วันเสาร์ที่ 1 กันยายน พ.ศ. 2555

ထိုင်းငါးဖမ်းလှေတွင် ရောင်းစားခံရသောမြန်မာအလုပ်သမားတဦး ထွက်ပြေးလွတ်မြောက်

1-09-2012 ဖါးစည်သံ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရယောင်းခရိုင်၊ စီဝိတံတားနယ်ဘက်မှ ထိုင်းငါးဖမ်းလှေများတွင် ရောင်းစားခံနေရသော မြန်မာအလုပ်သမားများသည် ပွဲစားနှင့် အလုပ်ခေါင်းပိုက်ဆရာတို့၏ အနိုင်ကျင့်မှုကို ခံနေရသည်ဟု ထွက်ပြေးလွတ်မြောက်သည့် ငါးဖမ်းလှေ မြန်မာအလုပ်သမားတဦးက ပြောနေသည်ဟု သိရသည်။ လူကုန်ကူးသူပွဲစားများက မြန်မာအလုပ်သမားများကို ရွာအထိ သွားရောက်စည်းရုံးခေါ်ဆောင်လာပြီး ဘန်ကောက်မြို့ငါးသတ္တောအလုပ်ရုံတွင် အလုပ်လုပ်ရမည်ပြောကာ အလုပ်သမားများက သဘောကျပြီး လမ်းစရိတ်များအတွက် အလုပ်သမားတဦးက ပွဲစားကယ်လီကို မြန်မာကျပ်ငွေ(၈၀၀၀၀၀)ကျပ် ပေးဆောင်ရသည်။ ငွေကြေးမရှိသော အလုပ်သမားများ ပွဲစားကယ်လီက အရင်းထုတ်ပေးကာ ငွေအရင်းကျေအောင် အလုပ်လုပ်ပေးရမည်ဟု ထွက်ပြေးရောက်ရှိလာသည့် ကျိုက်ထိုမြို့နယ်မှ အလုပ်သမားတဦးက ပြောသည်။ “ချုံပူလီနှင့် ရယောင်းကို မဲဆောက်က တက်လာတဲ့လူတွေ အများကြီးရောက်တယ်။ ကယ်လီ ပွဲစားတွေက အလုပ်သမားတွေကို အများကြီးဒိုင်ခံပြီးဝယ်တယ်၊ သူတို့တွေကို အခန်းထဲမှာ လှောင်ထားလိုက်တယ်၊ ၀ယ်ထားတဲ့လူတွေကို သူတို့ကတစ်ဆင့် အခြားပွဲစားလေးတွေကို ဘတ် ၇၀၀၀ ကနေ ၆၀၀၀၀ အထိ ရောင်းစားတယ်။ ငွေ ပြန်လည်ပေးဆပ်ရဖို့အတွက်ဆိုရင် အလုပ်သမားတွေက အနည်းဆုံး (၈)လကနေ (၃)နှစ်အထိ အလုပ်လုပ်ပေးရတယ်။” ကျနော်တို့အဖွဲ့က မြ၀တီတွင် ခေတ္တနားပြီး မြ၀တီကနေ စထွက်တယ် ဘန်ကောက်သို့ရောက်ဖို့ တောထဲတွင် (၇)ရက်ကြာ လမ်းလျှောက်ခဲ့ရတယ်။ တောထဲမှာ လမ်းလျှောက်ရာ အမျိုးသမီးအချို့လည်းပါတယ်။ ကန်ဖဲသို့အရောက် ကားလာကြိုပြီး လူစုခွဲဝေကာ ကျနော်တို့အဖွဲ့ကို ဘန်ကောက်ငါးသေတ္တာအလုပ်ရုံမပို့တော့ပဲ ရယောင်း ထိုင်းငါးဖမ်းလှေများနှင့် ရောင်းစားခံကြသည်ဟု ၎င်းထွက်ပြေးလွတ်မြောက်လာသည့် မြန်မာအလုပ် သမားတစ်ဦးကပြောသည်။ ၁၉ - ၀၈- ၂၀၁၂ နေ့တွင် ကျနော် ထွက်ပြေးလွတ်မြောက်သွားတယ်။ ကျနော်တို့ (၃)ယောက်ထွက်ပြေးပြီး တောထဲတွင် ကျနော်သူယ်ချင်းတယောက်က သေနတ်နှင့်အပစ်ခံရပြီး ပြီးချင်းသေးဆုံးသွားတယ်။ နောက်သူငယ်ချင်းတယောက်ကတော့ အခုအထိ သေတာလား ရှင်တာလား မသိဘူး အခုအထိ ပျောက်နေတယ်။ ကျနော်က ကံကောင်းလို့ပဲပြောရတယ် (၉)ရက်အတောတွင်းမှာ တောထဲတောင်ထဲမှာ လမ်းလျှောက်လာပြီး ထမင်းမစားရတာ ရက်ကြာတော့ ဗိုက်အရမ်းဆာနေတယ်။ စိတ်ထဲမှာ သေရင်သေပေစေတော့ ကိုယ့်ကိုယ်အားတင်းပြီး ဆိုင်တဆိုင်အရောက်တွင် ၀င်ပြီး ရေတောင်းသောက်တယ်။ ဆိုင်ရောင်းသူက မြန်မာပြည်မှ ကရင်လူမျိုးတွေဖြစ်တော့ ကျနော့်ကို ကူညီကယ်လိုက်တာကို ကျေးဇူးအများတင်တယ်ဟု ထွက်ပြေးလွတ်မြောက်သော အလုပ်သမားက ပြောသည်။ ထိုင်းငါးဖမ်းလှေတွင် အရောင်းစားခံရသော ကျိုက်ထိုမြို့မှ မြန်မာအလုပ်သမားကို ၂၉ ၀၈ ၂၀၁၂ နေ့တွင် ဘန်ကောက်မြို့ ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်အဖွဲ့(OKRSO) ရုံးတွင် ရောက်ရှိလာပြီး OKRSO အဖွဲ့မှ တာဝန် ရှိသူများက မှတ်တမ်းယူထားပြီး အလုပ်သမားရဲ့ ဖြစ်ချင်တဲ့ဆန္ဒအတိုင်း လုပ်ဆောင်သွားမည်ဟု အဖွဲ့တာဝန်ခံတစ်ဦးက ပြောသွားသည်ဟု သိရှိရသည်။

0 ความคิดเห็น:

แสดงความคิดเห็น