วันอาทิตย์ที่ 26 พฤษภาคม พ.ศ. 2556

DKBA စစ်ဒေသ၌ BGF နှင့် အစိုးရ တပ်များ စစ်ပြင်ဆင်နေ

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့်အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့

ပဋိပက္ခ ဖြစ်ပွားခဲ့သော ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ် မြိုင်ကြီးငူ ဒေသမှ မယ်တဝေါ စခန်း အနီးအနားသို့ BGF နှင့် အစိုးရ တပ်အင်အားများ တိုးချဲ့ ချထား နေသည်ဟု ကရင် ငြိမ်းချမ်းရေး ကောင်စီမှ စစ်ဗျူဟာမှူး တစ်ဦးက ဆိုပါသည်။ “ အရင်က တပ်ရင်း (၃) ရင်းဘဲ ရှိတယ်။ အခုတော့ အချိန်တို အတွင်းမှာဘဲ (၆) ရင်း ဖြစ်သွားပြီး၊ တိုးလာတာက ပဋိပက္ခဖြစ်ပြီးမှ တိုးလာတာပါ။ ကျနော် တို့ စောင့်ကြည့်နေပါတယ်။ (၂) ရက် (၃) ရက်လောက်။ တိုးလာတဲ့ တပ်တွေထဲမှာ အစိုးရ တပ်လည်း ပါတယ်။ BGF တပ်လည်း ပါတယ်။ ကြည့်ရတာ ပြသနာကို ဖြေရှင်း ပေးမဲ့ပုံ မဟုတ်တော့ဘူး။ ပြသနာ ဖြစ်လာအောင် ဖန်တီးတယ်၊ ပြီးတော့ ဒီပြသနာကို အကြောင်းပြပြီး စစ်ဆင်လို့ ရအောင် လုပ်နေပုံ ပေါ်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဟပ်ကြီး ရေကာတာ လုံခြုံရေးအတွက် ဆိုပြီး ကျနော်တို့ကို ရှင်းပြီးရင် နေရာယူဖို့ ဖြစ်မယ်” ဟု ဆိုပါသည်။ ဤသို့ကြောင့် အစိုးရ၏ တပ်အင်အား တိုးချဲ့ ချထားနေမှုကို DKBA မှ ဗိုလ်မှူးကြီး ကျော်သက်၊ ဗိုလ်မှူးကြီး ဗိုလ်ကျော်ဘိ နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီး တိုက်ဂါးတို့က အနီးကပ် စောင့်ကြည့်နေပြီး အစိုးရ ဖက်က စစ်ဆင်လာပါက အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သည်ဟု ဆိုပါသည်။ DKBA နှင့် BGF တပ်ဖွဲ့ တို့သည် ပြီးခဲ့တဲ့ ဧပြီလ (၂၇) ရက်နေ့တွင် လက်အောက်ခံ အောက်ခြေ တပ်ဖွဲ့ အချင်းချင်း မကြေနပ်မှုမှ စပြီး (၃) ရက်ကြာ တိုက်ခိုက် ခဲ့ကြပါသည်။ ဤပြသနာကို ဖြေရှင်းရန် DKBA သည် ကရင်ပြည်နယ် နယ်စပ် လုံခြုံရေး အဖွဲ့နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ သွားရောက်ကာ ဖြေရှင်း ခဲ့ပါသည်။ သို့သော် မပြေလည်သဖြင့် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်းထံ သွားရောက် ဖြေရှင်းခဲ့ပါသည်။ ဦးအောင်မင်းသည် ၄င်း၏ ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ ဇော်ဦးတို့ အဖွဲ့ကို စေလွှတ်ပြီး ပြသနာဖြစ်ပွားပုံကို ဆွေးနွေး စေခဲ့ပါသည်။ http://www.phophtawnews.org/burmese/index.php/news/internal-news/item/290-dkba-bgf.html ဤအချိန်မှ စပြီး ပြသနာ ဖြေရှင်းမည့် ဆွေးနွေးပွဲများ ရပ်တန့် နေခဲ့ပြီး နောက်ပိုင်းတွင် အစိုးရဖက်မှ စစ်အင်အား တိုးချဲ့ ချထား လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ အစိုးရ တပ်များသည် DKBA နှင့် BGF တပ်များ ပြသနာ ဖြစ်ပွား လာသည်နှင့် တစ်ချိန်ထဲတွင် DKBA တပ်များ မြိုင်ကြီးငူ ဒေသမှ ဆုတ်ခွာပေးရန် ရာဇသံ ပေးမှုလည်း ဆက်တိုက် ဖြစ်လာခဲ့ပါသည်။ ဤအခြေအနေကို ကြည့်ခြင်း အားဖြင့် အစိုးရ တပ်ဖွဲ့ များသည် ဤပြသနာ ဖြစ်လာစေရန် တမင် ဖန်တီး ခဲ့သလိုမျိုး ဖြစ်နေ ပါသည်။ ဖြစ်ခဲ့သည့် ပြသနာသည်လည်း အောက်ခြေ တပ်ဖွဲ့ အချင်းချင်းမှ ဖြစ်ပွားသော ကိုယ်ရေး ကိုယ်တာ ပြသနာ ဖြစ်ကြပြီး ဤပြသနာကို ဖြေရှင်းခြင်း မပြုဘဲ ပြသနာကို အကြောင်းပြချက် အဖြစ် ထားပြီး စစ်အင်အား တိုးချဲ့ လာခြင်းဖြစ်သည်ဟု DKBA ဖက်မှ မြင်ကြပါသည်။ ဤသည် အစိုးရ၏ တချက်ခုတ် နှစ်ချက်ပြတ် ပေါ်လစီ ဖြစ်သဖြင့် KNU ကိုလည်း စစ်ရေး အရ ထိမ်းချုပ်ပြီးသား ဖြစ်နေပေလိမ့်မည်။ အကယ်၍ DKBA နှင့် အစိုးရတို့ တိုက်ခိုက် လာခဲ့ပါက ကရင် အမျိုးသား အစည်းအရုံး (KNU) မှ အစိုးရထံ တောင်းဆို ထားသော အစိုးရ တပ်စခန်း ဆုတ်ခွာပေးရေး ကိစ္စသည်လည်း အလိုလို ပျက်ပြယ်ပြီးသား ဖြစ်သွားမည် ဖြစ်သည်ဟု မြင်နေကြပါသည်။ ထို့အပြင် ပြန့်ကျဲနေသော ကရင် လက်နက်ကိုင် အဖွဲ့အစည်းများကို သွေးခွဲပြီး အပိုင်းလိုက် တိုက်ခိုက် လိုက်သွားခြင်း ဆိုသည့် နည်းပရိယာယ်လည်း ဖြစ်နိုင်ဖွယ် ရှိသည်ဟု စစ်ရေး အကဲခတ်များက ယူဆနေပါသည်။

0 ความคิดเห็น:

แสดงความคิดเห็น