วันเสาร์ที่ 13 ตุลาคม พ.ศ. 2555

ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများရာဇ၀င်မှ အဆက်

အပိုင်း(၃) မဲ့ဟောင်ဆောင်ပြည်နယ် ကရင်များ

မဲ့ဟောင်ဆောင်ပြည်နယ်တွင် ကရင်(၄)မျိုးရှိသည်။ ၎င်းတို့သည်- ၁။ စကောကရင် ၂။ ပိုးကရင် ၃။ ကယား (၀ါ) ဘ၀ယ်ကရင် ၄။ ကယန်းတို့ဖြစ်ကြသည်။ ၁။ မဲ့ဟောင်ဆောင်ပြည်နယ်တွင် စကောကရင်သည် လူဦးရေအများဆုံး ဖြစ်သည်။ ဆွတ်မေးမြို့နယ်၊ မဲ့ဟောင်ဆောင်ပြည်နယ် မြောက်ဖက်ခြမ်းတွင် အများအပြားနေထိုင်ကြပြီး ပန်းမဖမြို့နယ်နှင့် ပိုက်မြို့နယ်အထိ စကောကရင်များ နေထိုင်ကြသည် ခွန်ယွန်းမြို့နယ်တွင် “နိုင်ဆွန်ဘွန်း-ဖလိုင်းဝမ်း”အမည်ရှိ စကောကရင်လူငယ်တဦးသည် မဲ့ဟောင်ဆောင်ပြည်နယ်တွင် (ထိုင်းရတ်ထိုင်းပါတီ)မှ လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းတဦး ဖြစ်သည်။ အများအားဖြင့် ခရစ်ယန်ဘာသာနှင့် ကက်သလစ်ဘာသာကို ကိုးကွယ်ကြပြီး၊ ကက်သလစ်ဘာသာဖြင့် စကောကရင်ဘုန်းတော်ကြီးများသည် ၀ိညာဉ်စောင့်ရှောက်သူများအဖြစ် တာဝန်ယူသည်။ ၂။ မဲ့ဟောင်ဆောင်ပြည်နယ်ရှိ ပိုးကရင်များသည် ဆွတ်မေးမြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး၊ အုန်းကွယ်မြို့နယ်၊ ဇင်းမယ်ပြည်နယ်၊ ထာ့စန်ယန်မြို့နယ် တာ့ပြည်နယ်၊ မဲစလင်းမြို့နယ်အတွင်းသည်လည်း တစ်ချို့နေထိုင်ကြသည်။ မဲ့ဟောင်ဆောင်ပြည်နယ်ရှိ ပိုးကရင်နှင့် စကောကရင်တို့၏ နေထိုင်ရာဒေသများသည် တောင်ထိပ် တောင်ခြေ၌ နေထိုင်ကြပြီး ရိုးရာဓလေ့နှင့် ကိုးကွယ်သည့်ဘာသာသည် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်သူ အနည်းငယ်သာ ရှိကြသည်။ ၃။ မဲ့ဟောင်ဆောင်ပြည်နယ်ရှိ ကယား(သို့မဟုတ်) ဘ၀ယ် ဟူသော ကရင်မျိုးနွယ်စုများ၏ နောက်ကြောင်းရာဇ၀င်သည် ဗမာပြည်မှ ဖြစ်သည်။ ဗမာစစ်ဘေးဒဏ်ကြောင့် လူပေါင်း ၁၉၀၀၀မျှ ထိုင်းနိုင်ငံဖက်ကို တိမ်းရှောင်လာကြပြီး တစ်ချို့သည် ပန်းခွိက်ရွာစခန်း၊ နိုင်ဆွဲရွာစခန်း၊ မဲ့သုရင်းစခန်းတို့တွင် နေထိုင်ကြပြီး ၁၉၇၄ ခုနှစ် “ကိုဒင်းယန်း”အဆိုအရ မဲ့ဟောင်ဆောင်ပြည်နယ်တွင် နဂိုရ်မူးရင်းသည် ကယား ၁၅ ရွာရှိသည်။ လူဦးရေပေါင်း ၁၀၀၀ မျှ တို့သည် မြို့တွင်းနှင့် ခွန်ယွန်းမြို့နယ်တွင် နေထိုင်ကြသည်။ ၎င်းကယားအုပ်စုသည် သာသနာသက္ကရာဇ် ၂၄၂၈ ခုနှစ်မှာ ၀င်လာကြပြီး ၅ ဆက်မြောက် ထိုင်းဘုရင်လက်ထက် ကယား၊ အင်္ဂလိပ် အရေးအခင်းက ဖြစ်သည်။ ၄။ ကယန်း ခေါ်သော ပဒေါင်ကရင်သည် သာသနာသက္ကရာဇ် ၂၅၂၇ ခုနှစ် ဗမာနှင့် ကယား စစ်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ပြေးဒုက္ခသည်များအနေဖြင့် မဲ့ဟောင်ဆောင်ပြည်နယ်ထဲ ရောက်လာကြသည်။ သာသနာသက္ကရာဇ် ၂၅၂၈ ခုနှစ်တွင် ဖားဘောင်ရပ်ကွက်နှင့် တဖက်တချက် နိုင်းဆွယ်ရွာတွင် လာရောက်နေထိုင်ကြသည်။ ပြည်နယ်အရာရှိမင်း ပေါ်လစီအရ မဲ့ဟောင်ဆောင်ပြည်နယ်သည် နိုင်ငံခြားခရီးသည်များ လည်ပတ်ရာပြည်နယ်အဖြစ် ပဒေါင်ယဉ်ကျေးမှုနှင့် ကျေးရွာဖွင့်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
မဲ့ဟောင်ဆောင်ပြည်နယ်ရှိ မြို့နယ်ထဲတွင် ‘ကယန်း’ရွာ ၃ ရွာရှိသည်။ ၁။ ဟွေ့ဘုကင်ရွာတွင် အိမ်ထောင်စု ၄၅ စု ရှိပြီး၊ အမျိုးသား- အမျိုးသမီး ဦးရေ ၁၀၀ ရှိသည်။ လည်ဆွတ်အမျိုးသမီး ၂၀ ယောက်နှင့် ကလေး လည်ဆွတ် ၂ ယောက် ရှိသည်။ ၂။ ကျားအိုဝ်ရွာတွင် အိမ်ထောင်စု ၁၅ စု ရှိပြီး၊ အမျိုးသား- အမျိုးသမီး ဦးရေ ၅၆ ယောက် ရှိသည်။ လည်ဆွတ်အမျိုးသမီး ၁၆ ယောက်နှင့် ကလေး ၄ ယောက်ရှိသည်။ ၃။ နိုင်ဆွေရွာတွင် အိမ်ထောင်စု ၃၈ စု ရှိပြီး အမျိုးသား- အမျိုးသမီး ဦးရေ ၁၆၅ ယောက် ရှိသည်။ လည်ဆွတ်အမျိုးသမီး ၅၆ ယောက်နှင့် ကလေး ၁၇ ယောက် ရှိသည်။ မဲ့ဟောင်ဆောင်ပြည်နယ် (၇)မြို့နယ်မှ နေထိုင်ကြသော ပိုးကရင် စကောကရင်၊ ကယား(ဘ၀ယ်)ကရင်၊ ကယန်း(ပဒေါင်)ကရင်များသည် ရွာပေါင်း ၂၁၀ ရွာ ရှိပြီး စုစုပေါင်း လူဦးရေ ၈၃၂၆၃ ဦးရှိသည်။ ချင်းမိုင်(ဇင်းမယ်)ပြည်နယ် ကရင်များ (ဟွေ့ကိမဲနှင့် ၀င်းဇင်းမယ်) ဇင်မယ်ပြည်နယ်တွင် ပိုးကရင်၊ စကောကရင် နှစ်မျိုးလုံး နေထိုင်ကြသည်။ ပိုးကရင်များ နေထိုင်ရာအရပ်များတွင် မြေပြန့်ဖြစ်ပြီး၊ အူးကွယ်မြို့နယ်ရှိ ကရင်များသည် တောင်ပေါ်ဒေသတွင် နေထိုင်ကြသည်။ ထိုဒေသတွင် အစိုးရက ၉ ဆက်မြောက်“ဘုရင်ဘူမိဘော”ဆည်မြောင်း တည်ဆောက်ထားသည်။ ဆည်မြောင်းမှ ရေးများပြည့်လျှံကာ မဲ့နန်း“ပင်”ချောင်းထဲသို့ စီးဆင်းသဖြင့် ချောင်းနံဘေးမှ ရွာများကို တိုက်စားသောကြောင့် အိမ်ရာ မြေယာများ ရေထဲ ပါသွားကြသည်။ ရေဘေးဒဏ် သင့်ခံရသော ကရင်ရွာသားများကို ဒွဲတောင်မြို့နယ်၊ ဟော့မြို့နယ်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။
ဟန်ဒွန်းမြို့နယ် ချန့်ခမ်းရွာတွင် ပိုးကရင်ရွာဖြစ်သည်။ ဆောင်ပါတောင်းမြို့နယ် ထွန့်ဖယ်ရွာသည်လည်း ပိုးကရင်ရွာဖြစ်သည်။ ထိုကရင်ရွာနှစ်လုံးရှိ ပိုးကရင်များသည် မြို့အသွင်ဆောင်ကြပြီး ပိုးကရင်ဘာသာစကားကိုတောင် မပြောတတ်ကြတော့ပေ။ ဆောင်ပါတောင်းမြို့နယ်ရှိ ကရင်များသည် “ပင်း”မြစ်ချောင်းအရှ့ဖက်ခြမ်းမှာ နေထိုင်ကြသည်။ ဒွဲတောင်မြို့နယ်၊ ဟော့မြို့နယ်၊ အုန်းကွယ်မြို့နယ်များတွင် ပိုးကရင်များ ထူထစွာ နေထိုင်ကြသည်။ စကောကရင်များသည် တောင်ကုန်းတောင်ပိုင်းဒေသများတွင် နေထိုင်ကြသည်။ အများအားဖြင့် မြစ်ချောင်း အင်း အိုင် စီးဆင်းရာနေရာများဖြစ်သည့် မဲ့ကျန်မြစ်၊ မဲ့ဝမ်းမြစ်၊ ဒွဲအင်ထနွန်တေင် စသည့် နေရာများတွင် နေထိုင်ကြသည်။ ဇင်းမယ်ပြည်နယ် (၁၉)မြို့နယ်မှ နေထိုင်ကြသော ပိုးကရင် စကောကရင်များသည် ရွာပေါင်း (၂၁၆) ရွာရှိပြီး စုစုပေါင်း လူဦးရေ ၁၁၁၆၀၉ ဦး ရှိသည်။
“ဆရာတော် ခရူဘာစီဝိချိုင်း ” ပိုးကရင် စကောကရင် နှစ်မျိုးစလုံးသည် “ဆရာတော် ခရူဘာစီဝိချိုင်း”ရဟန်းတော်ကို ကရင်မျိုးနွယ်ဖြစ်သည်ဟု ယုံကြည်ကြသည်။ တစ်ချိန်က လိမြို့နယ် ပန်းရွာတွင် လန်းဖွန်းမြို့စား၏ ဆင်ကို ထိန်းကျောင်းပေးသည်ဟုလည်း ကြားသိရသည်။ ကရင်လူမျိုးတို့သည် “ဆရာတော် ခရူဘာစီဝိချိုင်း ” ရဟန်းတော်ကို လွန်စွာမှ ကြည်ညိုလေးစားကြသည်။ “က္ဆာဘောင်”အဖြစ် တင်မြာက်ထားကြသည်။ ထို့နောက် “ဆရာတော် ခရူဘာစီဝိချိုင်း”၏ တပည့်ဖြစ်သူ “ဆရာတော် ခရူဘာအဘိချိုင်းခေါင်ပီ”ကိုလည်း “က္ဆာအွာ”အဖြစ် တင်မြောက်ထားကြသည်။ “ဆရာတော် ခရူဘာအဘိချိုင်းခေါင်ပီ”ကို ၀ိနည်းသိက္ခာပုဒ်တော် ကျူးလွန်သည်ဟု စွပ်စွဲကာ လူဝတ်လဲခိုင်းသည်။ သို့သော်လည်း “ဆရာတော် ခရူဘာအဘိချိုင်းခေါင်ပီ”သည် လူဝတ်လဲရန် ငြင်းဆန်ခဲ့သည်။ နောက်ဆုံး တွင် အ၀တ်ဖြူကို ၀တ်ဆင်ကာ သာသနာတော်လုပ်ငန်းများကို ဘ၀၏ ချုပ်ငြိမ်းသည်အထိ လုပ်ဆောင်သွားတော့သည်။
“ဆရာတော် ခရူဘာစီဝိချိုင်း ” ရဟန်းတော်သည် ဇမယ်ပြည်နယ်ရှိ “ဒွဲဆွတ်ထေ့စေတီတော်”နှင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အမြောက်အများကို တည်ဆောက်ထားသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ကရင်မျိုးနွယ်များသည် “ဆရာတော် ခရူဘာစီဝိချိုင်း” ရဟန်းတော်ကို အလွန်ပင် ကြည်ညိုကြသည်။ တောင်တန်းဒေသရှိ ကရင်လူငယ် လူရွယ်အမြောက်အများသည် ရှင်သာမဏေ၊ ရဟန်းများ ၀တ်ကြကာ ထိုင်းနိုင်ငံတွင် တောင်တန်းရဟန်း သာမဏေအဖွဲ့အစည်းများ ပေါ်ပေါက်လာကြသည်။ ယခုထက်တိုင် ဇင်းမယ်ဒေသတ၀ိုက်တွင် တွေ့မြင်ရဆဲပင် ဖြစ်သည်။ ဆက်လက်တင်ပြပါမည်။ ရာဇဘူရီ - ထိုင်းကရင် ဆရာ “၀ုဘွန်းလုတ်”ရေးသားသည့် “ဆွမ်ဖူ့ကရင်စကားစဆိုလာသည့်အခါရာဇ၀င်” စာအုပ်မှ ။ ၂၀၀၅ ခုနှစ် ထီဖိုးစံ အရှင်ပုည ဗမာဘာသာဖြင့် ပြန်လည်ဘာသာပြန်ဆိုထားသော ထိုင်းနိုင်ငံ ကရင်ရာဇ၀င်စာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။

0 ความคิดเห็น:

แสดงความคิดเห็น