ကရင်အမည်နာမနှင့်အဓိပ္ပါယ်
“ပွါ”ဟူသည် တို့၊ ငါတို့ ဟု အဓိပ္ပါယ်ရသည်။ “ကညော”ဟူသည် လူ-“မနုဿ”၊ မနုဿဇတ် ဟု အဓိပ္ပါယ်ရသည်။ “ကညော”ဟူသော အမည်ကို သမထ-ဟူ၍လည်း အလွယ်သဖြင့် ခေါ်၏။ “ပွာကညော”ဟူသည် လူဖြစ်သည် (သို့မဟုတ်)လူ့မျိုးနွယ် ဖြစ်သည်ဟု အဓိပ္ပါယ်ရသည်။ (တနည်းအားဖြင့်)ရှင်းရှင်းပြောရသော် ‘လူ’(သို့မဟုတ်)သမထလူ ဟူ၍လည်း အဓိပ္ပါယ်ရသည်။ “ဖလုံ”သည်လည်း “ပွာကညော”နည်းတူ အဓိပ္ပါယ်ရသည်။ မဲဆိုင်ပြည်နယ် ကရင်များ မဲဆိုင်ပြည်နယ်တွင် ပိုးကရင်နှင့်စကောကရင် နှစ်မျိုးလုံး နေထိုင်ကြသည်။ စကောကရင်သည် မဲဟောင်ဆောင်ပြည်နယ်၊ ဇင်းမယ်ပြည်နယ်၊ လန်းပန်းပြည်နယ်ကနေ ပြောင်းရွှေ့လာသူများ ဖြစ်ပြီး ‘မဲ့ကို’ချောင်း ကမ်းတလျှောက်တွင် နေထိုင်ကြသည့် စကောကရင်များသည် အခြားအရပ်ဒေသမှ လာကြသည်။ လူအုပ်စု များလာသည့်အခါတွင် ‘မိတ်ကျေးရွာ’ဟု ခေါ်ဝေါ်သည်။ မဲဆိုင်ပြည်နယ်ရှိ စကောကရင်များသည် မဲ့စလွေမြို့နယ်၊ ၀င်းပါပေါက်မြို့နယ်တွင် တွေ့ရှိနိုင်သည်။ ပိုးကရင်ကမူ လန်းဖွန်းပြည်နယ်၊ လန်းပန်းပြည်နယ်မှ ပြောင်းရွှေ့လာသူများဖြစ်ကြပြီး မဲဆိုင်မြို့နယ်မှ “ခွန်ဖွတ်ဖရာ့ဘာရွာ ရေတံခွန်”နှင့် နန်းလတ်ရွာ ကရင်များအားလုံးသည် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများဖြစ်ကြသည်။ အကျင့်စာရိတ္တနှင့် လုပ်ကိုင်စားသောက်ရာတွင် မြို့တွင်းလူနှင့်ခြားနားခြင်းမရှိပါ။ မဲ့ကျန်မြို့နယ်မှ ခွဲထွက်သည့် ဒွဲလွမ်မြို့နယ်သည် လန်းဖွန်းပြည်နယ်မှ ပြောင်းရွှေ့လာသည့် ပိုးကရင်များ ဖြစ်ကြသည်။ ၀င်းချိုင်းမြို့နယ်တွင် စကောကရင်ရွာ တရွာရှိသည်။ ၎င်းတို့ပြောင်းရွှေ့လာရခြင်း၏အကြောင်းရင်းသည် စိုက်ပျိုးရေး မြေယာရရှိရေးနှင့် ရောဂါဆိုးကူးစက်သည့်အန္တရာယ်များ ကင်းရှင်းရန်ဖြစ်သည်။ မဲဆိုင်ပြည်နယ် (၅)မြို့နယ်မှ နေထိုင်ကြသော ပိုးကရင် စကောကရင်များသည် ရွာပေါင်း ၁၆ ရွာ ရှိပြီး စုစုပေါင်း လူဦး ၆၇၂၁ ဦးရှိသည်။ ဖလဲ့ပြည်နယ် ကရင်များ ဖလဲ့ပြည်နယ်ရှိ ပိုးကရင်များသည် နှစ်ပေါင်း ၂၀၀ ကျော်မျှ နေထိုင်လာသူများဖြစ်ကြပြီး လန်းဖွန်းပြည်နယ်မှ ပြောင်းရွှေ့လာသူများ ဖြစ်ကြသည်။ အိမ်ယာ၊ မြေယာ တည်တံ့သူများလည်း ဖြစ်သည်။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများသည် မြောက်ပိုင်းရှိ လူများနည်းတူ လယ်ယာ ခြံမြေ ဥယာဉ်များ လုပ်ကိုင်ကြပြီး ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်သူများ ဖြစ်သည်။ ၀မ်းချောင်းမြို့နယ် မဲ့ပရရွာ၊ မဲ့ဆင်းရွာရှိ ပိုးကရင်အမျိုးသမီးများသည် နားပေါက်ကျယ်ထားခြင်းကို နှစ်သက်ကြသည်။ အသက် ၇၀ ကျော်ရှိ ကယားအမျိုးသမီးများသည် ထိုနည်းတူ တွေ့ရသည်။ ဖလဲ့ပြည်နယ်ရှိ ပိုးကရင်များသည် ဒင်ချိုင်း- လန်းပန်း ဟိုင်းဝေးလမ်းမကြီး အမှတ်(၁၁)“ခမ်းတန”ရွာတွင် နေထိုင်ကြသည်။ စကောကရင်များသည် ဖလဲ့ပြည်နယ်တွင် မတွေ့ရပါ။ ဖလဲ့ပြည်နယ် (၂)မြို့နယ်မှ နေထိုင်ကြသော ပိုးကရင်များသည် ရွာပေါင်း ၁၄ ရွာ ရှိပြီး စုစုပေါင်းလူဦးရေ ၈၆၀၀ ဦးရှိသည်။ လန်းပန်းပြည်နယ် ကရင်များ လန်းပန်းပြည်နယ်တွင် ပိုးကရင်များသည် ငေါင်းမြို့နယ်တွင် နေထိုင်ကြပြီး စကောကရင်များမှာမူ ဆုမ်ငမ်းမြို့နယ်၊ မဲ့မော့မြို့နယ်၊ မွန်းပန်းမြို့နယ်၊ ကျဲ့ဟုန်မြို့နယ်များတွင် နေထိုင်ကြသည်။ လန်းပန်းပြည်နယ် (၅)မြို့နယ်မှ နေထိုင်ကြသော ပိုးကရင်၊ စကောကရင်များသည် ရွာပေါင်း ၇ ရွာ ရှိပြီး စုစုပေါင်း လူဦးရေ ၃၆၆၂ ဦးရှိသည်။ လန်းဖွန်းပြည်နယ် ကရင်များ (ဟွေ့လော်ပူနှင့်ဝင်းလမ်းဖွန်း) လန်းဖွန်းပြည်နယ်သည် ပိုးကရင်များ အတော်များများရှိသည်။ ထွန့်ဟွာချန်းမြို့နယ်၊ ဟွာခွာရွာရှိ ပိုးကရင်များသည် မိရိုးဖလာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဘိုးစဉ်ဘောင်ဆက်နည်းတူ ကျင့်သုံးလာခဲ့သည်။ မြို့နယ် ပြည်နယ်လူကြီးသည် နောင်းလာရွာမှ ဖြစ်ပြီး (ဘီအေ)ဘွဲ့ရရှိသော ပိုးကရင်အရာရှိ တဦးဖြစ်သည်။ ပိုးကရင်နှင့်စကောကရင်အချို့တို့သည် နဂိုရ်ပြည်နယ်နှင်အနီးမြို့နယ်တ၀ိုက်ရှိ ဓလေ့ထုံးတမ်းများကို ပစ်ပယ်ကာ “ဖရာ့ဘာ-လိမြို့နယ်၊ နရိုင်ရပ်ကွက်“ဖရာ့ဘာဟွေ့တွန့်ရွာ”ဘက်ဆီသို့ ပြောင်းရွေ့လာကြသည်။ ဘာသာရေးကို လွန်စွာကိုင်းရိုင်းပြီး သက်သတ်လွတ်စားကာ ကြက်၊ ငှက်၊ ၀က် မွေးမြူခြင်းများကိုလည်း ရှောင်ရှားကြသည်။ ယခုအခါ “ဖရာ့ဘာဟွေ့တွန့်ရွာ”သည် ထိုင်းနိုင်ငံတွင် အကြီးဆုံးသော ကရင်ဗုဒ္ဓဘာသာရွာ တရွာဖြစ်သည်။ လမ်းဖွန်းပြည်နယ်ကရင်နှင့် မြောက်ပိုင်းအရာရှိများအကြား ဆက်နွယ်မှု လန်းဖွန်းပြည်နယ် ဘန့်ဟုန့်မြို့နယ် ဟွေ့လရွာရှိ ပိုးကရင်များသည် (ကျောက်ရာဇသမ္ဗန္ဓ၀ံ-ဓမ္မလင်္ကာ)နှင့် မိဖုရား“ခမ်းယွန်း”တို့၏ ကိုယ်စား သားတော်ငယ် “ကျောက်နွဲကုသလ၀ံ”ဏဇင်းမယ် ကို ပင့်ဖိတ်ကာ ဟွေ့လရွာတွင် နှစ်ထပ်အိမ်တလုံး ဆောက်လုပ်ခဲ့သည်။ “ကျော်နွဲကုသလ၀ံ”သည် ကဗျာလင်္ကာများကို ဖွဲ့ဆိုတတ်သူဖြစ်ပြီး လန်းဖွန်းပြည်နယ်ကို နောက်ဆုံးအုပ်ချုပ်သည့် မင်းသမီး“ဆွန်ဘွန်း”၏အစ်ကိုဖြစ်သူ ဗိုလ်မှူး“ကျောက်ကျကရာခမ်း ခကျောင်းဇာ”နှင့်လည်း ရင်းနှီးသူဖြစ်သည်။ “ကျောက်နွဲကုသလ၀ံ”သည် “ကျောက်ရာဇပုတ္တခမ်းတု”၏သမီးတော် “ခမ်းခင်း”ဏဇင်းမယ်နှင့် လက်ထပ်ကြသည်။ “ရာဇပုတ္တခမ်းတု”၏ ခမည်းတော်သည် “ကျောက်ဥပရာဇဘွန်းဓ၀န်း”ဖြစ်သည်။ လန်းဖွန်းပြည်နယ် (၄)မြို့နယ်မှ နေထိုင်ကြသော ပိုးကရင်၊ စကောကရင်များသည် ရွာပေါင်း ၅၁ ရွာ ရှိပြီး စုစုပေါင်း လူဦးရေ ၂၅၉၇၀ ဦးရှိသည်။ ဆက်လက်တင်ပြပါမည်။ ရာဇဘူရီ - ထိုင်းကရင် ဆရာ “၀ုဘွန်းလုတ်”ရေးသားသည့် “ဆွမ်ဖူ့ကရင်စကားစဆိုလာသည့်အခါရာဇ၀င်” စာအုပ်မှ ။ ၂၀၀၅ ခုနှစ် ထီဖိုးစံ အရှင်ပုည ဗမာဘာသာဖြင့် ပြန်လည်ဘာသာပြန်ဆိုထားသော ထိုင်းနိုင်ငံ ကရင်ရာဇ၀င်စာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။วันพฤหัสบดีที่ 11 ตุลาคม พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น