ညီလာခံ၏ ဒုတိယနေ့(၉ ၁၁ ၆၀) အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်လေသည်။
၁။ ဦးစောမူဒစ်ခိုင်က ကရင်မျိုးသားစာပေအကြောင်း တင်ပြခြင်း ၂။ ဦးစောဘီက ကရင်ရာဇ၀င်အကြောင်း တင်ပြခြင်း ဤအစီအစဉ်များ ပြီးသည့်နောက် ကောင်စီသဘာပတိ ဦးစောလုံက ညီလာခံတွင် အေါက်ပါအဆိုကို တင်သွင်းခဲ့သည်။ (၁) လက်ရှိ အသုံးပြုနေသော ကရင်စာသည် အမျိုးမျိုးကွဲပြားနေသည့်အတွက် ဘာသာအသီးသီးနှင့် အမျိုးသားအသီးသီး အလွယ်တကူ ရေးသား ဖတ်ရှုအသုံးပြုနိုင်ပြီး လွယ်ကူသော ကရင်စာကို တီထွင်ပြုစုရေးသားနည်းလမ်းများ ရှာကြရန်၊ (၂) ကရင်အမျိုးသာများ ရာဇ၀င်တစောင်ကို မှန်ကန်တိကျစွာ ရေးသားပြုစုပေါ်ထွက်ရန်၊ (၃) ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုကို ဖေါ်ထုတ်သွားရန်၊ ခေတ်နှင့်မလျော်ညီသည့်အရာများကို ထိုခေတ်နှင့်အညီ ပြန်လည်ပြုပြင်သွားရန်၊ (၄) ရှေ့နှစ် ကရင်ယဉ်ကျေးမှုဖေါ်ထုတ်ရေး ညီလာခံ ကျင်းပသည့် နေ့ရက်ကို ရွေးချယ်၍ ဦးစီးရှေ့ဆောင် ပြုလုပ်သွားရန်၊ (၅) အဖြူ ၊ အနီ၊ အပြာ တက်သစ်စနေမင်း ဖါးစည်ပါသောအလံကို ကရင်တမျိုးသားလုံးအလံအဖြစ် တမျိုးသားလုံးလက်ခံလာအောင် ဆောင်ရွာက်သွားရန်၊ (၆) ပြာသိုလဆန်း ၁ ရက် နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် တမျိုးသားလုံးလက်ခံလာအောင် ဆောင်ရွက်သွားရန်၊ (၇) လက်ရှိ ကရင်မျိုးသားသီချင်းကို အားလုံးလက်ခံနိုင်သည့် သီချင်းဖြစ်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်၊ (၈) ကရင်ယဉ်ကျေးမှုကိစ္စရပ်များ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် ကရင်အမျိုးသားယဉ်ကျေးမှုဖေါ်ထုတ်ရေးအဖွဲ့ ဗဟိုကော်မတီတရပ်ကို ဖွဲ့စည်းသွားရန်။ ထိုအဆိုကို ညီလာခံကြီးတခုလုံးက ထောက်ခံသဖြင့် အောက်ပါ ယဉ်ကျေးမှုဖေါ်ထုတ်ရေးဗဟိုကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့လေသည်။ ၁။ ဥက္ကဌ ဒေါက်တာ စောလှထွန်း (ပြည်နယ်ဥက္ကဌ) ၂။ ဒု-ဥက္ကဌ စောကြာဒိုး(ဗိုလ်ချုပ်ဟောင်း) ၃။ အတွင်းရေးမှူး မန်းသိန်းဟံ၊ ၄။ တွဲဘက်အတွင်းရေးမှူး စောပေါလ်ဖေါ(လူမျိုးစုလွှတ်တော်အမတ်) ၅။ တွဲဘက်အတွင်းရေးမှူး မန်းညွန့်မောင်(ပြည်ထောင်စုကရင်အဖွဲ့ချုပ်) ၆။ တွဲဘက်အတွင်းရေးမှူး စောမြစိန်၊ ၇။ ငွေထိန်း မန်းစိန်မောင်၊ စာရင်းစစ် စောဂျေမီကျော်အေး၊ ၉။ ကော်မတီဝင် စောမက္ကစီဘိုးသိန်း(ကဆ ဥက္ကဌ) ၁၀။ စောဂန္ဒီ (အေ ဘီ အေ အို ဥက္ကဌ) ၁၁။ မန်းမြသီး (အေ ဘီ အေ အို ဒု- ဥက္ကဌ) ၁၂။ ဆရာမန်းစအေး၊ ၁၃။ မန်းမြဖုန်း၊ ၁၄။ မန်းဘရင်၊ ၁၅။ ဦးစောဘီ၊ ၁၆။ ဆရာပန်းပြေ၊ ၁၇။ ဆရာဂျွန်ဆင်ခန်းကြီး၊ ၁၈။ စောမူဒစ်ခိုင်၊ ၁၉။ စောဂျိမ်းတာပ၊ ၂၀။ ဗိုလ်ကြီးဂျွန်း၊ ၂၁။ ဦးအောင်ထွန်းဝင်း၊ ၂၂။ စောအဲရစ်ဖူးညို၊ ၂၃။ စောသန်းလွင်၊ ၂၄။ ဦးအေစိုးမြင့် (ပါလီမန်အတွင်းဝန်) ၂၅။ ဆရာမ နော်လီလီသိန်း၊ ၂၆။ ဦးလှစိန်၊ ၂၇။ ဆရာသာထွန်း၊ ၂၈။ ဦးမောင်နု စုစုပေါင်း (၂၈)ဦး ပါဝင်သော ဗဟိုကော်မတီ ဖြစ်ပါသည်။ ဤ ကရင့်ယဉ်ကျေးမှုဖေါ်ထုတ်ရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက် ပထမအကြိမ် အစည်းအဝေးတရပ်ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ရှေ့သို့ဆက်လက်ပြီး ညီလာခံခေါ်ဆိုခြင်း မင်းပမှုကိုမူ အလျဉ်းမပြုနိုင်ဘဲ အလိုလို ရပ်ဆိုင်းသွားလေတော့သည်။ ဤကား (၁၉၆၀)ခုနှစ် ကော်သူးလေတွင် ကျင်းပခဲ့သော ကရင့်ယဉ်ကျေးမှုဖေါ်ထုတ်ရေးညီလာခံအကြောင်း ဖြစ်ပေသည်။ ကရင်အမျိုးသားစာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးသို့ ရှေ့ရှုလျှက်--- ဆက်လက်တင်ပြမည်။วันเสาร์ที่ 13 ตุลาคม พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น