วันพุธที่ 10 ตุลาคม พ.ศ. 2555

ဇိကွက်မျက်စိပြူးရတဲ့အကြောင်း

ရှေးအခါက တောင်ခြေမှာရှိတဲ့ ယာသမားတဦးရဲ့ခြံမှာ ယာသမားကမွေးထားတဲ့ ကြက်တအုပ်ရှိတယ်။ ဒီကြက်တွေဟာ ခြံထဲက သစ်ပင်ပေါ်မှာချည်း အိပ်တန်းတက်လေ့ရှိတယ်။ ဒီလိုသစ်ပင်ပေါ်မှာ အိပ်တန်းတက်နေကြတဲ့ ကြက်တွေကို တောကြောင်တကောင်က ညတိုင်းလာလာပြီး တကောင်တကောင် ဖမ်းစားလေ့ရှိတယ်။ မိုးလင်းတိုင်းလင်းတိုင်း ကြက်တွေက သူတို့အဖေါ် တကောင်တကောင် ပျောက်နေတာကို အံ့သြနေကြတယ်။ တညတော့ ဇိကွက်တကောင်ဟာ ကြက်တွေအိပ်နေတဲ့သစ်ပင်ပေါ်ကို ရောက်သွားတဲ့အခါ ကြက်တွေက သူတို့ရဲ့ရန်သူလို့ထင်ပြီး အချင်းချင်း အချက်ပေး ဆူဆူညံညံ လုပ်ကြတယ်။ ပြီးတော့ “ရန်သူလာပြီဟေ့၊ ဘယ်ကိုရှောင်ရမလဲ၊ ဘယ်ကိုပြေးရမလဲ”လို့လဲ အော်ဟစ်ပြောဆိုကြတယ်။ ဒီအခါ ဇိကွက်က “ကျုပ်ဟာ ခင်ဗျားတို့ရဲ့ရန်သူမဟုတ်ပါ၊ ခင်ဗျားတို့ရဲ့ရန်သူဟာ တောကြောင်သာဖြစ်ပါတယ်။ ကျုပ်လဲ ခင်ဗျားတို့လို အတောင်နှစ်ဖက်နဲ့ ငှက်သတ္တ၀ါဖြစ်လို့ ခင်ဗျားတို့ရဲ့မိတ်ကောင်းဆွေကောင်းပါ။ အကူအညီ အလိုရှိယင်လဲ ပြောပါ၊ ကျုပ်စွမ်းနိုင်သလောက် အကူအညီပေးပါ့မယ်”လို့ ပြန်ပြောလိုက်တယ်။ ဒီတော့ ကြက်တွေက “ကျုပ်တို့ အိပ်တန်းတက်တဲ့ ညတိုင်းဘဲ ကျုပ်တို့အထဲက တညတကောင်တကောင် ပျောက်ပျောက်သွားတာ အကြိမ်ပေါင်းများလှပါပြီ၊ အဆွေဇိကွက်ပြောတဲ့ ရန်သူတောကြောင်ဖမ်းစားတယ်ဆိုတာ ဟုတ်လိမ့်မယ်၊ ဒီရန်သူကို ဘယ်လိုလုပ်ပြီး ကာကွယ်ရမလဲ”လို့ ပြန်မေးတယ်။

ဒီလိုမေးကြတော့ ဇိကွက်က “တောကြောင်ဟာ သစ်ပင်တက် အင်တန်ကျွမ်းပါတယ်၊ သင်တို့သစ်ပင်ကိုင်းရင်းမှာ မအိပ်ကြဘဲ သစ်ပင်ထိပ်ဖျားကို တက်ပြီး အိပ်ကြပါ၊ တောကြောင်ဟာ သစ်ပင်ကိုတက်ပြီး သင်တို့ဆီကိုလာယင် ထိပ်ဖျားက သစ်ကိုင်းဖြစ်တော့ ပြော့ပြောင်းတာနဲ့ အကိုင်းဟာ လှုပ်ပါလိမ့်မယ်၊ ဒီတခါ သင်တို့နိုးပြီး ရှောင်နိုင် တိမ်းနိုင်ပါလိမ့်မယ်”လို့ အကြံပေးပြီး ပျံသွားတယ်။ နောက်တနေ့ညမှာ စားနေကျတောင်ကြောင်ရောက်လာပြန်တယ်။ ဒါပေမဲ့ ကြက်တွေက သစ်ပင်ထိပ်ဖျားမှာ တက်အိပ်နေတော့ တောကြောင်ကလဲ ကြက်တွေရှိရာ သစ်ပင်ထိပ်ဖျားကို ရောက်အောင်တက်ရတယ်။ ဒီတင် သစ်ကိုင်းကလှုပ်လို့ ကြက်တွေနိုးလာကြတော့ ရန်သူလာတယ်လို့ ဆူဆူညံညံ အော်ကြ ဟစ်ကြတယ်။ ဒီလို ရန်သူတွေ့လို့ ကြက်တွေ ဆူဆူညံညံလုပ်တဲ့အသံကို ယာသမားက ကြားလို့ ထွက်ကြည့်တော့ တောကြောင်ကို မြင်ပြီး ဒူးလေးနဲ့ ပစ်လိုက်တယ်။ ယာသမား လွှတ်လိုက်တဲ့မြှားဟာ တောကြောင်ရဲ့ အမြီးဖျားကို ထိသွားတယ်။ ဒီတင် တောကြောင်ဟာ ကြောက်အားလန့်အားနဲ့ သစ်ပင်ပေါ်က ကမန်းကတန်းဆင်းပြီး တောင်ပေါ်ကို တက်ပြေးသွားတယ်။ ကြက်များဟာလဲ နောက်တနေ့ကစပြီး သစ်ပင်ပေါ်မှာ မအိပ်ကြတော့ဘဲ ယာသမားရဲ့ အိမ်ခေါင်ပေါ်ကို ပြောင်းပြီး လာအိပ်ကြတယ်။ ကြက်တွေက ယာသမားရဲ့ အိမ်ခေါင်ပေါ်ကို ပြောင်းအိပ်တဲ့အခါ တောကြောင်ဟာ ထိထားတဲ့ မြှားချက်ကြောင့် ကြက်တွေရှိရာ ယာသမားရဲ့ အိမ်ကိုမသွားရဲဘူး။ ဒီလို ကြက်တွေက ဘာကြောင့် အိပ်တန်းပြောင်း အိပ်ကြရသလဲဆိုတာကိုလဲ တွက်ကြည့်တယ်။ အဲဒီတခါ ကြက်တွေဆီကို အ၀င်အထွက်များတဲ့ ဇိကွက်ကိုမြင်တော့ ကြက်တွေအိပ်တန်းပြောင်းအိပ်ရတဲ့အရင်ဇစ်မြစ်ဟာ ဇိကွက်ကြောင့်၊ ဇိကွက်ရဲ့ အကြံဥာဏ်ကြောင့်ဘဲဖြစ်မယ်လို့ အမှန်အတိုင်းတွေးမိတယ်။ ဒီလို တွေးမိလိုက်တာနဲ့တပြိုင်နက် ဇိကွက်ကိုတော့ လက်စားချေမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး အဲဒီနေ့ကအစ နေ့တိုင်း ညတိုင်း ဇိကွက်ကို ချောင်းတော့တယ်။ ဒီလို ချောင်းပေမဲ့ ဇိကွက်ကို မမိနိုင်ဘူး။ ဒီတင် တောကြောင်ဟာ အကြံတမျိုးထုတ်ပြီး ဇိကွက်နဲ့မိတ်ဆွေဖွဲ့တယ်။ နောက်တော့ ဇိကွက်ကို “မိတ်ဆွေ ညညဘယ်အချိန်အခါအိပ်ပါသလဲ”လို့ မေးတယ်။
ဒီလို တောကြောင်ကမေးတာကို ဘာ့ကြောင့်သူ့ကို ဒီလိုမေးတယ်ဆိုတာ ဇိကွက်ချက်ချင်းရိပ်မိတယ်။ ဒါကြောင့် ဇိကွက်က “ညတိုင်း ညတိုင်း ကျုပ်က ကူးကူး၊ ကူးကူးလို့ အော်နေယင် မအိပ်သေးဘူး၊ အဲဒီလို မအော်ဘဲ ငြိမ်နေယင် ကျုပ်အိပ်နေပြီးဆိုတာမှတ်”လို့ ပြန်ပြောလိုက်တယ်။ (ဇိကွက်များ ညအချိန်အိပ်လို့ အိပ်ပျော်နေတယ်ဆိုယင် ကူးကူးလို့ ဟောက်သံ ထွက်ပေါ်လေ့ရှိပါတယ်) ဇိကွက်ရဲ့စကားကို ကြားပြီးကတဲက တောကြောင်ဟာ ညည ဇိကွက်ကို လာလာချောင်းတယ်။ ညအခါမဲ့ သစ်ပင်ပေါ်တက်ပြီး ဇိကွက်ကိုချောင်းတိုင်း ဇိကွက်ဆီက ‘ကူးကူး’လို့ မြည်သံကြားနေရတော့ ဇိကွက်မအိပ်သေးဘူး၊ သီချင်းဆိုနေတာဘဲလို့ ထင်တယ်။ ကူးကူးဆိုတဲ့အသံပျောက်လို့ သစ်ပင်ပေါ်တက်ချောင်းတဲ့အခါမှာလဲ ဇိကွက်ဟာ အိပ်ရာကနိုးလို့ မျက်စိပြူးပြီး သူ့ကို စောင့်နေတာကို တွေ့တယ်။ သူ့ကိုတွေ့တော့ ဇိကွက်ဟာ ထပြီး ပျံသွားလေ့ရှိတယ်။ ဒါကြောင့် တောကြောင်ဟာ ဇိကွက် မမိနိုင်ဘူး၊ ဇိကွက်ကလဲ ကူးကူးနဲ့ အိပ်ရေးဝအောင်အိပ်ပြီး နိုးတဲ့အခါ မျက်စိပြူးပြီး တောကြောင်ကို အစဉ်စောင့်နေတယ်။ ဒါကြောင့်မို့ ဇိကွက်များဟာ မျက်စိပြူးနေကြတော့တယ်။ ၁၉၆၈ ခုနှစ် လူထုဦးလှ- ရေး ကရင်ပုံပြင် စာအုပ် အမှတ်(၆)မှ ကောက်နှုတ်ဖေါ်ပြထားသည်။ ကရင်အမျိုးသားများ နိုင်ငံရေးသတိ၊ စစ်ရေးသတိ၊ ငြိမ်းချမ်းရေး နှင့် အပစ်အခတ်ရပ်စဲရေးသတိရှိရမည်။ ယခု ကေအိုင်ယူ ထိပ်ပိုင်းခေါင်းဆောင် အဆင့်မြင့်ရာထူး(၃)ဦးက တာဝန်မှ ရပ်စဲလိုက်တာကို ကေအိုင်ယူဗဟိုခေါင်းဆောက်များ ဆုံးဖြတ်ချက်မှန်ကန်ကြောင်း ထောက်ခံပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးပြုလုပ်ချိန်တွင် အရေးကြီးသောအချိန်ဖြစ်သည်။ ကရင်အမျိုးသားများ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို မေ့ပစ်၍ မသင့်ပါ။ ကမ္ဘာ့အလယ်တွင် ကရင်အမျိုးသား၏ဂုဏ်သိက္ခာ၊ ကရင်တော်လှန်ရေးဂုဏ်သိက္ခာနှင့် ကေအိုင်ယူ၏ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းရန် ယခုလက်ရှိ တာဝန်ရှိသော ကေအိုင်ယူ ထိပ်ပိုင်း ဗဟိုခေါင်းဆောင်များက ဒီလိုဆုံးဖြတ်ချက်ပြုလုပ်တာ မှန်ကုန်ပါသည်။ ငြိမ်းချမ်းရေးဖေါ်ဆောင်အဖွဲ့ဖြစ်တဲ့ ရထားခေါင်း ဦးအောင်မင်း၊ ပြည်ထောင်စုဝန် ဦးခင်ရီတို့က ပြည်တွင်းငြိမ်းချမ်းတကယ်လိုလားရင် ဒီလိုအလုပ်မျိုး မြူဆွယ် အားပေးလုပ်ဆောင်ပေးမှု မသင့်ပါကြောင်း ပြောကြားလိုပါသည်။

0 ความคิดเห็น:

แสดงความคิดเห็น