် ရေးသားခြင်းကြောင့် တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းကြသောအခါ မှတ်သားရန် ပို၍လွယ်ကူစေသည်။ ခေတ်တခေတ်တခေတ်တွင် ဤကဗျာလင်္ကာများအား မှတ်မိရန်အတွက် သီးခြားမှတ်
သားလေ့လာသူများ အသီးသီးရှိကြသည်။ အထူးသဖြင့် လူငယ်လူရွယ်များသည် ခေတ်တခေတ်ပြီးတခေတ်ဖြစ်
ပျက်ပုံများကို လေ့လာမှတ် သားကြလေသည်။ သင်ပေးသည့် ဆုံးမစကားများမှာ လင်္ကာစကားများဖြင့် သင်
ပေးသည်။ ကလေးများလူငယ်များအတွက် အလွယ်တကူ အလျင်အမြန် မှတ်သားသွားနိုင်ကြ သည်။ ကျွန်ုပ်တို့ 
ကရင်လူမျိုးတို့ သည် ဗမာပြည်ထဲသို့ မ၀င်ရောက်မီ တရုတ်ပြည်တွင်း၌ နေထိုင်ခဲ့သော လူမျိုးစုတမျိုးဖြစ်ခဲ့သည်။
ထို့ ကြောင့် အခြားလူမျိုးစုများကဲ့သို မိမိတို့ ဘာသာစကားအတွက် အက္ခရာစာလုံးများကို တီထွင်ပြီး ရေးသား
သည်၊ ဖတ်မှတ်သည်။အခြားလူမျိုးစုများက စံစကရစ်အက္ခရာကို အတု ယူပြီး မိမိတို့ အက္ခရာကို ထွင်ကြသကဲ့သို ကရင်လူမျိုးလည်း ဤအတိုင်းလုပ်ခဲ့သည်။
ယနေ့ ကာလတွင် စာပေရေးသားရာ၌ အက္ခရာစာလုံး ၃ မျိုး သုံးစားရှိသည်။
၁။ ပထမတမျိုးမှာ ဟေဗြဲစာဖြစ်သည်။ (သို့ မဟုတ်)စံစကရစ်စာ၊ ဤစာမျိုးသည် စီရီအလူမျိုး (Syriac)တို့ က
သုံးသော စာမျိုးဖြစ်သည်။ ဤစာကို လက်ဝဲဖက်ကနေ စတင်ရေးကာ လက်ယာဖက် သို့ လာသည်။
၂။ ဒုတိယစာလုံးအက္ခရာမျိုးမှာ ပါင်းရှင်း (Persian)လူမျိုး၊ အူရဒူလူမျိုး(Urdu)သို့ မဟုတ် အာရပ်လူမျိုး
(Arab)တို့  သုံးသည့် အက္ခရာစာလုံးဖြစ်သည်။ ဤစာမှာ လက်ျာဖက်မှ စတင်ရေးပြီး လက်ဝဲဖက်သို့ သွားသည်။
၃။ တတိယစာလုံးအက္ခရာမှာမူ တရုတ်စာကဲ့သို့ သောစာမျိုးဖြစ်သည်။ဤစာမှာ အထက်မှစရေးပြီး အောက် သို့ 
ဆင်းသွားသည်။ ကရင်စာသည် စံစကရစ်အက္ခရာမျိုးမှ ယူကြောင်းသိရခြင်းမှာ လက်ဝဲကနေ စတင်ရေးပြီး
လက်ျာဖက်သို့ သွားခြင်းကြောင့်ဖြစ်သည်။ ကရင်စာကို ပါရှင်းလူမျိုးကဲသို့ သော စာမျိုးကို ယူပါက လက်ျာဖက်မှ စတင်ရေးပြီးလက်ဝဲဖက်သို့ ရွှေ့ လာရမည်။ တရုတ်လူမျိုးတို့ ၏စာကို ယူပါက အထက်တွင်စရေးပြီး အောက်သို့  ဆင်းသွားရမည်။
ကရင်လူမျိုးတို့ သည်ဗမာပြည်တွင်းသို့ စတင်ဝင်လာသောအချိန်ကစပြီး အနော်ရထာဘုရင်အုပ်စိုးသည့်
ခေတ်အထိ (AD 1044)၎င်းတို့ ၏ ဒူးဂဏန်းစာကိုသာ ရေးကြဖတ်ကြသည်။ ၎င်းတို့ မှာ ရစ်တောင်စာ၊
ကြက်ယက်စာနှင့် လယ်ကယ်စာတို့ ဖြစ်ကြသည်။ ရစ်တောင်စာဆိုသည်မှာ စကောကရင်များခေါ်ခြင်းဖြစ်သည်။
ကြက်ယင်စာမှာ ပိုးကရင်များခေါ်ခြင်းဖြစ်သည်။ လယ်ကယ်စာမှာကား ယခုခေတ်လူများခေါ်ခြင်းဖြစ်လေသည်။
အဓိပ္ပါယ်မှာ ကရင်စာဟု ဆိုလိုသည်။ အနော်ရထာမင်းက ရှင်အရဟံအား ပုဂံတွင်လက်ခံလိုက်သည့်အခါ သထုံမြို့ 
တွင် ပိဋိကတ်သုံးပုံကို ယူသွားပြီးနောက် (1058)တွင် ဤပိဋိကတ်ကျမ်းများကို ပါဠိဖြင့်ရေးကြောင်း တွေ
့ရှိသဖြင့် ၎င်းတို့ ၏ရစ်တောင်စာကို ပိုမိုကောင်းမွန်လာအောင်ပြုပြင်ပြီး အချို့ အသံများကို ပါဠိစာတွင်ပါသကဲ့သို့ 
ပြုပြင်လိုက် သည်။ (AD 1058)ကစပြီး ဗမာများ၏စာမှာ ရစ်တောင်စာနှင့် ပါဠိစာနှစ်မျိုး ရောနှောဖွဲ့ စည်းထား
ခြင်းဖြစ်သည်။ ရစ်တောင်စာတမျိုးတည်းရေးခြင်းမျိုးကို လုံးဝ စွန့် လွှတ်လိုက်ကြပြီးဖြစ်သည်။ သို့ ရာတွင် ကောင်း
မွန်လာ အောင် ပြုပြင်လုပ်ရမည့်စာအက္ခရာများမှာ အမှန်စင်စစ် ကရင်လူမျိုးများ တီထွင်ထားသည့် ရစ်တောင်
စာဖြစ်သည်။ ကရင် စာစစ်စစ်လည်းဖြစ်ပေသည်။
ကရင်လူမျိုးတို့ ပါးစပ်သမိုင်းမှတဆင့် သားသမီးများအား လက်ခံရာတွင် ၎င်းတို့ တွင်ရှိသည့် ဘုရင်စနစ် နှင့်စာပေတို့ 
သည် ဗမာလူမျိုး၊ မွန်လူမျိုးတို့ ထက်စောပြီး ရှိခဲ့သည်ဟု ဆိုကြသည်။ သူတို့ က မွန်တို့ သည် သူတို့ ထံမှ အက္ခရာနှစ်လုံးယူထားသည်။ ၎င်းမှာ“ဘ”နှင့် “ဘI”ဖြစ်သည်။ သူတို့  တချိန်က ကရင်တွင် စာပေများရှိသည်။
ဖျောက် ဖျက်ခြင်းခံရခြင်းဖြစ်သည်။ ၎င်းတို့ ၏ အက္ခရာစာလုံးမှာ တချိန်တွင် ပြန်၍ပေါ်လာလိမ့်အုံးမည်ဟု ဆိုကြ
သည်။ မွန်၊ ဗမာများက ကရင်များကို နိုင်စားခဲ့ကြသောကြောင့် သားရေ နှင့်ရေးထားသည့်ကရင်တို့ ၏စာပေမှာ
(Papyrim-သားရေစက္ကူ)သို့ မဟုတ် (Papyrus)-ပြူစာတို့ မှာ မွန်၊ ဗမာတို့ က ဖျက်ဆီးလိုက်ခြင်းဖြစ်သည်
ဟု ဆိုသည်။ ဗမာ များက မွန်များကို အနိုင်တိုက်ပြီးနောက် မွန် တို့ ၏စာပေများကို အတတ်နိုင်ဆုံး ဖျက်ဆီးပစ်
သဲ့သို့ ဖြစ်သည်။ ထို့  အပြင် ကရင်လူမျိုးသည် မွန်၊ ဗမာများ အုပ်စိုးခဲ့စဉ်က ၎င်းတို့ ကို ရဟန်းဖြစ်ရေး၊
စာသင်ရေး၊ စာရေးစာဖတ် အလုပ် အားလုံးကို လုပ်ခွင့်မပေးပါ။ ကရင်တယောက်ယောက် စာရေးသည်ကို
တွေ့ ရှိပါက ထိုကရင်ကို လက်ဖြတ် လိုက် သည်။ အချို့ ဆိုလျှင် သတ်ပစ်လိုက်သည်။ သို့ ရာတွင်
ကရင်လူကြီးအချို့ သည် ကရင်စာပေအချို့ ကို ၀ှက် ထားလိုက်ကြသည်။ စေတီထဲတွင်၊ ဂူသွင်း၍ဖြစ်စေ၊
ကျောက်တွင်း၊ လူမတွေ့ နိုင်သည့်နေရာများတွင် ၎င်းတို့  ၀ှက်ထား လေ့ရှိသည်။ သို့ ရာတွင် ထိုစာများကို
ရှာ၍ ပြန်တွေ့ သောအခါ များသောအားဖြင့် ခြစားကုန်သည်ကို တွေ့  ရသည်။ အချို့ မှာ ဆွေးကုန်သည်။
ဖတ်၍မရတော့ပါ။ အနည်းအကျဉ်းဖတ်၍ရသောစာများကို ၎င်းတို့ က တဖန် ပြန်ပြင်မွန်းမံပြီး ပြန်လည်ရေး
ကြသည်။ ထိုစာအချို့ မှာ ယခုတိုင် ရှိပါသေးသည်။ သံတောင်နယ် (ဒုံသတု) ကရင်လူမျိုးများရှိသောနေရာတွင်
တွေ့ နိုင်ပါသည်။ ထိုနည်းတူစွာ ဗမာများက မွန်များကို နိုင်လိုက်သည့်အခါ မွန်တို့  စာပေအားလုံးလိုလို အဖျက်ဆီးခံလိုက်ရသည်။ စေတီပုထို၊ ကျောက်ဆောင်။ ကျောက်တွင်း(ဂူ)ထဲတွင် သိုဝှက်ထားသည့်မွန်စာ
အချို့ သာ ကျန်လေသည်။ သို့ ရာတွင် ကရင်စာများ ကဲ့သို့ ပင် ဤ ၀ှက်ထားသည့်စာများကို ပြန်ရသောအခါ များသောအားဖြင့် ချစားကုန်သည်။ (သိုမဟုတ် )ဆွေးကုန်သည်။ ဖတ်နိုင်သည့်စာမှာ ဟိုတအုပ် ဒီတအုပ်သာ
ကျန်တော့သည်။ ကရင်စားများကဲ့သို့ ပင် ပျောက်ကွယ်သွားကြသည်။ ကရင်တို့ ၏ အက္ခရာစာလုံး ၊ ရှမ်း
အက္ခရာစာလုံး၊ ပအိုအက္ခရာစာလုံး၊ မွန် အက္ခရာစာလုံး၊ ဗမာအက္ခရာစာလုံး၊ ဤအက္ခရာစာလုံးများကို ကျွန်ုပ်တို့  ယှဉ်ကြည့်ပါက တမျိုးတည်းလို လိုဖြစ်နေသည်ကို တွေ့ ရမည်။ သရနှင့်အသတ်အချို့ သာ ကွာခြားနေခြင်းဖြစ်သည်။ အကြောင်းမူကား ဤစာများကို ဤလူမျိုးများစတင်ဖန်တီးသည့် မူလအစမှာ ၎င်းတို့ အားလုံး “ရစ်တောင်စာ”ကနေ အတူ ယူလေ့လာခဲ့ခြင်းကြောင့်ဖြစ်သည်။ တရုတ်ပြည်မှာ နေခဲ့စဉ် ကရင်ထဲကမျိုးနွယ်တနွယ်သည် ဤရစ်တောင် စာကို လေ့လာပြီးနောက် စံစကရစ်စာကို တည်ထွင်ခဲ့ခြင်းဖြစ်သည်။ ဤရစ်တောင်စာများမှာ ကျောက်ပြား ပေါ်တွင် ထွင်းထားပြီး ကျောက်စာအဖြစ် ယခုတိုင် ပုဂံတွင် တွေ့ ရှိနိုင်ပါသည်။ မသိသူများက ထိုစာကို ပိုဝိုစာ ပြူစာဟု ခေါ်ကြသည်။ အကြောင်းမူကား ဤစာများကို ကျောက်ပြားပေါ်တွင် ထွင်းသည့် အချိန် ၌“ပ၀ို” ပိုးကရင် ဘုရင်များက အုပ်စိုးသောခေတ်ဖြစ်နေသည်။ “ပြူ”ဆိုသည်မှာ ကရင်လူမျိုးတို့  ရှေးယခင်က “ရစ်တောင်စာ”မှ လာသည့် ကရင်စာ စစ်စစ်ပင်ဖြစ်သည်။
ကရင်သမိုင်းဆရာ စောအောင်လှ ရေး ကရင်ရာဇ၀င်
(ဖူ့ခွဲကဘောင်)ဘာသာပြန်စာအုပ်မှ ကောက် နှုတ်ဖေါ်ပြထားသည်။

0 ความคิดเห็น:

แสดงความคิดเห็น