วันจันทร์ที่ 6 กุมภาพันธ์ พ.ศ. 2555

၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူရန်ရှိ

Monday, 06 February 2012

၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူရန် အစီအစဉ်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ဖေဖေါ်ဝါရီလ ၅ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းရှိ လွှတ်တော်အဆောက်အအုံ၌ မီဒီယာသမားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို လာမယ့် ၂၀၁၄ ခုနှစ်မှာ ကောက်ယူသွားမှာပါ။ အဲဒီလို ကောက်ယူတဲ့အခါမှာလည်း အဆင့်လေးဆင့်နဲ့ ဆောင်ရွက်သွားမှာပါ။ အဆင့်တစ်အနေနဲ့ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဖြစ်တဲ့ အခြေခံဒေသစာရင်းပြုစုခြင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကော်မရှင်နဲ့ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မြေပုံရေးဆွဲခြင်း စသည်ဖြင့် ပါပါတယ်။ အဆင့်နှစ်အနေနဲ့က စာရင်းကောက်ယူခြင်းလုပ်ငန်းပါ။ သန်းခေါင်စာရင်းကောက်ယူခြင်းနဲ့ သန်းခေါင်စာရင်းလွန် စစ်တမ်းကောက်ယူခြင်းတွေပါ။ အဆင့်သုံးကတော့ စာရင်းပြုလုပ်ငန်းဖြစ်တဲ့ စာရင်းပြုစုခြင်းလုပ်ငန်းပါ။ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်းလုပ်ငန်းတို့ကို လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူမည့်အစီအစဉ်အတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပါဝင်ပြီး ဥက္ကဋ္ဌအပါအ၀င် ၂၄ ဦးဖြင့် ဖွဲ့စည်းထားကြောင်းသိရှိရသည်။

ဖူ့တာမိက်မှ

0 ความคิดเห็น:

แสดงความคิดเห็น