By နော်နိုရင်း တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ အစိုးရတပ် ၅၅၂ နဲ့ ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကေအန်ယူဘက်က ၂ ဦး ကျဆုံးပါတယ်။ KNU army soldiers march to commemorate the 63rd anniversary of Karen Revolution Day at Oo Kray Kee Townshipပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းက အစိုးရစစ်တပ်က ခမရ ၅၅၂ တပ်ဟာ တနင်္သာရီမြိုနယ် မြောက် ဘက်မှာ ရှိတဲ့ ကေအန်ယူတပ်ရင်း ၁၁ အနီး လှုပ်ရှားသွား လာရင်း ပြောင်းဖူးချိုးပြန် လာတဲ့ ကေအန် ယူတပ်သားတွေကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူရဲ့ မြိတ်-ထားဝယ်ခရိုင် တွဲဘက်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောပါတယ်။ ဒီနောက် အစိုးရတပ်က အနီးမှာရှိတဲ့ စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ကေအန်ယူတပ်သား ၂ ဦး ကျဆုံးသလို သေနတ် ၂ လက်ကိုလည်း သိမ်းယူသွားခဲ့တယ်လို့ သူက ပြောပါတယ်။ ကေအန်ယူရဲ့ မြိတ်၊ ထားဝယ်ခရိုင် တွဲဘက်အတွင်းရေးမှူး ပဒိုစောအယ်နာက “ဗမာတပ်က ကေအန်ယူ ထိန်းချုပ်နယ်မြေနားကို လှုပ်ရှားတယ်။ ကျနော်တို့ တပ်စခန်း တွေရှိမှန်း သူတို့ သိတယ်။ သူတို့ လှုပ်ရှားနေတဲ့အချိန်ကလည်း ကျနော်တို့ တပ်သားတွေ ပြောင်းဖူးသွားချိုး ပြန်လာတယ်။ သေနတ်လွယ်ထားတဲ့အတွက် သူတို့က တွေ့ပြီး ပစ်သတ်ပြီး သေနတ်ယူတယ်။ အဲဒီမှာ တယောက်ကို ပစ်သတ်ပြီးမှ စခန်းထဲ ၀င်ပစ်တာ” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူဘက်က တိုင်းမှူးဆီကို အကြောင်းကြား ကန့်ကွက်ထား ကြောင်းနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးကြောင်း ပြောပါတယ်၊ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး လက်ရှိအစိုရနဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုရှိ/မရှိ ဆိုတဲ့အပေါ် ကေအန်ယူရဲ့ အထွေထွေအတွင်းရးမှူးလည်းဖြစ် တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုကွယ် ထူးဝင်းက အခုလို ပြောပါတယ်။ “ကျနော်တို့ဘက်ကတော့ မဖြစ်သင့်တာ ဖြစ်တော့ မကောင်းဘူးပေါ့၊ ဒါပေမယ့် ဒေသခံတွေရဲ့ ကြေးနန်းအကြောင်းကြားချက်အရ တဖက်က တိုင်းမှူးကိုလည်း အသိပေးအ ကြောင်းကြား ကန့်ကွက်စာတော့ ရေးထားတယ်။ ဖြစ်ပျက်မှု ဖြစ်စဉ်ကိုကျတော့ သူတို့ သေချာ စုံစမ်းရဦးမှာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်က သွားနေတော့လည်း တိုက်ပွဲကလည်း တခါတ လေကျတော့ ရင်ဆိုင်တာ။ တခါလေ အသိပေးအကြောင်းကြားမှုမရှိဘဲနဲ့ ဖြစ်တာတွေကျတော့ သူ့ဘက်က ကာကွယ်၊ ကိုယ့်ဘက်က ကာကွယ်နဲ့ ဖြစ်တာတော့ ရှိမှာပေါ။ ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တာလား၊ သို့မဟုတ်ရင် ကြုံလို့ တိုက်တာလား၊ မတော်တဆလား ဒါက ကျနော်တို့ စုံစမ်းရ မှာပေါ့နော်။” အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရအဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်တော်လှန်တိုက်ခိုက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့ဟာ ၂၀၁၂ ခုနှစ်ဆန်းမှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။
วันศุกร์ที่ 20 มิถุนายน พ.ศ. 2557
တနင်္သာရီမြို့နယ်တွင် အစိုးရတပ်နှင့်ကေအန်ယူ တိုက်ပွဲဖြစ်၊ ၂ ဦး သေဆုံး
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น